Friday, January 14, 2011

၂၀၁၁ ဟောစာတမ်း

နှစ်ဟောင်းတနှစ် ကုန်ဆုံးခါနီးမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က အဆင်မပြေတာတွေ၊ အညံ့တွေ ကြုံတွေ့ရတိုင်း ထွက်ခတ် ခတ်တယ်၊ အဖျားခတ်တယ် လို့ ပြောဆိုလေ့ရှိကြတယ်။ တဖက်က အဲသလို ပြောလေ့ရှိကြပြီး တဖက်ကလည်း လာတော့မဲ့ နှစ်သစ်ရောက်ရင်ဖြင့် အကောင်းဘက် ပြောင်းဖို့ မျှော်လင့်တကြီး ရှိနေတတ်ကြပြန်တယ်။ အစစ အရာရာ အားလုံး မကောင်းရင်တောင်မှ ပို၍ကောင်းသော နှစ်သစ်ဖြစ်ဖို့တော့ မျှော်လင့်တတ်ကြတယ်။ အဲသလို မျှော်လင့်ကြရုံနဲ့ နှစ်သစ်ကြီးက အကောင်းတွေ သယ်ဆောင်လာစတမ်းသာဆို ကျမတို့ အားလုံး ထိုင်ပြီး စုပေါင်း မျှော်လင့်ပွဲကြီး လုပ်ကြပါစို့ရဲ့။

အကောင်းတွေ ဖြစ်လာဖို့ ဆိုတာက မိမိရဲ့ လုပ်ရပ် နဲ့ စိတ်ထားတတ်မှုတွေ အပေါ် မူတည်နေတာလေ။ နှစ် တနှစ်၊ လ တလ၊ ရက် တရက် အပေါ်မှာ တည်မီနေတာမှ မဟုတ်ဘဲ။  အဆိုးတွေ လုပ်နေရင်း အကောင်းတွေ ရဖို့ မျှော်လင့်နေတာ တရားပါ့မလား။ နှစ်သစ်ကြီးက ဘယ်လောက်ပဲ အေးချမ်းမှုတွေ သယ်ဆောင်လာလာ မိမိ ကိုယ်တွင်းက လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့ ပြည့်နေရင်၊ ဣဿာ မေစ္ဆရိယ မိမိရှိတာ မလှူမတန်း၊ မပေးမကမ်းလိုတဲ့စိတ်၊ မလိုမုန်းထားစိတ်တွေနဲ့ အတွင်းကြိတ် လောင်မြိုက်နေရင် ဘယ်လိုလုပ် အေးချမ်းနိုင်ပါ့မလဲ။ ဒီတော့ မိမိကိုယ်တွင်းက အတွင်းလှိုက်လောင်နေတဲ့ ကိလေသာမီးတွေကိုသာ အရင်ငြိမ်းအောင် အားထုတ်ဖို့ လိုပါတယ်။ ကိုယ်တွင်းမီးတွေသာ ငြိမ်းရင် ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာပဲ ဖြစ်ဖြစ် အေးချမ်းနေမှာ မုချပါပဲ။

စကားစပ်မိတုန်း ကျမတို့အတွက် ၂၀၁၁ ဟောစာတမ်းလေးအကြောင်း ပြောပြပါဦးမယ်။ ယုံဖို့ မယုံဖို့ ဆိုတာထက် တခါတလေ စိတ်ထွက်ပေါက် တခုအဖြစ် ကျမ မေးကြည့်လေ့ ရှိပါတယ်။ သူကတော့ ၁၀နှစ်စာ အထူး ဟောစာတမ်းလို့ ဆိုထားပါတယ်။

၂၀၁၁မှာ အိမ်ထောင်ဖက်နဲ့ မျက်နှာချင်းဆိုင်လို့ မရ ဖြစ်တတ်တယ်တဲ့။ မျက်နှာချင်းဆိုင်တာနဲ့ စကားများရကိန်း ရှိတယ်တဲ့လေ။ စကားမများရအောင် အိမ်ကလူကြီး တွေ့ရင်ပဲ ကျောချင်း ပြေးကပ်ထားရတော့မလိုလို။ ပြီးတော့ ပြောထားသေးတယ်။ လင်မယား ရန်ဖြစ်လေ စီးပွားတက်လေ ဖြစ်မဲ့နှစ်တဲ့။ ဖြစ်ရလေ....စီးပွားတက်အောင်ပဲ အိမ်ဧည့်ခန်းအလယ် လက်ဝှေ့ ကြိုးဝိုင်းဆောက်ပြီး နှစ်ယောက်သား အပီ ဖဲ့ကြရတော့မလိုလို။

