ခါးပတ်ကို ကြေးခေတ်ကတည်းက အမျိုးသားတွေ စတင်သုံးစွဲခဲ့ပြီး ၁၉ရာစုနှောင်းပိုင်းကနေ ပထမကမ္ဘာစစ်ကြီးဖြစ်ချိန် အထိ ယူနီဖောင်းတွေနဲ့ တွဲဖက်ဝတ်တာပဲ များခဲ့သတဲ့။ စစ်ဘက်နဲ့ အရာရှိ အရာခံတွေရဲ့ ခါးမှာ ဘောင်းဘီ လျှောမကျအောင် ကြပ်ကြပ် ဆွဲဝတ်လေ့ရှိတယ် ဆိုတော့ အဲဒီတုန်းက ဘောင်းဘီရှည်တွေက ကြယ်သီးများ မပါလို့များလား တွေးမိတယ်။
၁၉၉၀ နှစ်လယ်လောက် ကျတော့ ဘောင်းဘီတွေကို ခါးနဲ့ အတိ မဟုတ်တော့ဘဲ အောက်လျော ချက်-ပြုတ် ဝတ်ဆင်ပုံ ခေတ်စားလာခဲ့တယ်။ တင်ပါး အပေါ်ပိုင်းတင်မက အတွင်းခံပါ ပေါ်အောင် ဝတ်ကြတာမျိုးပေါ့။ တကယ်တော့ အဲဒီစတိုင်က ထောင်ထဲက အကျဉ်းသားတွေကို ခါးပတ် ပေးမဝတ်လို့ သူတို့ ဘောင်းဘီတွေ အောက်လျှောကျရာက စတိုင်တမျိုးအနေနဲ့ စခဲ့တာ။ အကျဉ်းသားတွေဟာ ခါးပတ်ကို အသုံးပြုပြီး သေကြောင်း ကြံစည်တတ်ကြလို့ ခါးပတ် ပေးမဝတ်တာပါပဲ။
ခုခေတ်မှာတော့ ဘောင်းဘီ လျှောကျမှာ စိုးလို့ မဟုတ်တော့ဘဲ မလျှောမှာကိုတောင် စိုးနေပြီး ခါးပတ်ကို အလှဆင် ဖက်ရှင်တခုအနေနဲ့ ဝတ်ဆင်လာကြပြီ ဖြစ်တယ်။ အများအားဖြင့် လူငယ်တွေ အကြား ဂွကျသော ဖက်ရှင် အဖြစ် ခေတ်စားတယ်။ ဒီတော့ ခါးပတ်ရဲ့ မူလ ရည်ရွယ်ချက်နဲ့တော့ ဝေးသွားတယ် ဆိုရမှာ။
အမျိုးသားတွေအတွက်ကတော့ အကြမ်းဖျင်း နှစ်မျိုးနှစ်စားပဲ ခွဲလို့ရပါတယ်။ စတိုင်ဘောင်းဘီနဲ့ တွဲဝတ်ရတဲ့ အပြားသေး ခါးပတ်လေးတွေနဲ့ ဂျင်းန်ဘောင်းဘီနဲ့ တွဲဝတ်ရတဲ့ အပြားခပ်ကြီးကြီး ခါးပတ်တွေပါပဲ။ အဲဒီထဲမှာမှ အပြင်းစား သတ္တုသမားတွေ၊ ရက်ပါတွေ (ထုတ်ပိုးသူတွေ:) ဝတ်ဆင်တဲ့ ခါးပတ်ကျပြန်တော့ အရိုးခေါင်းပုံ ခါးပတ်ခေါင်းတွေ၊ ဘဲဥပုံ ခါးပတ်ခေါင်းတွေနဲ့ ဒီဇိုင်း အလန်းတွေပါ။ မည်သို့ပင် ဆိုစေပေါ့လေ သူတို့က ခါးပေါ်နဲ့ ဂွကျကျ ဘောင်းဘီတွေအတွက်တော့ ခါးဆစ်ရိုးပေါ် တင်ဝတ်ရတာမျိုးပဲ ရှိနိုင်တာမို့ ပျင်းစရာပါ။
ကျမတို့ အမျိုးသမီးတွေက ရင်အောက်မှာ၊ ခါးမှာ၊ ခါးဆစ်ရိုးပေါ်မှာ၊ တင်ပါးပေါ်မှာ အဲသလို ဝတ်ဆင်နိုင်ပြီး ဒီဇိုင်းတွေကလည်း အမိုက်စားတွေမို့ ပို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခါးပတ် ပတ်တယ်ဆိုတာက ပိန်လွန်းရင်လည်း ကျူရိုးလေး ပိတ်ဖြူ ပိတ်နီ စီးထားသလိုလို၊ ဝလွန်းတော့လည်း ဆန်အိတ်ကို အလယ်ကနေ ဂုံနီအိတ်ကြိုးနဲ့ စီးထားသလိုလိုမို့ မပိန်လွန်း မဝလွန်း ဖြစ်မှ ကြည့်လို့ လှတာပါ။
ကြည့်ပါ...ခါးပတ်ဝတ်ပြထားပုံလေးတွေ...အရုပ်မော်ဒယ်တွေပါ မချစ်ကြည်အေး အဲဒီထဲမှာ မပါပါဘူး...
