မပြောမရှိကြပါနဲ့ရှင်...
ခရီးသွားရတာကို နှစ်သက်တဲ့ ကျွန်မတို့လို လူတွေ တစ်နှစ် တစ်နှစ်စောင့်ကြရတဲ့ Natas Travel Fair 2012 အချိန်ရောက်လာပြန်ပါပြီ။ ၀င်ကြေးက (၁၂နှစ်နဲ့ အထက်) တစ်ယောက် S$4.00 ပါတဲ့။
What: One of the most sought after travel fairs in Singapore
When: 24 to 26 February 2012 (Friday – Sunday)
Where: Halls 4 and 5, Singapore Expo
လင့်ခ်ကတော့ ဒီမှာပါ။
Tipsလေးတွေ ပေးပါရစေ။
၁) ဘယ်နိုင်ငံကို သွားချင်တယ်ဆိုတာ ကြိုတင် စဉ်းစားသွားပါ။
ဟိုသွားရကောင်းနိုး၊ ဒီသွားရကောင်းနိုး ရွေးချိန် မရှိပါ၊ အထဲရောက်မှ ဈေးသက်သာတဲ့ နေရာတိုင်း သွားချင်တဲ့ရောဂါ ကောက်ကာငင်ကာ ရတတ်ပါတယ်။
၂) တတ်နိုင်သမျှ စောရောက်အောင်သွားပါ။
တန်းကြီးက အရှည်ကြီး၊ စိတ်ရှည်ရှည်ထားပါ။
၃) တစ်ယောက် ၄ကျပ်မို့ ပြန်အမ်းစရာမလိုအောင် တစ်ယောက်ကို ၂ကျပ်တန် ၂ရွက်စီ အတိအကျ ဆောင်သွားပါ။
စုဘူးဖောက်သွားသူများ ကျပ်စေ့ ၄စေ့လည်း ရပါတယ်တဲ့...
၎) ပေးသမျှယူပါ။
အ၀မှာ အိတ်ကြီးတစ်လုံးကောက်လွယ်ပြီး အလကားဝေပေးတဲ့ ဘောလ်ပန်၊ မှတ်စုပက်ဒ်၊ သကြားလုံး ပေးသမျှ အိတ်ထဲသာ ကောက်ထည့်ခဲ့ပါ၊ အရင်းကြေတာပေါ့။
၅) ခြေတိုအောင် လျှောက်ပါ။
ဧဂျင့်တစ်ခုနဲ့ တစ်ခု ရွေးချယ်နှိုင်းယှဉ်ပါ။ ဈေးပြိုင်တွေများတာမို့ အသေအချာ စဉ်းစားရွေးချယ်ပါ။
တစ်ခု သတိပြုရမှာက ဈေးပေါတိုင်းလည်း မကောင်းဘူး ဆိုတာပါ၊ နေရမဲ့ ဟိုတယ်ရဲ့ စတားအရေအတွက်၊ စီးရမဲ့ လေကြောင်းလိုင်း၊ Package tourနဲ့ ဂရု(ပ်)နဲ့ သွားမယ်ဆို itinerary ကို သေချာဖတ်ပါ။ နာမည်ကြီး ဧဂျင့်တွေက ဈေးနည်းနည်း ပိုပေးရတတ်ပေမဲ့ ပို စိတ်ချရပါတယ်။ ၀န်ဆောင်မှု ပိုကောင်းပါတယ်။
ကိုင်း ဒီလောက်ပြင်ဆင်သွားရင် မဆိုးပါဘူး။ အဆင်ပြေကြပါစေ...
