Wednesday, April 13, 2011

ပိတောက်အနီ


ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီတထည် ရှိတယ်....

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ အပေါစား နေကာမျက်မှန်ကြီး တပ်လို့...
ဂျင်းဘောင်းဘီဟာ ကြိုးတချောင်းတပ် ကိုယ်ကျပ်အင်္ကျီ တထည် ဝတ်လို့...

"သင်္ကြန်နှစ်ဦး ပျော်မြူးကြတယ် တုန်ချမ်းချမ်း တုန်ချမ်း..."

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ ဖန်စီ(fancy) လက်ကောက်တွေ တံတောင်ဆစ်ထိအောင် ဝတ်လို့...
ဂျင်းဘောင်းဘီဟာ အသံသေတ္တာကလာတဲ့ တေးသွားစည်းချက်မှာ ကခုန်လို့...

"ပိတောက် ရွှေရည်လူး နှစ်သစ်ဦး ချမ်းတုန် ချမ်းတုန် ချမ်း..."

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ မဏ္ဍပ်တွေထဲ မုန့်လုံးရေပေါ် ကူလုံးလို့...
ဂျင်းဘောင်းဘီဟာ အိမ်နီးချင်းတွေကို ကင်မွန်းတရော် ခေါင်းလျှော်ရည် မျှဝေလို့....

"နွေရာသီ တန်ခူး ပျော်ရွှင်ကြည်နူး...အပေါင်းအသင်းတွေများနဲ့
ကစားကြမယ် ဝိုင်းဖွဲ့ ပက်လိုက်ကြ တန်ခူးရေ ချမ်းတုန်ချမ်း...."

ဂျင်းဘောင်းဘီတထည်ဟာ...
ကွေးသော ဆန့်သော လက်တွေအကြောင်း နဲနဲကလေးမှ ခေါင်းထဲ မရောက်သေးခင်
ခန္ဓာကိုယ် တခုလုံး လေထဲ မြောက်...
အရောင်ပြောင်းသွားတဲ့ ပိတောက်တွေ သွေးအလူး....နှစ်သစ် အကူးမှာ...

အဲဒီနှစ်က........
အဲဒီနှစ်က ပိတောက်တွေဆိုတာ.....ရဲရဲကို နီလို့.....

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ခုလို အခါသမယမှာ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို   မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းရှင်းစွာ၊ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ....:))

မောင်ကောင်း (လင်းပြာ) နဲ့ သူငယ်ချင်းများ စီစဉ်တဲ့ "ပိတောက်အိပ်မက် မက်ကြသူများ" အမှတ်တရ သင်္ကြန်ကဗျာစုများ စာအုပ်လေးထဲမှာ ကျမ ပါဝင်ရေးသားခဲ့တဲ့ ကဗျာလေးပါ။
ကဗျာချစ်သူ လူငယ်လေးတွေရဲ့ အချိန်တိုအတွင်းမှာ အတူ မက်ခဲ့ကြတဲ့ အိပ်မက်ကလေးမို့ အမှားပါခဲ့ရင် သည်းခံဖတ်ရှုပေးကြပါရှင်...။  ရေဆေးပန်းချီလေးတွေနဲ့ ချစ်စရာ စာအုပ်လေးပါ။ ဖတ်ချင်သူများ ဒီလင့်ခ်မှာ ယူသွားကြပါနော်....

http://dl.dropbox.com/u/19622811/final.pdf


14 comments:

  1. အဖြူရောင်နတ်သမီး said...

    အဖြစ်အပျက်ဟာ ၁နှစ်ပြောင်းခဲ့ပေမယ့်...
    အခုထိ သတိရနေတုန်းပါပဲ
    မချစ်နဲ့ထပ်တူ ဆုတောင်းပေးသွားပါတယ်...
    သင်္ကြန် မောင် မယ်များကို သင်္ကြန်ဝဋ်ဥာဉ်တွေက စောင့်ရှောက်ကြပါလိမ့်မယ်...။

    ReplyDelete
  2. ဂျင်းဘောင်းဘီတထည်ဟာ...
    ကွေးသော ဆန့်သော လက်တွေအကြောင်း နဲနဲကလေးမှ ခေါင်းထဲ မရောက်သေးခင်
    ခန္ဓာကိုယ် တခုလုံး လေထဲ မြောက်...
    အရောင်ပြောင်းသွားတဲ့ ပိတောက်တွေ သွေးအလူး....နှစ်သစ် အကူးမှာ...

