Saturday, October 9, 2010

ကိုကြီးကျောက် အခြေအနေ

မယ်ချစ်ရေ...
နေကောင်းရဲ့လား..၊ ငါ့နှမတွေ စိတ်မကောင်းဖြစ်မစိုးလို့ အရင်ကတော့ မပြောတော့ဘူးနေတာ၊ ခုတော့ မထူးပါဘူးလေပြောရမှာပေါ့၊ ကိုကြီးကျောက် ကင်ဆာက တော်တော်လွန်နေပြီဆိုတော့ ဆေးရုံက မခွဲနိုင်တော့ဘူးလို့ အရင်အပတ်ကထဲက ပြောလိုက်ပြီးသား၊ ဆရာဝန်က NExavar (sorafenib) ကင်ဆာဆေးနဲ့ ကြိုးစားကြည့်မယ်ပြောတယ်၊ ခုတိုင်းကတော့ ၆လ ကနေ ၉ လ အထိပဲ ခံတော့မယ်၊ ဆေးကြောင့် ဘယ်လောက်ဆွဲဆန့်နိုင်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး၊ ကိုကြီးကျောက်ကတော့ တရားထိုင်၊ ပဋ္ဌာန်းရွတ်၊ ပရီတ်ရွတ်နဲ့ ဘူရားကု ကုနေရင်း ဘာမှမဖြစ်သလို စာတွေရေးနေတာ၊
စလုံးက ဘလော့ အသိုင်းအဝိုင်းလဲပြောလိုက်ပါ၊ ဒီနှစ်ကုန်ရင်တော့ စာရေးနိုင်မယ်မထင်တော့ဘူး..

အကိုကြီး
ကိုကြီးကျောက်


မနေ့ကမှ ခရီးတိုလေးတခုက ပြန်ရောက်ပါတယ်။ အရမ်းပင်ပန်းနေတာနဲ့ စာမရေးနိုင်သေးဘဲ ဒီနေ့ စနေ မနက်မှ ဆရာအော်ပီကျယ် အပိုင်းရေးမယ် စိတ်ကူးထားခဲ့တယ်...

စာမရေးခင် မေးလ် စစ်လိုက်တော့ ကိုကြီးကျောက်ရဲ့စာ အပေါ်ကအတိုင်း ဖတ်လိုက်ရပါတယ်... ကျမ ဘာပြောရမှန်း မသိအောင် ဝမ်းနည်းသွားခဲ့တယ်...
ရေးဖော် မောင်နှမ အားလုံး သိအောင် တင်ပေးလိုက်ပါတယ်....



55 comments:

  1. အားမငယ်နဲ့ ကိုကိုကျောက်. ခင်ခင်ရှိတယ်။

    ReplyDelete
  2. ခင်က ဗလတောင့်တယ်သိလား အားကိုးစမ်းပါ.

    ReplyDelete
  3. ဘာမှ မပူနဲ့ ကိုကြီးကျောက်....
    သေတစ်နေ့ မွေးတစ်နေ့ပဲ။
    ပျော်ပျော်နေပါ။
    ကိုယ်လုပ်ချင်တာတွေ လုပ်လိုက်ပါ....။

    ReplyDelete
  4. ဘာမှမပြောနိုင်လောက်အောင် ဖြစ်ရပါတယ်ကိုကြီးကျောက်..။

    ReplyDelete
  5. Ko Kyi Kyauk,

    I am so sad to hear that. We are Buddhist, so we need to live and follow as Buddha's teaching way.

    I wish you to recover soon.Very very soon. Better and better.... Order your mind that you can pass this problem.

    Rgds,

    ReplyDelete
  6. အန်တီချစ်ရေ ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ သူနဲ့ အွန်လိုင်းမှာ တွေ့ရင်လဲ ဘကျောက်က အမြဲနောက်ပြောင်နေတာ ဘာမှ မဖြစ်သလိုပဲ။ ဟိုတစ်လောက ခွဲမယ်စိတ်မယ်ပြောတယ်။ ကျော်မစ္စက ဖြစ်လာတယ်နဲ့ ကြည့်လိုက်တိုင်းလဲ သူများအိမ်တွေမှာ သူ့ခြေရာတွေချည်း ဒါကြောင့် ထူးပါတယ်လို့ စဉ်းစားနေတာ။ သူ့ဆီ မေးလ်ပို့မယ် အွန်လိုင်းမှာ စကားပြောလိုက်ဦးမယ်။ အားပေးစကားလဲ လိုမယ် မထင်ပါဘူး။ သူက အားငယ်နေတဲ့ ပုံလဲ မပေါက်ဘူး။ တစ်ကယ့်ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ။

