ရေးပြီးခဲ့တဲ့ အသွင်တူ၏ မတူ၏ ပိုစ့်မှာ သူ့ကို ကိုပန်းသီးလို့ တင်စားခဲ့တယ်။ ပန်းသီးဆိုတာက အမြင်လှသလို အရသာလည်း ရှိတဲ့ အသီး။ သူ့ အမူအကျင့် စိတ်နေစိတ်ထားနဲ့ အတော်လေး ထင်ဟပ်တဲ့ အသီး။ အဲဒီ ကိုပန်းသီးအကြောင်း ခု ပြောပြချင်တယ်။ အားနာတတ်လွန်းတဲ့ အကြောင်း ဆိုပါတော့လေ။
သူနဲ့ ဘုရားပန်း သွားဝယ်ခဲ့ဖူးတယ်။ ကျမ သစ်ခွပန်းဝယ်နေကျဆိုင်က ပန်းတွေသိတ်လတ်ပြီး အနဲဆုံး တပတ်လောက်တော့ အထားခံတယ်။ တနေ့မှာတော့ အဲဒီဆိုင်က ပန်းတွေ မလတ်တာမို့ ပန်းတွေကို ရွေးပြီး စိတ်တိုင်းမကျတာနဲ့ ပြန်ချထားခဲ့တယ်။ အဲဒီဈေးမှာက ဘုရားပန်းဆိုင် နှစ်ဆိုင် မျက်နှာချင်းဆိုင် ခင်းကျင်းထားလေတော့ မျက်နှာချင်းဆိုင်က ဆိုင်ဆီ ကျမ မျက်လုံးတွေ အလိုလို ရောက်သွားခဲ့တော့တယ်။ သူ ကျမလက်ကို ကုတ်ပြီး မဝယ်ဖို့ တားတယ်။ မျက်စေ့မျက်နှာ ပျက်ချင်ချင်နဲ့ "အားနာစရာကြီးကွာ" လို့ ဆိုသေးတယ်။ ကျမ ဇွတ်ဝယ်ခဲ့တယ်။ ဒီဘက်က ဆိုင်နဲ့ စာ ချုပ်ထားတာမှ မဟုတ်တာဘဲ။ ကြံဖန်အားနာတတ်ပုံများ....ပြော ပါတယ်။
အိမ်ကို လတိုင်း ငွေပို့တဲ့အခါ ပန်နီဆူလာမှာ ရင်းနှီးခင်မင်ရတဲ့ မိတ်ဆွေဆိုင် နှစ်ဆိုင် ရှိတယ်။ အားနာတတ်သူကြီးက တလခြားစီ အဲဒီနှစ်ဆိုင်ကနေ ငွေပို့လေ့ရှိတယ်။ လစဉ်ပို့ငွေ မဟုတ်ဘဲ အိမ်က ကြားဖြတ်ကိစ္စ တခုခုအတွက် ငွေလိုတဲ့အခါ ဘယ်ဆိုင်နဲ့ ပို့ရပါ့ လို့....သူပဲ ခေါင်းခြောက်ခံတယ်။ ကျမက "ငွေဈေး ပိုပေးတဲ့ဆီက ပို့ပေါ့" လို့ ပြောမိရင် သူ အတော် ကြေကွဲရှာတယ်။ "ခင်မင်ရင်းနှီးမှု အရေးကြီးတယ် ငွေလေး နဲနဲပါးပါးကွာတာကို စကားလုပ် မပြောစမ်းပါနဲ့" တဲ့...။ ဟော...ကျမဖြင့် နေရင်းထိုင်ရင်း ငွေမျက်နှာကြည့်တတ်တဲ့ လူဆိုးမကြီး ဖြစ်ရောပဲ ။
တခါတလေ NTUC မှာ ဈေးဝယ်ပြီး လမ်းရောက်မှ တခုခုမေ့ခဲ့လို့ အနီးအနားက Giant ကို လိုတာ ဝင်ဝယ်ကြတဲ့အခါ သူ ခပ်လှမ်းလှမ်းမှာပဲ နေတယ်။ ဘယ်တော့မှ အနား လိုက်မလာဘူး။ NTUC ကဈေးဝယ်လာတဲ့ ကြွပ်ကြွပ်အိတ်ကြီးတွေကိုင်ပြီး Giantထဲကို ဝင်ရမှာ အားနာစရာကြီးတဲ့....။ ဖြစ်ရလေ...။
