ပျော်ရင်လည်း ရတယ်
မပျော်ရင်လည်း ရတယ်
ဘဝမှာ ဘာအရေးကြီးသလဲ
ဘာအရေးမကြီးဘူးလဲ....၊
ဒီအသက်အရွယ်မှာမှ ကျွန်မ မသိသေးဘူးဆိုရင်...
ခက်ရချည့်...။
ခုနောက်ပိုင်းတော့ လူတွေ ဘာလာပြောပြော ဘယ်လိုပဲ လုပ်ပြပြ...ရင်မခုန်တော့ဘူး၊ စိတ်လည်း မဆိုးတော့ဘူး၊ စိတ်လည်းမနာတော့ဘူး၊
လောကီရေးရာမှာ တဘက်သားအပေါ် တခါ အနိူင်ယူတိုင်း သံသရာမှာ တခါရှုံးသတဲ့...။
ကျွန်မက
လောကီရေးရာမှာ အခါခါ ရှုံးဖူးသူ...၊
အနိူင်ရယူလိုသူတွေအတွက် ပေးနိူင်ပစ်လိုက်ဖို့ ဝန်မလေးသူ...။
ပြုံးပြုံးလေးပဲ ကြည့်နေနိူင်ပါတယ်။
ဘဝမှာ တခြားသောသူတွေနဲ့ မက်မောရာချင်းမှ မတူဘဲကွယ်...၊ ဆင်းရဲခြင်းကိုမှ ဒုက်ခလို့ နားလည်နေကြသူတွေအထဲ အေးချမ်းသာယာနေခြင်းဟာလည်း ဒုက်ခလို့ ပြောရင် ကျွန်မ ရူးနေပြီလို့ ထင်ကြမလားပဲ...။
ဟင့်အင်း...၊ ဘယ်အရာမှ မမြဲဘူးလေ...။
ဆင်းရဲခြင်းဟာ မမြဲသလို ချမ်းသာခြင်းကလည်း မမြဲဘူး၊ အရာရာဟာ သင်ခါရ...၊ ပြုပြင်နေရ ပြင်ဆင်နေရတဲ့ မမြဲခြင်းဒုက်ခတွေ...။
နောက်ဆုံး ဝင်လေထွက်လေကို ပြုံးပြုံးကလေးမှတ်ရင်း ထွက်ခွာသွားဖို့ပဲ...။
မငိုကြပါနဲ့နော်...၊
ကျွန်မလည်း မငိုဘူး...။
သံသရာမှာ အသစ်ဖြစ်ခဲ့ရင်တောင် သူစိမ်းတွေပဲ ဖြစ်လိုတဲ့ စိတ်နဲ့...၊
ခကအ
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်