    ReplyDelete
  7. ကိုကျောက်ရဲ့ စိတ်ဓါတ်ကြံခိုင်မှု မြင်ရ မမြင်ရတဲ့ ဘလော့ မောင်နှမတွေအားလုံးအပေါ် ချစ်ကြည်ခင်မင် ရင်းနှီးမှု ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျော်ရွှင်အောင်နေတတ်မှု့တွေကို အတုယူသွားပါမယ်.

    ReplyDelete
  8. ဘကျောက်ရေ ...... တင်းထားပါ .......
    ခုလိုပဲ ကုသိုလ်တွေဆက်ပေးနေရင် ကံတွေတက်လာပြီး ကင်ဆာရောဂါကို အလဲထိုးနိုင်မှာပါ ...
    မချစ်ကြည်ဆီပို့တဲ့ စာလေးကို အကြိမ်ကြိမ် ဖတ်ရင်း ........ ဘကျောက်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို မချီးကျူးဘဲ မနေနိုင်ဘူး။
    လေးစားပါတယ် ဘကျောက် .....

    ReplyDelete
  9. သေတစ်နေ့မွေးတစ်နေ့မို့ ဘ၀ကို ပျော်ပျော်ဖြတ်သန်းလိုက်ပါ ကိုကြီးကျောက်ရေ၊ ကြားရတဲ့ သတင်းအတွက် တစ်ကယ့်ကို စိတ်မကောင်းမိပါတယ်ဗျာ.. :(

    ZaunG

    ReplyDelete
  10. ကိုကြီးကျောက်...
    နောက်နေတာတော့ မဟုတ်လောက်ဖူး ထင်တာပဲ... ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်တတ်ပြောင်တတ်လွန်းတာမို့ ကိုကြီးကျောက်တယောက် နောက်နေတာပဲ ဖြစ်ပါစေလို့လဲ ဆုတောင်းနေမိတယ်...
    စိတ်မကောင်းဘူး...း((

    ReplyDelete
  11. ကိုကြီးကျောက်.... စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တာကို ချီးကျူးပါတယ်။

    မြန်မာပြည်မှာတော့ မြွေပွေးသည်းခြေ ကို အစိမ်းစားတာတို့၊ အစိမ်းကို မရရင် အခြောက်ကို စားတာတို့ ထိရောက်တယ်လို့ ပြောသံကြားရပါတယ်။ အမေရိကားကို မှာယူလို့ လွယ်ရင် စမ်းသပ်ကြည့်နိုင်ဖို့ မျှဝေလိုက်ပါတယ်။

    ReplyDelete
  12. ဘာပြောရမယ် မသိတော့ဘူး

    ReplyDelete
  13. ကိုကြီးကျောက် ရေ ... ကြားရတာ တကယ် စိတ်မကောင်းဘူး ... ရောဂါသက်သာအောင် စာတွေများများရေး များများဖတ် ... ကိုကြီးကျောက်အတွက် ဆုတောင်းပေးနေမယ်....

    mie nge

    ReplyDelete
  14. ကိုကြီးကျောက် စိတ်မကောင်းဘူး။ ဒီလောက်ဖြစ်နေတာတောင် ပျော်ပျော်နေပြီး စာတွေရေးနေနိုင်သေးတဲ့ ကိုကြီးကျောက်ရဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်။

    ReplyDelete
  15. ကိုကြီးကျောက်

    တရားမှတ်ပါ

    ReplyDelete
  16. I am one of Ko Gyi Kyaut'fan stayed in singapore.I feel so sad about your news.I admire your attitude and approach to lead the way of life.
    I do hope you can handle current health issues, because I know this is not small issue for our human being and really big issue.
    I wish you will be done well.We all follow this way one day when we never know .
    I copied one of Buddha sayings:"IF a man speaks or acts with a pure thought,happiness follows him,like a shadow that never leaves him"