အရင်အလုပ်တခုမှာတုန်းက သူ ရေးနော့ကားသေးလေးတစီး ရထားတယ်။ အလုပ်ရှင်က သဘောကောင်းတယ်။ ကျမတို့ ဇနီးမောင်နှံ ပိတ်ရက်တွေမှာ ဟိုနားဒီနား သွားကြရအောင်လို့် လို့ဆိုတယ်။ အဲဒါကြီးရကတည်းက တနင်္ဂနွေ အိမ်လိုက်ပြောင်းပေးတယ်။ ကားသေးပေမဲ့ နောက်ခန်းက အတော်ဆန့်တာလေ။ သူ့အလုပ်က အလုပ်သမားလေးတွေ ဘယ်သူပြန်ပြန် လေဆိပ် လိုက်ပို့ပေးတယ်။ ကျမလည်းပဲ ပရဟိတ ဝါသနာပါပါတယ်။ လူတွေကို တတ်နိုင်သလောက် ကူလုပ်ပေးချင်တဲ့စိတ် ရှိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ဖြင့် ဘယ်လိုမှ လိုက်မမီဘူး။
တည သူ ပြောလာတယ်။ ရုံးက အလုပ်သမားလေးတယောက် ပြန်မှာကို လေဆိပ် ပို့ရမယ်။ မနက်ကျရင် နှစ်နာရီ ထရမယ် လေယာဉ် ချက်အင်က မနက် လေးနာရီမို့ တဲ့လေ။ ကျမလည်း မနေနိုင်တာနဲ့ "စောစောစီးစီး အချိန်ကြီးလား" လို့ မေးမိတယ်။ "စောစောစီးစီး အချိန်က တက်စီခ ဈေးကြီးတယ် အလုပ်သမားလေးတွေမို့ ငွေ အစိတ်-သုံးဆယ် သက်သာလည်း သူတို့အတွက် မနဲဘူးပေါ့ကွာ" တဲ့။ "ဟုတ်ပါပြီ ဒါဆိုလည်း တက်စီဘိုး ပေးလိုက်ရောပေါ့" လို့ ကျမက အထွန့်တက်မိပြန်တယ်။ "ဟာ...ဘယ်တူမလဲ...ပြီးပြီးရော ပိုက်ဆံပေးလိုက်တာနဲ့ သူတို့အပေါ် ဂရုတစိုက်နဲ့ အရေးတယူ လိုက်ပို့ပေးတာနဲ့ ခုလိုဆိုတော့ သူတို့ စိတ်ကြည်နူးတာပေါ့ကွာ" တဲ့။ ကဲ...ကျမကပဲ စိတ်ကြည်နူးမှုကို နားမလည်တဲ့ နှလုံးသားမဲ့တဲ့ မိန်းမကြီး ဖြစ်မသွားပြန်ဘူးလား။ ခက်တယ်။
ဘာဖြစ်ဖြစ် သူဟာ မလိုအပ်ဘဲ အားနာတတ်လွန်းတယ်လို့ ကျမက မြင်မိတယ်။ ကျမကတော့ အားနာသင့်မှ နာတယ်။ ဒါကြောင့်လည်း ကျမထက် သူ့မှာ ချစ်သူခင်သူ ပိုများတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
ရွာပြန်ကြလို့ လူကြုံပါးရင်လဲ ဒီလိုပဲ။ တခါများ လူကြုံပစ္စည်းတွေ များလွန်းလို့ သူ့အဝတ်အစားတွေ၊ ဖိနပ်ကအစ အကုန်လျှော့ထားခဲ့ပြီး ဟိုကျမှ ဝယ်ဝတ်မယ် လုပ်ပြန်တယ်။ လူကြုံပါးလိုက်တဲ့ ဟန်းကယ်ရီဆိုလည်း ဆွဲရလွန်းလို့ လူစင်စစ်က ခရစ်စမတ်သစ်ပင်ဘဝ ရောက်ရတာ အခါခါ။ ဒီလိုပဲ သူ့အနားနေရတာ မနေတတ်ရင် အင်မတန် အကုသိုလ်များတယ်။ သူ စိတ်ထားကောင်းကောင်းနဲ့ ရှေ့က လုပ်သမျှ ကိုယ်က လိုက်နိုင်မှ တန်ကာကျတယ်။ သူက အင်မတန် အားနာတတ်ပြီး သူများအရေးကိစ္စကို ရှေ့တန်း တင်လေ့ရှိသူ၊ မျက်နှာ စိမ်းစိမ်း ကျက်ကျက် ဘယ်သူ့ကို မဆို ကူညီချင်သူ ဖြစ်တယ်။
