ဒီဟင်းက ကြက်ဥရယ်၊ အသီးအစုံရယ်၊ ဟင်းအရည်လေးလည်းပါတော့ အောလ်အင်ဝမ်းဟင်း လို့တောင် တင်စားလိုက်ချင်တယ်။ ဒါက အမွှမ်းသက်သက်ပါ။ တကယ်တော့ အသားဟင်း ဆီပြန်တခွက်၊ အရွက်ကြော် တခွက်၊ အရည်တခွက် လုပ်မနေအားတဲ့ အခါ (တော်တော်များများ)မှာ ချက်လေ့ရှိတဲ့ ဟင်းလို့ ပြောရရင် ပိုမှန်မယ်။
ဒါပေမဲ့နော် ကြက်ဥ ကုလားဟင်းဆိုလို့ ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ ကြက်ဥဆိုတာ ပေါ်တုန်းလေး စားရတဲ့ ရာသီစာမို့ ခုလို တခုတ်တရ ချက်ကျွေးတယ် မှတ်ပါ:P
ဒါပေမဲ့နော် ကြက်ဥ ကုလားဟင်းဆိုလို့ ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ ကြက်ဥဆိုတာ ပေါ်တုန်းလေး စားရတဲ့ ရာသီစာမို့ ခုလို တခုတ်တရ ချက်ကျွေးတယ် မှတ်ပါ:P
ပုံ ၁. ဟင်းမချက်ရသေးခင် အသီးများ နုစဉ် လှစဉ် ဘဝတုန်းကပေါ့....

ပုံ ၂. ကုလားဟင်းဆိုတာ တခါတုန်းက အသီးတွေပါပဲ....

ပုံ ၃. ♫ ခုတော့ ရှောသွားပြီ ခုတော့ ရှောသွားပြီ...ကြက်ဥ ကုလားဟင်း ဖြစ်သွားပြီ...♫♫
ကြည့်ပါ...အဲသလို ပေါ့ပေါ့ပါးပါး သီချင်းဆိုရင်း ဟင်းလေးတခွက် ကျက်သွားပါပြီ...:P

မချက်ခင် လှီးချွတ်ပြင်ဆင်ရမှာတွေ....
1) ကြက်ဥ အရင် ပြုတ်ထားပါ။ ကျမက ၄လုံးချက်ပါတယ်။ တယောက် ၂လုံးစီ ဝေပုံကျပေါ့...
ကြက်ဥပြုတ် အခွံခွာပြီး ထက်ခြမ်း ခြမ်းရင်ခြမ်း၊ တချို့ကတော့ အနှစ်ထွက်မှာ စိုးလို့ အလုံးလိုက်ကိုပဲ ပတ်တ်လည်မှာ ဓါးရာလေးတွေနဲ့ မွှန်းကြပါတယ်။ ကြက်ဥထဲ အရသာ ဝင်အောင်ပါ။ ကျမကတော့ ထက်ခြမ်းခွဲပြီး ငံပြာရည်လေး နဲနဲ ဖြန်းထားပါတယ်။ ဆား နဲနဲဖြူးလဲ ရပါတယ်။
2)ကြက်သွန်နီ ကြက်သွန်ဖြူ ထောင်းလိုကထောင်း၊ ကြိတ်လိုကကြိတ်၊ ဘလန်ဒါနဲ့ မွှေလိုကမွှေ...အရေးကြီးတာ တစစီ ကြေသွားဖို့...
3) အာလူး အခွံခွာ အတုံးတုံး ဆားလေးနဲ့ ၁၅မိနစ်လောက် နယ်ထားပြီးမှ ရေပြန်ဆေးထားပါ...
4) ခရမ်းချဉ်သီး ၂လုံး ခပ်ကြေကြေ ဖျစ်ထားပါ....
5) ခရမ်းသီး၊ မုန်လာဥနီ၊ ပဲသီး၊ ရုံးပတီသီးတွေ လှီးထားပါ...နိုးရူးလ်ပါ...အတုံး၊ အချောင်း၊ အဝိုင်း၊ လေးထောင့် ကြိုက်သလို တုံးနိုင်ပါတယ်....