    ReplyDelete
  17. စာဖတ်ပြီး ဟုတ်မှဟုတ်ရဲ့လား
    ကိုကြီးကျောက်များ နောက်နေတာလားလို့တွေးနေမိတယ်..
    အဲဒီလို နောက်တာဘဲဖြစ်ပါစေလို့ ဆုတောင်းမိတယ်..
    ကော်မန့်တောင် ဘာရေးရမှန်းမသိအောင် ဖြစ်နေမိတယ်.. စိတ်မကောင်းလွန်းလို့
    ကိုကြီးကျောက်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကတော့ လက်ဖျားခါလောက်ပါတယ်
    တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်တဲ့ ကိုကြီးကျောက်ရဲ့ စိတ်ဓာတ်ကို အတုခိုးပါဦးမယ်..
    ကိုကြီးကျောက်ရေ.. ဘယ်လိုဘဲဖြစ်ဖြစ် အကောင်းဆုံးကို မျှော်တွေးထားပေါ့နော်
    အမှန်ပြောရရင်တော့ ဘယ်လိုစကားလုံးတွေနဲ့ ကိုကြီးကျောက်အတွက် ရေးရမယ်ဆိုတာတောင် မသိတော့အောင် စိတ်မကောင်းဖြစ်မိပါတယ်..

    ReplyDelete
  18. ကိုကြီးကျောက်...
    အွန်လိုင်းမှာလည်း အစအနောက်မပျက်..။
    ပို့စ်တွေထဲမှာလည်း ဟာသတွေလှိုင်လှိုင်ဖောက်...။
    အခုဟာက စ..နေ၊ နောက်နေတာများလားတောင် ထင်နေမိတယ်။
    အစိုးမရပုံ မမြဲပုံတွေကို တွေးပြီး ထိတ်လန့်တုန်လှုပ်လာမိတယ်။
    ကိုကြီးကျောက် ဟာသတွေနဲ့ ဘာတွေများပြင်ဆင်နေမလည်းလို့ မြသွေးစဉ်းစားနေမိတယ်။ ခိုင်မာတဲ့ စိတ်ဓာတ်ကိုလည်း သြချမိပါရဲ့..ကိုကြီးကျောက်ရေ။ ဆုမွန်တောင်းနေလျှက်...

    ====================================================
    မချစ်ရေ...
    စိတ်မကောင်းလွန်းလို့
    ရင်ထဲဆို့နစ်နေမိတယ်..။
    ကိုကြီးကျောက် စ..များနေတာမဟုတ်ပါဘူးနော်
    ;(

    ReplyDelete
  19. Bro kyauk!!

    ...............Be happy................

    ReplyDelete
  20. Today is Unlucky day for me. I was fail the exam in the morning! Now I see that situation of Ko Gyi Kyauk. But really wonder his mind.

    ReplyDelete
  21. OMG!!!!!!!!!! ဘာပြောရမလဲတောင် မသိတော့ဘူး။

    ReplyDelete
  22. မမြဲခြင်းတရားတွေပဲ တည်မြဲတဲ့ လောကကြီးမှာ
    လူတိုင်းလူတိုင်း မသေချာခြင်း စက္ကန့်တွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြရတာပါ...
    အချိန်တိုင်းကို အတတ်နိုင်ဆုံး တန်ဖိုးရှိစွာ ဖြတ်သန်းမယ်ဆိုတာ ယုံကြည်ပါတယ်...
    ဘကျောက် တရားအသိနဲ့ စိတ်အေးချမ်းသာယာပါစေဗျာ....

    ReplyDelete
  23. ဘကျောက် အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်...
    သေခြင်းတရားကို မတုန်လှုပ်ပဲ တည်ငြိမ်တဲ့စိတ် ထားနိုင်တာ တကယ်မလွယ်တဲ့အလုပ်ကြီးပါပဲ..။
    အပြုံးမပျက်တဲ့ ဘကျောက် တယောက် ရောဂါသက်သာပါစေရှင်...