မှတ်မိသေးတယ် တနေ့မှာပေါ့... မနက်စောစော အိပ်ရာထပြီး ဘုန်းကြီးကျောင်း သွားကြဖို့ အရေးဆိုလာလေရဲ့။ တနင်္ဂနွေလိုနေ့မျိုး အစောကြီး အိပ်ရာနှိုးရင် သိတ်စိတ်ဆိုးတတ်တဲ့ ကျမက "အိပ်စမ်းပါရစေဦး အိပ်ရေးဝမှ သွားကြတာပေါ့" ပြောမိတယ်။ သူက စောစောသွားဖို့ပဲ ဇွတ်ပြော၊ ကျမက ဇွတ် ပေကပ်အိပ်နဲ့...။ အတော်လေးကြာတော့ "ဒီနေ့ ဘာနေ့လဲ" ဆိုမှ ရုတ်တရက် "ဟာ...ဒီနေ့ သူ့မွေးနေ့ကိုး"...လို့ သတိရမိသွားတယ်။ ကျမ အရမ်း အားနာသွားခဲ့တယ်။ လင်နဲ့မယားပေမဲ့ သူ့အပေါ် အားနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုလည်း ယောင်္ကျားမွေးနေ့မှ မေ့ရက်လေခြင်းရယ်လို့ အင်မတန် မကျေမနပ် ဖြစ်သွားခဲ့ဖူးတယ်။
ဘလော့ဂ်စရေးတဲ့ အချိန်ကစလို့ သူနဲ့ ပတ်သက်တဲ့ အမှတ်တရနေ့လေးတွေကို မမေ့မလျော့ ပိုစ့်လေးတင်ပြီး သူ့အပေါ် ကိုယ့်ရဲ့ ဂရုတစိုက်ရှိမှုကို ပြခဲ့တယ်။ ပိုစ့်တင်ပြီးတဲ့အခါ သူ့မျက်နှာကြီး ကွန်ပြူတာရှေ့ရောက်အောင် အတင်းဆွဲလို့ ဖတ်ခိုင်းတော့တာ။ ဒီတော့လည်း သူ ပြုံးလို့... ကျေနပ်လို့....။ သူက အဲသည်လို ကြေလွယ် အေးလွယ် ပြေငြိမ်းလွယ်သူလည်း ဖြစ်ပြန်တယ်။ ဒီနေ့ အဲဒီ ကိုပန်းသီး...အသက်တနှစ် ပိုကြီးသွားပြန်ပေါ့။ ဒီနေ့ ကိုပန်းသီး မွေးနေ့လေ....။
ဒီပိုစ့်လေးကတော့ ကိုပန်းသီးမွေးနေ့ အမှတ်တရဆိုလည်း ဟုတ်၊ ကျမ ချစ်ကြည်အေး ငါးချဉ်ရောင်းတဲ့ ပိုစ့် ဆိုလည်း ဟုတ်တယ်။ အို...တကယ် တကယ် ကိုယ့်ငါးချဉ်လေးမို့ တကယ်ကို ချဉ်တယ် ချဉ်ပါတယ်ကွယ် ထင်တော့တာ...:)
Image Source :http://www.dreamstime.com/
Happy Birthday Ko pan thee:D
ReplyDeleteပျော်ရွင်ပါစေ.
ReplyDeleteအောက်ဆုံးအပိုဒ်လေးနဲ့ အနားသတ်သွားတာ သဘောကျတယ်
ReplyDeleteရေးတတ်လိုက်တာ..
ဟက်ပီးဘက်ဒေးပါ ဦးပန်းသီး
ဟက်ပီးဘတ်ဒေးပါ ဦးပန်းသီး..
ReplyDeleteအစ်မကလည်း စာရေးတတ်တော့ အစ်မတို့နှစ်ယောက်ပုံစံကို မျက်စိထဲ မြင်မိသလိုပဲ..
ကဲ..ကျောင်းဆရာရေ...ပါရမီဖြည့်ဖက် ကောင်းလဲ ရထားတာမို့..