6) ဒန့်ဒလွန်သီးကို အခွံနွှာဖို့ အရင်ဆုံး အရှည်လိုက် ဓါးနဲ့ခြစ်ပါ။ အရှည် ၃လက်မခွဲလောက်စီတုံးရင် ဇွန်းနဲ့ ခြစ်ပြီးစားလို့ အတော်ပါပဲ...ဒါပေမဲ့ သဘောပါ တချို့က တိုတို၊ တချို့က ခပ်ရှည်ရှည် တုံးမှ ကြိုက်ကြပါတယ်။ အရပ်ပုသူများ ကိုယ့်အရပ်နဲ့ကိုယ် တိုင်းပြီး တုံးချင်သပဆိုလည်း ရပါတယ်။ ပြေပြေလည်လည်ပေါ့။
7) ငရုတ်သီးတောင့် ၊ နံနံပင် ရေဆေး အသင့်ပြင်ထားပါ...
8) မန်ကျည်းသီး အနှစ်ကို အရည်ဖျော်ထားပါ...
စချက်ပါပြီ...
ဆီနဲနဲပဲ သုံးပါတယ်၊ ဆီ ထမင်းစားဇွန်းနဲ့ ၂ဇွန်းစာရယ်၊ ကြက်သွန်ဖြူနီ ကြိတ်ပြီးသားရယ်၊ ငရုတ်သီး အရာင်တင်မှုန့် ရယ် ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းစာရယ်၊ ဖျစ်ထားတဲ့ ခရမ်းချဉ်သီးရယ်၊ အာလူးရယ်ကို ချက်မဲ့ ဒယ်အိုးထဲ ထည့်၊ နှံ့အောင်နယ်ပြီး မီးဖိုပေါ် တင်ပါ။ မီးသိတ် မပြင်းပါစေနဲ့။ မကပ်အောင် ဒယ်အိုး လှုပ်ပေးပါ။ မွှေးလာမှ ရေကို အာလူး မြုတ်အောင် ထည့်ပြီး အဖုံးအုပ်ပါ။
**သတိထားရမှာက အာလူး မနူးခင် မန်ကျည်းရည် မထည့်ရပါဘူး။ အာလူးမနူးတော့ပဲ မာဆတ်ဆတ် ဖြစ်နေတတ်ပါတယ်...
အာလူး နူးခါနီးမှာ ဒန့်ဒလွန်သီး၊ မုန်လာဥနီ၊ ခရမ်းသီး၊ ပဲသီးတွေထည့်ပါ။ ရေနဲနဲ ထပ်ထည့် အဖုံးအုပ်ထားပါ။ ခဏပါပဲ နူးတာ သိတ်မြန်ပါတယ်။
ကြက်ဥထည့်ပါ။ မန်ကျည်းရည်ထည့်၊ အချို အငံ လိုတာထည့်ပါ။
ငရုတ်သီး အပွတောင့်ထည့်ပါ။ ဟင်းရည် အနေအထားကို ကြည့်ပြီး ရေလိုသလိုချိန်ထည့်ပါ။ အချဉ်ကြိုက်ရင် မန်ကျည်းရည် ထပ်ထည့်နိုင်ပါတယ်။
ဟင်း ပွက်ပွက်ဆူတာနဲ့ ရုံးပတီသီးထည့်၊ နံနံပင် ထည့်၊ မီးပိတ်ပြီး အဖုံး အုပ်ထားလိုက်ပါ။
၅မိနစ်လောက်ကြာရင် အဖုံးဖွင့် စားနိုင်ပါပြီ။
အသီးတွေ လှီးပြီး ကြက်ဥပြုတ်ပြီးသွားရင် ကျန်တာ ချက်ရတာက သိတ်မြန်ပါတယ်။ ရေးပြနေရတာမှ ကြာပါသေးတယ်။ အစအဆုံး နာရီဝက်လောက် အချိန်ပေးရပါတယ်။
