Friday, November 18, 2011

အန်တီ ဂျက်စတား

ခေတ်မီသွားတယ်ပဲ ဆိုချင်ဆို ထီကနဲဖြစ်ပြီဟေ့ဆို ချစ်ကြည်အေးတို့လည်း မပါမဖြစ် ပါလိုက်ရမှ။ ပြောရရင် ခုတစ်လော စိတ်မအား လူမအားရတဲ့ကြားထဲ ပျားတုတ်ခံရတဲ့အဖြစ်ရယ်။ တော်တော်လေး ရင်ခံ သွားတယ်။ သိပြီးသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ မသိသေးတဲ့သူတွေက ပိုများတဲ့အတွက်၊ ပြီးတော့ ဒါဟာ အိမ်ကိုလွမ်းနေကြတဲ့၊ အိမ်ပြန်ဖို့ ပြင်နေကြတဲ့ မြန်မာများအားလုံး သိကိုသိထားရမယ်လို့ ယုံကြည်တဲ့အတွက် ဒီပိုစ့်ကို ရေးလိုက်ရပါတယ်။

ပြီးခဲ့ ဗုဒ္ဓဟူးနေ့ (၁၆-၁၁-၁၁)က ဂျက်စတားက တာဝန်ခံတစ်ယောက် အိမ်ကလူဆီ ဖုန်းဆက်လာပါတယ်။ ကိစ္စက နောက်လ ဒီဇင်ဘာအတွက် ၀ယ်ထားတဲ့လေယာဉ်လက်မှတ်ကို အပြန် ရက်ချိန်းပေးနိုင်မလား လို့ မေးလာတာပါ။ အိမ်ကလူက မဖြစ်နိုင်လောက်တဲ့အကြောင်း၊ ခွင့်တွေကအစ အကုန်စီစဉ်ပြီးဖြစ်နေတဲ့ အကြောင်း ပြောပြပါတယ်။ ဂျက်စတားကလူက သူတို့ရက်ရွေ့တဲ့အတိုင်း လက်ခံရင် တစ်ယောက်ကို ၁၀၀တန် ဘောက်ချာ၂စောင်နဲ့ ၂ယောက်စာ (စလုံး) ၄၀၀တန် ဘောက်ချာလည်း offerပေးဦးမယ်လို့ ဆိုပါတယ်။ အဲဒီမှာ အားနာတတ် တဲ့အိမ်ကလူက ယတိပြတ်မငြင်းလိုက်ဘဲ မိန်းမနဲ့ တိုင်ပင်လိုက်ဦးမယ်ကွာ လို့ ပြောခဲ့သတဲ့ရှင်။ ဟိုလူက လည်း ငါ့ရဲ့ offerကို မင်းဆီ e-mailပို့ပေးမယ် ဆိုခဲ့ပါတယ်။

အဲဒီနေ့က အိမ်ရောက်လို့ ညစာစားကြပြီး e-mail စစ်ကြည့်မှ မျက်လုံးပြူးကြရတယ်။ လား လား သကောင့်သားက ကျွန်မတို့ သဘောတူညီချက်မရသေးဘဲ လေယာဉ်လက်မှတ်ကို ရက်ပြောင်းပြီး ပို့ လိုက်တော့တာလေ။  အသွားရက်ကိုတော့ မပြောင်းပါဘူး။ ပြန်လာမဲ့ရက်ကို ပြောင်းထားတာပါ။ ကျွန်မတို့ မူလအစီအစဉ်အရ ဒီဇင်ဘာ ၃၀ရက်နေ့ စလုံး ပြန်လာဖို့ ရက်ချိတ်ထားတာကို ၁လပိုင်း ၁၃ရက် အထိ နှစ်ပတ်ခွာပြီး နောက်ဆုတ်ထားတာကိုး။ ဒါ ဘယ်လိုမှ လက်မခံနိုင်စရာပါ။ ဒါနဲ့ ဂျက်စတားကို ချက်ချင်း ဖုန်းဆက်ပါတယ်။

ကျွန်မတို့ အရင်က ၀ယ်ထားတဲ့ရက်အတိုင်း ပြန်ပြောင်းပေးဖို့  ပြောပေမဲ့ မရခဲ့ပါဘူး။ နောက်ဆုံးတော့ ရွေး ချယ်ဖို့ ၂လမ်းပဲ ရှိတဲ့ အကြောင်း၊ သူတို့ပြောင်းပေးတဲ့ရက်အတိုင်းသွားပြီး Jetstarကပေးတဲ့ Travel Voucher၂၀၀ တန်ယူမလား၊ ဒါမှမဟုတ် လက်မှတ်ဖိုးပြန်အမ်းတာ ယူမလား အဲဒီနှစ်ခုထဲက တစ်ခု ကြိုက်ရာရွေးဖို့ ပြောင်ပြောင်ပဲ ပြောလာ ပါတော့တယ်။ နှစ်ခုလုံး မရွေးနိုင်ဘူး၊ ငါတို့သဘောမတူဘဲနဲ့ ပြောင်းထားတာ ဖြစ်တဲ့အတွက် လုံးဝ လက်မခံနိုင်ဘူး။ ငါတို့ ၀ယ်ထားတဲ့ ရက်အတိုင်းပြန်ပြောင်းပေးပါလို့ အကြိမ်ကြိမ် ပြောတယ်။ မရခဲ့ပါဘူး။

ဒီလို ဘာ့ကြောင့်ဖြစ်ရတာလဲလို့ ကျွန်မက မေးတဲ့အခါ လက်မှတ် oversold ဖြစ်သွားလို့ပါတဲ့လေ။ ဘယ်လောက် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်လဲ။ seat availability နဲ့ ရောင်းတာ မဟုတ်လား။ computerized system နဲ့ ရောင်းကြတာမဟုတ်လား။ ပြီးတော့ ဒီဇင်ဘာပြန်ဖို့ကို သြဂတ်စ်လထဲက ၀ယ် ထားခဲ့တာမို့ ဒါဟာ ဘယ်လိုမှ သည်းခံနိုင်စရာအကြောင်းမရှိပါဘူး။ 