ReplyDeleteဒီလင်ဒီမယား အသက်ရှည်ရှည်အနာကင်းကင်း..မွေးနေ့တွေ ဆင်နွဲနိုင်ပါစေဗျာ..
အမချစ်ရေ
ReplyDeleteပျော်ရွှင်သောမွေးနေ့မှသည် ကိုကြီးကျောက်ဆုတောင်းတဲ့အတိုင်းပေါ့
ခင်မင်တဲ့
seesein
မမ ချစ်ကြည်အေးရဲ့ ဦးပန်းသီး အားနာတတ်တဲ့ အကြောင်းလေး လာဖတ်ပါတယ်။ ပို့စ်လေးက ချစ်စရာ၊ ကြည်နူးစရာ ကောင်း၏။ ဦးပန်းသီး မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ချစ်တဲ့ အစ်မနဲ့ အတူ ထာဝရ မခွဲ အတူတူ နေနိုင်ပါစေ။
ReplyDeleteအစ်မချစ်ကြည်ရဲ့ ဦးပန်းသီး မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့...
ReplyDeleteအစ်မတို့ နှစ်ယောက် ပျော်ရွှင်စွာ နဲ့ အိုအောင် မင်းအောင် ပေါင်းဖက်ကြပါစေရန် ဆုပန်ချွေလျက်...
စုချစ်
ကိုပန်းသီး မွေးနေ့ နှစ်ပေါင်းများစွာ တိုင်ပါစေ...
ReplyDeleteကျန်းမာချမ်းသာစွာနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းပါတယ်...
သူငယ်ချင်း ချစ်ကြည်... January Born တွေ ဘယ်လောက် ချစ်စရာကောင်းတယ်ဆိုတာ သိတယ်ဟုတ်...း))
Let sing Stevee Wonder's song together"U r not alone,i'm also the same."After reading the post,i have a bag full of MUDITA.
ReplyDeleteHappy Birthday Mr.Apple.
I like the last para most:).....Gyidaw
အမချစ်ကြည်....
ReplyDeleteတော်တော်တိုက်ဆိုင်တာ၇ယ်။ မွေးနေ့ က ၁ ၇က်ဘဲကွာတာကြောင့် အမဒီပို့စ်လေးကို ကော်ပီလုပ်ပီး သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်မယ်နော်။
အမ နာမယ်နဲ့ လင့်လဲ ထဲ့ပေးမှာပါ...ဟီး။
ဦးပန်းသီးပျော်ရွှင်ကျန်းမာစွာနဲ့ ချစ်သောမချစ်ကြည်နဲ့ အိုအောင် မင်းအောင် ပေါင်းဖက်ကြပါစေရန် ဆုတောင်းလျှက်.....
ကျနော့် မွေးနေ့က နှစ်ဆန်းမှာ...မွေးနေ့လက်ဆောင် ပေးချင်ရင် အင်္ကျီက L size ၀တ်တယ် ဆိုတာ သတိရတယ် :)
ReplyDeleteဒီပို့စ်ကို ရအောင် ရောင်း... အဲလေ တင်တာကိုက ချစ်ကြည်အေးရဲ့ ကိုပန်းသီးအပေါ် ချစ်တာတွေ...မေတ္တာတွေ...❤♫♫♫
Happy Birthday
ဟားဟား အမကတော့လုပ်ပြီ။ ဟုတ်ပါပြီ နာမည်မသိတော့လည်း ကိုပန်းသီးပေါ့။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကိုပန်းသီး...
ReplyDeleteချဉ်လည်းချဉ်ပါတယ် :D
ဟက်ပီးဘတ်ဒေးပါ ဦးပန်းသီး :D
ReplyDeleteသဘောတကျနဲ့ တပြုံးပြုံးဖတ်သွားပါတယ် .. :D
ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..း)
မိုးခါး
မမချစ်ရေ မမချစ်ဦးပန်းသီးကြီးကို Happy Birthday ပါလို့...
ReplyDeleteမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ မမချစ်နဲ့ ဦးပန်းသီးတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...