တချို့ကဆို ငါးခြောက်တို့ ကုလားပဲတို့ ထည့်ချက်တတ်ကြပါသေးတယ်။ အဲဒီဟင်းချက်ပြီး ငါးပိရည် မွှေးမွှေးလေးများ ဖျော်လိုက်လို့ကတော့ နှစ်ဇလုံလောက်တော့ အသာလေး ဆွဲပြီးသားပဲ....စိတ်ပါတဲ့တနေ့ ချက်စားကြည့်ကြပါဦးနော်။

ဟာ ညီမလေး စိတ်ကြီးတဲ့ ကောင်မလေး !! ကြိုက်ပြီကွာ အဲသလို သွေးမျိုးမှ တို့က သဘောကျ...။ ဒန့်ဒလွန်သီး မပါလည်းရတယ်၊ နံနံပင် မရှိရင် မဆလာလေး နဲနဲထည့်ပါ အဆင်ပြေပါစေ:)
ReplyDeleteအဲ့တာဆို ကုလားဟင်း(သီးစုံဟင်း) အရင်ချက် ပြီးရင် ကြက်ဥပြုတ်ကို အဲ့ထဲထည့်ရောလိုက်လည်း တူတူပဲပေါ့နေည့်း)
ReplyDeleteမောင်မျိုး
မောင်မျိုး ဉာဏ်ကြီးရှင် ဟုတ်ပါ့ တော်ချက်...:)
ReplyDeleteမီးရဲ့ ဖေးဘရိတ်ဟင်းလျာပါရှင်။ ထိုင်းကို လာလည်ရင် အကောင်းဆုံးချက်ပြီး ဧည့်ခံပါ့မယ်။ ရှလွတ်.... ဒီနေ့ပဲ ချက်စားတယ်။
ReplyDeleteမချစ်ကြည်ဟင်းချက်နည်းနဲ့ မောင်မျိုးကွန်မန့်ဖတ်ပြီး မေးစရာလေးတွေ ပေါ်လာလို့ .... မေးပါရစေနော် ... အဟမ်းးးး
ReplyDelete၁) ကြက်ဥကို ကုလားဟင်းရည်ထဲ ထည့်ပြုတ်ပြီး စားခါနီးမှ ခွါစားလို့ ရမရ။
၂) ခရမ်းချဉ်သီးကို မဖျစ်ဘဲ လှီးထည့်လို့ ရမရ။
၃) အာလူးအခွံခွါ အတုံးတုံး ဆားနယ်ပြီးမှ ရေပြန်ဆေးရခြင်း အကြောင်းရင်း။
၎) ဒန့်သလွန်သီးကို ဇွန်းနဲ့ ခြစ်မစားဘဲ သွားနဲ့ ခြစ်စားလို့ ရမရ။
၅) မန်ကျည်းသီး အနှစ်ကို အရည်မဖျော်ဘဲ ရယ်ဒီမိတ် မန်ကျည်းဖျော်ရည်ဗူး ထည့်၍ ရမရ။
၆) မကပ်အောင် ဒယ်အိုးကို မလှုပ်ဘဲ ယောက်မဖြင့် မွှေ၍ ရမရ။
ကျေးဇူးပြုပြီး အဲဒါလေးတွေ ဖြေကြားပေးပါရှင့်။
သြော် မေ့လို့ ... မချက်ခင် ပြင်ဆင်ရမယ့် ပစ္စည်းနေရာမှာ တခုထပ်ဖြည့် ချင်ပါသေးတယ်။
ဒန့်သလွန်သီးတိုင်းရန် ပေတံ ... :D
ထမင်းဆိုင်ဖွင့်ပါဗျို့  ၊ အမရဲ့ဘလော့မှာ ကွန်မန့် လာပြီး ရေးတဲ့သူတွေကို ၅၀ % လျှော့ပေး
ReplyDeleteခင်တဲ့
Z
အမချစ်.....ဒီနေ့သက်သတ်လွတ်စားတယ်....
ReplyDeleteသရေလာယိုသွားပါတယ်အမ...