ကျန်းမာရေး အညံ့ရှိတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှဖြစ်မယ်။ မိသားစုထဲက အကြီးအကဲ ကျန်းမာရေး အလွန်ညံ့မယ်တဲ့။ မှန်လိုက်တာ ဆရာရယ် ကြည့်ပြောနေသလိုပါပဲ လို့သာ ပြောလိုက်ချင်တယ်။ ဒီလောက် ယေဘူယျကျတဲ့ အဟောအပြောတွေက လူတိုင်းလိုလိုအတွက် ပစ်မလွဲ ဖြစ်နေမဲ့ ဟောကိန်းတွေ မဟုတ်လား။  ကျမ ဗေဒင်နဲ့ လက္ခဏာ ပညာရပ်တွေကို စော်ကားနေတာ မဟုတ်ပါဘူး။ လူတွေ...တချို့ ဟောပြော လုပ်စားနေကြတဲ့ လူတွေကိုသာ ပြောချင်တာပါ။ ပညာရှင် အစစ်တွေ ရှိကောင်း ရှိမှာပါ။ သို့သော် အတုနဲ့ အစစ် လွယ်လွယ် ခွဲမရတဲ့ ခေတ်ကြီးမှာ ယုံလွယ်သူတွေအပေါ် လုပ်စားနေကြသူတွေ များလွန်းလို့ သတိထားဖို့ လိုပါတယ်။ အဲသလိုမှ မဟုတ်လို့ကတော့ တန်းစီပြီး ငွေပေး အလိမ်ခံကြဖို့သာ ရှိပါတော့တယ်။

တကယ်တော့ လက္ခဏာ၊ ဗေဒင်ပညာတွေ ဆိုတာက မိမိရဲ့ ကံလမ်းကြောင်းကို စစ်ဆေးပြီး ရှေ့ တွေ့လာမဲ့ အကောင်းအဆိုးတွေကို သတိပေးနိုင်တဲ့ ပညာလို့ ကျမ နားလည်မိပါတယ်။  မိမိရဲ့ ကံလမ်းကြောင်းဆိုတာကလည်း မိမိကိုယ်တိုင် ပြုခဲ့သမျှ အကောင်းအဆိုးတွေရဲ့ အကျိုးပေးပဲ ဖြစ်တာမို့ စာရင်းချုပ်လိုက်တော့ မိမိရဲ့ စိတ်ထား နဲ့ လုပ်ရပ်သာလျှင် ပဓာနကျနေပါတယ်။ 

အားလုံးသော ကျမရဲ့ မိတ်ဆွေများ ၂၀၁၁မှာ လုပ်ရပ်ကောင်းများကို စေတနာကောင်းထား၍ လုပ်ဆောင်ကြပြီး ကောင်းသော အကျိုးပေးများ ရရှိ ခံစားနိုင်ကြပါစေ...


24 comments:

  1. အင်း.. ထားဦးမှပဲ စိတ်ကောင်းလေးဘာလေး :P

    ReplyDelete
  2. ၂၀၁၁ မှာ.. အသက် တနှစ် ကြီးမယ်.. ( တိန် )း)

    ReplyDelete
  3. တွန်တွန်...ဒါပေါ့ မွေးကို မွေးရဦးမှာ...စိတ်ကောင်း ပြောပါတယ် :)
    ညီမလေး ဟုတ်တယ် အားထုတ်ရမယ် ပြည့်ပါစေနဲ့တင် မရဘူး :)
    ကေ...တိန် တွေ ခေတ်စားနေတယ် ဟိဟိ....:P

    ReplyDelete
  4. သမီးတော့ ဗေဒင်လုံးမ၀ယုံဘူး အပိုတွေ
    စိတ်ကောင်းရှိ သီလမြဲ ၀ိပသနာစွဲရင် အကုန်အဆင်ပြေမှာပါ ....။

    ReplyDelete
  5. ဟောစာတမ်း ထုတ်လိုက်အုံးမယ်... ဟဲဟဲ

    ချစ်ချစ်တယောက် နေ့ခင်းကြောင်တောင်ကြီးမှာ ပိုစ့်အသစ်တင်ပြီး ကော်မန့်တွေ ပြန်နေတယ်ဆိုတော့ မဟုတ်မှလွဲရော...
    အိမ်မှာပဲ ဖြစ်ရမယ်...။

    ReplyDelete
  6. မှန်ပါတယ်ကွယ် ညီမလေး ဆုမြတ်က တမှတ်...:)