တချို့လည်း ခါးပတ်ခေါင်း စုဆောင်းတာ ဝါသနာပါသတဲ့။ လူတိုင်း လူတိုင်းမှာ ကော်လက်ရှင်လေးတခုခု သို့မဟုတ် တခုထက်ပိုတဲ့ ကော်လက်ရှင်လေးတွေ ရှိနိုင်ကြတာကိုး။ ကျမလည်း ခါးပတ် နဲ့ နာရီလေးတွေ ဝယ်စုတတ်ပါတယ်။ ဈေးကြီးတာ၊ ဈေးပေါတာက တကဏ္ဍ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်တာက တကဏ္ဍပဲမို့ ၉ကျပ်တန်က စလို့ ၉၀တန်ထိ ကြိုက်ရင် ဝယ်လိုက်တာပါပဲ။
ကျမ ဝယ်ထားတဲ့ ခါးပတ်လေးတွေ...
ကျမ ဝယ်ထားတဲ့ ခါးပတ်လေးတွေ...
ခါးပတ်ပေါ်က အပေါက်လေးတွေ တဖြေးဖြေး ရှေ့တိုးတိုးလာရင် သတိကြီးကြီးသာ ထားပေရော့။ ခုတော့ ခါးပတ်တွေကို ဒီလိုမျိုး သိမ်းထားရတော့တယ်...အကြောင်းကြောင်းတွေကြောင့်၊ တရုတ်အားကိုး ပုဆိန်ရိုးတွေကြောင့် လို့ပဲ ဆိုပါတော့...
ရဲသွားတိုင်ရင် ကောင်းမလားတောင် စဉ်းစားနေရတယ်။ တခြားတော့ ဟုတ်ရိုးလား... မချစ်ကြည်အေး တယောက် ခါးပျောက်နေလို့ပါ....:)
မချစ်ကြည် များလိုက်တာ..။
ReplyDeleteကျနော့်မှာ တချောင်းတည်းရှိတယ်.။
ဒါတောင် သားရေခါးပါတ် ယောင်္ကျားဆန်တဲ့ခါးပါတ်မျိုး။
ပေါက်
အလယ်က တစ်ယောက်က မချစ်ကြည်များလားလို့။ မပါဘူးဆိုတော့လဲ ထားပါတော့လေ။
ReplyDeleteလေလံပစ်မယ်ဆို ပြောပါလေ။ မရှိသေးတဲ့ ချစ်သူလေးကို လက်ဆောင်ပေးချင်လို့။
ငြိမ်းချမ်းပါစေ
မိုးယံ
ညီမချစ်ကြည်ဆီက ခါးပတ်
ReplyDeleteညီမသက်ဝေဆီက လက်ကောက်
ညီမမွန်ဆီက နားဆွဲနားကွင်းတွေ ကြည့်ပြီးး
အမလဲရှိတာလေးတွေ ထုတ်ပြချင်လာပြီနော်... ဟင်းဟင်းးး
(အကုန်လုံးကြိုက်တယ်လေ)
အမခင်မင်းဇော်
ခါးက တစ်ခါးတည်း။ ခါးပါတ်တွေကအများကြီး။း)
ReplyDeleteဇွန်တော့ တစ်ခါမှ ခါးပတ်မပတ်ဖူးဘူးရယ်။ ၀တ်နေမကျတော့ ဘောင်းဘီဝယ်ရင်း တခါတည်း အလကားရတဲ့ခါးပတ်တောင် မ၀တ်ဖြစ်ဘူး။ :D
ReplyDeleteအစ်မချစ်ရဲ့ ခါးပတ်တွေမြင်မှ ခါးပတ်ဝယ်ဖို့  သတိရသွားတော့တယ် :)
ReplyDeleteခင်တဲ့
ယွန်း
အစ်မ ဒီမှာကျတော့လေ အတွင်းခံကို အသားပေးသလားမှတ်ရတာ တမင်ကို ခါးပတ်မသုံးကျတာများတယ်ဗျ ( အ၀ါရောင်လေး အနီရောင်လေး ရောင်စုံပျိုမေတွေရယ် အလှကတိုး ) အဲ့ သီချင်းလေး သွားသတိရတယ် ဟဲဟဲး)
ReplyDeleteမောင်မျိုး
ခါးပတ် သိပ်မပတ်ဖြစ်ပါဘူး။
ReplyDeleteဒါပေမဲ့သူများတွေ ပတ်ထာတာလှရင်တော့ သဘောကျမိပါတယ်။
ခါးပတ်ပတ်ရတာကို ၀ါသနာကိုမပါတာ.. မဟုတ်ပါဘူး ပျင်းတာဆိုပိုမှန်မလားပဲ..။ အစ်မခါးပတ်တွေကလည်း များလိုက်တာမှ ဆိုင်တောင် ဖွင့်လို့ရတယ်..။ အလန်းတွေတော့ အလန်းလေးတွေပဲ.. ခိုက်တယ်... ခါးပျောက်တဲ့ ကိစ္စတော့ ဘယ်သူ့မှတိုင်မရဘူးထင်တာပဲနော့် :)
ReplyDeleteဒီမှာတော့ မယ်ချစ်ရေ ဂွကျတဲ့ ဖက်ရှင်က အဆင့်မရှိတဲ့ အမဲတွေ ပဲတွေ ပဲဝတ်တာ..XL, XXL,ဆိုက်တွေက ဈေးချိုတော့ အမဲတွေဝယ်ဝတ်ကြ ရင်း ကျန်တဲ့ နိုင်ငံကလူတွေက အမေရိကန် စတိုင်ထင်ပြီးလိုက်ဝတ်နေတာ ဗာဂျီးနီးယားမှာ တအားမြင်မကောင်းအောင် ဂွကျအောင်ဝတ်ရင် ဖမ်းတယ်..