    ReplyDelete
  24. မချစ်ကြည်အေးရေ အရင်တခါလာတုန်းက ဘာပြောလို့ ပြောရမှန်းမသိဘူး။ အခုတော့ အသုံးဝင်မလား ၀င်မလားတော့ မသိဘူး ပို့စ်တခု တင်ထားပေးပါတယ်။ အန်ကယ်နိုင် ကျန်ရှိတဲ့ အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  25. ကွန်ပျူတာဖွင့်ဖွင့်ချင်း ဘလော့ထဲ ၀င်ကြည့်လိုက်တယ်။ ဘယ်သူတွေ အသစ်တင်ကြလဲပေါ့။ အမချစ်ကြည်အေးဘလော့မှာ ပို့စ်အသစ်တက်နေတာ တွေ့လိုက်တယ်။ ကိုကြီးကျောက် အခြေအနေဆိုလို့ ခွဲစိပ်ကုသမှုတွေ အောင်မြင်ပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိနေပြီဆိုတဲ့ သတင်းအောက်မေ့နေတာ။ ဖတ်ကြည့်လိုက်တော့မှ ဘကျောက်ရဲ့စာလေးကို ဖတ်လိုက်ရတယ်။ လုံးဝ စိတ်မကောင်းဘူး။ တကယ်ကို စိတ်မကောင်းဘူး။ ဘကျောက် ဘုရားကု ကုပြီး အသက်တွေ ရှည်ကြာစွာ ဆက်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ဘလော့ဂါအားလုံးကို အသိပေးတဲ့ အမချစ်ကြည်အေးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းနံ့)

    ReplyDelete
  26. အလွန်စိတ်မကောင်းဖြစ်ရပါတယ်။
    နာကျင်မှုတွေ လျော့ပါးပြီး အချိန်တွေကို အသက်သာဆုံးဖြတ်သန်းနိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  27. အပေါ်ဆုံးမှာရေးထားခဲ.တာ မခင်ဦးမေ အစစ်လား၊အတုလားတော.မသိဘူး၊
    ရေးထားတာတော်တော်အရုပ်ဆိုးတယ်လို.ထင်မိတယ်။
    နောက်တယ်ပြောင်တယ်ဆိုတာ အခြေအနေအချိန်အခါကိုကြည်.ပြီးမှ နောက်သင်.ပါတယ်

    ReplyDelete
  28. စာဖတ်ပြီး ဘာပြောရမှန်းမသိလောက်အောင်တောင် စိတ်မကောင်းဖြစ်သွားမိတယ်။ ဗုဒ္ဓဘုရားရဲ့တရားတော်များ ဂုဏ်ကျေးဇူးကြောင့် ဘကျောက်ရဲ့ဝေဒနာတွေသက်သာလျော့ပါးစွာနဲ့
    နေသွားနိုင်ပြီး အချိန်တွေကိုတည်ငြိမ်ရဲရင့်စွာ အပြုံးမပျက် ကျော်ဖြတ်သွားနိုင်ပါစေ.....း(((

    ReplyDelete
  29. စိတ်ဆိုတာ အရာရာကို ဆွဲဆန့်နိုင် ၊ တွန်းအား ပေးစေနိုင်ပါတယ်လေ။
    ကိုယ့်စိတ်က ပျော်နေရင် လူကလည်း နေပျော်ပါတယ်။ ဒါဆိုရင် ရောဂါလည်း တဝက် သက်သာတာပါပဲ။

    ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဆက်လက် ဆွဲဆန့်ရင်း အသက်ရှည်နိုင်ပါစေ ကိုကြီးကျောက်ရေ။

    ဘုရား ၊ တရား လုပ်တာကတော့ အရှုံးဆိုတာ မရှိပါဘူး။ အသိ နဲ့ အသိလေးသာ ကပ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  30. ဘာပြောရမှန်းတောင်မသိတော့ဘူး အစ်မရာ...။
    စိတ်ဓာတ်ကြံခိုင်တဲ့ ကိုကြီးကျောက်ကို လေးစားမိပါတယ်..။
    အရာရာကို အကောင်းဆုံး ရင်ဆိုင်သွားနိုင်ပါစေ...ကိုကြီးကျောက်ခင်ဗျား...။

    ReplyDelete
  31. While really saddened by his news, I am extremely outraged by the whacky, irrelevant comments by the very 1st two comments.
    Kyaw Htin

    ReplyDelete
  32. အားပေးစကားလည်းပြောချင်တယ် ဒါပေမယ့် အဲ့လိုတွေကြားရတော့ ကိုယ်တိုင်တောင် အားပျက်သွားမိတယ်း( ဘာပြောရမှန်းမသိတော့ဘူး ။


    မောင်မျိုး

    ReplyDelete
  33. ကိုကြီးကျောက် ရဲ့ သတင်းကို ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းမှာ ဖတ်လိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ.. ကိုကြီးကျောက် တစ်ယောက် အသက်ရှည် ကျန်းမာစွာနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ လည်း ဆုတောင်းပေးပါတယ်..

    ReplyDelete
  34. တကယ်ကို ဘာပြောရမှန်း မသိတော့ပါဘူးဗျာ...း(

    ပြန်လည် ကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်ဗျာ....

