Wednesday, April 6, 2011

ဖြစ်ရလေတော်....

ကျမ တခါက ဒီမှာ ရေးဖူးပါတယ်...
Search Engineတွေ ရှာတာ တခြား၊ ပို့ပေးတာ တနေရာဆိုတဲ့ အကြောင်းကို....

ဘာပဲဖြစ်ဖြစ် ရောက်လာပြီးရော...၊ အနဲဆုံးတော့ ကိုယ့်ဘလော့ဂ်လေး ရှိတဲ့အကြောင်း လူသိသွားလည်း မနည်းဘူး မဟုတ်လား...:)

ဒါပေမဲ့ ခုလောက် ရင်မနာခဲ့ရဘူး....

ခုတော့ကွာ....ကတောက် !!!


[Russia]
Moscow, Moscow City arrived from bing.com on "ချစ်ကြည်အေး: March 2011" by searching for အဆိုးဆုံး ကဗျာများ.
04:35:21 -- 3 hours 57 mins ago


43 comments:

  1. Lolz. The worst poems. Hehehe

    ReplyDelete
  2. အေးပါ အေးပါ ကဘွိုက်ရယ် ရယ်စမ်းပါ ရယ်စမ်းပါတော်....

    ReplyDelete
  3. ဖြစ်ရလေ ငါ့အမရယ်...:P

    ReplyDelete
  4. ဟုတ်ပါ့ အလင်းရောင်လေးရယ် အမ သနားစရာလေးနော်....:p

    ReplyDelete
  5. ဖြစ်မှဖြစ်ရလေ မမ။ဘာပဲဖြစ်ဖြစ် အရင်လိုပဲသဘောဆက်ထားလိုက်နော်။

    ReplyDelete
  6. ဒါပေါ့ ညီမလေးရယ် ကိုယ့်ဘက်က သဘောထား ကြီးရမှာပေါ့...ဟဲဟဲ :)

    ReplyDelete
  7. ဖြစ်မှဖြစ်ရလေ မမရယ်.. ဘာပဲဖြစ်ဖြစ် ကိုယ့်ခြံထဲရောက်ကိုယ့်ကြက်မလို့သာ ဆက်သဘောထားလိုက်ပါ.. :)

    ReplyDelete
  8. ဟုတ်ပါ့ ညီမဇင်ရယ် အဲသလို ကြက်မကလည်း လာ လာနိုင်လွန်း....ခွိ:)

    ReplyDelete
  9. ဟားဟား မချစ်ရယ် ဖြစ်ရလေး))) အဖြစ်က မနှစ်ကနဲ့ မတူးပါလားနော် ဟားဟားး)))))

    ReplyDelete
  10. ဘာညာစိန်...အံမယ် သူများဖြစ်တာကို အကျယ်ကြီး ရယ်သွားတယ်....ဟီး ဟီး ဟီး.....(ရယ်တာ မဟုတ်...နိုနေတာ)

    ReplyDelete
  11. ဟောတော့...း((

    မမချစ်ကြည်က ဘာလို့ အဲဒါတွေ လိုက်ကြည့်နေတာလဲ...
    သာမီးဆို အဲဒါတွေ ဘာမှ မသိ၊ ဘာမှ မကြည့်...
    ဘယ်လိုရှာလည်း ဆိုတာ မသိ...
    ဘယ်ကရောက်လာလည်း ဆိုတာ မသိ...
    ဘယ်သူလာလည်း ဆိုတာ မသိ...
    အေးရော မဟုတ်လား...

    ReplyDelete
  12.း) ဟီးဟီး ရယ်ရတယ် တီချစ်ကြည်ရဲ့ ... အဲဒါထက်ရယ်ချင်တာ ၀က်ခြေထောက်ကိုပဲရယ်ချင်တယ်..သမီးလည်းလုပ်ကြည့်ဦးမှပဲ

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  13. သာမီးတက်ဂ်ဝေက FeedJid liveမှမသုံးပဲဟာ ဘယ်သိပါ့မလဲကွယ်၊ ဘာမှ အထူးတလည် ရှာဖွေနေစရာမလို Real-time view ကို ကလစ်လိုက်ယုံနဲ့ current visitors တွေတွေ့နေရတာလေ သာမီးရဲ့
    ကိုယ့်ဆီဝင်ဖတ်နေသူတွေ ကြည့်ပြီး ပီတိပွားရသပေါ့ကွယ်:)