ReplyDeleteသူများတွေ လက်ကောက်တွေ နားကွင်းတွေ ခါးပတ်တွေ ကြွားနေရင် ဒို့လဲ အညံ့မခံပဲ ခြေကျင်းတို့ ဘယက်တို့ကြွားဦးမှု
ခါးပတ်လေးတွေ လှတယ်။ သဘောလဲ ကျတယ်။
ReplyDeleteဒါပေမဲ့ အမပြောသလို ဆန်အိတ်ကို အလယ်ကနေ ဂုန်နီအိတ်ကြိုးနဲ့ ချီထားသလိုလို့ ဆိုရမလား၊ လိပ်ခါး ဖားဖင် လို့ အဆိုရှိသလို ဖား ဖင်လောက် အခြေအနေ မဆိုးသော်လည်း လိပ် ရဲ့ ခါးလိုတော့ ဖြစ်နေတာမို့ ငိုမဲ့မဲ့ နဲ့ ခါးပတ်လှလှလေးများ ကြည့်သွားပါကြောင်း။ ။
ခါးပတ်လေးနဲ့ ကြည့်ကောင်းအောင် အရင် ပြင်လိုက်ဦးမယ်
ReplyDeleteပြီးမှ ရုပ်ရှင်တွေ ဗွီဒီယို ပြန်ရိုက်တာပေါ့
းP
ခါးပတ်လေးတွေ လှတယ်။ ချစ်စရာလေးတွေ...
ReplyDeleteခါးပတ်မပါရင် ဘောင်းဘီဝတ်ရတာ တခုခုလိုနေသလိုမို့ အမြဲပတ်ဖြစ်တယ်... ဒါပေမယ့် ဒီလောက် အများကြီးတော့ မဝယ်ဖြစ်ဘူး...
ရဲသွားတိုင်လို့ ပြန်ရရင် ပြောအုံးနော်...း))
ခါးပျောက်အမှုကြီး တရားခံမိသွားရင် ပြောပါဦးနော် အစ်မး))
ReplyDeleteညီမလည်း ဘောင်းဘီကို ခါးပတ်လေးနဲ့မှ ၀တ်ရတာ စိတ်လုံသလိုလို (လျောမကျတော့ဘူးလေ ဟီး)
ဒါပေမယ့် ခါးပတ်တော့ အများကြီး ရှိဘူး။ အသေးတစ်ချောင်း၊ အကြီး တစ်ချောင်းပဲ ရှိတာ(*-^)/။
ရင်အောက်မှာ၊ ခါးဆစ်ရိုးပေါ်မှာ၊ တင်ပါးမှာ...
ReplyDeleteဒီ၃နေရာနဲ့သာ စိတ်ကို ဖြေလိုက်ပါလေ... :P
ဟယ်....ငါ့အစ်မ....ခါးပျောက်တာ အမှုကြီးတယ်နော်....ရဲကိုမြန်မြန်တိုင်လေ....:D
ReplyDeleteဂျင်းလည်း ခါးပတ်လှလှလေးတွေဆို အရမ်းသဘောကျတယ်။ သိပ်အများကြီးတော့မရှိပါဘူး။ :)
မကြီးချစ်ကလည်းနော်..
ReplyDeleteခါးပျောက်ရတယ်လို့..ခါးပတ်လေးတွေကလှတယ်..
တချို့ခါးပတ်တွေကလေတန်ဘိုးကြီးပေမဲ့
ပတ်လိုက်ရင်အထာကမကျဘူး
တချို့ကကျတော့တန်ဘိုးနည်းပေမဲ့
အရမ်းမိုက်တယ်..
ကြိုက်တဲ့ခါးပတ်လေးတခုယူသွားတယ်အမချစ်..။
ReplyDeleteခါးပျောက်တာက ခါးလေးထွားလာတာပေါ့..နော်။
ချစ်တဲ့
သဒ္ဓါ
မချစ်ကြည်အေးရဲ့ အရေးအသားလေးတွေ သွက်တယ်. သဘောကျမိတယ်ဗျာ.
ReplyDeleteစဉ်ဆက်မပြတ် အားပေးနေလျက်ပါ Sis. ရေ.း)
ခင်မင်လျက်
Y.