သိပ်မထူးခြားလှတဲ့ သာမန်နေ့တနေ့ပါပဲ...
မနက်က ခါတိုင်းထက် အိမ်ကစောထွက်ပြီး ကျောင်းနားကဆိုင်မှာ မနက်စာထိုင်စားဖြစ်တယ်။ ပေါင်မုန့်မီးကင် ၂ချပ်ရယ် ကြက်ဥမကြက်တကြက်ပြုတ်၂လုံးရယ် ကော်ဖီတခွက်ရယ်။ အရင်ကထက် ဈေးတက်သွားတာ သတိထားမိတယ်။ ကော်ဖီကို အေးအေးဆေးဆေး ထိုင်သောက်ဖြစ်တယ်။ စတားဘတ်တို့လို အမေရီကာနိူတို့လို မပြင်းလွန်းတဲ့ ကော်ဖီ၊ နည်းနည်းတောင် မြန်မာဆန်သလားလို့ ထင်တာပဲ၊ သူ့ အနံ့ အရသာကလေ...။
Hawker centre မှာ ကော်ဖီသောက်ဖြစ်တိုင်း မြန်မာပြည်ကို လွမ်းရတဲ့အလွမ်းက စိမ့်တက်လာတယ်...။
ကျောင်းချိန် ၁၅မိနစ်လောက်အလိုမှ ဆိုင်က ထဖြစ်တယ်။ လန်းဆန်းနေသလို စိတ်က ထင်တယ်။ ထုံးစံအတိုင်း ကျောင်းရောက်တာနဲ့ အလုပ်တွေကများတော့တာပဲ...။
ကလေးတွေဟာ သိပ်ချစ်စရာကောင်းတာပဲ။ ကျောင်းမှာက အငယ်ဆုံး (ကိုယ် တွေ့မိသလောက်)၃နှစ်ကနေ (Eipic centreမို့) အကြီးဆုံး ၇နှစ်အထိပဲ လက်ခံတာ။ အဲ့အရွယ်လေးတွေမို့ ချစ်စရာကောင်းနေတုန်း ဖြစ်မယ်။ ဒါတောင် တခါတခါ ဆွဲဆောင့်ပစ်ချင်စရာကလေးတွေ လုပ်တတ်သေးတယ်။ ကလေးတွေဆိုတော့ ဘယ်လိုနေနေ ဘယ်လိုပဲ ဂျစ်တိုက်တိုက် ချစ်ရတာပါပဲ။
လက်ကတော့ နာနေတုန်း၊ wrist guardဝတ်ထားလည်းပဲ ကလေး၂ယောက် လက်ကဆွဲထားလို့မှ အေးအေးသက်သာ မလျှောက်ဘဲ လက်ထဲကနေ ရုန်းပြေးတဲ့အခါ ကိုယ့်လက်ကို ညှာဖို့ အတော်ခက်တယ်။ သူတို့ကို လိုက်ဆွဲနေရချိန် လက်ကိုညှာဖို့ မဖြစ်နိူင်ဘူးဟုတ်လား။ ဒီပုံနဲ့တော့ ကိုယ့်လက်က ပြန်ကောင်းဖို့ အချိန်ကြာမယ် ထင်တာပဲ။ ထမင်းစားတာကအစ ဘယ်လက်နဲ့ကျင့်ပြီး စားနေရတော့ အချိန်ကြာသလို၊ ကိုယ်က စိတ်မြန်တော့ သိပ်အဆင်မပြေချင်ဘူး...။
ဘာလိုလိုနဲ့ မနက်ဖြန်ဆို သောကြာတောင် ရောက်လာပြန်ပြီပေါ့...။
ကိုယ့်နေ့တွေဟာ ဘာမှ ထူးထူးလည်လည် မရှိလှပါဘဲလေ...၊
(ပုံကတော့ ကိုယ့်နေ့လယ်စာပါ....)
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်