ကျွန်မ စာရေးမကောင်းပါရှင်။
သို့သော် စွဲသောစိတ်အခြေ၊ မပြေသောနှလုံးနှင့် မမုန်းနိုင်လောက်အောင်ကို ဘလော့ဂ်ရေးခြင်း အမှု ပြုပါ သည်။ အပြစ် တင်ချင်လျင် တင်ကြပါစေတော့။ စာဖတ်သူများအား တစ်စုံ တစ်ရာ ပေးနိုင်လောက်အောင် လည်း ကျွန်မမှာ များများစားစား သိုမှီး၍ မထားရှိပါ။ စာဖတ်လျှင် တစ်ခုခုတော့ ရ ရမည် ဟူသောစိတ်နှင့် ကျွန်မ စာ မဖတ်တတ်ပါ။ ဖတ်သောစာတွေထဲမှ တစ်ခုခုကို ရကောင်းစေ ဆိုသောစိတ်နှင့် ဖတ်လျှင် ဖတ်ရတာ အရသာမဲ့လှသည်ဟု ကျွန်မက ယူဆသည်။ ကျွန်မ၏ အယူအဆသက်သက် ဖြစ်ပါသည်။
လူများ၏အသက်ကို မွေးဖွားစဉ်မှစ၍ တစ်ရက် တစ်လ တစ်နှစ်ဟူ၍ ရေတွက်သကဲ့သို့ ဘလော့ဂ် တစ်ခု၏အသက်ကိုလည်း စတင်ရေးသားစဉ်မှ စ၍ ရေတွက်လေ့ရှိကြပါသည်။ ထိုသို့ဆိုလျင် ကျွန်မ၏ ဘလော့ဂ်သည် ယနေ့ ၂၄လ တိတိပြည့်လေပြီ။ လူတို့၏ ရှင်သန်မှုအတွက် အနေ အထိုင် အစား အအိပ်နှင့် အသက်ဆက်ရသလို ကျွန်မသည်လည်း ကျွန်မမွေးဖွားခဲ့သော ကျွန်မ၏ဘလော့ဂ်လေး သေဆုံးမသွားစေရန် (အခြားဘလော့ဂ်ဂါများနည်းတူ) အချိန် ရှားပါးသည့်ကြားမှပင် အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ရေး သားခြင်းဖြင့် အသက်သွင်း ရှင်သန်စေခဲ့ပါသည်။ အနဲဆုံးတော့ ကျွန်မလည်း ကြိုးစားခဲ့ပါသည်ပေါ့ရှင်။
ကျွန်မ စာ မကြေပါ။ စာဖတ်လည်း မနာခဲ့ပါ။ ယခုမှပင် စာအုပ်များကို တွန်း၍သော်လည်းကောင်း၊ နင်း၍ သော်လည်းကောင်း ဖတ်ဖြစ်ပါသည်။ စာတစ်ပုဒ်ကို ရေးသူ ဘယ်သူ ဘယ်ဝါဆိုခြင်းထက် ဖတ်ချင်သောစိတ်ကြောင့်သာ ဖတ်ဖြစ်ပါသည်။ ဖတ်ဖြစ်၍ စိတ်ဝင်တစား ဆွဲဆောင်နိုင်သောစာဖြစ်လျှင် အဆုံးထိအောင် ဖတ်ပါသည်။ ဤသည်ပင် စာရေးသူ၏ စာရေးသားခြင်း အတတ်ပညာကို ပြသနေခြင်း မဟုတ်ပါလား။ ဆိုရလျင် ကျွန်မ စာအစုံ ဖတ်ဖြစ်ပါသည်။ စာရေးသူ ဘယ်သူ ဘယ်ဝါ၊ ဘယ်နှခုနှစ်က၊ ဇာတ်လိုက် မောင်မြ မယ်လှ စသည်တို့ကို အမှတ်နည်းလျက် ဇာတ်လမ်းအသွား၊ စာ၏အနှစ်ကိုသာ မှတ်မိ၍နေတတ်သည်မှာ ကျွန်မ၏ အားနည်းချက်ဟု ဆိုရပါမည်။ ပြောကြသော စကားဝိုင်းများတွင် ဘယ်ဆရာ့စာအုပ်၊ ဘယ်နှခုနှစ်က၊ ဘယ်ဇာတ်လိုက်က ဆိုခြင်းများ၌ ကျွန်မဦးနှောက်က မှတ်ဉာဏ် ပါးလျတတ်သောကြောင့်ပင်။