    ညီမလေး သက်ဝေ မှားပါတယ်ကွယ်...တို့ ရုံးမှာပါ တကယ်...အဟုတ်...:P

    ReplyDelete
  7. ခရီးက ပြန်ရောက်တာ မကြာသေးဘူး။ အလုပ်တွေ ပုံနေတယ်။ ရုံးမှာ ရှင်းရမယ့် အလုပ်တွေ အများကြီးပဲ။ ဘောစ်က လဲ လျာထားချက် မှီအောင် လုပ်ဖို့ ခဏခဏ သတိပေးနေတယ်။ ဒီကြားထဲ ရတဲ့ အချိန်ကလေး လုပြီး ဘလောဂင်း နိုင်သေးတယ်။ (တယ်ခက်တဲ့ငါဘဲ)

    ကိုယ့်ကိုယ် ကို ပြောပါတယ်။ ဘယ်တူ့ကိုမှ မချိုလိုပါဝူး :P

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. 2011 မှာတိုင်းပြည် အင်အားရှိမယ်... လူတွေ မှိုင်းတိုက်ခံရမယ်.. သာနာ မှေးမှိန်အောင်လုပ်မယ့်လူတွေပေါမယ်.. မိုးယံ တစ်ကောင် ဆက်လက်ပေါမယ်... မ ချစ်ကြည် အလုပ်ထဲမှာ ခိုး ဂင်းမယ်... ဂွီ။

    ReplyDelete
  10. ၂၀၁၁ မှာ အဆိုးတွေ ဝေးပြီး အကောင်းတွေပဲ ကြုံပါစေ..

    ReplyDelete
  11. ဟားဟားဟား ရယ်ရတယ် ကိုသောမတ်စ် လူကို လာနောက်နေတယ်.....။ နိုးပရော်ဗလန်ပါ...တို့များက မာလတီတတ်စ်စကာ ဟက်ဟက် :P

    မိုးယံ...ဟယ်...ရေးပြီးသားလေး အချောသတ် တင်မိတာပါအေ... ပိတ်သတ်ကြီး ဖတ်စေချင်လွန်းလို့ မအားတဲ့ကြားက ခိုး ဂင်းရတာပါ နားလည်ပေးပါ ပိတ်သတ်ကြီးရယ်...:)

    ညီမဂါဂါ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်....:)

    ReplyDelete
  12. အမလေးတစ်ယောက် ရုံးမှာအလုပ်ပါးနေတယ်လို. ဟောလိုက်မယ် ၊ ရုံးကနေ ကွန်မန်.တွေ ရေးနိုင်လို. ခွိခွိ

    ReplyDelete
  13. အမချစ်တို့ ဟောခန်းဖွင့်လို့ရပြီ ဘုရားကြီးမှာ ဆိုင်ဖွင့်ကြစို့
    ဗေဒင်ဆြာချစ်ပေါ့ နေရာကောင်းလေးရထားတော့ အဆင်တွေပြေချက်ဗျာ လူတိုင်းစိတ်စေတနာကောင်းရှိရင် ကံကောင်းခြင်းတွေ ရှိမှာပါ
    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  14. ဗေဒင်မယုံပေမဲ့ Magazine တွေထဲပါတဲ့ ဟောစာတမ်းအတိုလေးတွေတော့ အပျော်လျှောက်ဖတ်ဖြစ်တယ်.... လွဲတာများတယ်... ကိုယ်တိုင်ကမယုံလို့ထင်ရဲ့ :)

    ReplyDelete
  15. အင်
    ခေါင်းစဉ်ဖတ်ပြီး အစ်မချစ်များ ဗေဒင်ဟောနေသလားလို့
    မှန်ရင် ညီမအတွက်ပါ ဟောခိုင်းမလို့ပါဆို။။
    ပြီးတော့ ယတြာကောင်းကောင်းလေးလည်းလိုချင်တယ်..
    တွေ့တဲ့သူတိုင်းက ပိုက်ဆံချေးပေးချင်စိတ်ပေါ်လာတဲ့ ယတြာလေးရှိရင် မ စပါ အစ်မရယ်..
    ပိုက်ဆံတွေ အများကြီးရရင် ပြန်မဆပ်ဘဲ ထွက်ပြေးမလို့ ဟိဟိ
    အစ်မ လက်ဝှေ့ပွဲလုပ်ဖြစ်ရင် အကြောင်းကြားနော် သတင်းနဲ့ ဓာတ်ပုံလာယူမလို့း)

    ReplyDelete
  16. ဘေးဘရာတွေ ကင်းဝေအောင် ဘရာကြော်ရောင်းတဲ့ ကုလားဆီ
    က ဘရာကြော်သုတ် အကြွေးဝယ်စားထားလိုက်မယ် အမ ...

