Sunday, December 10, 2017

ပင်လယ်ဆီကအပြန်....




ရာသီဥတုပူပြင်းတဲ့တနေ့မှာ
ပင်လယ်ကမ်းစပ်ဆီ အလည်ရောက်တယ်
မိုးကောင်းကင်နဲ့ ပင်လယ်ပြင်အကြား အဆီးအတားမရှိခြင်းကို ကျွန်မနှစ်သက်တယ်
ကောင်းကင်ပြာနောက်ခံထဲ

စွန်အဝါရောင်လေးတစင်း လွတ်လပ်ဝဲပျံနေတာကိုမြင်ရခိုက်

စွန်ကလေးဟာ လူရာဝင်ချင်မလား တွေးမိတယ်

ကျွန်မကဖြင့် စွန်ရာဝင်ချင်လို့...
ခြေထောက်အောက်က သဲတွေဆီကအပူဟာ
စီးထားတဲ့ဖိနပ်အပါးကိုဖောက်
ကျွန်မခြေထောက်ဆီ ကူးတယ်
ပင်လယ်ဆီက ကျွန်မ ကျောခိုင်းပြန်လာတဲ့အခါ
စွန်ကလေးဟာ သစ်တပင်မှာချိတ်လျက် ကျန်ရစ်တယ်
ကျွန်မ
စွန်မဖြစ်ချင်တော့ဘူး....

ပင်လယ်ကိုဖြတ်တိုက်လာတဲ့လေတွေဟာလည်း
ပူနွေးခြောက်သွေ့တာပါပဲ



ချစ်ကြည်အေး
၁၀၀၆၂၀၁၇

Image - Google

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...