အချက်အပြုတ် ဝါသနာပါတဲ့ ကျမက တနေ့ကျရင် စားသောက်ဆိုင်လေး တဆိုင်ဖွင့်ဖို့ ဆန္ဒ ရှိခဲ့ဖူးတယ်။ ဆိုင်လေးကို စိတ်ကူးထဲမှာ အမျိုးမျိုး ပုံဖော် ကြည့်မိခဲ့တယ်။ ဆိုင်လေးရဲ့ အရောင်ကို လိမ္မော် ဖျော့ဖျော့လေး သုတ်မယ်။ လိမ္မော်ရောင်က လူတွေကို ဆွဲဆောင်နိုင်တယ်လေ။ ပြီးတော့ လိမ္မော် အပူရောင်ထဲမှာ မျက်စိအေးစေမဲ့ ပန်းချီကား စိမ်းစိမ်းစိုစိုလေးတွေ ချိတ်မယ်။ ဆိုင်ထောင့်မှာ အင်ဒိုးသစ်ပင်လေး တပင် ရှိရမယ်။ ပန်းကန်ခွက်ယောက်တွေကိုတော့ ကရင်မ်ရောင်လေးတွေပေါ့။ တပတ်မှာ တရက် စားသုံးသူတွေအတွက် အထူးလျှော့ဈေးနှုန်းလေး ထားပေးမယ်။ အများကြီးပါပဲလေ...ကျမ အသေးစိတ် စဉ်းစားထားခဲ့ဖူးတယ်။
အဓိက အရေးကြီးတာက အစားအသောက်တွေရဲ့ အရသာ...၊ ကျန်းမာရေး အတွက် သင့်တော်ရမယ်။ လူမျိုးမရွေး စားနိုင်ရမယ်။ ဒီတော့ ပုံမှန် အရသာထဲက အချိုလျှော့၊ အငံလျှော့၊ ဆီလျှော့ပြီး ချက်ပြုတ်ရမယ် လို့ ကျမ တွေးတယ်။ မြန်မာ့အစားအစာ ကမ္ဘာက သိစေရမည် ဘာညာ မကြွေးကြော်ရဲပေမဲ့ ကမ္ဘာက သိစေချင်တာလည်း အမှန်ပဲလေ။
ပြီးခဲ့တဲ့ တပတ်က မောင်တယောက်လို ခင်မင်ရတဲ့ ကလေးတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူ့ရဲ့ ကောင်မလေးက စင်္ကာပူ တရုတ်မလေး...။ အဲဒီ ကောင်မလေးက သူနဲ့အတူ မြန်မာပြည် အလည်လိုက်မှာမို့ ဘယ်တွေ လိုက်ပို့ရင် ကောင်းမလဲ လို့ အကြံတောင်းတာ။ မိုးတွင်းကြီးမို့ ကမ်းခြေတွေ ရှောင်ပြီး သွားဖို့သင့်တော်မဲ့ နေရာလေး တချို့ကို အကြံပေးလိုက်ပါတယ်။ ပြီးတော့ သူက မမေးဘဲ အစားအသောက်နဲ့ ပတ်သက်လို့ ပြောလိုက်မိတာက "စားသောက်ဆိုင်တွေမှာ စားရင် အချိုမှုန့်၊ ငံပြာရည်၊ ဆီတွေ လျှော့ပြီး ချက်ပေးဖို့ပြော" လို့ မှာလိုက်မိသေးတယ်။ စားနေမကျတာမို့ မစားနိုင်မှာ စိုးရိမ်မိတဲ့ အတွက်ပါ။
မောင်လေးက ရယ်လေတယ်။ "အမရယ် မြန်မာပြည်ကို လိုက်လာရင် မြန်မာစာ စားရမှာပေါ့ဗျာ။ မြန်မာ အစားအစာဆိုတာ ဒီအရသာပဲ...ဟိုဟာလျှော့ ဒီဟာလျှော့ ဆိုရင် မြန်မာအစားအစာ စစ်စစ်ရဲ့ အရသာ သူ ဘယ်ရတော့မလဲဗျ" တဲ့...။ ပြောပြော ရယ်ရယ်နဲ့ "ကျေးဇူး အမရေ ဒါပဲနော်" ဆိုပြီး ဖုန်းချသွားခဲ့တယ်။ ကျမမှာသာ တွေးစရာ ရပြီး ကျန်ခဲ့တယ်။