    အဲဒီနှစ်က........
    အဲဒီနှစ်က ပိတောက်တွေဆိုတာ.....ရဲရဲကို နီလို့....

    ကောင်းလိုက်တဲ့ စာသားး)

    ReplyDelete
  3. ပိတောက်အနီဆိုလို့ ပိတောက်ပန်း အနီရောင်လည်း ရှိလားမသိဘူးလို့ တွေးပြီး ရောက်လာမှ ကဗျာမှန်းသိတော့တယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  4. ကဗျာလေးက ထိတယ် အမရာ၊ ရေလည်း ပက်သွားတယ် နှစ်သစ်မှာ ပျော်ရွှင်ပါစေ စာအုပ်လေးလည်း ဒေါင်းသွားပါတယ်ဗျား)

    ReplyDelete
  5. ကဗျာလေးဖတ်ပြီးတော့ သင်္ကြန်တေးသွားတွေ နားမှာ ကြားမိသလို ဂျင်းဘောင်းဘီများစွာလည်း မျက်စိမှာ မြင်မိတယ်၊ ထိခိုက်မှု အနည်းဆုံးနဲ့ ပျော်ရွှင်စရာ သင်္ကြန်ပဲ ဖြစ်ပါစေ-လို့ ဆုတောင်းသွားပါတယ်ဗျာ..။

    ReplyDelete
  6. မောင်ကောင်းWed Apr 13, 03:33:00 PM GMT+8

    အင်မတန်ကောင်းတဲ့ ကဗျာလေးနဲ့ ကဗျာစာအုပ်လေးပါ :D

    ReplyDelete
  7. ဒီနှစ် သင်္ကြန်ဆိုတာနဲ့ “အားလုံးဘေးကင်းကြပါစေ” လို့ အရင်ဦးဆုံး ဆုတောင်းမိခဲ့တာ...

    ကဗျာစာအုပ်လေးကို Download လုပ်ပြီး သေချာဖတ်ရဦးမယ်။ ကဗျာတွေအတွက် ကြိုပြီးကျေးဇူးတင်ပါတယ် မမရေ...

    ReplyDelete
  8. ပိတောက်အနီတွေ မပွင့်ကြပါစေနဲ့ လို့ဆုတောင်းပါတယ် မမချစ်ကြည်..
    ကဗျာထဲကသင်္ကြန်သီချင်းလေးညည်းရင်း ပြန်သွားပါတယ်..

    နှစ်ကူးသင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မရေ..

    ReplyDelete
  9. ပျော်စရာနှစ်သစ် သင်္ကြန်မှာ ဒီလို အမှတ်တမဲ့လေးတွေကြောင့် တသက်လုံး နာကျင်သွားခဲ့ရသူတွေ အတွက် အမှတ်တရတွေလည်း မနည်းဘူး ၊ ရှိခဲ့ပါတယ် ။
    အားလုံးပဲ ဘေးရန်ကင်းကွာ ပျော်ရွှင်နိုင်ကြပါစေ..

    ခင်မင်စွာဖြင့်
    ကိကိ..

    ReplyDelete
  10. ကဗျာလေးဖတ်သွားတယ်...

    ReplyDelete
  11. နောက်ဆုံးအပုဒ်လေးကထိတယ်အစ်မရာ.....:(((

    ReplyDelete
  12. မြင်ေ၇ာင်လာမိပါတယ်။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

    ReplyDelete
  13. ပိတောက်ဝါဝါတွေကိုပဲချစ်တယ်း)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...