Saturday, April 23, 2011

ကွန်...


ဘယ်တုန်းကမှ  မရုန်းမိပါဘူး....
ငါကိုယ်တိုင် စိတ်လိုလက်ရ ခေါင်းခွေ့တိုးဝင်...။

နှောင်ငင်တတ်သောကြိုး သမုဒယနွယ်မျှင်အခင်းအကျင်းတွေထဲ
ရစ်ဖွဲ့တတ်သော သံယောဇဉ် နွံနက်နက်တွေထဲ
ဂုဏ်သိက္ခာအတွက်နဲ့ မိတ်ကပ်ဖို့နေရတဲ့ မျက်နာတွေကြားထဲ
အမြီးကို မလုံမလဲ ဖွက်ထားတတ်တဲ့ လူနာမည် လိပ်စာ တပ်ထားသူတွေကြားထဲ
ရိုးလွန်းလို့ အ  ဘဝမှာ စည်းစိမ်မှုအရ အနှုတ်လက္ခဏာပြနေတဲ့ လူမွဲချမ်းသာတွေအထဲ...
ဆင်းရဲနဲ့ ငရဲကြား ဘဝကို အလျားလိုက် တက်မဲ့လှော်ခတ်နေကြတဲ့ ညဥ့်ငှက်လေးတွေအထဲ....
အပင်မြင့်မြင့်တွေ့တိုင်း ခုတ်ချင် ပိုင်းချင် အမြစ်ကလှဲချင်သော မုဒိတာပါးလျသူတွေကြားထဲ
ထိုးတတ်သောလက်ညှိုး ပြစ်တင်းဖွဲ့ဆိုတတ်သော မျက်လုံးတစုံစီရှိကြသော အမနာပတွေကြားထဲ
အရိုးရင့် အရေထူဖို့ ခပ်နာနာ အထောင်းခံကြရ...။

ကရွတ်ခွေသံသရာ အဝိုင်းကြီးထဲ....အစရှိခဲ့ပြီး အဆုံးသိနေလည်း...
လမ်းလွှဲမသွားနိုင်သေးသမျှတော့....ဘယ်တုန်းကမှ  မရုန်းမိပါဘူး.....။


12 comments:

  1. ဒီပုံလေးကိုသိတယ်......မကြီးပြန်လာတုန်းက ရွှေရည်မှာ ညီမလေးတို့ လက်ဘက်ရည်သောက်တုန်း မကြီးပြခဲ့ဖူးတဲ့ ပုံလေးလေ...မိုက်တယ်...။ စာတွေကိုလဲ သိပ်ကြိုက်တယ်...။ စကားလုံးတွေက ထိမိပါပေ့...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  2. ကရွတ်ခွေ..ကရွတ်ခွေ..

    ReplyDelete
  3. ကရွတ်ခွေသံသရာ အဝိုင်းကြီးထဲ....အစရှိခဲ့ပြီး အဆုံးသိနေလည်း...
    လမ်းလွှဲမသွားနိုင်သေးသမျှတော့....ဘယ်တုန်းကမှ မရုန်းမိပါဘူး.....။

    အင်း ဒီလိုနဲ့ တနှစ်တနှစ် ပြီးသွားလိုက်တာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  4. မောင်မျိုးSat Apr 23, 04:40:00 PM GMT+8

    ရစ်ပတ်တတ်မှန်းသိပေမယ့် တိုးဖြစ်အောင်တိုးပြီး ရုန်းထွက်ဖို့ခက်နေတယ်း)

    အဆင်ပြေပါစေ အစ်မရေ ။

    ReplyDelete
  5. ဒါပေမဲ့ တခါတခါတော့လည်း ရုန်းထွက်ချင်တယ် ချစ်ချစ်ရယ်...

    ReplyDelete
  6. အစ်မရေ.. သိတဲ့အတိုင်း အလုပ်တွေရှုပ် စိတ်တွေမအားမို့ ခုမှလာနိုင်တယ်.။ အားလုံးဖတ်ပြီးသွားပြီ။ ခံစားချက်တွေကို ကိုယ်ချင်းစာသဘောပေါက် နားလည်မိပါတယ်။ ရင်ဘတ်ချင်း တူကြသူတွေ မဟုတ်လား။

    ReplyDelete
  7. ကိုယ်ဖန်တီင်္းမှုကို ကိုယ်တိုင်က တန်ဖိုးအထားရဆုံးပါဘဲလေ။
    ခုပိုစ့်လေးက ပုံလေးကလည်းချစ်ဖို့ကောင်းတယ် အောက်ကစာနဲ့
    လိုက်ဖက်တယ်
    ဘရာဗို

    ReplyDelete
  8. လောကီရုန်းမဲ့ဘုန်းကျောက်Sun Apr 24, 07:12:00 AM GMT+8

    ဟမ်....သူ့ကို ခနခနတရားစခန်းတွေဝင်နေလို့...
    ဒါနဆန်များရှင့်ဆိုပြီး..ကတုံးလေးနဲ့ ဆန်ဗန်းခေါင်းပေါ်ရွက်ထွက်လာမယ်ထင်တာ..
    ခုတော့...ရုန်းမထွက်ချင်ပြန်ဘူးတဲ့..
    ဟင်း........သူကိုအမျိုးမျိုးပဲ...

    ReplyDelete
  9. "ကရွတ်ခွေသံသရာ အဝိုင်းကြီးထဲ....အစရှိခဲ့ပြီး အဆုံးသိနေလည်း...
    လမ်းလွှဲမသွားနိုင်သေးသမျှတော့....ဘယ်တုန်းကမှ မရုန်းမိပါဘူး.....။" အဲဒိ နောက်ဆုံးစာကြောင်းကိုအကြိုက်ဆုံးပဲ မမ။

    ReplyDelete
  10. ကွန် ကို ကွမ် လို့ပေါင်းပြီး ဒီလိုရေးကြည်မယ် .....

    အမှားများသော စကားလုံးများကြားထဲ
    မလှမပ ဝိုးတိုးဝါးတား ဓါတ်ပုံများကြားထဲ
    ရောက်တတ်ရာရာ စိတ်ကူးများကြားထဲ
    လျှို့ဝှက်တတ်သော အကောင့်များကြားထဲ...
    ဘာညာဘာညာပေါ့ အမချစ်ရယ်

    အခုတလော အမ ခံစားချက်တွေများနေပုံရတယ်
    အေးအေးဆေးဆေးပေါ့ စိတ်တွေ လျော့......

    မောင့်အတွက်တင်မက အမတို့အတွက်ပါ
    ဟင်းသစ်ချက်ထားတယ်နော်

    ReplyDelete
  11. First to comment here.
    I think you were a religious lady.
    Now you are just busy with meaningless things.
    I like Ko Gyi Kyauk's comment.

    ReplyDelete
  12. An Asian Tour OperatorMon Apr 25, 02:32:00 PM GMT+8

    ကရွတ်ခွေ..ကရွတ်ခွေ..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...