ကျမ အနေနဲ့ ပြောရင် ကြိုက်ရင်စား၊ မကြိုက်ရင် မစားနဲ့လို့ အရှိအတိုင်း ချပြရမှာ စိုးရိမ်မိတယ်။ တခါစားပြီး မစားတော့မှာကိုလည်း မဖြစ်စေချင်ဘူး။ သူကတော့ လူငယ်ပီပီ Take it or leave it ဆိုတဲ့ သဘော။ ခပ်ရဲရဲပဲ။ ဒီနေရာမှာ လူငယ်-လူကြီး ကွဲပြားသွားလို့ ကျမပဲ သတ္တိ ကြောင်လေသလား။ ဒါမှမဟုတ် လူငယ်ပီပီ သူကပဲ အရဲကိုးစိတ် ပိုလေသလား။
တကယ်ကျတော့ ယိုးဒယားစာ၊ ဂျပန်စာ၊ ကိုရီးယားစာ၊ ကုလားစာ နဲ့ ဘိုစာတွေကရော သူ့ ပင်ကိုယ် အရသာအတိုင်း နိုင်ငံတကာထဲ ချပြခဲ့တာပဲ မဟုတ်လား။ ကျမတို့ကရော ဘာလို့ အရှိအတိုင်း မြန်မာ့အစားအစာရယ်လို့ ချမပြနိုင်ရမှာလဲ...။ ကျမ အဲသလို တွေးမိပြန်တယ်။ တချိန်တည်းမှာပဲ တခြားနိုင်ငံက အစားအစာတွေက ဆီနည်း၊ အငံနည်း၊ အချိုမှုန့်လည်း (ကျမသိသလောက်တော့) မသုံးကြတာမို့ နိုင်ငံပေါင်းစုံက လက်ခံနိုင်တာ ဆိုတဲ့ အတွေး ဝင်လာပြန်တယ်။
ကျမရဲ့ စားသောက်ဆိုင်လေးမှာ လိုတိုး ပိုလျှော့လို့ အများကြိုက်ဖြစ်ရေး ချက်ရမလား၊ သူ့ အရသာ ပုံမှန် အတိုင်းပဲ ဒါ မြန်မာ့ အစားအစာဟေ့ လို့ ချပြရမလား...။ ခုထိ တဘက်တည်းကို ဆုံးဖြတ်ချက် မကျပဲ ကျမ တွေဝေနေပြန်တယ်။ အင်း...အသက်ကလေး ရလာတဲ့ သဘော ထင်ပါရဲ့လေ...

မဒမ်ပေါရုံးက မိတ်ဆွေ စလုံးမ တွေတော့ မြန်မာစာကို အစွဲကြီးစွဲနေလေရဲ့။ မုန့်ဟင်းခါး၊ အကြော်စုံ၊ လက်ဘက်သုတ်၊ ရေနွေးကြမ်း စတာတွေ အကုန်ကြိုက်တယ်။ သူတို့ဟာ သူတို့တောင် သွားစားတတ်နေပြီ။ ရုံးက ယဉ်ကျေးမှုအစားအစာကျွေးပွဲမှာတောင် လက်ဖက်သုပ်ကြိုက်နေတဲ့ သူတို့က ပင်နင်ဆူးလားက လက်ဘက်အကြော်စုံကို ဝယ်လာပြီး ရုံးမှာ သုပ်ကျွေးကြသတဲ့။ အထူးအဆန်းလည်းဖြစ်၊ လူကြိုက်လည်းများတယ်လို့ ကြားရတယ်။
ReplyDeleteတခါ မြန်မာစာကို စွဲနေလို့ အဲသည်တလောက ပင်နင်ဆူးလားမှာ မကြာခဏ သွားစားနေရပါတယ်လို့ ပြောတဲ့ စလုံးလင်မယားစုံတွဲတတွဲကို တွေ့ဖူးတယ်။
ကျနော့်အလုပ်က မလေးတရုတ်တယောက်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မြန်မာဆိုင်မှာ ခေါ်သွားကျွေးတော့ သိပ်ခံတွင်းတွေ့ပုံမရဘူး။ အဲသည်တုန်းက မြန်မာဆိုင်က အဆင်အပြင်ကလည်း နည်းနည်းညံ့တာလည်း ပါတာပေါ့။ အခုအချိန်ပြန်ကျွေးရင် စားမယ်ထင်တယ်။
