Tuesday, April 20, 2010

ဘာလီ ခရီးစဉ်-၇

ဒါလည်းပဲ ဟိန္ဒူနတ်ဘုရားကို ပသပူဇော်ပုံ နောက်တမျိုးပါ။ သူ့ကိုတော့ ဘုရားပွဲကြီးတွေ ရှိမှ ပွဲမတိုင် ပြုလုပ်လေ့ ရှိကြပါတယ်...


ဝါးလုံးရင့်ရင့် နဲ့ အုန်းလက်၊ နှီး စတာတွေ တွဲဖက် ယက်ဖောက်လို့ တံခွန်တိုင် ပုံစံ ပြုလုပ်ထား တာ တွေ့နိုင်ပါတယ်။ ပြုလုပ်သူရဲ့ စိတ်ရှည်မှု၊ ကျွမ်းကျင်မှု နဲ့ အဆန်းထွင်နိုင်မှုပေါ် မူတည်လို့ ပုံစံ အမျိုးမျိုး တွေ့ခဲ့ရတယ်...


အသေးစိတ် ကြည့်ရင် ဆင်တူမယောင်နဲ့ ထိုးယက်ထားတဲ့ ပုံစံ ကွဲပြားတာ တွေ့ရမှာပါ။ အောက်ခြေကနေ ပခုံးစွန်း အမြင့်လောက်မှာ တော့ အမိုးခုံး၊ အမိုးချွန် ပုံစံအစုံနဲ့ ခိုအိမ်လေး တွေလို တွေ့ရမယ်...အိမ်ကလေး အောက်ခြေမှာ ပန်းပွားလိုလို ဘာလိုလို တွဲရရွဲ ချထား တတ် သေးတယ်....




အနီးကပ်ကြည့်မယ် ဆိုရင်တော့ အထဲမှာ သစ်သီးအစုံ နဲ့ ရိုးရာမုန့်တွေကို တွေ့ရပါလိမ့်မယ်...


အဲဒီကနေ ကိုရွှေကားသမား ပို့ပေးတဲ့နေရာကတော့ လှေကားထစ် စိုက်ခင်းတွေဆီကိုပါ....


ဘာလီ မြောက်ပိုင်းရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးလို့ ဆိုပါတယ်...စပါးနဲ့ ကော်ဖီ အစိုက်များကြပါသတဲ့...


ကျမတို့လို လူတွေအဖို့တော့ ဒီစိုက်ခင်းတွေက ဘာဟုတ်ပါ့မတုန်း...၊ ရီတာပေါ့...ရီတာပေါ့...ဒါပေမဲ့ တခုတ်တရ လိုက်ပို့ရှာတဲ့ ကားသမား စိတ်ချမ်းသာအောင် စိုက်ခင်းချည်းပဲ ဓါတ်ပုံ ရိုက်လိုက်၊ ပြီးတော့ လူနဲ့လည်း ၂ပုံ ၃ပုံ တွဲရိုက်ပြလိုက် ခဲ့ပါတယ်...(လူပုံနဲ့ရိုက်ခဲ့တာတွေတော့ ဘလော့ဂ်ပေါ် တင်တော့ပါဘူးလေ...စိတ်ဝင်တစား ကြည့်ချင်သူများ ကျမ e-mail လေးသာ တိတ်တိတ် တို့လိုက် ကြပါတော့...:))


မနက်ပိုင်းက လိုက်ပို့တဲ့ထဲမှာ ငွေထည်လုပ်ငန်း ဆီကိုလည်း ပါ ပါတယ်...ဒါက အဝင်ဝပါ၊ အကြမ်းထည် လုပ်တဲ့နေရာ နဲ့ ထွက်ကုန်အချော ပြသရောင်းချတဲ့ နေရာရယ်လို့ ၂ နေရာ ဘေးချင်းကပ် ခွဲထားပါတယ်....


အဝမှာ တွေ့တဲ့ အရုပ်တွေက ဘုရင်ရဲ့ ရွိုင်ရယ် မိသားစုလို့ ဆိုပါတယ်...