ဟာ....စိတ်ဝင်စားစရာပဲ။ ဒါမျိုးရှိတာ မသိဘူး။ ညံ့ချက်။ မှတ်သွားတယ်။ ကျေးဇူး အစ်မချစ်....။
ReplyDeleteဒီမှာ ဒေါ်ချစ် ဘာမှ စဉ်းစားမနေနဲ့ ယပလက် လာခဲ့ ဖူးကက် သွားကြမယ်
ReplyDeleteဓါတ်ပုံရိုက်ကြမယ် ကေလား
ဟုတ်လား ဂျင်းစုတ်ရဲ့...သွားကြည့်ကြပါလေး)
ReplyDeleteတီချမ်းရာ ဖူးခက်က နိုဝင်ဘာကမှ ကုမ္ပဏီစရိတ်နဲ့ သွားထားတာ၊ ကိုယ့်စရိတ်နဲ့ ကိုယ်သွားရမှာ တစ်မျိုးကြီး ဖြစ်နေပြီအေ့ ဟိဟိး))
သွားချင်ပေမယ့် မမချစ်ရယ် ..အချစ်မပါသမျှဒီဘ၀တော့ မလေးနဲ့စကာင်္ပူသာလျှင်ဘဲ ..
ReplyDeleteချစ်တဲ့
မဒိုးကန်
အချစ်ကို အပါခေါ်ပေါ့အေ့ ဒိုးကန်ရဲ့၊ ငယ်တုန်းသွားရတာ....
ReplyDeleteဒီလို ကိစ္စ မျိုးတွေ ရှိတယ် လား.... (ပေါင်ချိန်လေသံဖြင့်)
ReplyDelete:P
မချစ်က မငယ်တော့ဘူးလေ။ မဟုတ်ဘူးလား။
ReplyDeleteဒီလို ကိစ္စမျိုးတွေ ရှိသပေါ့ ၀ဲလက်...အဲ့... လက်ဝဲရယ်...(စီကေအေ လေသံဖြင့်)
ReplyDeleteကိုဂျေဒီ...ဒါ ဘာသဘောလဲ ပြောပြောရှင်းဘာာ... ဟွန်းးးး
ခရီးသွားတာကတော့ ကြိုတင်ပြင်ဆင်သွားရင် အကောင်းဆုံးပါ.
ReplyDeleteမဟုတ်ဘဲ ရောက်တော့မှ ကြည့်စီစဉ်တာပေါ့ဆိုရင် အဆင်မပြေတာတွေလည်း များတယ် သွားလည်စရာ နေရာတွေလည်း ကျန်ခဲ့တတ်တယ်နော်..
သင်္ခန်းစာတွေ အများကြီးဘဲ အစ်မရေ..း)
တခါမှ မရောက်ဖူးဘူး မမချစ်ရယ်..ရောက်ရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါလားဟင်..:)
ReplyDeleteဟွန့်.. ဒီပို့စ်ကြီးက များတို့နဲ့ နည်းနည်းမှ မဆိုင်သလိုပါလား.. :(
ReplyDeleteဘာပဲဖြစ်ဖြစ် အချက်နံပါတ်(၄)ကို သေချာ မှတ်သားထားပါသည် အစ်မတော်..:)
နာမည်ကြီး ဧဂျင့်တွေ ကိုလည်းပြောပြပေးပါလား အစ်မ။ ကျေးဇူး
ReplyDeleteချော...ကိုယ်တွေ့တွေထင်ပ့ါ...။ ဘယ်နေရာတွေများ သွားဖို့ ကျန်သွားလို့လဲ....း)
ReplyDeleteညီမစန်းထွန်း...အစ်မ ဒီနှစ်သွားဖြစ်မှာ ဟုတ်ဘူး ညီမရေး(
ညီမမြသွေး အဓိကအချက်ကို မြင်တတ်ပါပေတယ်း))
ပီတုလေး (ခေါ်တာမှန်တယ် ထင်ပါရဲ့) Chan Brothers , CTC Travel, 5 Stars , SA Tours, တွေပါ....း)
သွားချင်စိတ်ရှိပေမယ့် ဘယ်ကိုမှ မသွားနိုင်သေးပါဘူး... အစ်မချစ်ရေ...
ReplyDeleteဒီနှစ်တော့ ခရီးသိပ်သွားဖြစ်မယ် မထင်တော့ဘူး မချစ်ရေ။ မနှစ်က သွားတာများပြီး မောသွားလို့။ ခု ပန်းဖျားဖျားနေတယ်။း(
ReplyDelete