Monday, March 5, 2012

စိနတိုင်းသွားတောလား-၈

ပြီးခဲ့တဲ့ပိုစ့်မှာ လဘက်ခြောက်အကြောင်းမေးကြတာနဲ့ နည်းနည်းလေး ရေးပါဦးမယ်။ တစ်ကယ်ပါ။ သူတို့ရဲ့ ဈေးရောင်းခြင်းနည်းပညာက တကယ့်ကို ပညာသားပါပါတယ်။ လူတွေရဲ့ အထာကိုသိ၊ လူတွေရဲ့ စိတ်အခြေခံကို ရေရေလည်လည် နောကြေပြီးမှ ရောင်းကြတာမို့ မ၀ယ်ဘူးဟေ့လို့ တင်းထား သူတွေတောင် ပျော့ကျသွားခဲ့ရတာ။  (ကိုယ်တွေ့  ကိုယ်တွေ့)


ကြည့်ပါ။ သူတို့ရဲ့ ရောင်းကုန်ပစ္စည်း အခင်းအကျင်းကို....။ လဘက်ခြောက်လို အညိုရောင် မွဲခြောက်ခြောက် နဲ့  ရောင်းပန်းမလှတဲ့ ပစ္စည်းကို ရွှေဝါရောင်ပိုးစပေါ်တင်ပြီး ပြပါတယ်။ ပြီးတော့ ဒါကို တရုတ်ဘုရင် မင်းအဆက်ဆက်တွေ ဘယ်လို အမြတ်တနိုးထားပြီး တယုတယ သောက်ကြတယ်ဆိုတာကို တရှည်တလျား ရှင်းပြတယ်။ စကတည်းက သူတို့ရောင်းကုန်ကို ဟိုး ထုတ်တန်းအမြင့်ကြီးပေါ် ဆွဲတင်ပေးထားလိုက်တာပါပဲ။


ပြီးတော့ ရေရှည်သောက်သုံးရင် ဘယ်လိုရောဂါမျိုးတွေ ပျောက်စေတယ်ဆိုတာ နောက်တစ်ဆင့်တက်ပြီး ရှင်းပြတယ်။ ဥပမာ အိပ်မရတဲ့ ရောဂါတို့၊ သွေးလည်ပတ်မှုကောင်းစေတယ်ဆိုတာတို့၊ အိပ်ယာထမှာ မလန်းဆန်းဘူးတို့... အလုပ်ထဲရောက်မှဖြင့် အမြဲတမ်း အိပ်ချင်နေတာတို့  ဒါမျိုးတွေပေါ့း)
အဲဒီမှာ ဟာ...ငါဖြစ်နေတာတွေနဲ့ ကွက်တိ ဆိုတာမျိုး တွေးမိတော့တာပဲ။


အမျိုးသမီးသောက်ရင် ရေနွေးခွက်ကို ဒီလိုကိုင်ရတယ်။ အမျိုးသားဆိုရင် ဘယ်လိုကိုင်ရတယ် ဆိုတာတွေပါ သင်ပေးပါတယ်။ ဒီလိုနည်းနဲ့ စိတ်ဝင်စားမှုကို မျှားခေါ်သွားလိုက်တာ နောက်ဆုံးမှာ သူတို့ တစ်ခွက်ပြီး တစ်ခွက် ဖျော်စပ်တိုက်တာတွေ သောက်ပြီး စိတ်ထဲက အနည်းငယ် အားနာလာမိပါတော့တယ်။
မ၀ယ်ရင် အားနာစရာကြီး၊ သူတို့က ဒီလောက်ရှင်းပြ၊ ဒီလောက် ဖျော်တိုက်ပြီးကာမှ ဆိုတဲ့ စိတ်မျိုးတွေ ၀င်လာပါတော့တယ်။ ဒါဆို ကိုယ့်လူ သင် တိုက်ပွဲကျဖို့ သေချာသလောက် ရှိနေပြီလို့ ယုံလိုက်ပါလေ...။