အဲဒီငွေထည်တွေက ပြည်ပပို့ကုန်တွေသာ ဖြစ်တာမို့ အရည်အသွေး လက်ရာလည်း ကောင်း၊ ဈေးလည်းကြီးပါတယ်။ အပြီးသတ် အချောထည်ကို ဓါတ်ပုံရိုက် ခွင့် မပြုတာမို့ ပြုလုပ်နေဆဲ တွေကိုပဲ ရိုက်ခဲ့ရပါတယ်...


များသောအားဖြင့် နားကပ်၊ ဆွဲကြိုး၊ ရင်ထိုး၊ လက်ကောက် နဲ့ လက်စွပ်တွေ ၊ ဆွဲသီးလေး တွေပါ...ဝရိန်ဆော်သူ၊ လွသွားလေးနဲ့ ဖြတ်သူ၊ အရောင်တင်သူ၊ လိုင်းဖော်သူ အစုံပါပဲ...


အလုပ်သမားပေါင်း ၁၅၀ ကျော်ရှိပြီး အလုပ်ချိန်က မနက် ၉နာရီကနေ ည ၁၀နာရီ၊ တပတ်မှာ ၆ရက် အလုပ်ဆင်းကြရတယ် ဆိုပါတယ်...


ကျမက စပ်စုလွန်းစွာနဲ့ လိုက်ပြတဲ့သူ (စူပါဗိုက်ဇာထင်ပါရဲ့) ကို သူတို့ တလကို လစာ အနဲဆုံး ဘယ်လောက်ရကြသလဲ မေးကြည့်တော့ သူက ပြုံးပါတယ်...ပြီးမှ သတ်မှတ်ချက်အရ တလကို အနိမ့်ဆုံးလစာ ရူးပြား ၈၀၀,၀၀၀ ရှိရမယ်လို့ ဖြေရှာပါတယ်။


အဲဒါတွေ ပြပြီးတဲ့အခါ အချောထည်တွေဘက် ခေါ်သွားပြီး ထုံးစံအတိုင်း ဈေးရောင်းပါတယ်...လက်ထဲကို စကောဝိုင်း သေးသေးတချပ် ထည့်ပေးပြီး ကြိုက်ရာ ကောက်ထည့်သွား ပြီးမှ အထွက်မှာ ပေးရပါတယ်...တပတ်သာ ပတ်မိတယ် ကျမဖြင့် တခုမှ ဝယ်ချင်စိတ်၊ မဝယ်ရ မနေနိုင်ပေါင် ဆိုတာမျိုး မခံစားရတာမို့ မဝယ်ဖြစ်ခဲ့ပါဘူး။ ပစ္စည်းတွေက လှပါတယ် ကျမနဲ့ မလိုက်ဖက်တာ ပြီးတော့ ဈေးလည်း များနေတာမို့ပါ...


ဒါကိုပဲ ကျမရဲ့ Mr.Nice Guy ကြီးက မျက်နှာပူလှပြီ။ ကျမ အာစေးပေါက်မတတ် လျှောက်မေး ကတည်းက သူက အားနာနေတာလေ။ ဟိုပစ္စည်းလေး တခုယူလာ လိုက်၊ ဒါလေး ဝယ်ပါလား လုပ်လိုက်၊ နောက်တမျိုး ယူလာလိုက်၊ ကျမကိုယ်ပေါ် ကပ်ပြပြီး လိုက်တယ် လှတယ် ပြော လိုက်နဲ့ သူ့မှာ ပျာယာထ နေရောပဲ။ ကျမကလည်း မယူဘူး ဆို မယူဘူးပဲ။ အထွက်မှာ အစောင့် လက်ထဲ ဘာမှ မပါတဲ့ စကောလေး ပြန်အပ်လို့ အားနာပါးနာ တခွန်းတော့ ဆိုခဲ့ပါ တယ်...ဆောဒီး လို့...

