Sunday, January 23, 2011

ချစ်သူတို့ရဲ့ တိမ်ပြာပြာနေ့တနေ့

မိုးအောက်မြေပြင်တလွှားမှာ ရှိကြတဲ့ ချစ်သူတွေအတွက် တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးဟာဖြင့် အင်မတန်မှ စိတ်ကူးယဉ်မင်္ဂလာပွဲ ဆင်နွှဲလို့ကောင်းတဲ့ နေ့လေးတနေ့ပါပဲ။ အဲဒီ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်သွားကြပြီဖြစ်တဲ့ ချစ်စရာ စုံတွဲလေးတတွဲရဲ့ မင်္ဂလာပွဲကို ကျမ ဒီနေ့ တက်ရောက်ခွင့် ရခဲ့တာကြောင့် ရင်ထဲကို အပျော်တွေ ကူးစက်စေခဲ့တဲ့ အဲဒီ မင်္ဂလာပွဲလေးအကြောင်း ပြန်လည်မျှဝေချင်ပါတယ်။

ဒါက တက်ရောက်လာသူတိုင်းအတွက် စားပွဲတင် လက်ဆောင်ပါ...


ခမ်းမထဲက တက်ရောက်ကြသူတွေ....


အပြုံးတွေ အပျော်တွေနဲ့ ချစ်ကြသူ နှစ်ယောက်...


မိဘဆွေမျိုးတွေနဲ့ အတူတူ.... 


ဒါက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ နေ့လည်စာ...









အားလုံးစားသောက်ပြီးကြတဲ့အခါ ညစာများ ကျွေးဦးမလားလို့ စောင့်ကြသေးတယ်။ အမ်စီလုပ်တဲ့ အမျိုးသားက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ ဒင်နာလို့ချည်းပဲ ပြော ပြောနေတာကြောင့် ကိုယ်တွေက မျှော်လင့်မိတယ်လေ။ ဘာမှ ထပ် မလာတော့တာ သေချာသွားမှ ပြန်ဖို့ ပြင်ရတယ်။ ဒါတောင် ချက်ချင်းမထနိုင်သေးဘူး။ လူက ထနိုင်ပေမဲ့ ဗိုက်က မထနိုင်ဘူး ဖြစ်တယ်။

ခုလို သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ကြရတာ လောကဓမ္မတာပဲ မဟုတ်ပါလား။ ချစ်ကြသူတွေချင်းမို့လည်း ပိုပြီး ပျော်စရာ ကြည်နူးစရာ ကောင်းနေသေးတော့တာ။ "မောင်လေးTZAနှင့် ညီမငယ် ဖြူ"တို့ ရာသက်ပန် ချစ်ကြင်မြတ်နိုးစွာ ပေါင်းဖက်ကြ၍ သားသား မီးမီးလေးများ ဘောလုံးတသင်းစာ ထွန်းကားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အို...ဘာဖြစ်တုန်းနော် ကိုယ်က ယောင်္ကျားလေးရှင်ဘက်ကပဲဟာ....:)

ပုံတွေ တင်ခွင့်ပေးခဲ့သော မောင်ငယ် TZA အား ကျေးဇူးတင်စွာဖြင့်...


24 comments:

  1. တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်
    မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ်။

    ဆက်မဆိုတော့ဘူး၊ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တော့မယ်။ :D

    စားပွဲနံပါတ် ၉ မှာ ထိုင်ခွင့်ရအောင် စီစဉ်ပေးတဲ့ မင်္ဂလာသတို့သားကို ကျေးဇူးတင်ပါတယ်လို့....နော် မချစ်။

    ReplyDelete
  2. မင်္ဂလာပွဲကို ဓာတ်ပုံများကနေတဆင့် တက်ရောက်သွားပါတယ်...
    ကျွေးကျွေး မကျွေးကျွေး စားသွားပါတယ်...
    မင်္ဂလာမောင်နှံလည်း ကြင်ကြင်နာနာနဲ့ ရာသက်ပန် ပေါင်းရပါစေလို့ ဆုတောင်းပေးသွားတယ်နော်...

    ReplyDelete
  3. ကြည့်ရတာနဲ့တင် ပျော်စရာကြီးပဲ..။
    မချစ်ကြည်အေးလဲ..
    များများစားခဲ့တာပေါ့..။

    ပေါက်

    ReplyDelete
  4. ပြီတီဦး နဲ့.. အူငဲ ပွဲ ထက် ပို ကြည့်လို့ ပျော်ဖို့ ကောင်းတဲ့.. တီဇက်အေ ရဲ့.. မင်လာဆောင်ကို..ဒီကနေ .. အတူ ဆုတောင်းပေးပါတယ်.. မင်္ဂလာ မောင်နှံ ရေ...

