Saturday, November 29, 2025
၂၉၁၁၂၀၂၅
Thursday, July 3, 2025
03072025
မြို့လေးတမြို့မှာရှိတဲ့ ရှီဝဘုရားကိုကိုးကွယ်ကြတဲ့ ဟိန္ဓူဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ၄ရာစုနှစ်လောက်ကတည်းက တည်ထားတာဆိုတော့ ခုဆိုနှစ်ပေါင်း ၁၇၀၀ကျော် သက်တမ်းရှိခဲ့ပြီ။ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ထားတဲ့နေရာလည်း ဖြစ်တယ်။ ကျွန်မတို့ ပုဂံထက် နှစ်ပေါင်း၅၀၀လောက်စောပြီးတည်ထားတဲ့ဘုရားကျောင်းပေါ့။
အဲဒီကိုရောက်တော့ ပုဂံကို လွမ်းလိုက်တာဆိုတာလေ...။
မိုးလေးဖွဲဖွဲကျနေတာကိုက လွမ်းစရာ...။
Sunday, June 15, 2025
15June25
တမြို့စာမိုးရွာနေတာနဲ့ နောက်တမြို့ရောက်မှပဲသေချာ အပြင်ထွက်လည်ရတော့တယ်...
တွယ်စရာရှိရင်တော့ တွယ်ရမှာပဲ 😋😋
Wednesday, June 11, 2025
A trip to....10June
ကျောင်းပိတ်ရက်လေးရတုန်း ခရီးလေးတခု ထွက်ဖြစ်တယ်...။
စိတ်တခုလုံး တင်းတောင့်နေတာတွေ ခဏဖြစ်ဖြစ် ပြေလျော့နိူင်မလားတွေးရင်းပေါ့...။
ဒီခရီးမှာ အတတ်နိူင်ဆုံးပေါ့ပေါ့ပါးပါးပဲ သွားဖို့ စိတ်ကူးထားတယ်။ ခါတိုင်းသယ်နေကျ BB creamတို့ မိတ်ကပ်အရည်တို့ ဘာတခုမှ မသယ်သွားဘဲ စကင်ကဲ၊ နေရောင်ကာနဲ့ lipgloss လောက်ပဲ သယ်သွားဖြစ်တယ်။ ပြင်ရဆင်ရအတော်သက်သာတယ်။ လူလည်း စိတ်လွတ်လက်လွတ်ဖြစ်ရတယ်...။ အလေးဆုံးသယ်ဖြစ်တာ ဒီတခါက ပန်းချီပစ္စည်းတွေပဲ။
ဖြစ်ချင်တော့ စရောက်တဲ့နေ့ကတည်းက မိုးတွေချည်းရွာနေလို့ ခုထိ အောက်ဒိုးမထွက်ဖြစ်...။
အနှစ်၂၀၀ကျော် အိမ်ဟောင်းလေးထဲက မီးပုံးနီလေးတွေ...
လေဆိပ်ကအထွက်...
စသွားတုန်းက တရောင်၊ ပြန်လာရင် ညိုမှောင်နေဦးမယ်။ အဲလိုပဲ ခရီးသွားပြီဆို လေစိမ်းထိတာနဲ့မဲတဲ့အရည်ပြားပါးသူ 😅
လိုင်းရရင် ရသလို ပုံတွေ တင်ထားမယ်စိတ်ကူးတာပဲ...။
Thursday, June 5, 2025
5062025
အမေနှစ်ယောက်နဲ့စကားပြောဖြစ်တယ်...။
ဘာမှ အများကြီး မလုပ်ပေးနိူင်ပေမယ့် အဝေးကနေ သူတို့လိုသမျှထောက်ပံ့ပေးနေနိူင်တာကိုပဲ သူတို့က သာဓုခေါ်ကြတာ...။
Friday, April 18, 2025
25Mar2025 throwback
Friday, February 21, 2025
Saturday, January 18, 2025
New year trip 03012025
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ ကိုယ့်အတွက် စိတ်မပျော်ရွှင်စရာပါပဲ။ ယူသွားတဲ့ ပုံကြမ်းခြစ်စာအုပ်နဲ့ မင်တံလေးတွေ ဒီအတိုင်းပြန်ပါလာတာ စိတ်ထဲမကြေမချမ်းဖြစ်ရတယ်...