ရှင်းပြတဲ့ တရုတ်မလေးကလည်း မျက်နှာချိုရွှင်လို့။ နောက်က ဖျော်စပ်နေတဲ့ တရုတ်မလေးတွေကလည်း တစ်မျိုးပြီး တစ်မျိုး ဖျော်ပြီး ဘန်းကလေးနဲ့ လိုက်တိုက်တာပါ။


နောက်ဆုံးတော့ ပူးအာရ်ချာ-Pu Erh Cha ဆိုတဲ့ လက်ဘက်ခြောက်အတုံး တစ်တုံး ၀ယ်ဖြစ်ခဲ့ပါတယ်။ ဘေးက ဘူးအ၀ါလေးကတော့ (ကျွန်မ ၀ယ်ဖို့ ချီတုံချတုံ ဖြစ်နေလို့နဲ့ တူပါရဲ့) လက်ဆောင်ပေးလိုက်တာပါ။ အဲဒီလေးထောင့် လဘက်ခြောက်အတုံးလေးက စင်္ကာပူဒေါ်လာ ၁၃၀လောက်တန်ပါတယ်။ (ဂစ်.... လို့တောင် အသံမထွက်နိုင်တော့ပါဘူး၊ ဟတ်ထိသွားလို့ပါ၊ ၀ယ်ပြီးမှများ....ဟင်းးး)


ဟုတ်ပါပြီနော်။ ကဲ လက်ဘက်ခြောက်ဋီကာ ဒီမှာတင် ရပ်ပါပြီ။ တိုင်းခန်းလှည့်လည်တဲ့ အကြောင်း ပြန်စပါမယ်။ အဲဒီနေ့က ကျွန်မတို့ သွားခဲ့ကြတာကတော့ ၂၀၀၈ခုနှစ်-ဘေဂျင်းအိုလံပစ်မှာ ဖွင့်လှစ်ခဲ့ပြီး US$423 Million အကုန်အကျခံဆောက်လုပ်ခဲ့တဲ့ Bird's Nest လို့ သိကြတဲ့ ဘေဂျင်းအိုလံပစ် အဆောက်အဦးဆီကိုပါ။


ဒီဇိုင်းကတော့  Herzog & de Meuron ဆိုတဲ့ Swiss architecture firm ရဲ့ April 2003မှာ လေလံတင်သွင်း လာတဲ့ ဒီဇိုင်းပါ။ ဇကာတင် ၁၃ ခုသော ဒီဇိုင်းထဲက ရွေးချယ်ခဲ့တာ ဖြစ်ပါသတဲ့။



အိုလံပစ်အပြီး ခုနောက်ပိုင်းမှာတော့ အတွင်းထဲမှာ ဟိုတယ်တွေ၊ ရှော့ပင်းမောတွေ ဆောက်လုပ်ပြီး စီးပွားရှာဖို့ ရည်ရွယ်ထားသတဲ့။ အရင်းကြေအောင်တော့ ရှာရမှာပဲကိုး။ ခုလောလောဆယ်တော့ တစ်ယောက်ကို ၀င်ခ ယွမ် ၅၀ သတ်မှတ်ထားပြီး Snow Theme Park အဖြစ်နဲ့ လူတွေကို ဆွဲခေါ်နေပါတယ်။ တစ်နေ့ တစ်နေ့ ဧည့်သည် နှစ်သောင်းကနေ သုံးသောင်းဝန်းကျင် လာရောက်ကြည့်ရှု ကြတယ်လို့လည်း သိရပါတယ်။

(ဟင်းဟင်း ချစ်ကြည်အေးတောင် ဘလော့ဂ်ရေးတာ အရင်းကြေအောင် တစ်ယောက် တစ်ဒေါ်လာကောက် ရကောင်းမလား စဉ်းစားမိသေး...)