ခင်တဲ့
မိုးငွေ့
အမချစ်
ReplyDeleteကြက်ဥ ထက် ဘဲဥထည့်တာကို ပိုကြိုက်ပါတယ်
အသီးအရွက်များကြိုက်သော်ငြား လှီးချွတ်ရတာ အင်မတန်ပျင်းပါသည်
ထိုအပျင်းကြောင့် စားရင်းသောက်ရင်တန်းလန်း အခွံသင်ရပါသည် ဥပမာ ဒန့်ဒလွန်သီး ဇွန်းနဲ့လည်းခြစ်မနေနဲ့ သုံးလေးပိုင်း ပိုင်းပြီးသာ ပစ်ထည့်လိုက်တော့ စားမှ အလုပ်ရှုပ်ခံစား မယုံရင် ဘဲဥပြုတ်အလုံးလိုက်ထည့်စားကြည့် အရမ်းကောင်းတယ်
ခင်မင်စွာဖြင့်
seesein
မမောဓါဝီ မေးတောဖတ်ပီးရယ်ရတာ
ReplyDeleteငါးပိစိမ်းစားထည့်မချက်ဖူးသေးဘူး လုပ်ကြည့်အုံးမှ
ကြက်ဥက ရာသီပေါ်မှစားရတာဆိုတော့ သေချာချက်မှ :P
ဟားဟား စည်းစိမ် ကတော့ အချွန်နဲ့ မနေပြီ ချစ်ကြည်အေး ရေ ကြည့်သာလုပ်
ReplyDeleteလောဆယ်တော့ ရှိတာကိုဘဲ စားသွားပြီ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မချက်တတ်ပေမယ့် မောင်ဘကြိုင်တို့က စားတတ်တယ်း)
ReplyDeleteအခုလည်း ဂလုဂလုဖြစ်ပြန်သွားတယ် အစ်မရေ
ညီမ ခရစ်စတယ်>>ထိုင်း လိပ်စာသာပေးပါ...အမလာရင် ညီမလေးက တီရှပ် အနီလေးဝတ်ပြီးကြိုနေမှာလား ငှင်....
ReplyDeleteညီမမေ>>ပြန်လည် ဖြေကြား ပေးရမပေါ့ကွယ်....
၁ အဲလို ကြက်ဥက အမချက်သလို လှတပတ အရောင်အဆင်းလေး ဘယ်ရပါ့မလဲကွယ်
၂ အမ အိမ်က ဓါးမကောင်းလို့ တို့က ဖျစ်ပလိုက်တာပဲ...
၃ ဒါက ဒလိုလေ...အာလူး အရမ်းကြီး ငန်မသွားအောင်...
၎ ဪ...သွားမကောင်းလို့ ဓါးတောင်း အဲလေ...ဇွန်းတောင်းတာပေါ့ ညီမ စိန်ခလုတ်ရဲ့:P
၅ ဂွတ်တယ်ညီမ ဒူးပလိုက်
၆ မမွှေဘူး တို့က အိုးလှုပ်တာပဲ ကြိုက်တာ...တချင်းလေးတောင် ဆိုသေး အိုးလေး လှုပ်ပါဟေ့ အိုးလေး လှုပ်ပါဟေ့ :)
တို့က ပေတံ မလို မျက်မှန်းနဲ့ ချပလိုက်တာပဲ ဒါဘဲလား ညှင်း ညှင်း...
Zရေ>> ထမင်းဆိုင်ဖွင့်ဖို့ ပိုက်ပိုက်လိုနေလို့ ခုလောလောဆယ် ဘလော့မှာ ကော်မန့်လာရေးသူတွေဆီက လိုက်ချေးနေတယ်ကွဲ့:P
Seems very tasty. This is one of our favorite dish, easy to prepare and yet delicious. I normally add indian spices, such as cumin seeds, masala, etc. and may be next time I would cook like you, MaMa CKA.
ReplyDeleteဒါဆို...လျှို့ဝှက် ချက်က ဘာလဲ။
ReplyDeleteသွားရည်ကျသွားပါတယ်ဗျာ...
ReplyDeleteအစ်မချစ်.....ကုလားဟင်းဆိုတာ တစ်ခါတုန်းကအသီးတွေဆိုတာ အစ်မပြောမှသိတော့တယ်။ ကျနော်ထင်တာ ကုလားတွေမှတ်တာ ဟဟဟ :)
ReplyDeleteကြက်ဥ သီးစုံကုလားဟင်း၊ ကြက်သားနဲ့အာလူး၊ ပုဇွန်နဲ့အာလူး၊ အဲလိုဟင်းတွေအရမ်းကြိုက်တယ်...