ဖတ်မိသည့်အထဲကမှ ရယ်စရာ ပြုံးစရာလေးများနှင့် နှလုံးသားကို ထိစေသော ရသစာများကို ပို သဘောတွေ့ကြောင်း ကြာလေ သိမြင်လေ ဖြစ်ရတော့သည်။ ကျွန်မကိုယ်တိုင် စာရေးဖြစ်သောအခါတွင်မူ ကိန်းအောင်းနေခဲ့သော ထိုဗီဇစိတ်ကလေးက ပြန်လည် နိုးထလာခဲ့လေသည်။
မှန်ပါသည်။ ဘာကိုပဲရေးရေး၊ ဘာအကြောင်းပဲတည်တည် ဟာသအမြင်လေးပေါ် အခြေခံ၍ ရေးသား တတ်ခဲ့သည်။ ကျွန်မ စာအစုံ ရေးပါသည်။ ရေးချင်စိတ် ရှိသည့်အတိုင်း ရေးချွတ်တတ်ပါသည်။ အခုပဲ ခရီးသွားဆောင်းပါးရေးနေရာက ကဗျာတစ်ပုဒ်ကောက်ရေး၍ တင်ချင်တင်သည်။ အခုပဲ အတည်ပေါက် ဝတ္ထုတိုလေးတစ်ပုဒ်ရေးနေရာမှ ရယ်စရာကိုယ်တွေ့လေး တစ်ခု၊ သတင်းတစ်ပုဒ် ဖြတ်တင်ချင် တင်သည်။ စိတ်ထဲ ခံစားရသလို ပုံဖော်နေတော့သည်။ ဤတွင် ဖတ်ခဲ့ဖူးသော ဆရာတာ၏ "ကျွန်တော်သည် မျောက်က ဆင်းသက်၏" ဟူသော စာအုပ်ထဲမှ စာလေးတစ်ပိုဒ်ကို သွားသတိရမိသည်။
"မျောက်တွေ တစ်ပင်မှ တစ်ပင်၊ အကိုင်းတစ်ကိုင်းမှ နောက်တစ်ကိုင်း ခုန်ကူးသလို ကျွန်တော်သည်လည်း အလုပ်တစ်ခုမှ တစ်ခုသို့ ခုန်ကူးခဲ့ သည်။ မျောက်သည် အငြိမ်မနေနိုင်သကဲ့သို့ ကျွန်တော်သည်လည်း အငြိမ်မနေနိုင်ပါ။ ယခုထိ ကျွန်တော်ဟာ မျောက်ပါပဲ။ အားလပ်နေလျှင် တစ်ခုခုကို လှမ်းကိုင်ချင်သည်" တဲ့... ဆရာက " မျောက်ဖြစ်ပါသည်ဟု ဝန်ခံထားသူကိုမှ အငြိမ် မနေရကောင်းလားဟု အပြစ်ပြော လျှင် ပြောသူအလွန်သာ ဖြစ်ပါလိမ့်မည် " ဟု ဆိုခဲ့သည်။
စဉ်းစားမိသည်မှာ ကျွန်မလည်း ခုကတည်းက ဝန်ခံလိုက်လျှင် ကောင်းမည်ထင်ပါသည်။
ကျွန်မ ရေးချင်တာ ရေးပါသည်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ သတင်း အပြင် ကိုယ်တွေ့ဖြစ်ရပ်ကလေးများပါ စုံတကာစေ့ရေးပါသည်။ မောင်ငယ် တစ်ယောက်က ကျွန်မကို ဝေဖန်ဖူးပါသည်။ "အစ်မ စာရေးတာ လိုင်းကြောင်နေပြီ" ဟု ဆိုသည်။ ကျွန်မက ရယ်မောရင်းသာ "လိုင်းတစ်ခုရယ်လို့ အသေထား မရေးချင်ကြောင်း" ဒိုင်းကာရင်း