ပြောရင်းနဲ့ ကျွန်မလည်း တော်တော်လေး စိတ်တိုလာပြီး ၃-၄ ကြိမ်လောက် ဖုန်းဆက်ပြီး မေးပါတယ်။ အားလုံး တစ်သံတည်းထွက်ကြပါတယ်။ ဒါနဲ့ နောက်ဆုံးပြောဖြစ်တဲ့ အမျိုးသားက အွန်လိုင်း feed back ဖောင်ဖြည့်ပြီးတင်ပါလို့ အကြံပေးပါတယ်။ ကျွန်မကလည်း ချက်ချင်းပဲ ဖြည့်တင်လိုက်ပါတယ်။

နောက်တော့ သတိရတာနဲ့ အဲဒီနေ့ ပတ်ဝန်းကျင် ပြန်လာဖို့ စီစဉ်ထားကြတဲ့ မိတ်ဆွေတွေဆီ ဆက်သွယ် ကြည့်တော့ သူတို့လည်း တူတူပဲ၊ သဘောတူညီမှုမရဘဲ return ticketကို Jetstarက နောက်နှစ် ပတ်ရွှေ့တာ ခံရတယ်လို့ ပြောကြပါတယ်။ ပိုဆိုးတာက သူတို့က ၁၉ရက်နေ့ ပြန်ကြမှာပါ။ စဉ်းစားသာကြည့်ပါတော့၊ ၁၉ရက်နေ့ပြန်မဲ့ဟာကို last minuteမှ (၁၆ရက်နေ့မှ) သူတို့ return ticket နောက်နှစ်ပတ်ရွှေ့ခံရတာ သိရတဲ့ ဘ၀။ တော်တော်လေးကို ဆိုးပါတယ်။ Customerကို ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ဂျက်စတား။ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါ။

ဘယ်လိုမှ စဉ်းစားချိန်မရတော့တဲ့ မိတ်ဆွေ မိသားစုကတော့ အပြန်တစ်ခြမ်းအတွက် Jetstarကနေ Refund ထုတ်ပြီး MAIဆီက အပြန်တစ်ကြောင်းအတွက် တစ်ယောက်ကို $၃၇၀ပေးပြီး ၃ယောက်စာ S$တစ်ထောင်ကျော် ပေးဝယ်သွားကြ ရပါတယ်။ Jetstarက တစ်ကြောင်းအတွက် ၃ယောက်စာ ပြန်အမ်းငွေက $၄၀၀ ကျော်ထဲပါ...ဟူးးး

ဘယ်လိုပဲ လက်မှတ်ဖိုးပြန်ပေးတယ်ပဲ ပြောပြော၊ ခုချိန်မှာ လေယာဉ်လက်မှတ်ဈေးတွေက အရမ်းမြင့်နေ ပါပြီ။ သြဂတ်စ်လ ကျွန်မတို့ဝယ်တုန်းက နှစ်ယောက်ပေါင်းမှ စလုံး ၆၀၀ ကျော်ရယ်။ ခုဆို ၁၀၀၀ကျော်လောက်ရှိတဲ့အပြင် ကိုယ်လိုချင်တဲ့ရက်လည်း ရချင်မှ ရတော့မှာပါ။ ၁၇ရက်နေ့က Jetstarကို ကျွန်မ ဖုန်းဆက်ကြည့်တော့ ကျွန်မတို့ကို လက်မှတ်ရောင်းတုန်းက Big aircraft ခု small aircraftကို ဒေါင်း ဂရိတ်လုပ်တာမို့ ခုလိုဖြစ်ရတာပါလို့ ဖြေရှင်းချက် ထုတ်ပြန်ပါတယ်။ အကြောင်းပြချက်တွေက ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဂျက်စတားပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထုတ်ရောင်းထားတဲ့ လက်မှတ်တန်ဖိုးကို သူတို့ တာဝန်ယူရမှာပေါ့။ Confirmed ticket တစ်စောင်ရဲ့ တန်ဘိုးကို သူတို့ ထည့်တွက်ရမှာပေါ့။ ခုတော့ နဲနဲမှ သိက္ခာမရှိတဲ့ လုပ်ရပ်ကို ရွေးချယ်ကြတယ်။ လေကြောင်းလိုင်းတစ်ခုအနေနဲ့ နာမည်ပျက်တာလောက် ဘာကများ ဆိုးဦးမလဲရှင်။ သေချာတယ်လေ၊ Jetstarက လက်မှတ်ဘိုးအပြည့်ပြန်ထုတ်ပေးတယ်ပဲထား။ ခုလက်ရှိပေါက်ဈေးနဲ့ဆို အိတ်ထဲက တစ်စောင်ကို $၂၀၀ နီးပါးစိုက်ဝယ်ရတော့မှာပါ။

နောက်ထပ်သေချာ တာတစ်ခုက အားလုံးလိုလိုဟာ Jetstarကနေ MAIကို ပြေးပြီး လက်ရှိပေါက်ဈေး နဲ့ ပေးဝယ်ကြတော့မှာပါ။ Jetstar နဲ့ MAI ဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည် ဆိုတဲ့ ခေါင်းစဉ်အောက်မှာသာ ရှိနေရင် Jetstarရဲ့ အခုလုပ်ရပ်ဟာ ဘာကို ရည်ရွယ်တယ် ဆိုတာ ပြောနေစရာတောင် မလိုတော့ဘူးပေါ့ရှင်။

ကျွန်မတို့ မြန်မာလူမျိုးတွေက အားနာတတ်တယ်။ နေပါစေတော့ကွာဆိုပြီး အေးအေးနေတတ်ကြတယ်။ တစ်ချို့ကျတော့လည်း ဘာလုပ်ရမှန်း မသိကြဘူး။ ဘာမှလုပ်လို့ ရမှာ မဟုတ်ပါဘူး လို့လည်း တွေးတတ်ကြတယ်။ နဲနဲလေးလောက်တော့ လုပ်ကြည့်ကြစေချင်ပါတယ်။ ဒါဟာ လူပါးဝလွန်းတာပါ။ စော်ကားလွန်းတာပါ။ Customerကို တန်ဘိုးမထားတဲ့ လုပ်ရပ်ပါ။ လုံးလုံးမတရားတဲ့ လုပ်ရပ်ပါ။ အေးရာအေးကြောင်း ငြိမ်မနေကြပါနဲ့။ လုပ်လို့ရတာလေးတွေ လုပ်ကြည့်ကြရအောင်ပါ။ အားလုံး လူညီကြဖို့ပဲ လိုပါတယ်။

