ဖော်ဝပ်မေးလ်က ရတာလေးပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဆေးဖို့၊ သွေးဖိအား ကျစေဖို့ တနေ့ကို ရေ ၇လီတာကျော်သောက်တဲ့ အသက် ၂၆နှစ်အရွယ် ထိုင်ဝမ် အမျိုးသမီး တယောက် အမြင်အာရုံ ပျက်စီးသွားရတဲ့ သတင်းပါ။ နိုဝင်ဘာ ၂၀၀၇ ကတည်းက သတင်းပေမဲ့ ကျမ မသိလိုက်သလို တခြား မသိသေးတဲ့ သူတွေအတွက်ပါ မျှဝေချင်လို့ တင်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် အလွန်အကျွံလုပ်ရင် ဆိုးကျိုး ဖြစ်စေနိုင်တာကို သတိပြုစေချင်ပါတယ်....
ဘာပဲဖြစ်ဖြစ် အလွန်အကျွံလုပ်ရင် ဆိုးကျိုး ဖြစ်စေနိုင်တာကို သတိပြုစေချင်ပါတယ်....


Two (02) glass of water - After waking up - Helps activate internal organs
One (01) glasses of water - 30 minutes before meal - Help digestion
One (01) glass of water - Before taking a bath - Helps lower blood pressure
One (01) glass of water - Before sleep - To avoid stroke or heart attack
ရေကို ဘယ်လို နည်းလမ်းမှန်မှန် သောက်သင့်သလဲ...
ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေ တနေ့တာအတွက် စတင် မောင်းနှင်ဖို့ မနက် အိပ်ရာထမှာ ရေ နှစ်ဖန်ခွက် သောက်ပါ။
အစာ ချေဖျက်လွယ်စေဖို့ မစားခင် နာရီဝက်အလိုမှာ ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးဖိအား ကျစေဖို့ အထူးသဖြင့် အပြင်က ပူပူလောင်လောင် ပြန်လာသူများ ရေမချိုးခင် ရေ တစ်ဖန်ခွက် အရင် သောက်ပြီးမှ ချိုးပါ။
လေဖြတ်ခြင်းနဲ့ နှလုံးရောဂါမှ ကာကွယ်နိုင်ဖို့ ညအိပ်ရာ မဝင်ခင် ရေ တစ်ဖန်ခွက် သောက်ပြီးမှ အိပ်ပါ။
ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေ တနေ့တာအတွက် စတင် မောင်းနှင်ဖို့ မနက် အိပ်ရာထမှာ ရေ နှစ်ဖန်ခွက် သောက်ပါ။
အစာ ချေဖျက်လွယ်စေဖို့ မစားခင် နာရီဝက်အလိုမှာ ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးဖိအား ကျစေဖို့ အထူးသဖြင့် အပြင်က ပူပူလောင်လောင် ပြန်လာသူများ ရေမချိုးခင် ရေ တစ်ဖန်ခွက် အရင် သောက်ပြီးမှ ချိုးပါ။
လေဖြတ်ခြင်းနဲ့ နှလုံးရောဂါမှ ကာကွယ်နိုင်ဖို့ ညအိပ်ရာ မဝင်ခင် ရေ တစ်ဖန်ခွက် သောက်ပြီးမှ အိပ်ပါ။

အရင်က မဆင်မခြင် စားသောက်မိခဲ့ဖူးတယ်။ ခုတော့ ကျန်းမာစွာ နေထိုင်စားသောက်တတ်ဖို့ သိတ်အရေးကြီးတာ ပို ပိုသိလာတယ်။ ဒါ့ကြောင့် ချစ်သူ ခင်သူ မိတ်ဆွေတွေရော၊ ဘယ်သူမဆိုပါလေ... သတ္တဝါတွေအားလုံးကို အစာလည်းဆေး၊ ဆေးလည်း အစာ ဆိုသလို မိမိကိုယ်ကို စောင့်ရှောက် တတ်ကြစေချင်တယ်၊ အနာရောဂါ ကင်းကြစေချင်တယ်။ ဝဋ်နာ၊ ကံနာက လွဲလို့ပေါ့လေ....
ရေတောင် ဒီလောက် အန်တရာယ်များတယ်ဆိုရင်တော့ တခြားအရည်တွေဆို ပိုဆိုးပြီပေါ့ သို့သော်လည်း သောက်လေ သောက်လေ ငတ်မပြေ .. :P
ReplyDeleteတကယ်ကြီးလား... ဒါဆို
ReplyDeleteအစ်မချစ်အတွက် စိတ်ပူနေမိပြီ။
အစားအသောက်ဆင်ခြင်ပါ အစ်မချစ်ရာ၊ မတော်တဆ လက်လွန်ခြေလွန် ဝယ်ထားမိ ချက်ထားမိရင်လည်း စိတ်ကိုဖြေလိုက်ပါ...
ဖုန်းသာဆက်လိုက် အစ်မချစ်၊ အဆင်ပြေအောင် ကူညီပေးမယ်နော် :D
ကျေးဇူး အစ်မချစ်...