အရှိကို အရှိအတိုင်းပဲ ကောင်းမယ်နဲ့တူတယ်။ (အင်း...ဒါပေမယ့်လည်း အဲ...တဲ့ပေါ့လေ... ဆီနည်းနည်းတော့ လျှော့ရမယ်ထင်တယ်။း-)
ကျွန်မဘော့စ်က မြန်မာအစားအစာဆို အရမ်းကြိုက်တယ်.. ရှမ်းစာတွေဆိုရင်လဲကြိုက်မှကြိုက်.. လွိုင်နိုင်းမှာ ခဏခဏသွားစားတတ်တယ်လေ.. နင်တို့မြန်မာတွေက တကယ်အကောင်းစားတဲ့သူတွေပဲတဲ့.. မြန်မာဟင်းတွေက စားလိုက်ရင် မရပ်ချင်တော့ဘူး.. အရမ်းအရသာရှိတယ်တဲ့လေ..
ReplyDeleteအမ ဆိုင်ဖွင့်ရင်တော့ ချိုသင်းက ဖောက်သည် ဖြစ်တော့မှာ..။ မြန်မာစာဆို အကုန်ကြိုက်..။
ReplyDeleteအစ်မ စားပွဲထိုးဖြစ်ဖြစ် စားဖိုးမှူးဖြစ်ဖြစ် လိုရင် ကျနော့်ကိုပြောလေ လာလုပ်မယ်း)
ReplyDeleteပျော်စရာကြီးး
မောင်မျိုး
အဲဒီမြန်မာအစားအစာကိစ္စလည်း ကျွန်တော်ခဏခဏရင်ပူရတယ်... တော်တော်များများနဲ့ဆန့်ကျင်နေတာကိုးနော်... ဆီဝေ့နေတာ၊ အငံကဲပြီးချက်တာဒါတွေက နိုင်ငံခြားသားတွေက မြင်လိုက်တာနဲ့ သူတို့က မစားချင်တော့ဘူး... ဟူး... နည်းအသစ်ရှာရအောင်.. ဟိဟိ.. မြန်မာအစားအစာနည်းသစ်...
ReplyDeleteခင်မင်တဲ့
နေ၀သန်
ဟုတ်တယ်နော်..။မြန်မာအစားအစာဆိုရင်လည်းအရှိအတိုင်းလေးပဲ
ReplyDeleteကောင်းမယ်ထင်တယ်..။ ဒါနဲ့ဘယ်တော့ဆိုင်ဖွင့်မလဲအမချစ်..ကြိုပြောနော်
ခင်တဲ့
သဒ္ဓါ
အရှိကိုအရှိအတိုင်းပဲပေါ့..။ ကျနော်တို့အသုပ်တွေဘာတွေ စားရင်တောင် ချဉ်ငံစပ်၊ ဆီချက်ရွှဲရွှဲထည့် လို့မှာတတ်တယ်မဟုတ်လား။ မြန်မာအစားအစာ ဆိုရင် အရသာ ပြင်းပြင်းမှ စားလို့ကောင်းတယ်။ ထမင်းနဲ့ဆိုကွက်တိပဲ။ မလေးတွေ၊ မလေးတရုတ်တွေက ဆီများတယ် အရသာကာ ဘယ်လိုဘယ်ညာ ပြောလာရင် တော့ လုံးဝလက်မခံဘူး။ သူတို့အစားအစာမှာ ဆီအိုင်ထဲက ဟင်းတွေ အများကြီး။ သူတို့ ဟင်းအများစု က အရသာ ချာတူးလန် အုန်းနို့တွေနဲ့ ချိုချို စပ်စပ် ဆီရွှဲရွှဲ။ အဲဒါတွေပဲ စင်္ကပူမှာ လဲ တန်းစီပြီး ၀ယ်စားနေကြ တာပဲ။
ReplyDeleteမြန်မာအစားအစာဆိုင်ဖွင့်တော့မယ်လား အစ်မ
ReplyDeleteစားဖိုမှူးအတွက် ကြိုတင်စာရင်းပေးပါရစေ..း)
မြန်မာအစားအစာတွေကို ဆီပြန်ဟင်းတွေထက် ချဉ်ချဉ်စပ်စပ် အသုပ်တို့လို၊ ချဉ်ရည်ဟင်းတို့လို ဟင်းတွေက လူတိုင်းအကြိုက်နဲ့ ကိုက်ညီမယ်ထင်ပါတယ်.. တိုင်းရင်းသား အစားအစာတွေနဲ့ တွဲဖက်ပြီးရောင်းပေါ့ အစ်မရေ..