၁) http://www.case.org.sg/ မှာ သွားတိုင်ပါ။ Document အပြည့်အစုံနဲ့ Monday-Saturday 9-4pmပါ။
၂) ဂျက်စတားရဲ့ FB စာမျက်နှာhttp://www.facebook.com/pages/Jetstar-Asia/31975232581 မှာ wall post သွားရေးပါ။
၃) အားလုံးစုပြီး Mediaထိပေါက်အောင် သွားလို့ ရပါတယ်။ သူတို့ လက်မှတ်ဘိုး ပြန်အမ်းတာကို လွယ်လွယ် လက်မခံကြပါနဲ့ဦး
၎)ကျွန်မရဲ့ ကော်မန့်မှာ ဂျက်စတားလက်မှတ်ဝယ်တုန်းက Booking Ref. နံပါတ်လေးတွေ ရေးပေးသွားကြ ပါ။

လုံးဝ အလျှော့မပေးပါနဲ့။ မသိသေးတဲ့သူတွေကိုလည်း တစ်ဆင့်စကားပါးလိုက်ကြပါ။  Westerner တွေကို သူတို့ မလုပ်ရဲပါဘူး။ စင်ကာပူရီယန်တွေကို သူတို့ မလုပ်ရဲပါဘူး။ မြန်မာတွေမို့ ရမလားလို့ အကဲစမ်း ကြည့်တာပါ။ ဒါဟာ လူမျိုးရေးပါ ပါပါတယ်။  ဒီကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး။ ကျွန်မကတော့ ဂျက်စတားကို သပိတ်မှောက်ပါတယ်။ နောင်ကို ဘယ်တော့မှ ဂျက်စတား မစီးတော့ပါ။

***ဂျက်စတား ဖဘက ကူးလာတာပါ။



  • Amy Soe I really upset to travel with Jetstar and I'm regret to choose Jetstar. I had made a booking and made a payment since August for my flight. Today last minute call me and cancel my ticket due to too loaded on 30 Dec and ask me to change to 21 dec or 13 Jan. I already made a appoinment and prepare my trip. Last minute call me and offer me either to change a date or get a refund. At this time I can't buy any other airline all are fully book. If inform me early I still can choose other airline. And my best friend wedding on 25 Dec so how am i goiing to atten. If my wedding on that day how they going to settle on it. And when I call customer service officer different people answer me different reason. Not easy to apply my leave again do you concern for that Jetstar.



  • Florence Aung Attention: CEO (Jetstar)
    Dear Sir/Madam,
    I am very disappointed with the way the jetstar works. I have bought return tickets for two from singapore to yangon on sept 08 2011 ( dept on 24 dec 2011 and arrival on 7 Jan 2011).
    Today, I was informed there is no flight from Yangon to Singapore on the 7 Jan 2011 by Jetstar staff and offered me 11 jan 2011 (wed) instead. That is totally unacceptable for me since I have to plan many things eg:leave applications( It is not so easy at all for us to extend leaves) and many other things needed for this leave for approval.Though i was told there was no flight returning from Yangon to Singapore ( during 26 Dec 2011--10 Jan 2012) ( you can check the recording for telephone conversation made( 9:30am to 10:45am 17-Nov-2011) that i call your 3 staffs, one of them say no flight, another one hang up the phone during conversation( his name Max or something like that) and last one--not bad in my opinion). I know there is a flight on the 7th January 2012 from Yangon to Singapore in the morning arrival 10:25am Yangon. My schedule flight from yangon to singapore is 11:25am on January 7 2012.
    There is no logic if there is no flight at 11:25am on January 7 2012. I feel I am being cheated by some unfair policy( may be to make more money).I am offered to options- one ( to get fully refund) and another one to either get refund for return only or accept the return date on 11 Jan (wednesday) 2012 and get 200S$ dollar voucher for each affected person- for my case 2persons). Both options are unacceptable for me knowing that there is a flight from Yangon to Singapore on Jan 7 2012 which I have booked and confirmed tickets since September 8). Come to think or it for yourselves, If you were in my position, will you be pleased with what the jetsar is doing to me and affected customers? My holidays is already spoilt by this unethical way of making money.
    I sincerely request that please put me and my wife on Jan 7 2012 flight from Yangon to singapore in order for me to believe that the jetstar is deserved to be my first choice airline.
    You have already committed on this offer by accepting ticket fare from customer,you should be responsible for it.
    Await your soonest positive reply and responsible action on this case.
    Regards,
    Nyan Lin Htat
    Yesterday at 1:22pm · · 7

  • Win Min Lin jet star post box accept only good comments .. lol ...
    Yesterday at 1:57pm · · 1

  • Florence Aung Yes, excectly. I cannot post my comments on Jetstar's Wall page
    Yesterday at 2:11pm ·

  • Amy Soe The ticket which I bought since August. Now they told me oversold and my flight cancel. That mean they r not work properly since August now they know oversold? Now ask to refund or change a date, So easy for them to say that. If they tell me in Sep I still can choose other airline. Now I already arrange and tell me all stupid reason.
    18 hours ago · · 1

  • Khin Saw Htwe me too, I bought ticket since August , they gave same reason and ask to refund or change date which too far from my return ticket date , they are cheating on us , we got it in offer fare rate , i think they sold back higher rate to the other and simply say that oversold and flight cancel .I have never seen other air line in this kind of stupid reason ,we have to let other people to aware of this case... BE AWARE DO NOT BOOK ON LINE ,,, WILL BE CHEATED BY JETSTAR
    17 hours ago · · 1

  • Naing Aye Latt We are facing the same treatment from Jetstar and that's so unacceptable as customers who are holding confirmed tickets issued by Jetsrar. They must do something like arranging additional flight or compensate air fare according to current price from other airline as now the tickets price is sky-high. We have already been arranged accommodation and domestic flight at destination as well. Who will take responsibility for all that charges incurred? Definitely Jetstar jeopardizes my holiday plan and we should make awareness of such Jet stars's' attitude to people.
    3 hours ago ·

