ပြီးခဲ့တဲ့ပို့စ်က ပီကျှူးပဟေဠိကို Sint Si က မှန်အောင် ဖြေသွားပါတယ်ရှင်း)
(ဖြောင်း ဖြောင်း ဖြောင်း-လက်ခုပ်သံများ)
ဟုတ်ကဲ့ အဲဒီအကောင်က ပီကျှူးအမပါ။ သူ့လက်အောက်မှာ ပီကျှူး အကောင်သေးလေး ဘေဘီ ပီကျှူးလေး နဲ့ ကစားနေတာ တွေ့ရမှာပါ။ ဟော ပီကျှူးအထီးကျတော့ လက်ထဲမှာ ဘောလုံးကလေးလို အလုံးကလေးနဲ့ ကစားနေတာ တွေ့ရတယ်ရှင့်။ ကမ္ဘာ့ဖလားဘောပွဲကမှ ၁၉၃၀မှာ ပထမဆုံးပွဲရှိသေးတာ။ သူတို့က ပိုတောင်စောပုံရသေးတယ်း)
ဒီမှာ ကြည့်ပါဦး။ ပီကျှူး အထီးနဲ့ အမ ယှဉ်ကြည့်လိုက်ကြပါ။
ပီကျှူး အမ
ပီကျှူး အထီး
ပီကျှူးတွေရဲ့ လက်အနေအထား မူကွဲတွေ အမျိုးမျိုးရှိနေပြီး အဓိပ္ပါယ်လည်း ကွဲပြားကြတယ်လို့ ဆိုပါတယ်။
ထားပါတော့လေ။ အဲဒါက စကားအဖြစ် ပြောပြရုံပါ။
Tiananmen Square ကပြန်အထွက် ကျွန်မတို့ရဲ့ မူလအစီအစဉ်က နေ့လည်စာ သွားစားခဲ့ကြတာပါ။ ဒီမှာတော့ ဒါကို ကျော်ချလိုက်ပါမယ်။
ဟာ....။
ဟင်...။
ကတောက်....။
(ပရိသတ်ကြီးမှ အားမလို အားမရသံများ...)
(စီကေအေမှ မကြားချင်ယောင်ဆောင်၍ ပြောချင်တာ ဆက်ပြော....)
ကျွန်မတို့ နောက်ထပ်သွားခဲ့တဲ့နေရာကိုလည်း ကျော်လိုက်ပါဦးမယ်။ တိုးဂိုက်ပဲကေ လိုက်ပို့ခဲ့တဲ့နေရာက လဘက်ခြောက်အရောင်းဆိုင်ပါ။ အဲဒီမှာ သူတို့ ဖျော်တိုက်တဲ့ တစ်ခွက်ပြီး တစ်ခွက်သော ရေနွေးကြမ်းတွေ ကို သောက်ပြီး သူတို့ပြောသမျှနားထောင်ဖို့ပဲလို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ အားနာတတ်တဲ့ ကျွန်မက စင်္ကာပူဒေါ်လာ ၁၀၀ကျော်တန်တဲ့ လက်ဘက်ခြောက်တုံးကြီး တစ်တုံးနဲ့ ဘူးအသေးလေးတစ်ဘူးကို မနေနိုင်မထိုင်နိုင် ၀ယ်လာမိပါသေးတယ် (အတန်တန် စိတ်တင်းထားတဲ့ကြားက...ဟင်းးး)။ ကြုံရင် ဓါတ်ပုံ တင်ပေးပါဦးမယ်။ ဘ၀တစ်သက်မှာ ဈေးအကြီးဆုံးသော ရေနွေးကြမ်း သောက်ဖူးသွားတာပေါ့ရှင်။
ကျွန်မတို့ သွားခဲ့တဲ့ နောက်တစ်နေရာက Temple of Heaven ပါ။
Temple of Heaven-ကောင်းကင်ဘုံဘုရားကျောင်းလို့ပဲ ဆိုကြပါစို့။ ၀င်ကြေးက တစ်ယောက်ကို ယွမ် ၃၀ပါ။
သူ့ကို မင်း(Ming)-မျိုးဆက်(၁၃၆၈-၁၆၄၄)တွေ နန်းစံတဲ့ကာလ ၁၄၂၀ခုနှစ်တုန်းဆီက တည်ဆောက်ခဲ့ပြီး ချင်း(Qing)-မျိုးဆက် (၁၆၄၄-၁၉၁၁)မှာ တိုးချဲ့ ပြုပြင်ခဲ့တာ ဖြစ်ပါသတဲ့။
အဲဒီ နှစ်ဆက်သော မင်းဆက်တွေ က သူတို့ဟာ ကောင်းကင်ဘုံကလာတဲ့ သားတော်တွေဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် (သူတို့ဟာ အမြဲတမ်း အဲလိုချည်းပဲ ထင်တတ်ကြတာပဲ) ဆန်ရေစပါး ပေါများ ပါစေကြောင်း၊ ရေမိုးမှန်ပါစေဖို့ အကြောင်း၊ ပြည်သူတွေ ကို စောင့်ရှောက်ဖို့ အကြောင်းတွေ သွားရောက် ရှိခိုး ဆုတောင်းရာ နေရာဖြစ်တယ် လို့ ဆိုပါတယ်။
ပုံလှလှလေးတွေ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်နော်။
ဆက်ပါဦးမယ်...