ငပိရည်နဲ့ တစ်ပွဲပေးပါ
ReplyDeleteမြန်မာအစားအစာ ဆိုရင် အားလုံးကြိုက်ပါတယ် ဘာရောင်းရောင်းဝယ်ချားမယ်
ReplyDeleteခင်မင်စွာဖြင့်
seesein
Blogspot မှာ Comment ပေးလို့ရပြီဖြစ်လို့ ၀မ်းသာစွာအပြေးလာခဲ့ပါတယ် ချစ်မရေ..။ ဒီပို့စ်မှာ မချစ်ပေးချင်တဲ့ Messageလေးကို ဖမ်းမိလိုက်သလိုပဲ။ အရှိကိုအရှိအတိုင်းပဲရှိစေတာ ကောင်းမလား ။ ကိုယ့်အကြိုက်လိုက်မလား..။ ဖြစ်ချင်တာဖြစ်စမ်းဆို သူ့အကြိုက်ကိုပဲလိုက်ရမလား..။ အတွေးပွား စဉ်းစားစရာပါ..။
ReplyDeleteမယ်ချစ်ရေ...အတွေးကောင်းလေးဘဲ။မြန်မြန်ဖွင့်နော်..။မြန်မာအစားအစာဆိုတိုင်းလဲဆီအများကြီးထည့်စရာမလိုပါဘူး..ချဉ်၊ငံ၊စပ် ဆိုတာကလဲဟင်းအမျိုးအစားပေါ်မှာမူတည်တာပါ..။ကိုယ်ြ့မန်မာတွေလဲ
ReplyDeleteတချို့ဆီမကြိုက်ရင်အငံ၊အစပ်မကြိုက်ရင်လျော့ထည့်စားနေတာဘဲ။အဲဒါ
တွေလျော့လိုက်လြို့မန်မာအစားအစာမပီသတော့ဘူးရယ်လို့တော့မဟုတ်
ပါဘူး။ကျမတို့မိတ်ဆွေပြင်သစ်ကြီးတယောက်ဆိုရင် မုန့်ဟင်းခါးတခါစား
ရင်သုံးပွဲပြောင်အောင်စားတယ်၊အမယ်...တခါတလေငြံပာရည်တောင်
ထည့်လိုက်သေး..၊မယ်ချစ်ဆိုင်ဖွင့်ရင် နိုင်ငြံခားသားမိတ်ဆွေတွေကိုလက်တြို့ပီးကြော်ငြာပေးမယ်..။ကော်မရှင်ခလေးတော့...ငှဲ...ငှဲ..