ဝိုး။ ဒီလိုကြီလား တိပါဘူး။ အနော်က မနက်ဖိုးလင်းရင် လဲ စွတ်ရွတ်သောက်
ReplyDeleteဘေးမှာလဲရေဘူးထား အားတိုင်းသောက်။ ထမင်းစားနေရင်းသောက်။ စားပြီးရင်သောက် ဒါပေမယ့် တစ်နေ့ကို တော့ ခြောက်လီတာ လောက်ပဲ ပုံမှန်သောက်တာပါ။ ဘာပဲဖြစ်ဖြစ် အစ်မပေးတဲ့ နည်းလေးတွေ လိုက်နာမှ ဖြစ်တော့မယ်။ ကျေးဇူးပါ။
ရေသောက်နည်းမှတ်သားသွားပါသည်။
ReplyDeleteအရာရာ တန်ဆေး လွန်ဘေးပေါ့နော်..။ ရေသောက်လွန်လို့ အဲလောက်အန္တရယ်ရှိတာ မကြားဖူးလို့ မကြောက်ခဲ့မိဘူး..။ အခုတော့ ဆင်ခြင်မှ ဖြစ်တော့မယ်..
ReplyDeleteတန်ဖိုးရှိတဲ့ သတင်းလေးအတွက် မမချစ်ကို ကျေးဇူး အများကြီး တင်ပါတယ်
အော်..ဘာပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးပဲနော်အမချစ်..။
ReplyDeleteသေချာမှတ်ထားအုံးမှ...
ချစ်တဲ့
သဒ္ဓါ
ကျေးဇူးအထူးပါ မမ။ မယ်က ရေသောက်တော်တော်များတယ် ...မသောက်ရရင်ကို မနေနိုင်တာ။ ၇ လီတာလောက် မသောက်မိသေးတာ တော်ပါသေးရဲ့။
ReplyDeleteအင်းးးရေတော့သောက်တတ်ဘူးဗျ...။ဘီဘီ တော့သောက်တတ်တယ်...ဟီး။
ReplyDeleteမှတ်သားသွားပါတယ်။
ReplyDeleteရေသောက်ဖို့တော့ မေ့မေ့နေတတ်တာ
ReplyDeleteအစ်မစာလာဖတ်မှာ ရေလဲ စနစ်တကျ သောက်ဖို့လိုတာ သိရတော့တယ်..
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါလားနော်
အလကားရတဲ့ရေတောင် များများ သောက်လို့ မဖြစ်။
ဟူးးးးးးးးးး
ရေသောက်လွန်းလို့ ကျောကိကပ်ပျက်စီးသွားတဲ့လူနာ မန္တလေးမှာတွေ့ဖူးတယ်...အရာရာပုံမှန်ပဲကောင်းပါတယ်
ReplyDeleteအသောက်များတော့လည်း အသက်အန္တရာယ်ရှိသတဲ့၊ ကြွက်တွေနဲ့စမ်းသပ်တာ၊ အဟုတ်၊ အဟုတ်။ ကြွက်ဖြူတစ်ကောင်ကို သောက်ရေသန့် သုံးဗူးတိတိ စမ်းတိုက်ကြည့်တာ ဗိုက်ကွဲသေတယ်တဲ့ဗျာ၊ ရက်စက်တယ်။
ReplyDeleteအယ်.. ရေသောက်တာတောင် အဲသလိုလား..
ReplyDeleteရေငတ်လာရင် အအေးတောင်မသောက်ဘူး။ ရေပဲကြိုက်တာ၊ ဒါပေမယ့်
၇လီတာတော့ မရှိပါဘူး။ ၄လီတာလောက်ပါပဲး)))
မျှဝေတာကျေးဇူး အမချစ်ရေ..
ကျေးဇူးးးးးးးးးးးးးးး
ReplyDeleteThanks for sharing.I'm a often drinker(just water)
ReplyDeleteရေအ၀သောက်ပြီး ပြန်ပြီ
ReplyDeleteကျေးဇူး အစ်မချစ်..
အိမ်မှာရေးပြီး မြင်သာတဲ့နေရာလေးမှ ကပ်ထားဦးမှပဲ....။ :)
ReplyDeleteရှဲ့ရှဲ့....
ဂျင်းစုတ်
တစ်နေ့ ရေတလီတာမှန်ချင်မှ မှန်မယ်...အရက် တလီတာကတော့ ပုံမှန်ပဲ..။ အဟွတ်..အဟွတ်
ReplyDeleteဇွန်က တစ်နေ့ကို ပုံမှန် ၃-၄လီတာလောက် သောက်ဖြစ်တယ်ထင်တယ်။ ဇွန်မဖတ်ဖူးသေးလို့ ကျေးဇူးပါ အစ်မ။
ReplyDeleteဘာပဲပြောပြော စလုံးက ရေကတော့ အိမ်သာရေတွေပါတယ်နော်..ကြည့်သောက် ဟဟ။ မကြောက်ပါနဲ့ treatment လုပ်ပြီးသား WHO standard ညီပါတယ်..
ReplyDeleteပေတူး