ပြောရသည်။ အနီးစပ်ဆုံးပြောရလျှင် ကျွန်မရေးသော စာများသည် လဘက်အသား၊ ကြက်သွန်ကြော်၊ နှမ်း၊ ပဲခြမ်းကြော်၊ ပုဇွန်ခြောက် စသည်များ အစုံပလုံပါသော လဘက်သုတ်တစ်ပွဲလို အမယ်စုံ ပါ ပါသည်။ လဘက်ဆိုလျှင်တောင် တခါတလေ အဘိုးကြီး အဖွားကြီးသုတ်၊ တခါတလေ ဇယန်းချဉ်စပ်၊ တခါတလေ ဓညင်းသီးလေး ထည့်နှပ်ထားသော ကြက်ခြေနီသုတ်လို ဟုပင် ဆိုချင်ပါသည်။
ထိုထိုသော အသုတ်အစုံစုံကို လာသမျှ စာဖတ်သူအား ချကျွေးမိပါသည်။ ဇယန်းချဉ်စပ်ကြိုက်သူသည် အဘိုးကြီး အဖွားကြီးသုတ်နှင့်တိုးကာ မငြိနိုင်သလို၊ အဘိုးကြီး အဖွားကြီးသုတ်လေးမှ စားချင်သူသည် ကြက်ခြေနီသုတ်နှင့် မတင်းတိမ်သကဲ့သို့ပင်။ စာဖတ်သူအကြိုက်နှင့် အစပ်အဟပ် မတည့်သော် ကျွန်မ၏ လိုအပ်မှုသာ။ သို့တိုင်အောင် ယခုလို ၂နှစ်ပြည့်သည်ထိ ကျွန်မချကျွေးသော လဘက်သုတ်စာများကို မငြီးမငြူ ဖတ်ပေးခဲ့သော စာဖတ်သူ၊ ဘလော့ဂ်ရေးဖော်နှင့် မိတ်ဆွေ သူငယ်ချင်းများကို ချစ်ခင်စွာ ကျေးဇူးတင်ရပါသည်။
ထပ်၍ ပြောပါမည်ရှင်။ ကျွန်မ စာရေး မကောင်းပါ။ သို့သော် တတ်နိုင်သလောက် အားထုတ်၍ ဤ ဘလော့ဂ်လေးကို အသက် ရှင်သန်စေပါမည်။ ကျွန်မ စာတွေ ဆက်ရေးပါဦးမည်။

I like all
ReplyDelete၂ နှစ်မှ သည် နောင် နှစ် ၂၀၀ သို့.... အားပေးနေပါမည်...
ReplyDeleteမချစ်ရေ ၂-နှစ်မှ နှစ်ပေါင်းများစွာတိုင်တိုင် ဘလော့ဂါဘဝလေးကို ခင်မင်တွယ်တာနိုင်ပါစေ။ စာရေးမကောင်းပါ ဆိုပေမယ့် ဖတ်လို့တော့ကောင်းပါတယ်း)။
ReplyDeleteနေ့စဉ်နဲ့အမျှ ကွန်နက်ရှင်နဲ့ နပန်းလုံးနေရတယ် မချစ်ရေ။ ညဥ့်သန်းခေါင်ထသုံးမှ အဆင်ပြေမယ်ထင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လက်ဖက်သုပ်ဆို ဘယ်လိုလာလာ ကြိုက်ပြီးသားပဲ...။ ဒီင်္လိုပဲ မကြီးချစ် ဘာရေးရေးအကုန်ကြိုက်တယ် စွဲဆောင်မှုရှိတယ်....။ ဒီဇင်ဘာကျ ထပ်တွေ့ဦးမယ်နော်...။
ReplyDeleteချစ်တဲ့
မိုးငွေ့
၂၄ လ ပြည့်မှသည် ပျော်ရွှင်ကြည်နူးနိုင်ပါစေ၊ ကဗျာများများ ရွတ်နိုင်ပါစေ။
ReplyDeleteချစ်သော အစ်မ...