ငှဲ....နောက်....တာ။
အစ်မချစ်ရေ....မြန်မာ့အစားအစာကို ရဲရဲတော့ချပြချင်ပါတယ်။ ဒါပေမယ့် ဂျင်းရဲ့ရုံးက စလုံးမတွေနဲ့ ကိုးရီးယားမတွေကို ဂျင်းမြန်မာဆိုင်မှာလိုက်ကျွေးဘူးတယ်။ ကိုးရီးယားတွေကကျတော့ မြန်မာအစားအစာကိုနှစ်ခြိုက်သွားကြပြီး နောက်ထပ်လည်း သွားသွားစားကြတယ်။ စလုံးမတွေကတော့ အဲဒီတစ်ခါပဲစားပြီး အားမနာပါဘူး။ စားလည်းပြီးရော ဂျင်းကိုတန်းပြောတော့တာပဲ။ "မင်းတို့ မြန်မာအစားအစာတွေက အာဂျီနိုမိုတို တွေ အများကြီးသုံးထားတယ်နော်" တဲ့လေ....ဂျင်းမှာငိုရတော့မလို ရီရတော့မလိုနဲ့။ :))
ReplyDeleteအဲလိုလဲ ကိုယ့်မြန်မာစာကိုမပြောကြပါနဲ့လေ...မလေးစာဆိုလဲ ဆီတွေဝေ့ အုန်းနို့တွေများတာပါပဲ...ယိုးဒယားစာလဲဒီတိုင်းပါပဲ....။ အဟဲ...ဂျင်းပြောသလို အငံနည်းနည်းနဲ့ အာဂျီနိုမိုတိုလေးတော့ လျှော့လိုက်ရင်ပိုကောင်းမှာပါ...။ ကျန်းမာရေးအတွက်ပါ...။
ReplyDeleteခင်တဲ့
မိုးငွေ့
ချပြလိုက်စမ်းပါ ချစ်ကြည်ရာ အားပေးတယ်
ReplyDeleteအနံ့ အနံ့ အဲ့ဒါလေးလည်း နည်းနည်းသတ်ပေး
ဒီလောက်ပါပဲ
ချစ်ကြည်အေးကို ယုံပြီးသား
ကမာ မှာ မြန်မာကတော်တော်.ကို စားစရာတွေကို အရသာအမျိုးစုံစားတတ်သူတွေပါ။
ReplyDeleteချို ၊ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး အရသာမျိုးစုံကို မြန်မာ.ဟင်းတွေထဲမှာ ကောင်းကောင်းအရသာခံလို.ရပါတယ်။
မြန်မာစတိုင်ဟင်းတွေကို အချိုမှုန်.မပါဘဲ အရသာရှိအောင် ချက်လို.ရပါတယ်။
ရှေးတုံးက
ု အချိုမှုန်.မှမသုံးကြဘဲ၊ ဒီအတိုင်းအရသာရှိအောင်ချက်ကြတာပါဘဲ။
မြန်မာအစားအစာကို ဆီလျှော့ချက်လို့ရပါတယ် အမရယ်...
ReplyDeleteညီမလည်း ဆိုက်ပရပ်စ်ရောက်မှ ဆီလျှော့ အငံလျှော့ နဲ့ စားနေရတာ...
စိတ်ပျက်လာလို့ ငံပြာရည်နဲ့ အချိုမှုန့်ပါတဲ့ မြန်မာဟင်းတွေ စိတ်တိုင်းကျ ချက်လိုက်တာ..အဆောင်မှာရှိတဲ့ တရုတ်မတွေ တောင်းစားလို့ ကိုယ်တောင် နဲနဲပဲစားလိုက်ရတယ်..။
အဲဒါပဲ..မြန်မာဟင်းဆိုတာ...
ချက်သာချက်...မြန်မာစတိုင်လ်...
အားပေးလျှက်...
ကိုရီးယားတွေ တရုတ်အစားအစာတွေလဲ အချိုမှုန့်အရမ်းသုံးတာပဲ...
ReplyDeleteစားပြီးရင်ရေခနခနငတ်တယ်...
အဲဒီဆိုင်တွေမှာလဲ လုပ်ဖူးလို့လဲသိတယ်..
customer တွေက MSG ပါလားမေးရင် ခပ်တည်တည် မပါဘူးပဲပြောလိုက်တာပဲ...
ဆီကတော့ ဗမာစာတွေက များလွန်းတယ်...ဒါပေမဲ့ ဒီကဗမာဆိုင်တွေမှာ အဖြူတွေလာစားနေကြတာပဲ ကြိုက်တဲ့သူကတော့ကြိုက်တာပဲ.....