    ReplyDelete
  17. မှန်ပါ့ အစ်မရာ။ ဗေဒင် ဆိုတာကိုလည်း ကျနော်က ဒီလိုပဲ ခံယူထားတာပါ။
    ယုံတာ မယုံတာ အသာထားပေါ့။
    “ တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်။ ရဝေနွယ်-အင်းမ ”
    ရေးတဲ့ စာလေး ဆိုရင် အရမ်းကို တန်ဖိုး ရှိတာပါ။ အခုလိုပဲ ကံအကြောင်းကို ဖွင့်ဆိုပြထားတာပါ။ အင်း . . . .

    ဒါနဲ့ ဧည့်ခန်းမှာ လက်ဝှေ့ကြိုးဝိုင်း ဆောက်ရင် ပြောဦးနော်။
    ဒိုင်လုပ်ချင်လို့ပါ ( မိုက်တိုင်ဆန် လိုပေါ့ ဟဲဟဲ )

    ReplyDelete
  18. ကြာကြာစံရအောင် တတိုင်းပြည်လုံး ကို ကြာဇံကျော် ကြွေးမယ်တဲ့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  19. ဗေဒင်ပညာကို တကယ့်လေ့လာကြည့်ရင် တကယ်စိတ်ဝင်းစားဖို့ကောင်းတယ်..
    ဗမာပြည်မှာက ပညာလေးမတောက်တခေါက်တတ်ပြီး ဆရာအမည်ခံကလုပ်စားတွေများနေတာ့ ဗေဒင်ပညာခမြာ နာမည်ပျက်ရတာ..
    ဒါပေမဲ့ မြတ်စွာဘုရားကိုယ်တော်တိုင်က ဒီပညာကို အကြွင်းမဲ့ ပုံမယုံကြည်ဖို့ ဆုံးမခဲ့တယ်..သိဒ္ဓတ္ထမင်းသားဖွားတော်မူစဉ်က အရှငိကေဏ္ဍည အလောင်းအလျာ ပုဏ္ဏားလေးက လက်ညှိုးတချောင်းပဲထောင်ပြီး ဘုရားစင်စစ် ဧကန်ဖြစ်မယ်လို့ ဟောခဲ့တာပဲ..ပညာရပ်တခုကို ကိုယ်မသိပဲ မတတ်ပဲ မယုံဘူးလို့ ရမ်းမပြောသင့်ဘူး..

    ReplyDelete
  20. ကိုZ>>>ဟုတ်ပါ့ အလုပ်က ပါး ဂျာကြီးက မရှိ....ဆိုတော့....:P
    ဆီစိမ်>>> ကြာသလားလို့ ဘုရားကြီးမှာ တခန်း ယူလိုက်လေ...
    အတော်ဆိုးတဲ့ မချော ကောင်းတာတွေ လုပ်ပါ ဆိုမှ ငွေတွေဘုန်းပြီး ပြေးချင်သေးတယ် သူက...:)
    ကိုအောင်...သွားစားရင် ငါ့လည်းခေါ်ဦး ဟိဟိ :)
    မောင်ဇော် ခေါ်မယ်လေ မိုက်တိုင်စန်လိုတော့ နားရွက်သုတ် မစားကြေး...:)
    အမရွှေဇင် ကြာဇံကြော်နဲ့ သနပ် စားကြတာပေါ့ သရက်သီးတို့ မရမ်းသီးသနပ်တို့ ပြောပါတယ်...:)
    ဟုတ်တယ် ကိုကြီးကျောက် ပညာက ကောင်းရက်နဲ့ လူတွေဖျက်နေတာ...:)

    ReplyDelete
  21. ဝက်ဝံလေးSat Jan 15, 09:10:00 PM GMT+8

    များကိုလဲ ဟောပေးပါ မမချစ် ခစ်ခစ်

    ReplyDelete
  22. ဘယ်လိုပဲဖြစ်ဖြစ်
    ၂၀၁၁မှာ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေရော ကိုယ်ဝါသနာပါရာတွေကိုပါ ကျန်းမာရွှင်လန်းစွာ အေးအေးချမ်းချမ်း ဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  23. ဂျင်းလည်း ငယ်ငယ်လေးကတည်းက ဗေဒင်တွေ လက္ခဏာတွေကို မယုံတတ်ခဲ့ဘူး....လူတစ်ယောက်ရဲ့ကံက သူ့ရဲ့လုပ်ရပ်နဲ့ စိတ်စေတနာပေါ်မူတည်ပြီးအချိန်မရွေးပြောင်းလဲနေတတ်တယ်ဆိုတဲ့ အချက်ကိုလုံးဝ လက်ခံထားတယ်။း))

    ReplyDelete
  24. မမရေ လာလည်သွားပါတယ်။ ဟောစာတမ်းဖတ်ပြီး ပြုံးစိစိဖြစ်သွားပါကြောင်း...

    လင့်ခ်လေး ယူသွားပြီနော်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...