တနေရာရာမှာ အေးအေးဆေးဆေး ပုံထိုင်ခြစ်နေချင်တယ်။ ရောက်လေရာမှာ ပြတိုက်တို့ ပန်းချီခန်းတို့လည်း ကိုယ်က သွားကြည့်ချင်တာပဲ၊ ဒါပေမယ့် အုပ်စုနဲ့မို့ အများစိတ်ဝင်စားရာ သွားခဲ့ကြရတော့ ကိုယ့်စိတ်အစာမပြေခဲ့ဘူးပေါ့။
အဲတာတခုကလွဲလို့ မဆိုးပါဘူး။ စိတ်သဘောကောင်းပြီး ပျော်ရွှင်တတ်တဲ့မိတ်ဆွေ မိသားစုတွေနဲ့ ခရီးအတူသွားရတာ ကျေနပ်စရာပါ။
ဒီတခေါက်တော့ ရေကူးကန်ထဲ ၂ခါပဲဆင်းဖြစ်ခဲ့ပြီး ပင်လယ်ရေလည်းမစိမ်ခဲ့လို့ ထင်ပါရဲ့။ အရင်အခေါက်တွေလို မည်းပြာမလာဘူး 😅😅
Monday, December 30, 2024
Saturday, December 28, 2024
Saturday, December 7, 2024
ဆုံရပ် 1st Dec 2024
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား ခရီးတိုလေးတွေကတော့ တလခြားတခါလောက်ထွက်ဖြစ်နေတယ်။ ခရီးထွက်တိုင်းလည်း ပြန်လာရင် နေလောင် မည်းပြာလာတာပဲ၊ ဒါပေမယ့် ပျော်တယ်။
စိတ်တွေ လွတ်လပ်ပေါ့ပါးတာ အနှောင်အဖွဲ့တွေကနေ ကင်းလွတ်အောင်နေတတ်လာတာ၊ ကိုယ့်ကိုယ်ကို အရမ်းကျေနပ်မိတယ်။ ဘာသံယောဇဥ်မှ မရှိတဲ့ဘဝက တကယ်အေးချမ်းတာပဲ...။
အကိုကြီးကတော့ မကျန်းမာလှတဲ့ကိုယ့်ကို အတော်လေး ဂရုစိုက်ရှာပါတယ်။ သူ့အပေါ် တွယ်တာလာစိတ်တွေကိုလည်း မနည်းဖြတ်ရတယ်။ ပူလောင်ရမှာ ကြောက်လို့ပါ။
ဒီတပွဲကတော့ သူငယ်ချင်းခေါ်လို့ သွားဖြစ်တယ်။
ဟိုလူဒီလူ မတွေ့ရတာကြာတဲ့လူတွေကို ပြန်တွေ့ရတာတော့ ကောင်းသားပဲ။ အရင်လို ဓါတ်ပုံရိုက်ချင်စိတ် သိပ်မရှိတော့တာ သတိထားမိတယ်။ ရိုက်ဖြစ်သမျှပုံလေးတွေတိုင်းကလည်း သူများဖုန်းနဲ့ရိုက်ပြီး ကိုယ့်ဆီလှမ်းပို့တာတွေချည်း...။
အမှတ်တရပုံလေးတွေမို့ သိမ်းထားဖြစ်ပါတယ်။
ဒါကတော့ သူငယ်ချင်းသက်ဝေနဲ့ 😍
ဆထက်နဲ့ခွေဖူ
စာအုပ် ဆပ်ပြာ နားကပ်နဲ့ မြန်မာ့လက်မှုပစ္စည်းလေးတွေရောင်းကြတဲ့ ကိုယ်တို့ရဲ့ဆိုင်
😆😆
ခဏတော့ စိတ်တွေ လွတ်လပ်ပေါ့ပါးခဲ့ရ။
ကိုယ်လည်း သီချင်းကြိုက်ပေမယ့် အဲ့နေ့က ဆိုကြတီးကြတဲ့တချို့သီချင်းတွေ အများစုကတော့ တော်တော်လေးနားမခံနိူင်ဖြစ်ရတယ်။
ကိုယ်တို့ရောင်းသူတွေနဲ့ ဝယ်သူတွေကြား စကားတွေအော်ပြောကြရတာတောင် မကြားရတဲ့အထိ၊ ပွဲကလည်းပြန်လာရော လည်ချောင်းတွေပါနာတဲ့အထိပါပဲ။ စီစဥ်သူတွေ သတိထားစရာအချက်ပေါ့။
ခကအ
Friday, November 1, 2024
KuchingTrip
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ စိတ်အာရုံထဲထည့် ခံစားတတ်လာတယ်။ အကိုကြီးကတော့ သူပဲ ကိုယ့်ကို တဖျတ်ဖျတ်ရိုက်နေတော့တာ။
အသက်ရော အရွယ်ပါ ကြီးရင့်လာတာ သိပ်သိသာတာပဲ၊ စိတ်ဟာ ဟိုးအတွင်းသားထဲကနေ ပြောင်းပြန်ဆွဲလှန်လိုက်သလို...၊ အရင်တုန်းကနဲ့ လုံးဝကွဲပြားသွားတော့တယ်။
ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို...။
တနေ့ ထားသွားရမယ့် ကိုယ်နေထိုင်ရာကမ္ဘာကြီးကို appreciateဖြစ်တတ်လာတယ်ဆိုရမလား...။ ဘယ်လိုပြောရမယ်မသိဘူး။
အရာရာကို ငေးမောကြည့်တတ်လာတယ်
ကြားသမျှ နားထောင်နေချင်တယ်
စကားတွေအများကြီး မပြောချင်တော့ဘူး
ငြိမ်ငြိမ်လေးနေရတာ ကြိုက်လာတယ်
ကိုယ့်ဖြစ်တည်သမျှကိုလည်း ကိုယ်တိုင် ကြည်မွေ့နှစ်သက်တတ်ပြီ...။
တချို့သူတွေ ကိုယ့်အပေါ် ပြောဆိုတာတွေ ပြန်ကြားရတဲ့အခါ ပြုံးပြီးနားထောင်လာတတ်တယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စကားလုံးတွေအပေါ် ထူးထူးခြားခြားမခံစားမိအောင်နေတတ်ပြီ။
လက်ရှိခြေနေကို သိပ်ကြေနပ်တာပဲ...။
ဘဝဟာ တိုတောင်းတယ်မဟုတ်လားကွယ်...
Kuching riverထဲမှာ....
Wednesday, August 7, 2024
Monday, April 1, 2024
1Apr2024
တလမ်းလုံးကားစီးရတာ ငြီးစီစီဖြစ်လာခဲ့သမျှ
ကြည်ပြီး စိမ့်နေတဲ့ရေထဲ ခြေထောက်ချမိချိန်မှာ မောသမျှ အကုန်ပျောက်ရောပဲ...။
(ကိုယ့်ဘေးမှာရော ရှေ့မှာရော လူတွေအများကြီးရှိတယ်။ လူတွေရှောင်ရိုက်ပြီး ခရော့ပ်ထားလို့)
#ခရီးသွားခြင်း
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...


















