    သမီး စုမြတ် ဝက်ခြေထောက်ကမှ တော်ပါသေးတယ်ကွယ်....:))

    ReplyDelete
  14. ဟားဟား လို့ ရီမသွားဘူးနော် အစ်မချစ်.... :D :D


    ဂျင်းစုတ်

    ReplyDelete
  15. သာမီးမှာလဲ အဲဒါ ရှိသားပဲ။ ဒါပေမဲ့ သာမီးက အဲဒါတွေ မှလိုက်မကြည့်တာကိုလို့ ။ သာမီးပါ သာမီး စိတ်ချမ်းသာအောင်ပဲနေတယ်။
    နောက်လဲ အန်တီချစ် အဲဒါတွေ လိုက်မကြည့်နဲ့နော် ...း)

    သာမီး အနောနိမတ်ဆွိ

    ReplyDelete
  16. ဒါဆို နောက်တခါကျရင်“ အဆိုးဆုံး အချစ်” ဆိုပြီး ရှာဝင်ကြည့်အုံးမှပဲ ..ဟဲ ဟဲ.. နောက်ဖေးပေါက်ကနေ ဝင်ချောင်းရတာ လည်း အရသာ တမျိုး လေ..အချစ် ရယ် ဟိဟိ..

    ကွိကွိ..

    ReplyDelete
  17. ချော(အစိမ်းရောင်လွင်ပြင်)Wed Apr 06, 11:58:00 AM GMT+8

    ဟားဟား
    စောစောစီးစီး ဘာတွေများလဲလို့ဝင်ကြည့်တာ ဖတ်ပြီးအော်ရယ်ပစ်တယ်.. ခွိခွိ
    ငါ့အစ်မက ဘယ်တုန်းကများ အဆိုးဆုံးကဗျာတွေရေးလို့လဲဟွန့်
    မခံချင်လိုက်တာ ..
    အစ်မ မခံနဲ့.. ဒီ search engine ကို တရားစွဲ..
    ဟိဟိ

    ReplyDelete
  18. ရင်ပတ်နောက်ကကျော .. ရယ်လိုက်ရတာ ဖတ်ဖတ်မော

    ReplyDelete
  19. ဂျင်းစုတ် ဂျင်းပဲ့....:)

    သာမီးဆွိရယ် မာမီချစ်ကြည်က အဲသာမျိုးလေးတွေ ကြည့်မှ စိတ်ချမ်းသာတာအေ့...ဟယ်...လူတွေ လူတွေ... လာဖတ်ကြသားတော့်...ဆိုပြီး...အဟိ :)

    ကိ...သိတယ်လေ ကိတို့က နောက်ဖေးပေါက်ကနေ ဝင်ချောင်းနေကျ ဆိုတာ...:)

    ချော...အဲသလို အားပေးဖော်တွေ ရှိတာ ဘလော့ဂါ အားတက်သကွယ်... ချမယ်ကွာ စူးပလိုက်မယ်...:)

    ဗစ်စစစ....ဖြည်းဖြည်းရယ် ငါ့ညီမလေး ...လန့်ခ်ျစားချိန်ကြီးနော်....ထမင်းသီးမယ်...^_^

    ReplyDelete
  20. နောက်တာနေမှာပါကွယ်...ဟီးဟီး... ကိုယ်သာဆိုပိုဆိုးမှာ... ဒါကြောင့်ဒါမျိုးတွေလျှောက်မကြည့်ဘူးကွယ်...

    ReplyDelete
  21. အဖြူရောင်နတ်သမီးWed Apr 06, 03:00:00 PM GMT+8

    ဖြစ်ရမယ် ငါ့အမကတော့...
    ညီမလည်း ဖြစ်ဖူးတယ်...း)

    ReplyDelete
  22. အကောင်းဆုံးကဗျာကဝိကျောက်Wed Apr 06, 03:15:00 PM GMT+8

    အရှိကိုအရှိအတိုင်း ရှာဖွေတွေ့ရှိသွားလေသတည်း....သာဓု...သာဓု...သာဓု
    Las Vegas လေဆိပ်ထဲ အိပ်ချင်မူးတူးနဲ့ ဖွင့်လိုက်တာ ရီရလို့ မျက်စေ့တောင် ကျယ်သွားတယ်