အမျိုးသားက အဲလိုပါပဲ သူများဖက်က တွေးပေးပြီး အားနာတတ်တာ အလွန်ပါပဲ။ သူက အဲသလို အရမ်းကောင်းနေတော့ သူနဲ့ ယှဉ်လိုက် တိုင်း ကျမမှာ နေရင်းထိုင်ရင်း လူဆိုးမကြီး လုံးလုံး ဖြစ်နေရတော့တာပါ...

ဘာလီပိုစ့် မပြီးသေးပါဘူး ဆက်ပါအုံးမယ်...

21 comments:

  1. မမတောင်ယာစိုက်ခင်းပုံလေး တစ်ပုံ ယူပါရစေလို့ခွင့်တောင်းချင်ပါတယ်။
    blog မှာ တင်ဖို့ မဟုတ်သလို ဘယ်မှာမှလည်း မတင်ပါဘူး။ ကျောင်းစာမှာ mood photo အနေနဲ့ ပြချင်လို့ပါ...
    ကျေးဇူးအထူုးပါနော် မမ...

    ReplyDelete
  2. ညီမ မယ်ကိုးရေ ယူပါကွယ် လိုတာသာ ယူပါ...တို့က တို့ဓါတ်ပုံလာ တောင်းတယ် မှတ်တာ...ဟင်းဟင်းဟင်း...:)

    ReplyDelete
  3. ဟုတ်တယ်မမ...ညီမလေးလည်း တောင်ယာ စိုက်ခင်းပုံလေးတွေကို အရမ်းသဘောကျမိတယ်...တကယ်တော့ စိုက်ခင်းလှတာထက် ရိုက်တဲ့သူတော်တာပါ.... (မြှောက်တာ မကြိုက်ဘူးဆိုလို့ မြှောက်ဖြစ်အောင်ကို မြှောက်သွားပါသည် .... မကြိုက်လျှင် နောက်တစ်ခါ မမြှောက်ပါ... ချီရုံပဲ ချီပါမည်... :D :D

    ဂျင်ဂျင်း

    ReplyDelete
  4. သူငယ်ချင်း ရေ ချောင်းပေါက်တော့မယ် အခုလေးတင် ဖတ်လာတာ ဟော အခု တပို့စ် ...

    ဒို့တွေလည်း လိုင်းမကောင်းလို့ သိတ်မရောက်ဖြစ်ဘူး အခုမှ လျှောက်စုဖတ်နေရတယ် ပုံလေးတွေကောင်းတယ် သူငယ်ချင်း

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  5. စိုက်ခင်းပုံတွေ စိမ်းစိမ်းစိုစိုနဲ့ သိပ်လှတာပဲ အစ်မရေ။

    ခရီးစဉ်-၈ ကို မျှော်နေပါသည်။

    ReplyDelete
  6. မမ..လှေကားထစ်စိုက်ခင်းမှာ အုန်းပင်တွေပေါက်နေတာတော့ အမြင်တမျိုးဆန်းတယ်နော်။ မိုးဦးတို့ရှမ်းပြည်တောင်ပိုင်းမှာလဲ လှေကားထစ်စိုက်ခင်းရှိပေမယ့် ရှုခင်းက တမျိုးစီလှတယ်။

    ReplyDelete
  7. ခွိခွိ... သားသားကို နှစ်ပုံလောက် ပို့ပေးစ်စ်စ်စ် (လူပုံပါ)
    Mr.Nice Guy ဆိုပဲ.. ဟိဟိဟိ ...

    ReplyDelete
  8. အပေါ်က တစ်ယောက်က ပြောလို့ပါ. . .
    Mr.Nice Guy ဆိုတော့ “ လူခေါင်းကြီး ” လို့ ဘာသာပြန် ရတာလား . . ဟင်. .ချစ်မကြီး။

    ချစ်ကြည်အေးရဲ့ ရိုက်ချက် တွေကတော့ လွှတ်မိုက်ပါ့ဗျား. .
    ကျနော်တို့ မင်္ဂလာဆောင်ကျရင်လည်း ဓါတ်ပုံဆရာ အဖြစ် ကြိုငှားထားပါရစေ. . . ( ကြွားထားတာ ကြုံတုန်းလေး . .ငါကွ )

    ဓါတ်ပုံအတွက် အမြင်တွေကတော့ အရမ်းကောင်းတယ် အမရေ. .