ဒါကတော့ Water Cube လို့ခေါ်ကြတဲ့  Beijing National Aquatics Center ပါ။ ခုနက Nest နဲ့ မလှမ်းမကမ်းလေးမှာပါ။ PTW Architects (ဒါက အော်ဇီအာခီတက်ဖန်းမ်) and Arup၊ CSCEC နဲ့ CCDI (ဒါတွေကတော့ ရှန့်ဟိုင်အာခီတက် ဖန်းမ်တွေပါ) တို့ရဲ့ $200 Million Yuan တန် ဒီဇိုင်းဖြစ်ပြီး နောက်ဆုံး ဇကာတင် ဒီဇိုင်း၁၀ခု ထဲက ရွေးချယ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ETFE (Ethylene tetrafluoroethylene) Pillow လို့ခေါ်တဲ့  fluorine based plastic တစ်မျိုးနဲ့ တည်ဆောက်ထားတဲ့အတွက် အတွင်းပိုင်းထဲကို မှန်ထက်တောင်ပိုပြီး အလင်းပေါက်စေပါတယ်။  အဲဒါအပြင် ရေကူးကန်အတွက် လိုအပ်တဲ့အပူချိန်ကိုလည်း ရစေပါသတဲ့။ အဲဒီအတွက် တကယ်သုံးရမဲ့ လျှပ်စစ်စွမ်းအင်၊ အပူစွမ်းအင်တွေရဲ့ ကုန်ကျစရိတ်ကို ၃၀%လောက် ကျဆင်းစေပါတယ်။




အနားမှာ ဒီလို စွန်လေးတွေ လွှတ်နေကြတာ အများကြီးပါပဲ။ အပျော် လွှတ်ကြည့်ရအောင် တစ်ခု ၀ယ်ခဲ့ ပါသေးတယ်။ ဒါပေမဲ့ ခုထိ တစ်ခါမှ လေထဲကို မရောက်ဖူးသေးတဲ့ ကျွန်မရဲ့ စွန်ပါ။ အိမ်က စတိုခန်းထဲမှာ အိပ်နေတုန်း ဆိုပါတော့။


အဟမ်းး လည်ပြီးပတ်ပြီး မော-ညောင်းကြီးနဲ့ ဗိုက်လည်းဆာကြပြီဆိုတော့ စားကြရအောင်နော်း)

၅ချိုချဉ်ကြော်.....


အသားတော့ အသားပဲ၊ ဘာသားမှန်း မမှတ်မိတော့ဘူး...


ကော်ကော်ကဲကြော်....


ဝက်သပေါင်း


အရွက်ကို ပုဇွန်နဲ့ ရောကြော်တာ....း)


ကြွက်နားရွက်သုတ်


အချိုပွဲ (ခါဂျာမုန့်လိုလို ပန်ကိတ်လိုလိုနဲ့)


စားသွားကြပါဦးလားဟင်...။  ဒီနေ့တော့ ဒီလောက်ပါပဲ....




မှတ်ချက်-Water Cube အောက်ဆုံး ၂ပုံကို Google မှ ယူပါသည်။

7 comments:

  1. :)))))))
    ဓါတ်ပုံတွေ အရမ်းလှလို့ အကြီးကြီး ပြုံးသွား...

    ReplyDelete
  2. အဝါရောင် လက်ဖက်ခြောက် ဗူးလေး ဈေရင်းအတိုင်း ပြန်မျှပါ :))

    ReplyDelete
  3. ရောက်ဖူးချင်လိုက်ထှာာာာ

    ReplyDelete
  4. ဘာလိုလိုနဲ့ နံပါတ် ၈ တောင်ရောက်သွားပါကောလား..

    ReplyDelete
  5. အစားတွေ ပဲစားချင်ဒယ်

    ReplyDelete
  6. ဝက်သားပေါင်းအကြိုက်ဆုံး... လက်ဖက်တုံးကြီးသဘောကျပေမဲ့ ဈေးကြီးလို့မ ကြိုက်ဘူး..

    ReplyDelete
  7. လက်ဖက်ခြောက်တုံးကတော့ တကယ့် ဂစ်း)...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...