မမချစ်ရေ မမချစ်ရဲ့ ဦးပန်းသီးနဲ့ ပူးတေရဲ့ မစ္စတာပီ မွေးနေ့ချင်းက ၄ ရက်ပဲကွာတယ်.. သူက ၁၀ ရက်နေ့လေ... ဒါကြောင့်ထင်တယ်... မမရေးထားတာတွေက သူ့များစောင်းရေးထားသလားထင်ရအောင်ကို ကွက်တိကျလွန်းတယ်... NTUC ပစ္စည်းတွေကိုင်ပြီး Giant ထဲကို မဝင်ချင်ဘူးဆိုတဲ့ အချိန်မှာ ရီလိုက်ရတာ အူကိုတက်နေတာပဲ.... ဒီမှာလဲ NTUC က ပစ္စည်းတွေဝယ်ပြီး ဘုရားပန်းက Cold Storage မှာပဲ လတ်လို့ အဲမှာ ဝင်ဝယ်မလို့ ပစ္စည်းတွေကိုင်ပြီး အပြင်မှာပဲ စောင့်မတဲ့လေ... အပြင်ဆိုတာတောင် အဲဒီဆိုင်ရှေ့မှာတောင်မဟုတ်ဘူး...အဝေးကနေစောင့်တယ်...
ဘာဖြစ်ဖြစ် သူဟာ မလိုအပ်ဘဲ အားနာတတ်လွန်းတယ်လို့ ကျမက မြင်မိတယ်။ ကျမကတော့ အားနာသင့်မှ နာတယ်။ ဒါကြောင့်လည်း ကျမထက် သူ့မှာ ချစ်သူခင်သူ ပိုများတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
ဒါလဲ အရမ်းတူပဲ.... :)
အောက်ဆုံးပိုဒ်လေးရေးထားတာ ချစ်စရာလေး... ကိုယ့်ငါးချဉ်မို့ တကယ်ကိုချဉ်ပါတယ်ဆိုတာလေ... :)
မမချစ်ရေ ခေါက်ဆွဲအထုတ် ပုံစံပြမယ်ဆိုတာ အကြွေးမှတ်ထားပါဦး... ဒီအကြွေးကတော့ 2011 မကုန်ခင် ဆပ်နိုင်မယ်ထင်တယ်... :P
အားနာတတ်တဲ့ ကိုပန်းသီး NTUC ကြွတ်ကြွတ်အိတ်ကြီးတွေနဲ့ အပြင်မှာ စောင့်နေပုံကို မြင်ယောင်ပြီး ရီနေမိတာ ငါးချဉ်သည်အမကြီးရေ့.. “ခင်မင်မှုအရေးကြီးတယ်၊ ငွေလေးနည်းနည်းကွာတာ အရေးမကြီး” လို့ ဆိုတတ်တဲ့အတွက် ပိုခင်သွားမိပြီ။
ReplyDeleteပျော်ရွှင်သော မွေးနေ့မင်္ဂလာပါ အကိုပန်းသီး (လူရွှင်တော် နံမည်နဲ့ တူနေပါပေါ့)။ အားနာတာကို နားလည်ခွင့်လွှတ်တတ်တဲ့ ငါးချဉ်သယ်လေးနဲ့ ဘ၀ဆုံးတိုင် ချစ်ခင်မြတ်နိုးနိုင်ပါစေ။
Happy Birthday Uncle Apple :D အမချစ်ကြည်အေး ကိုက်မစားရ၀ူးနော်
ReplyDeleteခင်တဲ့
ဆုမြတ်
ကိုပန်းသီးခေါ်ကိုငါးချဉ် မွေးနေ့မှာ လိုရာဆန္ဒတွေ အားလုံးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်း)
ReplyDeleteHappy Birthday ကိုပန်းသီး ... (စကားမစပ် အမေရိကန် ပန်းသီးလား၊ တရုတ်ပန်းသီးလား၊ သြဇီပန်းသီးလား ဟင် .. )
ReplyDeleteမင်္ဂလာ မွေးနေ့ပါ အစ်ကိုပန်းသီး။
ReplyDeleteဟက်ပီးဘက်ဒေးပါ ဦးပန်းသီး
ReplyDeleteမဂျီးချစ်နဲ. အိုအောင် မင်းအောင် ပေါင်းဖက်နိုင်ပါစေ။
Happy Birthday ပါ ကိုပန်းသီး မန္တလေးသားကြီးရေ ဒီလင်ဒီမယား ချစ်ချစ်ခင်ခင်နဲ့ သက်ဆုံးတိုင် ပေါင်းရပါစေ
ReplyDeleteချစ်ခင်စွာဖြင့်
ရွှေစင်ဦး
သီချင်းဆိုတာရော၊ စကားပြောတာရော၊ ချစ်ဖို့ရော အကုန်ကောင်းတဲ့ ကိုပန်းသီး.. နေ့စဉ်နေ့တိုင်း ပျော်ရွှင်ပါစေဗျာ.. အစ်မချစ်နဲ့ ကြင်ကြင်နာနာ ယုယုယယ ထွေးထွေးပွေ့ပွေ့ ပူးပူးကပ်ကပ် သေတပန် သက်တဆုံး ပေါင်းလည်းပေါင်း ဖက်လည်းဖက်နိုင်ပါစေဗျာ။
ReplyDeleteပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်ကျော်ဖြတ် နိုင်ပါစေသတည်း ပေါ့ဗျာ....:P
ReplyDeleteပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...... :))))
ReplyDeleteအားနာတတ်တဲ့ ကိုပန်းသီး
ReplyDeleteမွေးနေ့မှာ မဟေသီမချစ်ကြည်ရဲ့ အစွမ်းကုန် အလိုလိုက်မှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ..