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  9. ချစ်မရေ..... ဘာလီခရီးစဉ်က ပုံလေးတွေ ကြည့်သွားတယ်။ သူတို့ဆီက စိုက်ခင်းလောက်ကတော့ ပျင်းတောင် ပျင်းသေးနော်။း)
    ဒါပေမယ့် စိုက်ခင်းက ပုံစံတော့ ကွဲတယ်နော် မမ။ ရေအိုင်လေးတွေထဲမှာလိုပဲ လှတော့လှတယ်။
    ဓါတ်ပုံ လာတောင်းပါတယ်။ မေလ်းနဲ့ ပို့ပေးပါ။း))

    ခင်မင်လေးစားလျှက်
    ဒန်ဒန်

    ReplyDelete
  10. အစ်မရေ လာဖတ်တယ်။
    ဒီနေ့ဝင်လို့ရတယ်ဗျို့
    မကြီးဆိုက်မှာလာမွှေတယ်။


    အဆိပ်သင့်သူ

    ReplyDelete
  11. ပုံတွေကို ကြည့်ရတာ ထိုင်းနံ့သင်းသလိုပဲ။ အရှေ့တောင်အာရှနိုင်ငံတွေက ယဉ်ကျေးမှုချင်း ကူးလူးဆက်နွယ်နေလို့လားမသိဘူး။ စကားမစပ်ဗျာ။ လူပုံကိုတော့ မတောင်းတော့ပါဘူး။ တော်ကြာ ကဗျာရွတ်ပြနေမှာစိုးလို့။

    ReplyDelete
  12. လူပုံလိုချင်တယ်... emailမတို့တော့ဘူး... ဒီကနေဘဲမှာသွားတယ်... မမေ့နဲ့နော်... ဝယ်ချင်စိတ်မရှိရင်လုံးဝမဝယ်နဲ့ ... အားပေးတယ်ဒါမျိုးဆိုရင်...

    ReplyDelete
  13. ပန်းကနုတ်တွေနဲ့ ငွေထည်လက်ရာတွေကို ကြည့်ရရုံ သက်သက်နဲ့ကို နှစ်သက်တယ်။ အင်းလေးသွားတုန်းက ဟဲယာရွာမ ကိုရောက်ဖြစ်တယ်။ အဲဒီက အိမ်ကြီး တစ်အိမ်မှာ ရှေးဟောင်း ငွေထည် လက်ရာတွေကို မှန်ဘီဒိုတွေနဲ့ ထည့်ရောင်းထားတာ ကြည့်လို့ကို မဝဘူး။

    အစ်မတို့ စုံတွဲက လိုက်ဖက်တယ်လို့ ပြောရမယ်။
    နှစ်ယောက်မှာ တစ်ယောက်က လူဆိုးဖြစ်ရမယ်လေ။
    ဇာတ်လမ်းတွေထဲမှာတောင် အမွှာညီအကို နှစ်ယောက်မှာ တစ်ယောက်က ရဲ ဖြစ်ပြီး တစ်ယောက်က လူဆိုး ဖြစ်ပေးရတယ်။ ဒါမှ ဇာတ်က ကြွလာမှာလေ။ မိဘနေရာ အခန်းတွေမှာတောင် တစ်ယောက်က ဆူပူတတ်ပြီး တစ်ယောက်က ကာဆီးပေးတာ မျိုးပေါ့။
    မဟုတ်ရင် သားသမီးတွေက နှစ်ယောက်လုံးကို မကြောက်ဘူး ဖြစ်သွားမှာ။

    ဒါကြောင့် အစ်မတို့ စုံတွဲက လိုက်ဖက်ပါတယ်း)