    အရေးကောင်း..အပြောကောင်းတဲ့..သတို့ သား ကြောင့်..သတို့ သမီး တော့..အသက်ရှည် ပျော်ရွှင်ပေ တော့မည်..း)

    ReplyDelete
  5. ဟုတ်ပါ့၊ ကြည့်ရတာကို ပျော်စရာကြီးပဲ။ ဘလော့ဂါတွေ နဲ့ စည်ကားနေတဲ့ မင်္ဂလာပွဲလေး ဖြစ်နေမှာပေါ့။ သတို့သား သတို့သမီး လဲ လှကြပါပေတယ်။

    ReplyDelete
  6. ထပ်စားချင်လိုက်တာ

    ReplyDelete
  7. အားလုံးကိုကျေးဇူးတင်ပါတယ်၊ အဖြူရောင်နတ်သမီး တောင်းပေးတဲ့ဆုကို ပြည့်လိုပါတယ်၊ ပေါက်ကိုတော့ ပွဲလုပ်ရင်းတန်းလန်း စီဘောက်မှာ ကျေးဇူးသွားတင်လိုက်သေးတယ်၊ ကေသွယ်တို့သာ စလုံးမှာရှိရင် ဖိတ်ဖြစ်ဦးမှာ၊ အမချိုသင်းရောပဲ (နာ့ကိုလှတယ်ပြောလို့)၊ ရီတာရေ.. အတူတူပဲ၊ ဘာမှမစားလိုက်ရဘူး..

    ReplyDelete
  8. သတို့သားနဲ့ သတို့သမီးရော ချောတယ်နော့။ ဟိုဖက်က ကိုးရီးယားအခန်းဆက်ကို စိတ်မရှည်ဖြစ်နေတား) ကျေးဇူး အကြည်ရေ။

    ReplyDelete
  9. ရှယ်ပဲ.. သတို့သမီးသစ်စက်စက်က လှနေရော.. (သတို့သားလည်းပါပေးလိုက်ပါတယ်) :P

    ReplyDelete
  10. မင်္ဂလာအပေါင်းနှစ် ပြည့်စုံကြပါစေ...လို့း))

    ReplyDelete
  11. Congratulations TZA. Hope you will have many thar thar mee mee... So you can contribute well to SG :P.

    ReplyDelete
  12. ဟုတ်ပါ့ ပျော်စရာကြီးဗျာ.... ၂ယောက်လုံး လှ၏။ ချော၏....

    ReplyDelete
  13. TZA ဆိုတာ ကွန်မန့်လာလာရေးနေတာတော့သိတယ် လူကိုခုမှမြင်ဖူးတာ..။
    မောင်လေးနဲ့ ညီမလေး ရာသက်ပန် အိုအောင်မင်းအောင်ပေါင်းရပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  14. ပျော်ရွှင်သာယာချမ်းမြေ့သော အားကျဖွယ် ဇနီးမောင်နှံဖြစ်ကြပါစေ..
    ပျော်ရွှင်ကြည်နူးစရာ မင်္ဂလာပွဲလေးက အားကျစရာ အတိပါဘဲ။
    အစားသောက်တွေလည်း စားချင်စရာတွေကြီးဘဲ..
    ရာသက်ပန်ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေ

    ReplyDelete
  15. ကြိုဖိတ်ရင် လာမှာပေါ့ .. စလုံးမှာ မရှိလို့ မဖိတ်ဘူးဆိုတာတော့ ဟုတ်သေးပါဘူး တီဇက်အေရယ်...သတို့သမီးထက် သတို့သားက ပိုချောပါတယ်( သတို့သမီးတော့ ဘလော့မဖတ်ဘူးမလားဟင်)

    ReplyDelete
  16. ၁)သတို့သမီးရဲ့ဆံပင်မျိုး ကောက်ချင်လို့....
    ၂) အစားအစာတွေချည်း တခေါက်ထပ်လာကြည့်တယ်။
    ၃) တီဇက်အေက အဖေတူသားဖြစ်ကြောင်း ထပ်လာပြောတယ်။
    ၄)ယနေ့မှစ နှစ်တရာတိုင်စေ လို့ လဲ ဆုတောင်းပေးပါတယ်။
    အမခင်မင်းဇော်
    အပေါ်က အနောနီးမတ်ကလဲ အမပါပဲ။

    ReplyDelete
  17. ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေးပဲ.. သန့်သန့်တို့မောင်နှံ ထာဝရ ငြိမ်းချမ်းပျော်ရွှင်ကြစေဖို့ အတူ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  18. ကာယကံရှင်က မတင်ပဲ ကိုရီးယားကားလို ရှည်လျားပေများနေတာ..
    ခုမှ ကြည့်ရတော့တယ်..အဟင်း..ဟင်း..ရှေ့ကပြေးနှင့်ဦးပေါ့ကွယ်..
    စားစရာတွေ ကြည့်ပြီး..မနွှဲလိုက်ရတာ နာသကွာ...