အာရှနိုင်ငံတွေက သူတို့အစားအစားကို နိုင်ငံခြားတိုင်းပြည်တွေအတွက်ဆိုရင် အရှိကို အရှိအတိုင်း ချပြထားတယ်လို့ တော့ ကလူသစ်မထင်ဘူး။ အန်တီ့လိုပဲ ကျမ်းမာရေးနဲ့ ညီညွှတ်အောင်၊ ပါးစပ်ပေါင်းစုံအတွက် အစပ်အဟပ်တည့်အောင် နဲနဲတော့ ပြင်ထားတယ်ထင်တာပဲ။ အသက်အကြောင်းတော့ ခဏခဏ မပြောပါနဲ့ဗျ။ :)
ReplyDeleteအစ်မ ဆိုင်ဖွင့်ရင် ဖွင့်တဲ့နေရာထိ လာပြီး အားပေးမယ်ဗျာ။
ReplyDeleteဘာဘဲပြောပြော လက်ရာကောင်းမှာ သိပြီးသားပါ။
အစ်မရေ...အရသာတင်မကဘူး၊ လုပ်တဲ့ပုံစံပါ နိုင်ငံအနေအထားအလိုက် ပြောင်းသွားတာ ဇွန်တွေ့ဖူးတယ်။ အင်္ဂလန်က ထိုင်းဆိုင်မှာ အင်္ဂလိပ်စတိုင်အတိုင်း soup ကိုအရင်ချတာ၊ ကုန်မှ ကျန်တဲ့ main course ကို လာချလို့ သူတို့ကို အစကတည်းက Please serve all together ဆိုပြီး ပြောရတယ်။ ဇွန်တို့တွေက ဟင်းချိုကို ထမင်းစားရင်းသောက်နေကျသူတွေလေ.. ပြီးတော့ ဟင်းချိုပုံစံမှ မတူတာ၊ Tom Yam soup ကြီးပဲ ဒီတိုင်း အရင်သောက်လို့ ဘယ်ကောင်းမှာလဲနော့။
ReplyDeleteထိုင်းစာဆို တော်တော်ထိုးဖောက်နိုင်တယ်။ ဇွန်တို့မြန်မာစာကိုလည်း အဲလိုထိုးဖောက်ချင်တာ။ ဇွန့်အမြင်ကတော့ အရသာ ချဉ်ငံစပ်ထက် ဆီလျှော့စေချင်တာ။ နို့မို့ရင် ဆီရွှဲရွှဲဟင်းမြင်တာနဲ့တင် နင်တို့ဟာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြတာ။
အို... ဘယ်လိုချက်ချက်... အစ်မချစ်ဆိုင်ဆို လာအားပေးမှာ အသေအချာ။း))
စောစောက အပေါ်မှာ serve* ကျန်ခဲ့လို့။ serve လုပ်တဲ့ပုံစံပါ ပြောင်းသွားတာလို့ ပြောချင်တာ အစ်မရေ။
ReplyDeleteလာစားမယ့်သူတွေ အများကြီး ရနေပြီပဲ.... ဆိုင်ဖွင့်ဖို့ လုပ်တော့လေ...း))
ReplyDeleteအသက်ကလေး ရလာတဲ့ သဘော ထင်ပါရဲ့လေ ဆိုတဲ့ စကားက တော်တော်ထိတယ်... ကြည့်ပါလား ကိုလူသစ်ဆို တိုက်ရိုက်ကြီး ထိသွားပုံရတယ်... ခဏ ခဏ မပြောပါနဲ့ ဆိုပဲ... ခွိခွိ...
တစ်ခါက ရုံးကလူတွေကို ပင်နီဆူးလားမှာလိုက်ကျွေးတာ...... သူတို့က စားလို့ကောင်းတယ် စားလို့ကောင်းတယ်ပြောပြီး ဟင်းချိုသောက်ဖို့ခပ်လိုက်တာ ပလပ်စတစ်ကြိုးကြီးပါ ပါလာပါလေရောလား...... မျက်နှာတွေပူလိုက်တာအစ်မရာ...... ဆက်ပဲစားရတော့မလိုလို ထပဲသွားရတော့မလိုလိုနဲ့.......ဟင်းးးးး...... ( ဟင်းချက်တဲ့ဘလော့ဂါတွေဆိုင်ဖွင့်ကြရင် သိပ်ကောင်းမှာပဲလို့တွေးနေတာ......... အစ်မဆိုင်ဖွင့်ရင်တကယ်လာအားပေးမယ်သိလား..... )
ReplyDeleteမကြီးချစ်ရေ...