    ReplyDelete
  14. မမ ဓာတ်ပုံကို အိမ်တိုင်ရာရောက်လာတောင်းမယ်နော် :D

    ReplyDelete
  15. အင်ဒိုနီးရှား ကို ၂၀၀၇ လောက်က ခဏရောက်ဖူးတယ်ဗျ။
    ဂျာကာတာ-ဘင်ဂျာမာဆင်-ကိုတာဘာရူ ထိပေါ့။
    ကိုတာဘာရူ တစ်ဖက်ကမ်း မှာရှိတဲ့ ဆီအုန်းစက်ရုံ ကိုခဏသွားခဲ့တာပါ။
    ဂျာကာတာလေဆိပ် မက်ဒေါလ်နယ်မှာ ကြက်ကြော်တစ်တုံး ကို ၂၅၀၀၀ ရူပီယာ၊ ဆင်းကတ် က ၈၀၀၀၀ ရူပီယာ၊ လေဆိပ် တက်စ် က ၁ သိန်း ကျပါတယ်။
    ဘင်ဂျာမာဆင် လေဆိပ် ကနေပြီး တော့ ဟိုတယ် ကို ကားငှားတာ
    ၇သောင်းခွဲ နဲ့ ဟိုတယ် အခန်းခ က ၃ သိန်းခွဲ ပေးရပါတယ်။
    ကျွန်တော်က အဲဒီမှာတော့ မီလီလျံနာပေါ့ဗျာ။ ဟဟဟ
    ဘာလီ ကိုသွားဖို့ အချိန်မရတော့သလို ပဲ လေယဉ်လက်မှတ်ကလဲ ရက်ရွေ့ မရတော့ဘူးလေ။ :(
    ကိုတာဘာရူ က ရွာလေးမှာတော့ ဖီးကြမ်း ငှက်ပျောသီးစားခဲ့ ရပါတယ်ဗျ။
    မြို့ လေးတစ်ခုမှာ ပက်ပ်စီ ၀ယ်သောက်တော့ ဆိုင်ရှင် ကောင်မ
    လေး က အင်ဒို လူမျိုးမှတ်ပြီး သူတို့ ဘာသာနဲ့ ချည်းပြောနေတော့တာ။
    အဲဂလိုလဲ ရုပ်တွေ က အတော်ဆင်တယ်ဗျာ။
    အရှေ့ တောင်အာရှသားတွေ မို့ ထင်ပါ့။

    အတော်လေရှည်သွားတယ် :)
    စောင့်နေပါတယ်။ အပိုင်း ၈ ကို ပေါ့။

    ReplyDelete
  16. လူဆိုးမကြီး လုံးလုံး ကို လာနှုတ်ဆက်ပါတယ်။

    ReplyDelete
  17. ငါ့နှမတွေကို ဟာသမယ်တွေအောက်မေ့မိတာ မှားပြီ...
    ဟိုတယောက် ရွှေစင်ကလဲ ခါးပိုက်နှိုက်..အခု ဒီတယောက် မယ်ချစ်ကလဲ လူဆိုးမကြီး..ဆိုပဲ

    ReplyDelete
  18. နောက်ဆက်တွဲလေးမျှော်နေမယ်..မမ

    ReplyDelete
  19. ဓါတ်ပုံလေးတွေ ရိုက်ထားတာ စိုက်ခင်းပုံလေးတွေ သိပ်ကောင်းတယ်နော့်။ ကိုယ်နဲ့ မစိမ်းဘူးဆိုပေမဲ့ စိုက်ခင်းတွေ မတွေ့ဖူးတာ ကြာနေပြီ။ ကျွန်မလည်း ဒီလိုခရီးသွားပြီး ဓါတ်ပုံရိုက်တာ သိပ်ဝါသနာပါတယ်။ ကင်မရာမကောင်းလို့လားမသိဘူး တခါမှ ဒီလိုပုံကောင်းကောင်းမရဘူး။

    ReplyDelete
  20. တောင်ယာစိုက်ခင်းလေးတွေနားမှာ နေချင်တယ်။

    ReplyDelete
  21. အယ်... ဘာလီက လာဦးမည်ဆိုပါလား..။
    မြန်မြန်လုပ်ပါ မချစ်ရေ..။
    မဟုတ်ရင် လူက ဆန့်တငံ့ငံ့နဲ့...။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...