ReplyDeleteဒီလို ဘလော့ပေါ်တင်လို့ ရကြေးလား။ အိမ်လာလည်တဲ့နေ့ ချက်ကျွေးပါ။ ဒါဗြဲ... :P(ဂျင်းဂျင်း၏ သံယောင်လိုက်သွားပါသည်)
ReplyDeleteအစ်မချစ်... တစ်ယောက်၂လုံးကျ မရပါ။
ReplyDeleteအစ်ကိုနဲ့အစ်မအတွက် တယောက်ကို ၁လုံးနဲ့၁ခြမ်း၊
ဧည့်သည်လာလုပ်မဲ့ ကျနော့်အတွက်က ကျန်တဲ့၁လုံး...
အိုကေလား?
ချက်မနေတော့ပါဘူး၊ ထပ်ချက်ရင် ခေါ်ပါ။
ReplyDeleteကုလားဟင်းဆိုတာ တခါတုန်းက အသီးတွေပါပဲ....
ReplyDeleteယောက်ခမဆိုတာ တခါတုန်းက သားမက်ပါပဲရဲ့ ပတ်တူးလား အမချစ် ဟီးဟီး:D
Ko Min
Discount ရမှာက နောက် ၊ ပိုက်ဆံအရင်ချေးရမယ်ဆိုတော့ ပြေးပြီဗျို့ 
ReplyDeleteရန်ကုန်ပြန်က ပြန်ရောက်လာတာ မကြာသေးလို့  ရှိစုမဲ့စု ပိုက်ဆံကုန်သွားပြီ ....
ခင်တဲ့
Z
ကုလားဟင်းထဲ ကြက်ဥထည့်ထား နည်းနည်းတော့ ထူးဆန်း
ReplyDeleteတယ် အမ၊ ရန်ကုန်ဖက်က ကုလားဟင်းချက်တဲ့သူ အများစုက
အဲလို ထည့်တာ ကျနော် မတွေ့ဘူးလို့။
ကြက်ဥကုလားဟင်းတဲ့ ... စားချင်စဖွယ်လေးပါလားဟရို့ ... ဂလု ... ဂလု ... လက်ရာကို ယုံပြီးသားနော် ...
ReplyDeleteအစ်မရေ
ReplyDeleteကြက်ဥကုလားဟင်းလေး အစ်မချက်တာကြည့်ပြီး ချက်စားချင်လိုက်တာ အရမ်းပါဘဲ
ဒါပေမဲ့ ရာသီစာ ကြက်ဥက ဒီမှာတော့ မပေါ်သေးဘူးဖြစ်နေတယ်.. ဒီကကြက်တွေ ဥတဲ့ချိန်ရောက်မှာ ချက်စားဖို့ အစ်မရဲ့ ဟင်းချက်နည်းကို ပြန်လာဖတ်ဦးမယ်.. လောလောဆယ်တော့ ကြက်တွေ ဥအောင် နည်းလမ်းရှာလိုက်ဦးမှး))
မမမေ မေးထားတာတွေကို တခုချင်းစီ စိတ်ရှည်လက်ရှည်ဖြေကြားသွားတဲ့ မမချစ်အား မမမေကိုယ်စား မီးမီးတို့ စီးတီး FM က (အဲ) ပူးတေက ကျေးဇူး အထူးတင်ရှိပါတယ်လို့...
ReplyDeleteပူးတေလဲ တခုလောက်မေးပါရစေချင့်... မေးချင်လို့ပါနော်... ဖြေပေးမယ်မဟုတ်လားဟင်..
2)ကြက်သွန်နီ ကြက်သွန်ဖြူ ထောင်းလိုကထောင်း၊ ကြိတ်လိုကကြိတ်၊ ဘလန်ဒါနဲ့ မွှေလိုကမွှေ...အရေးကြီးတာ တစစီ ကြေသွားဖို့...