ReplyDelete၂နှစ်သမီးလေး. ချစ်ကြည်အေးမှသည်
အသက်တစ်ရာ ဘွားဘွားချစ်ကြည်အေးအဖြစ် ရပ်တည်နိုင်ပါစေ..
စာရေးချင်စိတ်ရှိလို့ စာရေးမှတော့ ရေးစရာရှိတာ၊ ရေးချင်တာတွေအကုန်ရေးမှဘဲ စိတ်အဆာပြေမှာပေါ့ အစ်မရယ်နော်..။ ဒီတော့ အစ်မချစ်တစ်ယောက် ချဉ်ငံစပ် အရသာစုံနဲ့ လ္ဘက်သုပ်တွေ ခုထက်ပိုပြီး ပုဇွန်ခြောက်နိုင်းချင်းနဲ့ ကျွေးနိုင်ပါစေလို့..
ရှေ့ဆက်ပြီး ပျော်ပျော်ပါးပါး နှစ်ရှည်လများ.. ဘလောဂ့်ရေးနိုင်ပါစေသော်..
လေ ထ,ချင် ထ,ပစေ...၊ ဆက်စားဦးမယ် အဲဒီ လက်ဖက်သုပ်တွေကို..၊း) ဘယ်လိုပုံစံနဲ့ပဲ သုပ်ထား၊ သုပ်ထား..၊ သုပ်သူရဲ့ စေတနာလက်ကိုပဲ မြင်ပြီး စားခဲ့ ပါတယ်၊ ဤမှန်သော သစ္စာစကားကြောင့် စားသော လက်ဖက်များအားလုံး Auramine O ဆိုးဆေးနဲ့ ကင်းဝေးပါစေသား...၊းD ၂ နှစ်ပြည့်မှသည် လာမယ့် နှစ်ပေါင်းများစွာအထိ ဈေးကွက်မှာ CKA လက်ဖက်များ ဆက်လက်ပြီး ထုတ်လုပ်နိုင်ပါစေဗျား...။း)
ReplyDelete၂ နှစ်မြောက် ဘလော့ဂ်နှစ်ပတ်လည်မှသည် နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပိုစ်အသစ်တွေ အများကြီး တင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဆက်လက်အာပေးလျှက်ပါ။
ReplyDeleteခင်မင်စွာဖြင့်
AH
လက်ဖက်သုတ်ဆို..
ReplyDeleteဘိုလိုသုတ်သုတ်..အားကြီးကြိုက်ပါ၏း))
နှစ်နှစ်မှသည်..နေ့ပေါင်း..လပေါင်း
နှစ်ပေါင်းများစွာ..တိုင်ပါစေရှင်
ချစ်ခင်လေးစားလျှက်
မိစံ
အစပ်အဟပ်တည့်သည်ဖြစ်စေ
ReplyDeleteမတည့် သည်ဖြစ်ပါစေ။
မကြာခဏဆိုသလို
လာေ၇ာက်စာဖတ်နေဆဲပါ။
နောင်ေ၇းမယ့် စာတွေအတွက်လည်း
အားပေးကြိုဆိုနေပါတယ်။
ဘာပဲရေးရေး စိတ်ကူးနဲ့တော့ အားထုတ်ရသေးတာပါပဲဗျာ။ နှစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေဗျာ။
ReplyDelete( My ZawgyiOne font is currently unavailable, Ama Chit, and let me comment in English. )
ReplyDeleteLong Live the Chit Kyi Aye Blog!
I think 'good literature is what is written by one's heart.' And I think you write your posts with your humorous heart. So, your posts are ever alive (good to read)!