    ReplyDelete
  23. ဒီနေရာလေးကို အမြဲရောက်ဖြစ်တယ်။ တစ်ခါမှတော့ မမန့်ဘူးဖူး။ အခုရီရလွန်းလို့ ။ထမင်းစားပြီး အိပ်ငိုက်နေတာ ။ မျက်လုံးကို ကျယ်သွားရောပဲ :D

    ReplyDelete
  24. ဖြစ်တက်ပါတယ်လေ။ search engine ကို ပဲ အပြစ်တင်ရမှာပေါ့။

    ReplyDelete
  25. ဟုတ်ပ ဖြစ်ရလေတော်...
    ဘယ်သူ့ လှည့် ရမ်းရပါ့
    ဒါမျိုးက တရားနဲ့ ဖြေလို့ ရမှာမဟုတ်
    ကဗျာတွေ ထပ်ရေးပြီး ဖြေလိုက်ပါ ချစ်ကြည်

    ReplyDelete
  26. ရိုစ့် အဲသာတွေ ကြည့်ရတာ ပျော်စရာ ရိုစ့်ရဲ့ အေးဆေးပါ ကိုယ် အပျော်တင်လိုက်တာ...ဟဟဟ :)

    ဟုတ်တယ် ညီမ နတ်သမီး တော်တော်များများ ဖြစ်ဖူးကြမှာပါ...:)

    ကိုကြီးကျောက်နော်......၊ သူကဖြင့် လျှောက်လည်နေပြီးတော့....ဒါ့ပုံတွေ ရိုက်ခဲ့ ဒါပဲ....:)

    ညယံ...အဲလို သူများကို မျက်လုံးကျယ်သွားအောင် လုပ်ရတာ ကြိုက်တယ် (ဟယ်...အရင်ပိုစ့်နဲ့ မှားသွားပြီ...ခွိခွိ...:)

    ခနွဲ...ဒါပေါ့ ဒါပေါ့...ဆာ့ခ်ျအင်ဂျင် အပြစ်ပေါ့ အသိသာကြီး ဟွမ်းးးး)

    သီတာ...ဟေ့အေး မရမ်းရဲပေါင်တော်....တရာနဲ့ ဖြေပါတယ် အကြွေမရှိလို့....:PP

    ReplyDelete
  27. ဖြစ်မှဖြစ်ရလေ အစ်မရယ် ။ ဖတ်ပြီးရယ်လိုက်ရတာ

    ReplyDelete
  28. search engine ကတော့ မမှားလောက်ပါဘူးလေ

    ReplyDelete
  29. သဘောကျလွန်းလို့ အမရေ တော်တော် ကြာကြာလေ ရယ် (ရီ) လိုက်မိတယ်။ ဟားဟားဟား

    ReplyDelete
  30. ညီလင်းသစ်Wed Apr 06, 07:10:00 PM GMT+8

    အခုတော့ သိသွားပြီ၊ ကဗျာအကြောင်း ကျမ်းပြုရင် Bibliography ကို ဘယ်မှာ ညွှန်းရမယ်ဆိုတာ....။းD

    ReplyDelete
  31. ရယ်ပဲ ရယ်နေရတာပေါ့ ညီမ Evyရယ် ဟဟဟ....:)

    ကလူသစ် အသွားအလာ ဆင်ခြင်ပါ ချောင်းရိုက်ခံရကိန်းရှိတယ် ဟွန့် :)

    ဟုတ်ပါ့ မောင်ရီနိုရယ်....အနဲဆုံးတော့ ရယ်ရတာပေါ့.....:)

    ကိုညီလင်းသစ်ရေ...ခုတော့ အဲသလိုပဲ ပြောရမလို ဖြစ်နေတာပေါ့ ဟား ဟား ဟား....:PP

    ညီမမယ်...:D:D:D

    ReplyDelete
  32. ကိုအောင်(ပျူနိုင်ငံ)Thu Apr 07, 01:58:00 AM GMT+8

    :D

    ReplyDelete
  33. ပထမတော့ ကြောင်သွားတယ်.. နောက် သဘောပေါက်တော့ ရယ်လိုက်ရတာ... အဲဒီ search engine ကို မယုံနဲ့နော်..း))))


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  34. ဖြစ်ရလေ ချစ်ချစ်ရယ် ကတောက်းD

