တနေ့....
အားအားရှိတာနဲ့ မော်ဒန်ကဗျာဆိုတာတွေ လျှောက်ဖတ်ကြည့်မိတယ်
မျက်လုံးအသေ
ရင်ဘတ်အသေ
ကြယ်အသေ
အိပ်မက်အသေ
နာရီအသေ
ကောင်းကင်အသေ
နှလုံးသားအသေ
ရင်ခုန်သံအသေ
ဟား.....များလိုက်တဲ့ အသေတွေ....
Pause....
အဲဒီ ခဏတာ
ငါ့မျက်နှာမှာတောင်
အပြုံးသေတခု
မြေမြှုတ်သင်္ဂြိုလ်မှု ပြုလိုက်ရသေးတယ်....
ခံစားချက်အသေနှင့် ခံစားခဲ့ပါကြောင်းး)
ReplyDeleteသာယာချမ်းမြေ့ပါစေရှင်း
မိုး
ကွန်မန့် အသေ ရေးခဲ့ပါတယ်။ :)
ReplyDeleteမသေ ပဲ မန့်လိုက်တဲ့ သေနေတဲ့ ကော့မန့်ပါ အပြုံးသေတစ်ခု ဘယ်လိုပြုံးတာပါလိမ့်း)
ReplyDeleteမောင်မျိုး
တားတားတို့က မသေဘူး..ရေကူးတတ်တယ်..
ReplyDeleteသေရင် မော်ဒန်များလားး
ReplyDeleteအင်း မော်ဒန်ကရော အသေများလား :P
ReplyDeleteပန်းချီလေးလည်း ကြိုက်တယ်ကွယ်..
ReplyDeleteသေချာတာတော့ ချစ်ချစ်က အသက်ရှိတယ်းP
ReplyDeleteပန်းချီကလဲ ချစ်ချစ်လက်ရာပဲကိုးးးးး မိုက်တယ်...ဒါပေမဲ့ ကြိုးတွေရှုပ်ကုန်ရင်ဆိုပြီးလဲ မဆီမဆိုင် စဉ်းစားလိုက်မိသေးတယ်း))
ReplyDeleteအဲဒါမှ မော်ဒန် အစစ်း))))
ReplyDeleteမယ်တော် ကဗျာ ဖတ်သွားပါတယ်
ReplyDeleteပေါ့စ်ဆိုတဲ့ နား မပေါ့စ်ဘဲ ဆက်တွေးတယ်
သေတဲ့သူတွေထဲ မြေမြှုတ်မသင်္ဂြိုလ်ဘဲနဲ့ သေတဲ့သူတွေရော ပါသေးလားလို့ပါ
ခင်မင်တဲ့
seesein
သမားရိုးကျ မော်ဒန်ကဗျာ မပြောနဲ့ သမားရိုးကျ ရိုးရိုးကဗျာတောင် ဖတ်နိုင်ဘို့ အတော်ကျိုးစားရတယ်
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
အဟက်အဟက်.. လုပ်တယ်ဟေ့..
ReplyDeleteပုံလေးဆွဲထားတာကြိုက်တယ်။ မော်ဒန်ပန်းချီအသေ လား :)
ReplyDeleteအေးလေ... မင်သေသေနဲ့ ထောက်ခံသွားတယ်။
ReplyDeleteအဲလို အသေတွေနဲ့ ဝေးတဲ့အရပ်က ဘယ်မှာများပါလိမ့်အမချစ်.။
ReplyDeleteချစ်တဲ့
ညီမသဒ္ဓါ
အစ်မချစ်ရဲ့ မော်ဒန်ကဗျာဖတ်လိုက်တာ
ReplyDeleteရယ်ရလို့ သေချင်စိတ်ပေါက်သွားတယ်
သေလို့ဖြစ်သေးပါဘူးလေ
ကဗျာတစ်ပုဒ်လောက်တော့ မသေခင်ရေးဦးမှ
ခေါင်းစဉ်က မသေခင် မော်ဒန်ကဗျာရေးချင်သု တဲ့း)
ကောင်းလိုက်တဲ့ မော်ဒန်ကဗျာလေး
ReplyDeleteအနိစ္စတရားကို လက်ကိုင်ထားတာ။
Comment ကို အသေရေးပေးလိုက်သည်..
ReplyDelete