By the way, I feel your writing style is as honest as Sayagyi Thaw-Dar-Swe's style.
အားမနာဘူး စိတ်ချ။
ReplyDelete၂ ခာလည်လေး ငယ်သေးတယ် လဖက်တွေအရမ်း မကျွေး နဲ့
:)
I can only see ur blog with ipad
ညီမလည်း စာဆို ဖတ်ချင်တဲ့စာဖတ်တာပဲ၊ အကုန် ရွေးပြီးဘယ်သူ့မှရယ်မဟုတ်ဘူး၊ ပြီးရင်လည်းမေ့တယ်၊ ၂နှစ်သမီး လက်ဖက်နှပ်လေးက စားကောင်းတယ်။ မချစ်ကြည်စာတွေဖတ်ကောင်းတယ်။ အရင်ကတည်းက ခရီးသွားပိုစ့်တွေလာလာငေးနေတာ။
ReplyDeleteနောက်နှစ်တွေအများကြီး ပျော်ရွှင်ကျမ်းမာစွာ ဘလော့ဂင်းနိုင်ပါစေ။
God bless you all.
အစုံဆိုတော့ တခါလာလည်တမျိုး...မရိုးဘူးပေါ့... ၂ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ....
ReplyDeleteအတွေးအခေါ်တစ်ရပ်၊ စိတ်ကူးတစ်ရပ်ကို ဖော်ပြရာတွင် ဘာသာစကားသည် အကြောင်းမဟုတ်၊ မိမိနိုင်နင်းသော ဘာသာစကားဖြင့် ဖော်ပြလျှင် ရသည်ဟု ကျွန်တော် ထင်သည်။(ဒဂုန်တာရာ)
ReplyDeleteဘာရေးရေးကြိုက်ပီးသား ..
ReplyDeleteမချစ်နဲ့  ကျနော်နဲ့ တူတယ်ဇာတ်အသွားပဲမှတ်မိတယ် ၊ဘယ်တုန်းက ဘယ်ဇာတ်ကောင်က ဆိုတာမျိုး မမှတ်မိတတ်ဖူး။
နှစ်နှစ်မှ စ ရှေ့ဆက်ပြီး မမ ပျော်ရွှင်စွာ စာစုံရေးနိုင်ပါစေလို့
ReplyDeleteချစ်... အသက်တွေကြီးတဲ့အထိ... စာတွေ ဆက်ရေးသွားကြရအောင်လေ... နှစ်နှစ်ဆိုတဲ့အချိန်ကနေ... နှစ်ပေါင်းများစွာသို့... ...
ReplyDeleteလဘက်ဆိုတာ နဲ့ ကို ကြိုက်ပြီးသား။
ReplyDeleteချစ်ကြည်ရေ... ဘလော့ဂ်က ဒီက အတွက်တော့ အစာလည်းဆေး၊ ဆေးလည်းအစာပါ။
ReplyDeleteအခုတော့ အပေါင်းအသင်းကောင်းလို့ ဖဘ ဆိုတဲ့ဟာပါ မှီဝဲနေတယ်...။
Thank you!