ဆိုလို့
တစစီကြေသွားအောင် ပူးတေက ကြက်သွန်နီကို ပါးပါးလေးတွေ ဓါးနဲ့ လှီးပါတယ်... ပြီးမှ ဆန့်ကျင်ဘက်လှည့်လိုက်ပြီး သေးသေးလေးတွေ ဖြစ်အောင် ပြန်လှီးပါတယ်...ကြက်သွန်ဖြူကိုလဲ ဒီလိုမျိုးပဲ သေးသေးလေးတွေ ဖြစ်အောင်လှီးပါတယ်... ဒါမျိုးကော လှီးလို့ရမရ မီးမီးတို့ စီးတီး FM ကို ဖြေကြားပေးပါဦးနော်....နော်လို့
မမချစ်ရဲ့ ချစ်ညီမ ပူးတေ
:)
ချစ်ကြည် ဒီဟင်းချက်နေတုန်း
ReplyDeleteဘေးကနေ ထိုင်စောင့်နေမယ်နော်
ပြီးရင်တော့
နှစ်ဇလုံလောက်တော့ အသာလေး ဆွဲပြီးသားပဲ...
သူငယ်ချင်းကတော်တယ်... စာရေးလဲကောင်း ဟင်းချက်လဲကောင်း
ReplyDeleteကြက်ဥအစား ဘဲဥဆိုရင် ပိုကောင်းမယ်၊ စားချင်တာကိုပြောတာ၊ ဘဲဥချက်လေးလုပ်ပါဦး၊
ReplyDeleteမချစ်ရေ...
ReplyDeleteနောက်ကျနေလို့ ကျန်မှကျန်သေးရဲ့လားမသိ..။
ဂလု..ဂလု..ဂလု x 100000000000000 Times
အကြိမ်မရေတွက်နိုင်အောင် မြိုချရင်း ပို့စ်အဆုံးထိကို မနည်းအားတင်းဖတ်သွားရပါကြောင်း။
ဘဲဥလေးနဲ့ဆို ပိုကောင်းမယ်နော် မချစ်။
ငရုပ်သီးခြောက်ကြော်လေးနဲ့ပေါ့..။
အခုတော့ နေပါစေတော့ ကိုယ့်ဘာသာ ဖတ်ပြီးချက်မယ်
ReplyDeleteနောက်တစ်ခါဆို ချက်ပြီးရင် ခေါ်လိုက်ပါဂျာ
ငြိမ်းချမ်းပါစေ
မိုးယံ
ခါလာ..ဘလော့ဂ် ရေးရတာ ဝင်ငွေမကောင်းလို့ ဟင်းချက်ရောင်းနေသလား..
ReplyDeleteမြည်းပြီးသွားတာ ကြာပြီ.. ကောမန့် ရေးမရသေးလို့.. :)
ReplyDeleteကုလားဟင်း လာမြည်းပါတယ်..
ReplyDeleteကြက်ဥကို တရုတ်လို ချက်ပြတာကိုလည်း ကြည့်ချင်ပါသေးတယ်း)
ကြက်သွန်ကြက်ဥကြော် နဲ့ တွဲစားရတာလဲကြိုက်တယ် မမ
ReplyDeleteမကြီးချစ်ရဲ့ဟင်းလေးကတော့
ReplyDeleteအိုးးးးးးး
သိပ်သိပ်သိပ်....ကြိုက်...
ဒီမှာ ခရမ်းသီးဈေးကြီးလို့ ခရမ်းသီးမြင်တော့ စားချင်လိုက်တာ ကုလားပဲဟင်းမထင်နဲ့ ခရမ်းသီးမီးဖုတ်ကြော် ဟိဟိ
ReplyDeleteစားချင်စဖွယ်ပါပဲ ရှလွတ် ပုံပဲကြည့်ပြီး သွားရည်ယိုသွားတယ်ဆို ယုံလား ယုံလိုက် စာမဖတ်ဘူး ဘာလို့လဲသိလား လုပ်မှမလုပ်တတ်ဖဲ လုပ်ကျွေးရင်တော့ စားမယ်လေ ဟိဟိ
မချစ် လေလာလည် အဲလေ လည်လည်လာရင် ချက်ကျွေးနော် များကို သိလား များက အများကြိးစားမှာ ခိခိ
ကြက်ဥကုလားဟင်းဆို အသေကြိုက်တာ။ အစ်မချစ် ချက်ပြီး ရှင်းပြလိုက်မှ ပိုပြီး စားချင်သွားပြီး... ကျန်သေးရင် နည်းနည်းကျွေးပါး))))
ReplyDeleteဟားးးး ညီမပူးတေရေ...ပြန်ဖြေတာနောက်ကျသွားတယ်ကွာ ခုမှပဲ အားလို့ပါ...