ယနေ့မှစ... နေ့ရက်တိုင်း ပျော်ရွှင်သာယာသော နေ့ရက်များကိုသာ ဖြတ်သန်းနိုင်ပါစေ.. မမချစ်ကြီးရဲ့ အချစ်ကိုလည်း ပိုပိုပြီး ခံရပါစေ..
တူနှစ်ကိုယ် နားလည်ချစ်ခင်စုံမက်ခြင်းများဖြင့် တွဲလက်ခိုင်ခိုင်မြဲနိုင်ပါစေလို့ မွေးနေ့ဆုတောင်း ပေးပါရစေရှင်။
ဦးပန်းသီး ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပါရမီ ဖြည့်ဖက်နဲ့ ဘ၀ခရီး ပျော်ပျော်ကြီးလျှောက်လှမ်းနိုင်ပါစေ..
ReplyDeleteစကားမစပ် ... ပါရမီဖြည့်ဖက်ကြီးခင်ဗျာ.. နှလုံးသားမဲ့တဲ့ မိန်းမကြီးမဖြစ်ချင်ရင် အိမ်ဦးသခင် ဦးပန်းသီကို အမှီလိုက်ပါ..။။
ငြိမ်းချမ်းကြပါစေ
အမချစ်ရဲ့ ကိုငါးချဉ် (ကိုပန်းသီး)...Happy Birthday ပါ...
ReplyDeleteပျော်ရွှင်ဖွယ်ရာ ကိုပန်းသီးရဲ့မွေးနေ့ဖြစ်ပါစေ မချစ်ရေ...
ReplyDeleteပန်းသီးငါးချဉ် ချိုချိုချဉ်ချဉ်လေး စားသွားပါတယ်...
ရာသက်တိုင် ချိုချဉ်မွေးနေ့ပွဲလေးတွေကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေရှင်။
ချစ်စရာကောင်းတဲ့ ကိုကြီးပန်းသီးရေ မွေးနေ့မှစ သက်တော်ရာကျော်ရှည်ပါစေသော် အနားမှာ အသက်ရှည်ဆေးလေးရှိတော့ အစ်ကိုကြီးက သက်ရှည်ကျန်းမာအုံးမှား)
ReplyDeleteမောင်မျိုး
A very happy birthday to bro Apple!
ReplyDeleteSis, please convey my best wishes to your lovely hubby. :)
မင်္ဂလာ မွေးနေ့ဖြစ်ပါစေ အစ်ကိုပန်းသီး။ သူ့ခင်မြာ လဲ အစ်မချစ် နဲ့ပါတ်သက် ပြီးသိတဲ့ သူတွေကို အကူအညီပေးရတာနဲ့ ခဏခဏအပိုအလုပ်ရှုပ် နေမှာပါပဲဆိုတာလဲ ကိုယ်တွေ့သိထားပြီးပါပြီ။ သဘောကောင်း တဲ့ခန့်ချောကြီး ဆိုတာလဲ မြင်ဖူး ဆုံဖူးထားလို့သိပြီးပါပြီ။ အစ်မ ချစ်ရဲ့ ငါးချဉ်ပန်းသီး မွေးနေ့ပေါင်းများစွာ ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ ဘာလီ ကိုလဲ ထပ်လည်ပါဦး ၁၀၁ ကြိမ်မြောက် ဟန်းနီးမွန်း ဖြစ်ဖြစ်ပေါ့.....။
ReplyDeleteHappy Birthday ဦးဦးပန်းသီး :)
ReplyDeleteavocado
ငါးချဉ်လာ ကြည့်တာ..လတ်လားလို့..