To "K" blog ,မန်မာပြည်ကလူတွေ သူများနိုင်ငံမှာ နိုင်ငံသားဖြစ်ခဲ့ရင်လည်း ဘာပြသနာမှမရှိဘူး
ReplyDeleteဘလော့တွေဖတ်လာတာ ၄ - ၅ နှစ်ရှိပြီ ဒီဘလော့အပါအဝင်ပေါ့ ဒီဘလော့ကိုဖတ်လာတာ ၃ - ၄ နှစ် မကတော့ပါဘူး....ဘယ်ဘလော့မှာမှလဲ ကွန်မန့် မပေးခဲ့ဖူးဘူး. ဒါဟာပထမဆုံး ကွန်မန့် နဲ့ ဒီဘလော့ ပိုင်ရှင်ကိုလဲ တော်တော် စပ်ဆုတ်သွားတယ်...ရှင့်ဦးနှောက်အနေအထားနဲ့ ဒီရိုဟင်ဂျာကိစ္စက အဲလောက်မရိုးရှင်းဘူးဆိုတာ သိရင်သိ ... ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာဖြစ်မယ် ခွေးနေရာမရတဲ့ ရှင့်အမျိုးတွေကို အိမ်ခေါ်ထားပြီး ဖင်ချခံလိုက် လိုတာဖက်ပိုပြီး စတန့် ထွင်ပြမနေနဲ့ (ဘလော့လောက/Face book လောကမှာ သူများ မတွေး မရေး မမြင်တဲ့ ရှု့ထောင်ကနေ) တွေးလိုက်ရေးလိုက်မယ်ဆိုပြီး
o K blog ,မန်မာပြည်ကလူတွေ သူများနိုင်ငံမှာ နိုင်ငံသားဖြစ်ခဲ့ရင်လည်း ဘာပြသနာမှမရှိဘူး

အမရေ
ReplyDeleteမင်္ဂလာပါ။ ပထဆုံးလာလည်ခြင်းပါ။ နောက်လည်း လာပါ့မယ်။ စာတွေရေးနော်.. ဘာရေးရေး လာဖတ်မယ်ဗျ။
အမကမှ ၂ နှစ်ပြည့်ခဲ့ပြီ။ ကျွန်တော့်ဘလော့လေးက ခုမှ ၃ လသားပဲ ရှိသေးတယ်..:D
ကြိုးစားမွေးရမှာပေါ့ဗျာ။ တခါတလေ ရေးချင်ပေမယ့် ဘယ်လိုကစ ရေးရမယ်မသိတာတွေလည်းရှိတယ်ဗျာ။
နော် လည်း စာရေးညံ့တယ်ဗျ။ မယုံရင် လာဖတ်ကြည့်.. :D
ခင်လျက်
ဂျွန်မိုး
မကြီးချစ်ရေ
ReplyDeleteအားပေးလျှက်ပါရှင်..
လက်ဘက်ဘဲသုပ်ကျွေးကျွေး
ဂျင်းဘဲသုပ်ကျွေးကျွေး စားမှာပါ
(၂)နှစ်ပြည့် အမှတ်တရအဖြစ် ကံစမ်းမဲ ဖောက်မည်ဆိုလျှင် ကျနော်ကိုလည်း မမေ့ဖို့ သံချောင်းလာခေါက်ပါသည်၊ မီးကင်းက မဟုတ်ပါ ...
ReplyDeleteမချစ် ၂ နှစ်မှ နောင်နှစ်ပေါင်းများစွာထိ
ReplyDeleteချမ်းမြေ့စွာနဲ့ စာတွေရေးနိုင်ပါစေဆုတောင်းပေးပါတယ်ရှင်
ခင်မင်တဲ့ jasmine
လက်ဖက်သုတ်ကိုသိပ်ကြိုက်တာကလား....အစ်မချစ်ရ....၊
ReplyDelete၂နှစ်ပြည့်မှသည် အစ်မချစ်ဘလော့လေး နှစ်ရာကျော်တည်
တန့်ပါစေဗျား....။
၂၄လပြည့်မှသည် နောင် လပေါင်း ရာထောင်ချီအထိ အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပါစေလို့....:)
ReplyDeleteချစ်တဲ့
ဂျင်း
ချစ်သောစိတ်အခံထားပြီးဖတ်တော့လည်း အစ်မချစ်စာတွေက ချစ်စရာကောင်းနေတာပါပဲဗျား)
ReplyDeleteကျနော်ရေးဖူးတဲ့ ဘလော့ဂါဆိုတာ ဘာလဲ ကဗျာလေး သွားပြေးသတိရတယ် ““ ကိုယ့်ထမင်း ကိုယ်စား သူများ ဝေဖန်တာ ခံရတာ ဘလော့ဂါ ” ဆိုတာလေးး) ကျနော်တို့တွေဟာ ၀ါသနာ အရ ရေးနေကြတာမို့ လိုင်းတွေ အသေတွေ မျဉ်းတွေ မလိုပါဘူးဗျာ အဆင်ပြေသလိုသာ စီးမျောကြတာပေါ့လို့နော့်  ။
ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ အရေးတော်ပုံအောင်၇မယ် (ဟဟား ဘာမှလည်းမဆိုင်ဘူး )
၂နှစ်မြောက်မှ နှစ်ပေါင်းများစွာသို့...