    ReplyDelete
  35. အရင်ဝင်တာကြက်မတွေ
    ခုဝင်တာ ကြက်ဖ (ဒါကြောင့်မချစ်ကြီး ပိုရင်နာသွားတာနေမှာ)
    ဟေးဟေးဟေး

    ReplyDelete
  36. လပြည့်ရိပ်Thu Apr 07, 07:37:00 PM GMT+8

    :D :D

    ReplyDelete
  37. ကိုအောင်...ဟာ ဒီပိုစ့် :D တွေ သိတ်ထွက်တယ်....:)

    နေဝဿန်...ယုံဘူး လုံးဝယုံဘူး ဟဟဟ....:)

    ညီမလေး...ဟားဟား ဟုတ်ပါ့တော်....:)

    မမင်း... သူက အထီးအမတောင် ခွဲကြည့်နေလိုက်သေး ဟေးဟေး :)

    လပြည့်ရိပ်...ဟော...ဒီ :D ထွက်ပြန်ပြီ....:)

    ReplyDelete
  38. ပိုစ့်ကိုဖတ်တယ်၊
    ကွန်မန့်တွေကို ဖတ်တယ်၊ ရီတယ်(ရီစရာမှန်း သိသွားလို့)
    နောက်တခါ အပေါ်တက်ပြန်ဖတ်တယ်၊ အရင်ပိုစ့်လည်း ဖတ်ဖူးတယ်။

    ကိုယ့်ပိုစ့်မှာလည်း အဲလိုကြည့်တယ် ဘူဒူတွေလာလဲ ကြည့်တယ်။

    ပြီးတော့ နာ့ပိုစ့်တွေဆိုရင် ဒီထက်ပိုဆိုးသေးတယ်လို့ ဟီးးးး ချသွားတယ်၊
    အဲ ဒီမထွက်အောင် ဟီးသွားတယ်။ အစ်မ သိပါစလေ....။

    ReplyDelete
  39. ဘာလဲဟင် ကျနော် သဘောမပေါက်လို့ ။

    ReplyDelete
  40. မောင်ဝေးSat Apr 09, 09:48:00 PM GMT+8

    မှန်းချက်က ထွက်လာတဲ့မြေပဲတစ်ဆံနဲ့ မကိုက်ဘူးကိုး.. ဖစ်ရလေတယ်ကွယ်။

    ReplyDelete
  41. ဟီး သွားတဲ့ ညီမလေး ခရစ်စတယ် ကျေးဂျူးကဘာဆိုင်ရော်.....:)

    ဟင် ဖြစ်ရလေ ကြောင်မျိုးရယ်....:)

    ကမောင်ဝေး မှန်းကတည်းက မြေပဲတဆံစာ မရှိတာပါအေ... ညည်းကလည်းပဲ ဆိုတာ
    သူများကို ပြော ပြောချင်လွန်းးးး :p

    ReplyDelete
  42. :D ... ဟိုးနေ့ကတည်းကကော်မန့်ရေးချင်နေတာ အမကို
    အားနာလို့ .... ဒီပိုစ့် ဖတ်ပြီးတော့ ကျနော် အသားကုန် ရီတာဗျ ။
    ကျနော်နဲ့ ဘဝဆင်တူနေလို့ ။ ကျနော့် ဘလောဂ့်ရေးစတုန်းက traffic feed ကိုနေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့ ဘယ်သူတွေလာတုန်း ၊ ကိုယ့်နယ်သားတွေလာလားလို့ပေါ့ ။ လာကြတယ် Search Engine ကနေတဆင့် ။ သူတို့တွေ Cbox မှာလာအော်ကြတယ် ။
    ကျနော့်မှာ အဲ့ဒါတွေဖတ်ပြီး အားတွေကုန်သွားရော ။ စာရိုက်ရမှာ တအားပျင်းတဲ့ ကျနော် ဘယ်လောက်ကြိုးစားရေးပြီး မှတ်တမ်းထားခဲ့ရသလဲ သူတို့မသိဘူး ... :D .. နည်းနည်းပါးပါး လိမ်ညာပြီး အားပေးသွားကြတာမဟုတ်ဘူး .. :D
    ...
    အဲ့ဒါတွေပြန်တွေးမိလို့ ဟက်ဟက်ပက်ပက်ရီမိလိုက်တယ် ..
    ရီရတယ် တကယ် ..။
    ...
    (အယ်ကို)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...