ReplyDeleteကြက်သွန်နီ ကြက်သွန်ဖြူ ထောင်းလိုကထောင်း၍ မျက်စေ့ထဲဝင်သော် မစပ်လော...
ကြိတ်လိုကကြိတ်သော် လက်မညောင်းလော...
ဘလန်ဒါနဲ့ မွှေလိုကမွှေသော် နားမငြီးလော...
သေးသေးလေးတွေ ဖြစ်အောင်လှီးသော် အလှီးမတော်လျင် ဓါးမရှလော...
ဆိုရသော် ဉာဏ်ရှိသလိုသာ အေးချမ်းမေ သီချင်းလေးဆို၍ တစစီပဲ့ကြေသွားလျင် ပိုကောင်းပေမည်ဟု ဖြေကြားလိုက်ရပေ၏....:)
ဟားဟားဟား ဆီစိမ်အကြံပေးသလိုဆို ချက်ချိန်ထက် စားချိန်က ပိုများမှာ သေချာတယ်...
ReplyDeleteဒီလိုလုပ်ပါလား...အားလုံး အစိမ်းအတိုင်း ပါးစပ်ထဲပစ်ထည့်ပြီး မေးစေ့အောက်က မီးမြှိုက်သော် တခါတည်း အချိန်ကုန် မသက်သာ ပေဘူးလား....
စိတ်ပါက စမ်းကြည့်ပါလေ....:P
TOI>>အရေးထဲ ဝေစုလာခွဲနေသေးတယ်၊ ဘယ်လိုခွဲခွဲ ၄ လုံးဖြစ်ရင် ပြီးရောမို့လား.... အကိုနဲ့နင်က တယောက်တလုံး၊ ငါက နှစ်လုံး...:P
ReplyDeleteဘဲဥနဲ့ဆို ပိုကောင်းမယ်ဆိုတဲ့ သူငယ်ချင်းများ>>စလုံးမှာ အရှားဆုံးက ဘဲဥ နဲ့ ခွေးချေးဟ....:)
ရုပ်ရှင်တွေ သရီးဒီပေါ်လာသလို ဘလော့ဂ်မှာလည်း ဖိုးဒီ ဖိုက်ဒီပေါ်လာရင် သိတ်ကောင်းမယ်လို့ တွေးမိပါတယ်။ ဟင်းချက်ပြီးတိုင်း ဒယ်အိုးလိုက်ကြီး ဘလော့ဂ်ပေါ် တင်ပေးလိုက်ချင်လွန်းလို့.....:)
သူငယ်ချင်းများအားလုံး ပျော်ရွှင်စရာ ကော်မန့်လေးတွေအတွက် ကျေးဇူးပါ:)
ဘူလဲကွ....တူညားအသံကို ခွင့်ပြုချက်မရဘဲ သံယောင်လိုက်သွားတာ....ဟွင်း.....
ReplyDeleteစားချင်စရာလေးပါလား အစ်မချစ်ရယ် .... အပြင်မှာတကယ်စားချင်လိုက်ထှာ......
မမချစ် ပူးတေတို့ City FM က ကျေးဇူးတင်ကြာင်း လာပြောတာပါနော်... အဖြေလေးကို ဖြေပေးထားလို့...:)
ReplyDeleteအေးချမ်းမေ သီချင်းလေးဆိုပြီး တစစီ ဖြစ်သွားအောင် တနည်းမဟုတ် တနည်းနဲ့ သမလိုက်မယ်နော်.... :)
အမရေ ....
ReplyDeleteကြက်ဥသိပ်မစားနဲ့  ကိုလက်စထရောအရမ်းများ ...
ခင်တဲ့
Z
ချက်စားမယ်..။ ဒီမှာ ကြက်ဥက ဈေးပေါ့မှပေါ့
ReplyDelete