ReplyDeleteဒါမဲ့..ပန်နီစူလားက..တထုပ်ဝယ်လာ မိ တယ်..
အဲဒါ နဲ့.. ၀င်မကြည့်တော့ပါဘူး လားလို့.. အားနာ စရာကြီး..ပန်နီစူလား ပလာဇာ ကြီးကို.. ဟိ. ဒါမဲ့..ငါးချဉ်သည် လည်း အားနာ လို့..တထုပ်ထယ်ဝယ်လိုက်အုံးမယ်..။း))
မွေးနေ့ ဆိုတော့ မှ.. ဦးပန်းသီး ကို လာပြီး နှုတ်ဆက် ပါတယ်။
မားစ် ဂြိုဟ် က..လူတွေက..တော်တော်တူ ကြ ပါတယ်...း)
မမချစ်ကြည်အေးစာတွေ ဖတ်တိုင်း အစ်ကိုပန်းသီးကို လေးစားချစ်ခင်မိပါတယ် :D...
ReplyDeleteမမချစ်ကြည်အေးရဲ့ ရွှေလက်ကိုတွဲကာ မွေးနေ့မှသည် ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အကိုရေ
ReplyDeleteအကို့ကို ပန်းသီးလို့ နာမည်ပေးထားတာနဲ့ ညီအောင်လို့
iPhone 4 မွေးနေ့လက်ဆောင် ပေးလိုက်အုံးနော် အမချစ်...။
ဒေါ်ချစ်ရေမရောက်တာကြာပေါ့ လေးလေးပန်းသီးကို ပြောပေးပါဦး တူမလေးကလဲ
ReplyDelete“မွေးနေ့မှာပျော်ရွှင်ပါစေ” လို့ ပြောတယ်လို့နော်
ဖတ်ပြီးပြုံးမိတယ် ဟုတ်တာပေါ့ ကိုယ့်ငါးချဉ် ကိုကိုယ်မချဉ်လို့ဘူ ချဉ်မတုံး ဟားဟားးးးးးးးးးးးးးး
ဟား.. ဟား... တို့ ကိုကြီးကြောင့် အစ်မချစ်တော့ လူဆိုးမကြီး လုံးလုံး ဖြစ်နေပြီ။ ပျော်စရာမွေးနေ့ ပါ ကိုကြီးပန်းသီးရေ...
ReplyDeleteHappy Belated Birthday to your beloved husband, Ma Ma CKA.
ReplyDeleteမွေးနေ့ဆုတောင်းတွေကို အိမ်ကလူကြီး ကိုပန်းသီးကို ပေးဖတ်လိုက်ပါတယ်။ ပြုံးပြုံးကြီး ဖတ်ရင်း အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတဲ့:)
ReplyDeleteကဲ သူ့ကိုယ်စား ပြောလိုက်ပါပြီနော်....
မွေးနေ့မှာ ပျော်ရွင်ချမ်းမြေ့ကြပါစေခင်ဗျာ....။နဲနဲတော့နောက်ကျသွားတယ်...:)
ReplyDeleteချစ်ချစ်ဦးပန်းသီးကြီးက ချစ်စရာကြီးတော့း)
ReplyDeleteကွန်မန့်တွေကလဲ ပျော်စရာ ပြုံးစရာ တပြုံကြီးနဲ့ ... ဦးပန်းသီးကို ပြောပေးပါ ။ ဦးပန်းသီးနဲ့ ချစ်ချစ် ပျော်ရွှင်ဖွယ်မွေးနေ့တွေကို နောင်နှစ်ပေါင်းများစွာ တူယှဉ်တွဲလို့ ဖြတ်သန်းနိုင်ပါစေလို့ ညီမလေးလဲ ဆုတောင်းကြောင်း.....နော် ...
မင်္ဂလာပါ မချစ် ..