  • Naing Aye Latt Even if Jetstar compensates air fare according to current price from other airline, too late , not secure to get a seat already as our initial planning date. Hence, only one option to let us get on board Jetstar !!
    3 hours ago ·

  • Zaw Zaw Cho Everybody, Jetstar just cheat to her customers. Not only you, there are so many people who have booked on these high peak season. Jetstar sold with a promotion price, but now the price is flying high for these days. So, Jetstar just omit your seat only. Pls, carefully check from any possible sources of information as much as you can, there is no any flight will be cancelled on these scheduled dates. Just omit your seats only. Make sense. How dare to cheat like that in Singapore. Now, I am arranging to disclose those cheat cases to Ministry of Transport (Singapore), CAAS (Singapore), some news agency in Singapore, Yahoo News, Straits Time, etc. Also, I am arranging to send those information to all Journals in Myanmar. I will inform all updates time by time again.
    2 hours ago · · 6

  • Michael Maung Mra U What I can confirm now is JETSTAR cancelled some tickets only. 100% sure that not all the passengers for the same flight are affected. We should gather more information and share one another.
    2 hours ago · · 2

  • Zaw Zaw Cho Pls, everybody, log and claim to Civil Aviation Authority of Singapore, CAAS at qsm@caas.gov.sg, ph: 6542 1122, and Consumer's Association of Singapore, CASE at sayit@case.org.sg. Also, pls, inform to any journals in Myanmar.
    2 hours ago · · 3

  • Michael Maung Mra U There is some responce from JETSTAR Australia side about our complaint, Just sharing and will update outcome to all later
    2 hours ago · · 2

  • Wendy Min I have already checked with Jetstar staff. She said they changed small cargo and they shift return date from Yangon (from 4/1/12 to 11/4/12) only for 15 female passengers and flight is not cancel. But my brother also received call and emails same as me. They just give reason anyhow. I found most people bought tickets around August which is normal price rate.

    Jet Star : Are you try to create disappointed all passengers who bought with normal price? If people accept refund; are you planning to sell with high price to new passenger as this is hot period?

    I print this Facebook page as I know they delete all complains very soon. Don’t keep quiet. We cannot accept such cheating case in Singapore.

    You can complain to below. More complain can made legal faster action.

    Ministry of Transport (Singapore)- http://app.mot.gov.sg/Contact_Us.aspx,
    Consumer Association of Singapore http://www.case.org.sg/,
    Yahoo http://feedback.help.yahoo.com/feedback.php?.src=FP-SG&.from=_footer&.done=http%3A%2F%2Fsg.yahoo.com

    Singapore Authorize PIC : Kindly please don’t keep quiet. Singapore is a lawful country. Please arrange to settle this chatting case which is fully related to your National Identity. We want to be proud citizen of Singapore.
    about an hour ago ·

  • Jill Powers ‎24 hours latter STILL NO EMAILS!!!!!!!!
    about an hour ago ·

  • Stella Kwa where's my voucher? already 15days later.. and yet my fren whom is later then me.. already got the voucher.. why no dates is given to me for the dateline? why always the same old reply to my answer whenver i call.. i need to book my vacation soon.. and yet voucher is not here... WHY!!!!!!!!!!!!!!!!!!!!!!! so piss n disappointed with the service given.. kinda regret to choose jetstar... damn piss off........
    about an hour ago ·

  • Zaw Zaw Cho According from all information for the time being, most of the Myanmar people who bought the tickets on about Aug 2011 are affected. Beside this, there is not any contact person and office in Singapore, except at Terminal 1. I will update accordingly.
    57 minutes ago ·
  • Henry Cheng Shame on you Jetstar on dishonest action on your customers. I suggest you to solve those complains legally and rightfully or you will be notorious in this region. I am a strong customer of Jetstar but next time I need to think twice to choose you.10 minutes ago · · 1
  • Aung Hein Minn I bought the tickets from Jetstar as well. Hopefully, my tickets will not be cancelled by Jetstar.
    6 hours ago · 1

  • Chan Min Where is "customer right"?
    6 hours ago

  • Stella Kwa where's my voucher... oh my god.. i lodge complain to the web.. but like no use.. arghh.. i wan my vacation.. damn
    5 hours ago

  • Wendy Min share this information to all of your friends to prevent for future...
    5 hours ago

  • Phoe Lone I never fly JS or either MAI before, but coming CNY I bought TK to YGN.wish everything smooth. :(
    5 hours ago · 1

  • Wendy Min I have already written and share this information on the wall of Air Asia, Silkair, Lufthesa, Myanmar Air Way International, etc.,
    4 hours ago · 2

  • Zaw Zaw Cho Pl, do not take any refund. Jetstar is just cheating us. Pl, unite. I will do a legal action to jetstar on soon after contact to Singapore Police Force. I will update my plan accordingly.
    27 minutes ago · 1

နောက်ဆက်တွဲ သတင်း

CAASကို တိုင်ထားပါတယ်။ ကိုဇော်ဇော်ချိုဆီက ဖောမက်ယူပြီး ပို့လိုက်ပါတယ်။

Dear Sir / Madam,

Good day.
We would like to complain about below serious cheat case matter from Jetstar Airline in Singapore.

We have bought online air tickets from Jetstar for Singapore – Yangon – Singapore, booking ref: E7KEKZ, since 25 Aug, 2011. According to the itinerary, our return flight, YGN – SIN, will be at 11:25am-3:50pm on 30 Dec'2011. (Please refer attach file JS Tickets-Purchased)

However, we had a call from Jetstar and said that our return flight schedule date will be changed to 13 Jan'2012 instead of 30 Dec 2011 according to their new itinerary. (Attachment file. 2-JS Ticket-Changed)

Refer to tele-conversation with Jetstar Officers, we have surprisingly acknowledged that our original flight program, YGN – SIN, 30 Dec, 2011 is not cancelled, but just only our seats are not available anymore on that flight and said it has being oversold. They just simply say either to take the refund or go according to their new itinerary assigned date then get a S$200 vouchers from Jetstar as compensation. Sadly we cant take both options offered by Jetstar.