ReplyDeleteခင်မင်လျှက်..
မလေး
လ္ဖက်သုတ်များ ထပ်စားချင်ပါသေးသည်။ စာရေးမကောင်းဟုပြောသောအခါ အကျွနုပ် ဘာပြန်ပြောရမည်မသိ နှုတ်ဆိတ်၍သာ ပြန်လေပြီ။
ReplyDeleteအစ်မကြီး ချစ်ကြည်၏
ပရိတ်သတ်တစ်ဦး
ပျော်ရွှင်ဖွယ် နှစ်ခါလည်မှသည်
ReplyDeleteအသက်ရှည်ကျန်းမာစွာ လက်ဖက်သုတ် အရသာစုံ သုတ်ကျွေးနိုင်ပါစေကြောင်း ( အဲ.. ဘလော့ဂင်နိုင်ပါစေကြောင်း) ဆုမွန်ခွှေလိုက်ပါတယ် အစ်မချစ်ရေ...။
၂နှစ်ပြည့်ဘလော့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘလော့ဂင်းနိုင်ပါစေကြောင်း :)
ReplyDeleteခင်တဲ့(ချိုကျ)
၂နှစ်မြောက်မှ နှစ်ပေါင်းများစွာ အောင်မြင်နိုင်ပါစေ၊
ReplyDeleteအစဉ်အမြဲအားပေးနေပါ့မယ်၊
'ကျွန်မ စာတွေ ဆက်ရေးပါဦးမည်။'
ReplyDeleteပြောပြီးကတည်းက အသစ် မဖတ်ရတော့ဘူးဗျို့။း)
မြန်မြန်လေး အသစ်တင်ပေးပါ။
လဘက်သုပ်ဆို ငယ်တုန်းက ချဉ်စပ်၊ အခု ကြီးလာတော့ လဘက်အသားခါးသက်သက်မှ ပိုကြိုက်တတ်လာတယ်။
ReplyDelete၂ နှစ်ပြည့်မှ နှစ်ပေါင်းများစွာ လဘက်သုပ်များများ သုပ်နိုင်ပါစေ။း)
ခင်မင်လျှက်
မချစ်ရေ
ReplyDelete၂ နှစ်ပြည့်မှ နောင်နှစ်များစွာ စာလေးတွေရေးရင်း ကြည်နူးရွှင်လန်းနိုင်ပါစေလို့....
ခင်တဲ့
မေသိမ့်
ဟွန့်...ကျွန်မစာရေးမကောင်းပါရှင်...တဲ့လား?? ပြောချင်ဘူး..ပြောချင်ဘူး..ပြောချင်ဘူးဆို လုံးဝကိုးးးးးးးး ပြောချင်ဘူး...း))))
ReplyDeleteစိတ်သွားရာကိုယ်ပါလို့ ကလောင်သွားလည်း ထက်သထက် ထက်နိုင်ပါစေ..မမး)
နောက်ကျခြင်းအတွက် ဆောရီးပါချစ်မကြီး
ReplyDeleteမတတ်နိုင်ဘူး မန့်မှာပဲ
ဆက်ေ၇းပါ
သည်လောက်အရေးကောင်းတာကို သူပဲပြောနေတယ်
အငယ်တွေပြောဖို့မထားဘူးး)
သည်ဘလော့လေး
ရသစုံစွာ
အရောင်ဆန်းလင်း
အသိပညာ
၆ ပါးအရသာ
အကုန်ရစွာဖြင့်
နှစ်ပေါင်းများစွာ
ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ မမရေ
ညီမ
ဒိုးကန်