မင်း ဝင်လာဖို့အတွက် ငါ့ ပြူတင်းတံခါးတွေ ဖွင့်လှစ်လို့ ထားခဲ့ပေါ့....
မင်း သတိရတဲ့အခါ
မင့် အတောင်ပံတွေ ဖြန့်ကျက်လို့ ငါ့ရင်ခွင် အရောက်
မွှေနှောက်တိုက်ခတ် ရိုင်းစိုင်းကြမ်းတမ်း ဖြတ်သန်းပစ်လိုက်စမ်းပါ...
အရှေ့မှ အနောက် အနောက်မှ အရှေ့
ဝေ့ဝေ့ ဝိုက်ဝိုက် ညင်သာ ရွေ့ဆင်း
ငါ့နားထဲမတော့ ရွှေနားတော်သွင်း သီချင်းတပုဒ်လို ညှင်းသွဲ့....
မြောက်ဖက်မှလာ တောင်ဘက်ပြေးလွှား
ကစားခုန်လှူပ် သရုပ်သကန်
ဖောက်ပြန်တလွဲ မေ့လည်းမေ့တတ်
နေရာ အရပ်ရပ် ဘယ်ရောက်ရောက်ပြေး...ဝေး၍ ဝေးရာ...
မင်းမရှိတဲ့အခါ
လေပြေအတု ဖန်ဆင်း မင်းနဲ့တူတာ တခုက
သူလည်း ကြာလာတော့ လူကို ပူလာစေတာပါပဲ
ဒါပေမဲ့ သူက မင်းလိုတော့ နှလုံးသား မရှိဘူးပေါ့....
လူတွေရဲ့ ပါးစပ်ဖျား ရေပန်းစားနေတဲ့ မင်းသတင်း....
လေညှင်း လေပွေ မြောက်ပြန်လေ တဲ့
လေရူး လေရိုင်း လေမုန်တိုင်း တဲ့
လေနု လေအေး လေချိုသွေး တဲ့
နာမည် အမျိုးမျိုးနဲ့ မင်းမှာ
မျက်နှာဖုံး အဆင်းအရောင်စုံစွာ...
ပြန်လာခဲ့ပါတော့ ငါ့လေပြေရယ်
ဒီတခါ မင်းအိမ်ပြန်အလာ
မင်း ဘယ်မှ မပြေးနိုင်အောင်
မင်းခါးကိုငါ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လို့ထားလိုက်တော့မှာ....
မြန်မာပြည်မှာတော့ အဲဒီလေပြေက လေပြင်းမုန်တိုင်းအဖြစ် ကြမ်းရမ်းစွာ ၀င်မွှေသွားခဲ့ပြီ အစ်မရယ်........
ReplyDeleteဟုတ်တယ်နော် အဲဒီလေပြေ ဒီတစ်ခေါက် အစ်မအိမ်ပြန်လာရင် ဘယ်ကိုမှ ပြန်မလွတ်နဲ့။ အခန်းထဲသော့သာခတ်သိမ်းထားတော့။
တို့အစ်မက စာရေးကောင်းရုံတင်မက ကဗျာတွေလဲ ချစ်စဖွယ်ကောင်းအောင် ရေးတတ်ပါ့။ တော်ထှာ
ကဗျာရေးတတ်သူတွေကိုတော့ ဆြာခေါ်တယ် ဟိ
ReplyDeleteအနော်ကတော့ လေနီကြမ်းတိုက်ခံရပြီးကတည်းက လဲကျသွားတာပြန်မထနိုင်တော့ဘူးလေ.....။
ReplyDeleteအဲ့ဒီတော့ နောက်တစ်ခေါက် လေတိုက်ခံရမှာကိုကြောက်စ်သလိုလို.....း))
(ကဗျာလေးကောင်းတယ်မကြီးအေးရာ.......)
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
ဖက်သာထား...
ReplyDeleteမလွတ်စေနဲ့...(မြှောက်ပေးခဲ့တာ)
လေပြေကတော့ မျက်ခုံးလှုပ်နေမှာသေခြာတယ်...(ဟိ)
ကဗျာလေး အရမ်းကောင်းတယ် မကြီးရေ...
မရေ... ကဗျာလေး လာဖတ်သွားပါတယ်။
ReplyDeleteဇွန်ကတော့ ဒီရက်ထဲ လေစိမ်းတာင် အတိုက်မခံနိုင်ဘူးဖြစ်နေတယ်... နေမကောင်းဖြစ်နေလို့။း(
E....လေတော့ကြောက်တယ် အစ်မရာ...။
ReplyDeleteTonado ကြောက်ပါတယ်ဆိုမှ...လေတိုက်တာကို ခါးဖက်ထားချင်နေသတဲ့..
ReplyDeleteအော်.လေ..လေ..လေ..
ReplyDeleteလေပြေ..လေညှင်းကလေးကနေ လေပြင်း လေမုန်တိုင်းဖြစ်လာရင် တော့မလွယ် လေမရှိရင်လဲ အသက်တောင်ရှုဖို့က မလွယ် ရေမရှိတာက ရသေး ဒီတော့ လေ..ရယ်..ကဗျာ..ဆန်ဆန်ပဲ ပြေပြေလွင်လွင်လေးပဲ နေပါကွယ်..
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားချင်ပေမယ့် လေပြေပြန်လာဖို့ အခွင့်အရေးရော ရပါဦးမလား....
ReplyDeleteသူသတိရတဲ့အခါ
ReplyDeleteအဲဒီ့ပြတင်းပေါက်တွေကပဲဝင်လာပါစေဗျာ...
ချစ်ကြည်အေး ရေ
ReplyDeleteလေပြေက မုန်းတိုင်း ဖြစ်သွားလို့ ထွက်ပြေးနေရတာ နဲ့ နောက်ကျသွားတယ်
ခင်တဲ့
ရွှေစင်ဦး