As everybody known that our return date is on high peak season and now surely cannot secure the ticket on that date. Even if we can get it, the fare will be surely sky high at least 2 times than our Jetstar ticket. So,we have no reason to take the refund from Jetstar in anyway. Definitely, Jetstar also knows these consequences and therefore purposely omitted our seats and given it to other customers who may pay a current higher fare for this time being. We feel that is solely cheated case for us as everybody can sense it very obviously. It is totally unfair.

Therefore, We seriously complain about Jetstar’s unprofessional attitudes and dispute manners which are really happened in one of the lawfully countries, Singpore. If it is not happened to us and it just heard about from other, we really won't believe as it is in Singapore.

Beside this, according to our tight working schedules, leave matter, travel plans, etc, there is totally impossible to extend our return date to another 2 weeks. We must have to arrive back to Singapore and report to work on 30 Dec 2011 if there are no other unforeseen and unavoidable reasons.

 As customers who are holding confirmed tickets issued by Jetstar since 25Aug 2011, we feel nasty cheating by Jetstar badly. Hence, if Jetstar cannot locate our seat inflight on 30 Dec 2011, somehow they have to arrange YGN – SIN air-tickets in any possible way with their own expenses.

Rgds,

ဘယ်သူမဆို ကျွန်မဆီက ကော်ပီကူးပြီး ကိုယ့်အချက်အလက်တွေ ထည့်ပို့ချင်ရင်လည်း ရပါတယ်ရှင်။ ပို့ရမယ့် လိပ်စာက qsm@caas.gov.sg ပါ။ 

ဒါကတော့ CAASက ပြန်စာပါ။

We are sorry to learn about your unpleasant experience regarding the cancellation of your return flight. 

We have forwarded your email to Jetstar Asia to look into your feedback.  They will be responding to you soon.  Should you require further assistance, you may contact Jetstar Asia's call centre for assistance at 800 6161 977

Thank you.


Cheng Suat Guek (Ms)
for CAAS QUALITY SERVICE MANAGER
Executive (Secretariat)
Corporate Services Division

Civil Aviation Authority of Singapore Singapore Changi Airport, PO Box 1, Singapore 918141
Tel (65) 1800 542 3366 Fax (65) 6542 1231 Email qsm@caas.gov.sg
www.caas.gov.sg


ဂျက်စတားကလည်း ကျွန်မဆီ စာပြန်လာပါတယ်။ ဒီကိစ္စကို သူတို့ ဖြေရှင်းပေးပါမယ်။ နောက်ထပ် Business days ၁၅ရက်စောင့်ပေးပါတဲ့။ 

Thank you for letting us know about your Jetstar experience.  

We do apologise for the delay in acknowledging your feedback.  This email is confirmation that we are in receipt of your feedback.

Please allow at least 15 business days for a response from one of our Customer Care analysts.  If your feedback or query relates to imminent travel (within 72 hours), please contact our Customer Relationships team on 131 538 and our Telephone Reservations team will request one of our analysts to call you.  

Thanks again for contacting us.  To help us identify and respond to this specific issue, please clearly quote your Case ID (CAS-530891-9VFHTS ) in any correspondence. 

Kind regards,


The Jetstar Customer Care Team

ကျွန်မ လက်မခံနိုင်ပါဘူး။ Business days ၁၅ရက်ဆိုတာ ၃ပတ်တိတိပါ။ ဒါကြောင့် နိုဝင်ဘာ လကုန်ထိပဲ စောင့်နိုင်မယ်။ ဖြေရှင်းပေးပါ လို့ ထပ်ပြီးတောင်းဆိုထားပါတယ်။ Media တွေ အထိပေါက်ဖို့ ကိုလည်း ဆက်လုပ်ပါဦးမယ်။ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့် ဖြစ်ချင် ဖြစ်ပါမယ်။ တစ်ခုခု အကြောင်း ထူးရင် ထပ်ပြောပါဦးမယ်ရှင်။

ကျွန်မတို့ လက်မခံနိုင်ဘူး ပြောတဲ့ကြားကပဲ Jetstar က Travel Voucher ၂၀၀ တန် e-mail ကတစ်ဆင့် ပို့လာပါတယ်။ Travel Voucherက ၂၁ နိုဝင်ဘာနေ့စွဲဖြစ်ပြီး ၃လ သက်တမ်းပါ။ တစ်နှစ်အတွင်း ခရီးသွားရမှာပါ။ ကျွန်မ လက်မခံနိုင်တဲ့အကြောင်း online feedbackကတစ်ဆင့် စာပြန်ရေးထားပါတယ်။
 

33 comments:

  1. ဟာ အဲဒါ မြန်မာတွေကို သက်သက် စော်ကားတာ။ အဲမှာ မြန်မာ ဝန်ထမ်းတွေလဲ ရှိတယ်။
    အားပေးတယ်။
    ဆော်သာဆော်။

    ReplyDelete
  2. Jetstar had sunk to the lowest of the low. It has become the worst airline due to that kind of delporable services.
    Really bad...

    ReplyDelete
  3. I would suggest you not to buy MAI ticket as well. Because Jetstar and MAI are code share (i.e partner airline). They are playing trick. Sue them :)

    ReplyDelete
  4. ၂ပတ်ခွာရအောင် ခွင့်ယူတာလွယ်တာမှတ်လို့ဗျာ၊ ကံကောင်းလို့ အဲဒီအတောအတွင်း ဝယ်မထားမိတာ။ :(

    ReplyDelete
  5. ဒီလိုပါပဲဗျာ
    ကိုယ်တိုင် စလုံးကို တခါမှ မရောက်ဖူးပေမယ့် မြန်မာတွေကို နှိမ်တဲ့သတင်းတွေ ခဏခဏကြားနေရတယ်
    ဒါမဲ့လည်း လာချင်တဲ့ စိတ်ကူးကို အခုထိ မစွန့်နိုင်သေး...ရော် ခက်ပ...

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  6. What the terrible things Jet Star do!!! Damm!!! Fight It.