ReplyDeleteဟက်ပီး ဘတ်ဒေးပါ ကိုပန်းသီး .. :D
mks
ဟက်ပီးဘတ်ဒေးပါ အစ်ကိုပန်းသီး....။ ဒီနေ့ကစပြီး ချစ်စရကောင်းတဲ့ အစ်မနဲ့အတူ သက်ဆုံးတိုင်လက်တွဲနိုင်ပါစေ...။
ReplyDeleteခင်တဲ့
မိုးငွေ့
ငါးချဉ်လေးကစားလို့ကောင်း..အဲလေဖတ်လို့ကောင်းလိုက်တာ...ကိုပန်းသီးအပေါ်မှာထားတဲ့မချစ်ရဲ့အချစ်တွေကိုအထင်းသားမြင်တွေ့ရလို့
ReplyDeleteကာယကံရှင်ကိုပန်းသီးကတော့သဘောတွေကျပြီးသွားတွေတောင်အအေးပတ်နေရော့မယ်နော်...ယနေ့မှစ..နှစ်တစ်ရာတိုင်..မချစ်တို့ဇနီးမောင်နှံမွေးနေ့တိုင်းပျော်ရွှင်စွာအတူဆင်နွှဲနိုင်ပါစေ...။
အစ်မရေ ညီမကတော့ ပန်းသီးကို လုံးးးးဝမကြိုက်ဘူးရယ် :P၊ အယ်...ငါးချဉ်သုပ်တော့ သိပ်ကြိုက်။
ReplyDeleteအိုအောင်မင်းအောင်တိုင် ပျော်ရွှင်ဖွယ်မွေးနေ့လေးတွေကို ပိုင်ဆိုင်နိုင်ပါစေရှင်။
ဟယ်တော် ... ခုမှရောက်တော့တယ် ... ကိုပန်းသီးဆိုတာ ကိုငါးချဉ်ကို ပြောတာပါလား။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ အားနာတတ်တဲ့ ကိုငါးချဉ်ရေ။ ပြောရင်း ငါးချဉ်တောင်စားချင်လာပြီး)
ReplyDeleteမွေးနေ့အမှတ်တရပို့စ် တင်ထားမှန်းတောင် မသိလိုက်လို့ Happy Birthday ဆုတောင်းပေးဖို့ နောက်ကျသွားတာ ဆောရီးပါနော့်။ ကိုပန်းသီး မွေးနေ့အနှစ်တရာကျော်အောင် ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုရှိရှိ ဖြတ်သန်းနိုင်ပါစေ။ ဒါနဲ့တချို့က ငါးချဉ်ကို သိပ်ချဉ်ရင် မကြိုက်ကြလို့ ငါးချဉ်က ချဉ်တိုင်းလည်း မကောင်းဘူးနော့်။
ReplyDeleteမွေးနေ့ကျော်မှ နောက်ကျပြီး လာဆုတောင်းဖြစ်တယ် အမရေ၊
ReplyDeleteအလုပ်များနေလို့၊ ကိုပန်းသီး ပျော်ရွှင်ပါစေ။
မောင်လေး၊ ညီမလေး၊ ကိုMKS ၊ ညီမ မိုးငွေ့၊ သူငယ်ချင်းစုစု၊ ညီမ Crystal ၊ သူငယ်ချင်း ဆွိ၊ မငယ် နဲ့ ကိုအောင်....နောက်ကျမှ ရောက်လာပေမဲ့ အပေါက်ဝက လှည့်ပြန်မသွားဘဲ ဆုတောင်းပေးခဲ့ကြတဲ့ အတွက် သူငယ်ချင်းများ ရေးဖော်များကို ကျေးဇူးတင်ပါတယ်နော်....:)
ReplyDeleteဟာ....သွားပါပြီ....အားနာတတ်တဲ့ ကိုကြီးပန်းသီးကို
ReplyDeleteဒီတစ်ခါတော့ ဂျင်းက အရမ်းအားနာသွားရပြီ....
မွေးနေ့ပိုစ့်မှန်းလုံးဝမသိလိုက်ဘူး....
ဆုတောင်းကတော့နောက်ကျတယ်ရယ်မရှိပါဘူးလေ...နော်....
ကိုကြီးပန်းသီးရော ကိုကြီးပန်းသီးကတော် မကြီးပန်းသီးရော....
ဘ၀တစ်လျှောက်လုံး လက်တွဲမဖြုတ် တစ်ဦးနဲ့တစ်ဦးကြင်ကြင်နာ သေတစ်ပန်သက်တစ်ဆုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ပြည့်စုံစွာ လျှောက်လှမ်းနိုင်ကြပါစေ.....။