    ReplyDelete
  19. ကြည့်သွားတယ်... တရားသဘောတစ်ခု ရလိုက်တယ်.

    ReplyDelete
  20. ခက်ပီ .... အစားအသောက်တွေကို ဒီနေ့အထိပြန်မြင်ယောင်ပြီး စွဲနေလို့ပါဆို ဒီပုံတွေလာကြည့်လိုက်ခါမှ ပိုဆိုးသွားပြီ.... (နောက်တစ်ပွဲ နားစွင့်ထားလိုက်ဦးမယ်....) :D

    သတို့သားရော သတို့သမီးရော အရမ်းအရမ်းကို ချောပါသည်...(ကလေးကင်ပွန်းတပ်လည်းဖိတ်အောင်လို့... ဘောလုံးတစ်သင်းစာ အရေအတွက်နဲ့အညီဆို ပွတာပဲ....) :D

    ဂျင်းစုတ်

    ReplyDelete
  21. ပျိုပျိုတွေဝိုင်းနေ တဲ့တို့ ဒတ်ဘုံ ဆြာ ဘလောဂါ အကောင်းစားလေးပါသွားပြီ။နှမြောပါဘိ။
    ဘိရုမာမလေး

    ReplyDelete
  22. ယနေ့မှ စ၍ နှစ်တရာတိုင် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနိုင်ပါစေဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  23. rachel.. ကိုးရီးယားအခန်းဆက်က မိုက်ပါတယ်၊ စိတ်ရှည်ရှည်ထားပေးပါ၊ ဟားဟား..

    ★Craton.. သိုင်းကျူး.. ကွင်းစကွင်းပိတ် ကယ်သွားလို့ပေါ့။

    အိမ့်ချမ်းမြေ့.. ကျေးဇူးအထူးတင်ပါတယ်ဗျာ..

    P.Ti.. မွေးတာလွယ်ပြီး ကျွေးတာခက်တဲ့ ခေတ်ကြီးမှာဗျာ၊ မလုပ်ပါနဲ့.. ဟဲဟဲ..

    Heartmuseum.. ကျေးဇူးအထူးတင်ပါ၏။

    မိုးငွေ့.. ပေးတဲ့ဆုနဲ့ ပြည့်ရပါစေခင်မျာ။

    ချော(အစိမ်းရောင်လွင်ပြင်).. ကျေးဇူးပါခင်မျာ၊ တကယ်ပါ။

    အမခင်မင်းဇော်.. တခြားနေရာက သယ်ရင်းတွေကို အားနာလို့ မဖိတ်ဖြစ်တာပါ၊ ဖိတ်ချင်စိတ်ကတော့ အင်မတန်ရှိနေပါတယ်၊ အဟုတ်ပြောတာ။

    pandora.. ကျေးဇူးပါပန်ပန်..

    ရွှေရတုမှတ်တမ်း.. ကိုကြီးကျောက်ရှေ့ကပြေးရတာ ပျော်တယ်ဗျာ၊ ပျော်တယ်ဗျာ၊ ဟဲဟဲဟဲ..

    မိုးယံ.. လက်ထဲကပုတီးကို ချလိုက်ပါ၊ ဟဲဟဲ..

    အင်ကြင်းသန့်.. တို့တွေမွေးပေးမယ်၊ ညည်းထိန်းပေးမလား??

    ဘိရုမာမလေး.. ဝိုင်းနေတဲ့ပျိုပျိုတွေကို တချက်ပြောပေးပါ၊ အကြွေးဆပ်စရာ မရှိဘူး၊ လိုချင်ရင် လူကိုသာ အပိုင်သိမ်းသွားပါလို့..

    ရွှေစင်ဦး.. ကျေးဇူးတင်ပါတယ်ဗျာ၊ ဆုတောင်းပေးသူတွေလည်း လိုချင်တာတွေ ပြည့်နိုင်ကြပါစေ။

    ReplyDelete
  24. congratulations, Phyu Thandar Kyaw

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...