ခရီးသွားပို့စ်ကို ခရီးမထွက်ဖြစ်တာအတန်ကြာပြီဖြစ်တဲ့
ReplyDeleteမောင်ဘကြိုင်လာဖတ်ရင်း အားကျသွားပါကြောင်း....း)
ကောင်းကင်ဘုံကလာတဲ့ သားတော်တွေဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် (သူတို့ဟာ အမြဲတမ်း အဲလိုချည်းပဲ ထင်တတ်ကြတာပဲ)..
ReplyDeleteဟားဟား.. မှန်လိုက်လေဗျာ.. :D
သူတို့ တိုက်တဲ့ လက်ဖက်ခြောက်ရည်ထဲမှာတစ်ခုခုပါတယ်လို့ ထင်ရတယ်။ ၀ယ်ပြီး အိမ်ကြရင် အဲတုံးက အဲပစ္စည်းကိုအဲလောက်ပေးပြီး ဘာလို့ ဝယ်တာလဲလို့ စဉ်းစားလို့ မရတော့ပါ။
ReplyDeleteပေးထားတဲ့လင့်ခ်မှာသွားကြည့်တော့ အတော်လေးအနုစိပ်ပြီးလှတဲ့ ကောင်းကင်ဘုံဘုရားကျောင်း ရဲ့ဗိသုကာလက်ရာတွေကို တွေ့ရတယ် မကြီးရေ။ သူတို့ယဉ်ကျေးမှုထွန်းကားချိန်ကလည်း စောတယ်လို့ပြောရမယ်။
ReplyDeleteကျေးဇူးအထူးပါ မချစ် .
ReplyDeleteကျနော်က တရုတ်ပြည်ကိုတော့ သွားမလည်ချင်ဘူး ဘာလို့ လည်းတော့မသိဘူး။
မချစ်ဆီမှာပဲ သိချင်တာတွေ ဖတ်လိုက်တော့မယ် ပုံတွေကြည့်လိုက်တော့မယ် ။ ကိုယ်တိုင်သွားတောင်အဲလို သိလာမယ်မထင်ဘူး ဟိ။
အစ်မချစ်ရာ....
ReplyDeleteအလုပ်တွေ ပိနေတဲ့ကြားက
ရအောင်တင်ပေးနေတာ သိ၏။ သို့သော်...
ဆန့်တငံ့ငံ့နဲ့.. ဖတ်ရတာ အားမရဘူးရယ်...။ ဆက်ရန်ကို ဆက်လက် မျှော်နေပါ့မယ်နော်...။
လုပ်ပြန်ပြီ ဆန့်တငန့်ငန့်နဲ့
ReplyDeleteလက်ဘက်ခြောက် ၁၀၀ တန်ကိုပြပါဦး မမချစ်ရေ
မြင်ဖူးအောင်ကြည့်ချင်လို့
ချစ်တဲ့
ဒိုးကန်
အထီးအမတော့ခွဲတတ်သွားပြီ။ နောက်ဆို ဆင်ဆာမဖြတ်ကြေး။
ReplyDeleteအိမ်ကိုဒီပုံတွေသယ်ပြီး သွားကြွားရမယ်
ReplyDeleteဟဟ အကုန်မသွားပီနော် ။။။ခွင့်ပြုပေးပါ
လို့ /////ယူပြီးမှခွင့်တောင်းတာ :P
I had the most expensive cup of tea (U$30/cup) at one of the hotel in Beijing as well.It was so tasty though.
ReplyDeleteပီကျှူး အထီး၊ အမ ခွဲတတ်သွားပြီ..၁၀၀ကျော်တန် လက်ဖက်ခြောက်ကို ပြပါဗျို့ ..မြင်ဖူးချင်လို့ ..ကောင်းကင်ဘုံဘုရားကျောင်းကြီး လှတယ်..မြန်မြန် ဆက်ပါဗျို့ 
ReplyDeleteမိုက်တယ်ကွာ
ReplyDeleteအစ်မတို့များ ဓာတ်ပုံတောင် ကိုယ်စားလှယ်တွေ ဘာတွေနဲ့း))
Google က ကိုယ်စားလှယ် လုပ်ပေးရရှာတယ် ဟိဟိ
အဲဒီ စလုံးတစ်ရာကျော်တန်လက်ဖက်ခြောက်ဘူးလိုချင်လိုက်တာ။
လက်ဆောင်ပေးနော် နော်..း)
Pu'er tea
ReplyDeleteလက်ဖက်ခြောက်က
ဝိုင်လိုဘဲနှစ်ကြာရှည်ခံအောင်
နှပ်ထားတာလို့ပြောရမှာ
နှစ်ကြာလေဈေးကြီးလေ
တကယ်လည်း
ကော်လက်စတော်ကျစေတယ်