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    ReplyDelete
  35. မထင်ထားတဲ့သတင်းမို့လို့ ဖတ်ရင်းနဲ့ လှိုက်ခနဲ ဖြစ်သွားရတယ်။
    စိတ်မကောင်းလိုက်တာ။ အခြေအနေ အလှည့်အပြောင်း တခုခု မဖြစ်လာဘူးလို့ မဆိုနိင်ဘူး။ အကောင်းဆုံးကိုပဲ မျှော်လင့်ချင်တယ်။

    ReplyDelete
  36. ကိုကြီးကျောက် ဘုရားတရားသာလုပ်ပါ။ အသက်တရာနေရပေမဲ့ တရားလုပ်တဲ့ တစ်ရက်ဟာဘ၀မှာတန်ဖိုးရှိပါတယ်။ ဒီရက်တွေမှာ အနိတ်ဌာရုံတွေနဲ့ ဝေးဝေးနေပါ။ သတ်တ၀ါတိုင်းသေမှာဘဲတစ်နေ့ မှာ။ သေမှာကြိုသိတာနဲ့ မသိတာဘဲကွာပါတယ်။ ကိုကြီးကျောက်နေကောင်းပြီး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ ဘာဖြစ်ဖြစ် စိတ်မပျက်ပါနဲ့ ။ မိတ်ဆွေတွေအများကြီးဘဲဥစ်စာ။

    ReplyDelete
  37. annoymous သို့

    မခင်ဦးမေ ဟုတ်မဟုတ် မသိဘူး။ မခင်ဦးမေဆိုရင်လဲ အားပေးချင်စိတ်နဲ့ စိတ်ပျော်ရွှင်အောင် ရေးဖော်ရေးဖက် မောင်နှမချင်း နောက်ပြောင်အားပေးသွားတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လို ပြောလိုက်ရမှန်းမသိ ဖြစ်ကုန်တဲ့အချိန်မှာ ခေါင်းထဲ ရှိတဲ့စကားနဲ့ ရှာကြံ အားပေးကြတာပဲ။ စေတနာကို မမြင်ဘဲ အပြစ်ရှာဖို့တော့ မကောင်းဘူးထင်တယ်။

    ကျုပ်လဲ annoymous ပဲ။ နာမည် ထည့်ရိုက်လဲ မနေချင်တော့လို့

    ReplyDelete
  38.း(ံ့
    စိတ်တကယ်မကောင်းဖူး
    စနေနေ့ည ဘလော့အကုန်တပျော်ကြီးလည်မယ်အားခဲထားတာ
    မရွှေစင်ပြောလို့ သူ့ဘလော့ဆီပြေးကြည့်တော့.....အားပြတ်သွား တယ်ဗျာာာာ

    ReplyDelete
  39. စိတ် ထိခိုက်မိပါတယ် အမရေ။

    ReplyDelete
  40. ကိုကြီးကျောက်အတွက် ဆုတောင်းပေးနေမယ်
    ဘာဘဲဖြစ်ဖြစ် ဘုရားတရား နဲမပြတ်တာအကောင်းဆုံးပါဘဲ

    ReplyDelete
  41. ကိုကြီးကျောက်အတွက် စိတ်မကောင်းဖြစ်ကြတာသိရတော့..
    အားလုံးကို ကျေးဇူးတင်တယ်...စိတ်အနှောင့်အယှက်ပေးရတာ အားနာမိတယ်
    အစကတော့ ကိုကြီးကျောက်က ၆ လကျော်ရင် သရဲpost ရေးသလိုလိုနဲ့ တကယ်လိုက်ချောက်မလို့...အဟတ်ဟတ်.. ကိုကြီးကျောက် စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အားလုံးကို ကျော်ဖြတ်နိုင်အောင် ကြိုးစားနေပါတယ်..
    ခုလို မေးကြရေးကြတော့ ဝမ်းလဲသာတယ်..ဝမ်းလဲနည်းတယ်..ဝမ်းနည်းတာက အချိန်ကြာကြာ နောက်ပြောင်မနေရမှာစိုးလို့..

    ReplyDelete
  42. Please tell Ko Gyi Kyauk.....Not to take Gall Bladder of snake,chicken.It can cause bleeding from stomach.

