Sunday, April 17, 2011

မင်္ဂလာနှစ်သစ် နှင့် စတုဒီသာ

ခါတိုင်းနှစ်တွေဆို နှစ်ဆန်းတရက်နေ့မှာ ဘုရားပန်းကပ်၊ သစ်သီးဆွမ်းကပ်တာတွေပဲ ရှိခဲ့ပေမဲ့ ဒီနှစ်တော့ ကျမအိမ်က ဘုရားစင်မှာ ချစ်သော မောင်နှမတွေ လက်ဆောင်ပေးလာတဲ့ မုန့်တွေ၊ အသီးတွေ၊ ပန်းတွေနဲ့ မြိုင်ဆိုင် သပ္ပါယ်လို့ပါ။  



မနေ့က ချက်ဖြစ်တဲ့ မုန့်ဟင်းခါးပါ။ ကျမ ချစ်ကြည်အေးကိုယ်တိုင် အစအဆုံး ချက်ပြုတ်ခဲ့ပြီး ခင်ထွေးရီကတော့ ဘေးနားကနေ ထိုင်ရုံလေးပဲ ထိုင်ကြည့်နေခဲ့တာပါ:)) မော်ဒီဖိုင်းလုပ်တဲ့သူတော်တော့ မုန့်ဟင်းခါးက အထုတ်ဖောက်ချက်မှန်း တကယ်ကို မသိလိုက်ကြပါဘူး... စားသွားကြပါဦးနော်....


ပြီးရင် ရွှေရင်အေး....ချိုချိုအေးအေးလေး စားသွားကြပါ.... 


ပြီးမှ မပါမဖြစ် မုန့်လုံးရေပေါ်....ငရုတ်သီး လုံးဝ မထည့်ထားဘူးနော် စိတ်ချလက်ချသာ စားပါ။ ထန်းညက်များများ၊ အုန်းသီးများများလေးနဲ့ ချိုစိမ့်နေတာပဲ....


ဒါက အစားပိတ် ဘရောင်နီ(Brownie)...


ဟော...စားလို့ သောက်လို့ပြီးရင် သီချင်းလေး ဆိုပြဦးမှာ...ပွဲတောင်းထားတာရှိတယ် အိမ်ကလူကြီးနဲ့ စုံတွဲ ဆိုပြပါတဲ့လေ...။ ဒါနဲ့ပဲ ရာသီစာ သီချင်းလေးတပုဒ် ရွေးထုတ်လို့ နှစ်ယောက်သား ဟဲလိုက်ကြတယ်...။ ကွာ...တကယ်က တေးသရုပ်ဖော်လေးပါ ထည့်လိုက်ချင်တာ...ရေမချိုးရသေးလို့....

ပိတောက်ချစ်သူ...



စားလို့ပြီးရင်၊ နားထောင်လို့ ပြီးရင် ခဏလေး....၊ ဆုတောင်းပေးဦးမယ်.....

"မင်္ဂလာရှိသော နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ ကြီးပွားရေးရယ်၊ စီးပွားရေးရယ်၊ သမီးရည်းစားရေးလည်း အောင်ပါစေ"....လို့ သားစိုးတို့ ဖိုးသောကြာ တို့နဲ့အတူ  ဆုတောင်းပေးလိုက်ပါတယ်...:))


13 comments:

  1. မင်္ဂလာရှိသော နှစ်ကူးပါညီမရေ

    ကျန်းမာချမ်းသာ အဆင်ပြေပါစေ ကဲ ဆုတောင်းပေးပြီးလို့ အဝဆွဲသွားပြီနော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  2. အဲ့ကတည်းက မနာလိုဖြစ်နေတာ.. အဟင့်ဟင့်.. ဓာတ်ပုံနှင့်တကွ ညှဉ်းစဲပြီ........................
    (မှတ်ချက်။ ။ သီချင်းနားထောင်အကဲဖြတ်နေသည်။ ရှူးတိုးတိုး)

    ReplyDelete
  3. ရွှေရင်အေး မုန့်လုံးရေပေါ်စားချင်တယ် မမ
    မင်္ဂလာရှိသော နှစ်သစ်ပါ။

    ReplyDelete
  4. ဟရ်.. အိမ်ကြီးရှင်က အသံကောင်းတရ်တော့.. မထင်ရဝူး...
    တီကြည်ကတော့ ပြောဖို့ကိုမလိုတော့ဘူး.......

    ReplyDelete
  5. မင်္ဂလာနှစ်သစ်ပါ...ပန်းပိတောက်ကို ချစ်နေကြတဲ့ ချစ်ကြည်အေးတို့ စုံတွဲရေ...
    ဒီနေ့ အိမ်နားက ဖြတ်သွားတယ်။
    အန်တီတို့အိမ် ၀င်ရအောင်လို့ သားတို့ကတော့ ပူဆာသား...။

    ReplyDelete
  6. မင်္ဂလာ နှစ်သစ်ပါ၊
    မုန့်ဟင်းခါးကို သွားရည်ကျသွားပြီး
    ယခုပငါ စားချင်စိတ်ကို တားဆီးလိုက်ရတာ။

    ReplyDelete
  7. မစားရအညှော်ခံ... အဟင့် :(... သီချင်းက ကော်နက်ရှင်မကောင်းလို့ နားထောင်လို့မရသေးဘူး... နောက်မှ တခေါက်ပြန်လာနားထောင်မယ်...

    ReplyDelete
  8. မစားရတဲ့အပြင် နားပါနှိပ်စက်ခံရသေး :(

    ReplyDelete
  9. ဘုရားလည်း ပူဇော်ပြီးသွားပြီ.. ကျွေးတဲ့ အစားအသောက်တွေလည်း...စက္ခုအာရုံ နဲ့ အပြတ် တွယ် ပြီးသွားပြီ..
    ဘိုက်ကလေးတင်းပြီးနောက် စုံတွဲ အဟဲ လေး လည်း သောတအာရုံ ခံစားပြီးသွားပါပြီ..
    ကျေးဇူးတွေ တဝကြီး တင်ပါသည်..
    မချစ်တို့  ဇနီးမောင်နှံ ရာသက်ပန်.. အဲ. ဇနီးမောင်နှံ လည်း. ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာစွာ ရှိပါစေ.

    ခင်တဲ့
    ကိကိ

    ReplyDelete
  10. မင်္ဂလာပါ ။ သင်္ကြန်မှာ သံချပ်လာထိုးသွားတဲ့အတွက် ရွှေပြည်ဝေးမဏ္ဍပ်က အထူးကျေးဇူးတင်ရှိပါကြောင်း။ ကျန်းမာပါစေ။ ချစ်ကြည်အေးကိုလည်း လင့်ခ် ထားလိုက်ပါပြီ။

    ReplyDelete
  11. An Asian Tour OperatorMon Apr 18, 11:54:00 AM GMT+8

    မင်္ဂလာ နှစ်သစ်ပါ အစ်မချစ် နဲ့ အစ်ကို ပန်းသီး။ နှစ်သစ် ကို မြန်မာဆန်ဆန် ဖြတ် ကျော်လိုက်တယ်ပေါ့လေ...။

    ReplyDelete
  12. ဒီစုံတွဲက အသံကောင်းလိုက်တာ
    ဆောင်း

    ReplyDelete
  13. သီချင်းဆိုတာ အတော်ကောင်းပဲ အမ ရေ.. :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...