    Moe Myint Tane

    ReplyDelete
  7. ဒါကတော့ သက်သက် မိုက်ရိုင်းတာဘဲ အစ်မ...
    ဆော်တာဆော် မြန်မာပြည် တစ်ခေါက်ပြန်ဖို့ စီစဉ်ရတာ လွယ်တယ်များ မှတ်နေလားမသိဘူး။ သူတို့ မို့ ကိုယ်ချင်း မစာတယ်။ တော်တော်ဆိုးတဲ့ ဟာတွေ...

    ReplyDelete
  8. ကိုယ်ချင်းစာပါတယ်
    ဒီနေ့လည်း MAI Bangkok ကန်ဆယ်လုပ်လို့ တစ်ချို့ TG ပါလာတယ်

    ReplyDelete
  9. တော်ပါသေးရဲ့ လေယာဉ်လက်မှတ်ဝယ်မထားမိလို့း(
    အဲလိုလုပ်တာတော့တော်တော်မကောင်းတာပဲ
    လုပ်သင့်တယ်လို့ပဲထင်တယ်
    ထိထိရောက်ရောက်ကိုလုပ်သင့်တယ်.
    ဘာလို့ဆိုတော့ customer တွေကို စော်ကားလိုက်တာပဲ
    နောက်တခုက မမချစ်ပြောသလို တခြားနိုင်ငံခြားသားတွေဆိုရင် ရော လုပ်ပါ့မလား
    မြန်မာမို့လို့ အဲလိုလုပ်တာလား
    အဲမှာအလုပ်လုပ်နေတဲ့မြန်မာဝန်ထမ်းတွေကရော ဒါကိုနည်းနည်းလေးတောင် မကန့်ကွက်ကြဘူးတဲ့လား
    မဟုတ်လိုက်တာလေ တော်တော်ကိုမဟုတ်တာဘဲ ကြားရတာ

    ReplyDelete
  10. အပြုတ်သာချပစ် အစ်မချစ်။
    ပြုတ်သွားတော့မှ ထိုင်သနားလိုက်မယ် (အားရင်ပေါ့)။

    ReplyDelete
  11. Hi All, my sister family also face the same situation. When they called jetstar, the jetstar gave so different reasons at different times. But what I know is one of my friend is also flying back from yangon same day , same flight , same time with my sister family and her ticket is ok and the flight is confirm for her. So I don't know about other people (why jet star cancel your tickets). My sister bought tickets since august with cheap price. Then my friend bought ticket in October. So what I think is jet star is canceling the passengers who bought ticket with cheap price. So if they have to refund, they can refund cheap price. Their business is so wonderful. It is their fault that their system is down or whatever. If they want to take responsibility, they can arrange another flight or they can arrange seat at MAI since they are partner. Jet star Suck

    ReplyDelete
  12. ဆော်သင့်ချသင့်ပါတယ်။
    အဖြူတွေ စလုံးတွေ သာဆို ဘယ်လုပ်ရဲမလဲ။

    ReplyDelete
  13. တကယ်ပဲ ထိထိရောက်ရောက် ကန့်ကွက်ဆန့်ကျင်သင့်ပါတယ်။

    ReplyDelete
  14. မြန်မာတွေကို နှိမ်တဲ့သတင်းတွေ ခဏခဏကြားနေရတယ်....
    အဲတာလူမျိုးကြောင့်လား နိုင်ငံကြောင့်လား
    အဖြေရှာမရလို့ စိတ်ညစ်ရတာလဲများလှပြီ
    မဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ
    မြန်မာဝန်ထမ်းတွေကလဲ ဘာမှမပြောဘူးလားဟယ်
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  15. ဒီနေ့ 19.11.2011 မှာ Oversea Call ၀င်လာပြီး ပြောပါတယ်.. SIN-YGN 21.01.2012 Flight က Downgrade လုပ်လိုက်လို့ 20.01.2012 သို့မဟုတ် 25.01.2012 ကို ပြောင်းဖို့ပါ.. အဲလို ပြောင်းလဲမှုအတွက် တစ်ယောက်ကို $200 တန် Travel Voucher ပေးမယ် လို့ ပြောပါတယ်.. ဒါနဲ့.. လုံးဝအဆင်မပြေတဲ့အကြောင်း ၊ ခွင့်က အံကိုက်ယူထားတာမို့ ပြင်ဖို့ မလွယ်တဲ့အကြောင်း ပြောလိုက်ပါတယ်.. တူတူပြန်မယ့် ညီမကိုလည်း တိုင်ပင်ရအုံးမှာမို့ confirm မလုပ်နိုင်သေးဘူးလို့ ပြောလိုက်ပါတယ်.. ပြန်ဆက်ဖို့ဖုန်းနံပါတ် တောင်းတော့ သူကပဲ ပြန်ခေါ်ပေးပါမယ်လို့ ပြောတယ်... ဒါနဲ့.. သူဖုန်းမခေါ်ခင်.. အွန်လိုင်းမှာ check ကြည့်လိုက်တော့ Flight tickets sold out လို့ပဲ တွေ့ပြီး Flight ရှိသေးတာ တွေ့လို့ Singapore jetstar hotline ကို ခေါ်လိုက်တော့ .. လက်မှတ်က confirm ဖြစ်တုန်းပါ.. သူမထိရသေးဘူး။ ဒါနဲ့ အဲဒီပြန်မယ့်ရက်ကို လုံးဝ မထိဖို့ ပြောတဲ့အခါ Call Center ကလူက ဒါတွေကို သူတို့ စီစဉ်တာမဟုတ်လို့ မတတ်နိုင်ပါဘူးတဲ့ .. ဖုန်းပြန်ခေါ်မယ် ပြောတဲ့အတွက်.. စောင့်ကြည့်ပြီး သူနဲ့ပဲ ပြောကြည့်ပါလို့ပြောတာနဲ့... ဆက်စောင့်လိုက်ပါတယ်..ခုနက နေ့လည် 1နာရီ 20လောက်မှာ ဖုန်းဝင်လာပါတယ်.. အဲဒီမှာတော့ ဒီပို့စ်မှာ တင်ထားတဲ့အတိုင်း တစ်ထပ်တည်းပဲ.. Full Refund ပြန်ယူဖို့၊ ဒါမှမဟုတ် သူပြောတဲ့ 20.01.2012 Flight Date Change လုပ်ဖို့ 2နည်းထဲက တစ်နည်းကို ရွေးဖို့ ပြောပါတယ်.. အဲဒီအချိန်မှာ ဒီ blog ပေါ်က စာကို အသိ အစ်မက အီးမေးလ် fwd ပို့လို့ ဖတ်ထားပြီးချိန်ဆိုတော့.. အပြတ်ကို ငြင်းလိုက်ပါတယ်.. လုံးဝလဲမပေးနိုင်ဘူးလို့.. ဒါနဲ့ တဆက်တည်းမေးလိုက်တာ.. ဒီလို date change ဖြစ်တာ ဘယ်နှစ်ယောက်လဲ ဆိုတော့ .. အယောက် (((( 80 )))) ပါတဲ့... ဒါဆို လေယာဉ်အသေးနဲ့ လိုက်လို့ရတဲ့ သူက ဘယ်နှယောက်လဲ ဆိုတော့ 120 ဆိုလား .. 170 ဆိုလားပဲ.. ငါက ဘာလို့ အဲဒီလိုက်လို့ရတဲ့ထဲမှာ မပါနိုင်တာလဲ၊ ငါလက်မှတ်က လွန်ခဲ့တဲ့ 2လတည်းက Confirmed ဖြစ်ခဲ့တာ၊ ဒီရက်မရမှာစိုးလို့ အစောကြီးကြိုဝယ်ထားရတာ လို့ ပြောတော့ .. သူ့အနေနဲ့ ဒီဖုန်းဆက်ရတာဟာ အကြောင်းကြားဖို့ သက်သက်ပါတဲ့.. 2နည်းထဲက တစ်နည်းကိုပဲ ရွေးပေးပါတဲ့..