ReplyDeleteအရှိကိုအရှိအတိုင်းချပြလိုက်စမ်းပါ
ဒါမြန်မာအစားအစာအရသာတွေပါဘဲလို့
လူကိုချစ်ရင်မူကိုလည်းချစ်ရတယ်လေ
မြန်မာစားစရာကိုစားမှတော့
မြန်မာအရသာဘဲကောင်းပါတယ်မကြီးချစ်ရာ..
ချစ်ညီမ.........အနက်
လက်ရာကို တစ်ခါစားပြီးကတည်းက ယုံပြီးသား။ ဖွင့်ရင် စိတ်ချ။ လာအားပေးမယ်။ အလကားနော် ...
ReplyDeleteဒေါ်ကြီး ချစ်ကြည်အေး ရေ
ReplyDeleteမြန်မာဟင်း ကောင်းကောင်းလေး လိုတိုးပိုလျှော လုပ်ပြိး နိုင်ငံတကာ အဆင်မှီ ဆိုင်ကောင်းကောင်းလေး ဖွင့်နိုင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အရှိကိုအရှိအတိုင်းပဲပေါ့..မြန်မာပြည်ထဲမှာတောင် တစ်နေရာနဲ့တစ်နေရာ အရသာ ပုံစံနည်းနည်းကွာပါတယ်၊
ReplyDeleteဒေသတွင်းမှာ အစားအသောက်ပုံစံတွေကဆင်ပါတယ်၊ မုန့်ဟင်းခါး၊ ရုမ်းခေါက်ဆွဲနှင့် လက်ဖက်သုပ် တွေကို ယူနန်စားသောက်ဖွယ်ရာထဲမှာထည့်ပြထားပါတယ်၊ မြန်မာတွေ မပြနိုင်ခင်ဦးအောင်လုပ်ထားသလားမသိပါဘူး၊ ရခိုင်မုန့်တီဆန်ဆန် ဗီယက်နန်မှာရှိပါတယ်၊ နောက်ဆုံး စလုံးနှင့်မလေးလို့ ထရန်ဖြစ်ကြတာပေါ့ ငါဟာသူ့ဟာ ဆိုပြီး။
သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်။ တကယ်ကတော့ မြန်မာထမင်းဟင်းတွေက ဆီပြန်ဟင်း၊ အရွက်ကြော်၊ ဟင်းချို၊ အသုပ်၊ ငါးပိရည်တို့စရာ အဲဒီလိုတစ်ဝိုင်းစာ standard အပြည့်စားရင် ကျန်းမာရေးနဲ့ညီညွတ်နိုင်တယ်လို့ ပြောမိကြတယ်။ ဆီတွေကို အချဉ်တွေ ဟင်းရည်တွေက ပြန်ထိန်းသွားတယ်။ ငါးပိရည်အငန်ကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်စုံ တို့စရာတွေက ညှိသွားတယ်။ မြန်မာတွေဟာ အသီးအရွက် တော်တော်စားတဲ့လူမျိုးပါ။ ဒါပေမယ့်လည်း တ၀ိုင်းလုံး အပြည့်အစုံ မစားဖြစ်တဲ့အခါကြတော့ balance မဖြစ်နိုင်တော့ဘူး။
ReplyDeleteနိုင်ငံခြားသားတွေကိုတော့ အဲဒီလို မြန်မာထမင်းဝိုင်း အပြည့်အစုံ စားရင် ကျန်းမာရေးနဲ့ ဘယ်လိုညီညွတ်နိုင်ကြောင်း marketing လုပ်ရင် လက်ခံအားပေးကြမယ်ထင်တယ်။
a ma,
ReplyDeleteFrom the aspect of food taste & quality...If WE,myanmar restaurant, avoid "လိုတိုး ပိုလျှော"့ for higher profit on recipe,
မြန်မာ့အစားအစာရယ်လို့ နိုင်ငံတကာထဲ ဘာလို့ ချမပြနိုင်ရမှာလဲ...။
လုပ်စမ်းပါအစ်မရယ်...။
ReplyDeleteMust be keep your promise,we like to eat Burmese foods.
ReplyDelete