    A Myanmar Doctor from Malaysia

    ReplyDelete
  43. ဘကျောက်သတင်းကြားတော့ တော်တော်စိတ်မကောင်းဖြစ်သွားမိတယ် ။
    ဘာပြောရမှန်းတောင်မသိတော့ဘူး ။

    ခင်တဲ့
    ယွန်း

    ReplyDelete
  44. လူတိုင်းတနေ့သေရမယ့်အတူတူ ကိုယ်နေခွင့်ရမယ့်အချိန်ကို ကြိုသိနေတာလဲ ကံကောင်းတာပါပဲ........ဝေဒနာကိုမှတ်ပြီး တရားများများထိုင်ပေးပါလား ဘကျောက် ........

    ReplyDelete
  45. If I were him, I would like to get comfort somewhat like KOM so can hold the sadness for some extend. If I am counting my days, I will try to count the gratitutes I owe others, and will be saying thanks to them and how fortunate I am. Sure, Buddha will be the first one.

    Peace

    ReplyDelete
  46. ဖတ်ရတာ တကယ်ပဲ စိတ်မကောင်းပါဘူး။
    အချိန်အခါတစ်ခု ကြိုတင်သိလိုက်ရတယ်ဆိုရင် ဗုဒ္ဓတရားတော်တွေနဲ့အတူ နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်ဆိုင်နိုင်မယ့် အခွင့်အရေးတစ်ခုလို သဘောထားပြီး အကောင်းဆုံးဖြတ်သန်းသွားနိုင်မှာပါ။

    P.S. သြစတြေးလျက ဇွန့်အဖွားလေးတစ်ယောက် ကင်ဆာရှိတယ်ဆိုတာ သိရပြီး နောက်၁၇နှစ်ကြာထိ အသက်ရှင် နေထိုင်သွားခဲ့ပါတယ်။

    ReplyDelete
  47. I feel very sad.
    I don't know how to express.
    Hope for the best . Be Good luck, Ko Gyi Kyauk.
    CTM

    ReplyDelete
  48. အပေါ်ဆုံးမှာရေးထားခဲ.တာ မခင်ဦးမေ အစစ်လား၊အတုလားတော.မသိဘူး၊
    ရေးထားတာတော်တော်အရုပ်ဆိုးတယ်လို.ထင်မိတယ်။
    နောက်တယ်ပြောင်တယ်ဆိုတာ အခြေအနေအချိန်အခါကိုကြည်.ပြီးမှ နောက်သင်.ပါတယ်

    I also agree with you.
    She never consider what she should do or she shouldn't.
    She ever follow her emotions, Not others' feeling.

    Very sorry for Ba Kyauk.
    I pray for you to get well soon.

    ReplyDelete
  49. ဟုတ်ရော ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်နေတုန်း..
    မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေမိပြန်တယ်..
    မျှော်လင့်မိတာက တစ်မျိုးဆိုတော့.. ဒီသတင်းကိုဖတ်ရင်း ထိန့်လန့်တုန်လှုပ် မိသွားတယ်..
    ဘကျောက်ကျန်ရှိတဲ့အချိန်တွေကို ကောင်းစွာဖြတ်သန်းနိုင်ပါစေ

    ReplyDelete
  50. စိတ်မကောင်းပါဘူးဗျာ... ထပ်တူဝမ်းနည်းမိပါတယ်... အဲဒီကင်ဆာ ဆိုတာကြီးကို နာမည်ကို မကြားချင်ပါဘူး.. သူ့ နာမည် ကြားရင် တစ်ယောက်ယောက်တော့ သွားတာဘဲလေ..

    ReplyDelete
  51. This comment has been removed by the author.

    ReplyDelete
  52. ကြားရတာ စိတ်မကောင်းပါဘူး။
    ကျ နော့် မှာ ကိုယ့် ဘဝ ဘယ် လို အ ဆုးံ သတ် မယ် ဆို တာ မသိကြသေးလို့ ပျော်လို့ ကောင်းနေစဲပါ။ သံ ဝေ ဂ ရ ရုံ , တ ရား ကျ ရုံ နဲ့ လဲ သံ သ ရာ မှ မ လွတ် မြောက် နို်င် မှန်း သ တိ ထား မိ ပါ တယ်။
    ကိုကြီးကျောက် အနေနဲ့ အရှုံးထဲ ကအမြတ် ရအောင် ကြိုး စား အား ထုပ် ယူနိုင်ပါစေ။
    ခင် မင် လေး စား စွာ ဖြင့်
    တင် ထူး

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...