    အဲဒါနဲ့.. ငါ ဒီကိစ္စကို လက်မခံဘူး.. ဘယ်သူနဲ့ ပြောရမလဲဆိုတော့.. သူနဲ့ပဲ ပြောလို့ရပါတယ်တဲ့.. သူ့အထက်အရာရှိ တခြားလူကို လွှဲမပေးပါဘူး.. ဖုန်းမချခင် အဆုံးထိ Refund ကို လက်မခံနိုင်ဘူး.. ရက်ပြောင်းတာကိုလည်း လက်မခံဘူးလို့ပဲ ပြောပြီး ဖုန်းချလိုက်ပါတယ်..ခုတိုင်းဆို တစ်ယောက်တည်းမဟုတ်ဘဲ အယောက် 80 ရက်ပြောင်းပစ်တာသာ မှန်ရင် တကယ့်ကို ရင့်သီးတဲ့ဆက်ဆံမှုပါ.. မြန်မာပြည်သားတွေကို ဖြစ်သလို မလေးမစားဆက်ဆံတဲ့သဘော သက်ရောက်နေပါတယ်.. တကယ်ဆို အယောက် 80 ဒီလောက်အရေအတွက် customers အတွက် ဒီထက်ကောင်းတဲ့နည်းတွေနဲ့ အဆင်ပြေအောင် ဖြေရှင်းပေးသင့်တာပါ..

    ကျေးဇူးပြု၍ နားလည်တတ်ကျွမ်းသူ မြန်မာပြည်သားချင်းချင်း တိုင်ပင်ပြီး စည်းစည်းလုံးလုံး လက်တွဲ ပြီး ကူညီဖြေရှင်းပေးကြစေလိုပါတယ်...

    Action ယူဆောင်ရွက်ပေးကြမယ့် ပုဂ္ဂိုလ်များနဲ့ ဒီ blog ပေါ်မှာ info updateလုပ်ပေးတဲ့ မိတ်ဆွေ မောင်နှမများအားလုံးကို အထူးကျေးဇူးတင်လျက်..

    ReplyDelete
  16. အစ်မချစ်...ဆော်ဗျာ....။ကျွန်တော် ဂျက်စတားလက်မှတ်
    ဝယ်ဖို့ရှိတာဗျ...၊တော်ပြီ မဝယ်တော့ဘူး...။ဘယ်နှယ်ဗျာ..
    ခွင့်ယူရတာလွယ်မှတ်လို့....။

    ReplyDelete
  17. မိုက်ရိုင်းလိုက်တာ။ မြန်မာတွေ နောက်မှာ ဘယ်ကောင်မှ နောက်ခံ ပေးမထားဘူး ဆိုတာ သိလို့  လုပ်ချင်တိုင်း လုပ်နေကြတာ။ ပေါင်းပြီး ရိုက်စား လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

    အားပေးတယ်။ ကိုယ့်ဖက်က တရားသော စစ်ကို စိတ်အေး လက်အေး ဆင်နွဲကြဖို့  ပါပဲ။

    ReplyDelete
  18. same story with us !!

    so frustrated !!

    As I know, the number of passengers affected on my departure date (21.01.2012) is 80. Jetstar aldy emailed the changed itinerary to me although I didn't agreed to change date.

    so upset ..
    This must be the first & last time I buy Jetstar !!

    ReplyDelete
  19. This is my post on Jetstar wall... ...

    Jetstar called me to change our departure date which is the peak season of Chinese New Year. We bought the tickets online 2months ago. Jetstar already emailed the changed itinerary to me although I didn't agree to change date. They did offer us a full REFUND or a $200 worth travel voucher for each of us.
    But what we lost is not only value for money but the value of a confirmed ticket with the very date which everything was well-planned ....

    so frustrated !!

    As I know, the number of passengers affected on my departure date (21.01.2012) is 80.

    so upset ..
    This must be the first & last time I buy Jetstar- !!

    ReplyDelete
  20. ဒါမှ ညီမ ချစ်ကြည်အေး ကွ
    ထိရောက် အောင်တိုက် သူတို့ က သက်သက် လူပါးဝတာ လွယ်လွယ် ရမယ်ထင်လို့

    ချစ်အမကြီး

    ReplyDelete
  21. Jetsatr ကို ကျွန်တော် Complain လုပ်တုန်းကတော့ Authority တွေကို စီစီ ထည့်ပေးလိုက်တယ်.. ဖြစ်စေချင်တဲ့ ပုံစံ အတိုင်းရခဲ့ ပါတယ်.. http://app.sgdi.gov.sg/listing.asp?agency_subtype=dept&agency_id=0000000028

    ReplyDelete
  22. Jetstar ကို တခါပဲ စီးဖူးပါတယ်။ အဲဒါကလည်း စင်္ကာပူကို အတူတူ ပြန်လာမယ့်သူက အပြန်လက်မှတ်ကို Jetstar ကနေ ဝယ်ထားမိလို့ပါ။ Silk Air ထက် ဈေးသက်သာလို့ ဝယ်မိတာလည်း ပါတာပေါ့။ စလုံးကနေ ရန်ကုန် ခရီးစဉ်ကတည်းက သိပ်အဆင်မပြေပါ။ လေယာဉ် ထွက်ခွါချိန် မမှန်ပါ။ လေယာဉ်ပေါ်က Service လည်း ကွာတယ်လို့ မြင်မိပါတယ်။ လေယာဉ်လည်း သေးတော့ ခုံတွေက ဒူးမလွတ်ဖြစ်ချင်ချင်ရယ်...

    အဲဒီကတည်းက Jetstar မစီးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ... အခု ဒီပို့စ်ကို ဖတ်မိတော့ အဲဒီ Jetstar ဆိုတဲ့လေယာဉ်ကို ပိုလို့တောင် မစီးတော့ဘူးဗျာ။

    ReplyDelete
  23. မိုက်ရိုင်းတယ်....
    လူပါးဝတယ်....
    တစ်ခုခုဖြစ်အောင်ကို ပြန်လုပ်ပစ်သင့်တယ်....

    ReplyDelete
  24. အစ်မချစ် အစစ ကြိုလုပ်ထားတာ သိထားတော့ ဖတ်ပြီး..စိတ်တိုမိတယ်။ customer တွေကို လှည်စားတဲ့ ၀န်ဆောင်မှုမျိုးက ရေရှည်မှာ အောင်မြင်မှုမရပဲ ကျဆုံးကြရမှာပါ။

    ReplyDelete
  25. မချစ်ကြည်အေး ပြောတာ လုံးဝမှန်ပါတယ်၊ အနောက်နိုင်တိုင်းသားတွေ၊ စင်ကာပူးရီးယန်းတွေဆို သူတို့ မလုပ်ရဲပါဘူး၊ ဒါဟာ မြန်မာတွေမို့လို ဒီလိုလုပ်လည်း သူတို့တွေ ပွစိပွစိပြောရင်း ပြီးသွား မှာပါပဲဆိုပြီး လူ့တန်ဖိုးကို ထည့်မစဉ်းစားဘဲ စော်ကားတဲ့ အဖြစ်ပါ၊ Media တွေအထိ ပေါက်အောက် လုပ်ပြီး ထိထိရောက်ရောက် ဆန့်ကျင်ကန့်ကွက်ဖို့ အားပေးပါတယ်..။

    ReplyDelete
  26. updated news အရ ဒီ ဂျက်စ်စတားတော့ ပြုတ်စော်နံနေပြီ။ လူမျိုးရေးပါလာမှတော့ သူတို့တွေကို နောက်ဒီလိုမလုပ်ရဲအောင် အပြုတ်သာဆော်ဗျာ မမရာ...

    ReplyDelete
  27. Jetstar got Complaints.. I have shared this post on TravelMyanmarGroup where all professionals from Myanmar tourism industry are carefully reading.. and will be taking action sooner or later..

    An Asian Tour Operator

    ReplyDelete
  28. အကြည်ရေ တို့လဲဖတ်ပြီး အရမ်းစိတ်တိုတယ်။ ခံရတဲ့ သူတွေတော့ မပြောနဲ့တော့။
    ကိုယ်ချင်းစာပါတယ်။ တရားမျှတမှူအတွက် ဆက်သာလုပ်ပါ။ အားပေးပါတယ်။

    ReplyDelete
  29. ကျနော်လည်းမနှစ်က ဒီလိုချိန်မှာအဲလိုဖြစ်ဖူးပါတယ်...ဒီထက်ပိုဆိုးတာက ခရီးသွားတဲ့လူက ရန်ကုန်ရောက်ပြီးမှ ရန်ကုန်-စင်္ကာပူ ခရီးစဉ်ဖျက်တယ်ဆိုပြီး..ဒီမှာကျန်ခဲ့တဲ့လူကိုဖုန်းဆက်တာ ..ဘယ်လောက်မိုက်ရိုင်းလဲ...ဒီမှာကျန်ခဲ့တဲ့လူသာမရှိဘူးဆို ဘယ်လိုလုပ်မလဲ...ရန်ကုန်ပြန်တဲ့လူကလည်း ဆက်သွယ်လို့မရနိုင်တဲ့ နယ်သာရောက်နေရင် တော်တော်ဒုက္ခရောက်မယ့်ကိန်းပဲ....တော်တော်လွန်တဲ့ Jet Star

    ReplyDelete
  30. ဒီမှာတော့ တော်တော်လေးကို ကွန်ပလိန်း ထားပါတယ်..။
    ဂျက်စတားတော့ သက်ဆိုးရှည်ဖို့ မမြင်တော့ဘူး

    http://www.dontflyjetstar.com/complaints

    ReplyDelete
  31. Customer ရဲ့ သဘောတူညီချက်မရပဲ လုပ်ချင်သလို လုပ်တာတော့ တရားလွန်တာပေါ့။ ကိုလတ်ပြောသလို မြန်မာတွေပြဿနာတက်တိုင်း ကိုယ့်ကို ကြားကန်ပေးမဲ့ အမာခံမရှိတာလည်း အချက်တစ်ချက်အပါအဝင်ဖြစ်သလို မြန်မာပတ်ပို့စ်ဆိုတာနဲ့ နှိမ်ကိုနှိမ်ချင်ကြတာလည်း ငြင်းလို့မရဘူး အချက်တစ်ချက်ပါ မချစ်ရေ။ ဖတ်ရတာ စိတ်တိုစရာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  32. အားပေးတယ် အစ်မ၊ ချပစ်။
    တော်တော်ဆိုးတဲ့လူတွေ လက်ခံစရာအကြောင်းကို မရှိဘူး။

    ReplyDelete
  33. New brand, Jetstar Chit Kyi Aye !

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...