အိပ် ရ မှာ ကြောက်နေ တစ္ဆေ တစ်ကောင်......
သူ က ...
အိမ်သား အားလုံးအိပ် မီးတွေ မှိတ်တော့မှ
မှောင် ထဲ ထထိုင် အာရုံ တိုင်အောင်
မျက်တွင်း ကြောင်တောင် နဲ့
စာတွေ ရေး ရေး နေသတဲ့.....
မနက် မနက်....
အိမ်ကထွက် အလုပ်သွားတဲ့ အခါဆို
ခန္ဓာက သူ့ စိတ်ကို ဒယဥ့်တိုက် သယ်ပိုး...
ဒါပေမဲ့....
အရိုးထိအောင် ထိုး ထိုးနေတဲ့ ဘလော့ဂ် ပိုး တွေနဲ့
သူ့ စိတ်တွေကဖြင့် အိမ်မှာ စာရေးရင်း ကျန် ကျန်နေခဲ့လေရဲ့......
အဲသလို....
စိတ် နဲ့ ကိုယ် နဲ့ အခန့်မသင့်
ပဋိပက္ခတွေ ဖြစ် ဖြစ်နေ တာ ကြာ...
အဲဒါ....ငါ မသိ ချင်ယောင် ဆောင် ဆောင် နေရတယ်.....
တစ္ဆေ အားလုံး အတွက် ရည်ရွယ်ပါသည်....
တစ္ဆေ ဆိုရင်တော့ ကိုယ်က ငပျင်း တစ္ဆေ ပဲ ဖြစ်မှာပါ...
ReplyDeleteဟုတ်ပါ့ ကိုယ်တို့က ဘလော့ တစ္ဆေ တွေ ဖြစ်ကုန်ပြီ..း)
ReplyDeleteဒါတော့ မကောင်းဘူးဗျာ...
ReplyDeleteဒါ..အနော့်ကို စောင်းရေးတာပဲ...(တညလုံးရေးနေလို့...)
ငါ့အမ အတွေးတွေက တော်တော်လန်းတယ်။
အမရေ...အရင်က စာပေလောကထဲမှာ ကော်ပီရေးတာကို
သရဲဖမ်းတယ်လို့ ပြောကြတယ်လေ...။
အခုတော့ ဘလော့လောကမှာ ကော်ပီကူးတာကိုတော့ ဘယ်လို ပြောရမလဲ. . .
အမစကားလုံးနဲ့ ဆို တစ္ဆေဖမ်းတယ် ပြောရမလား။
ပျော်ရွှင်ပါစေ
ကိုဇော်
တရားစခန်းက ထွက်လာတာတောင်မကြာသေးဘူး အခု ဘယ်လိုဖြစ်ပြီး တစ္ဆေ ဖြစ်သွားရတာတုန်း။
ReplyDeleteအမချစ်
ReplyDeleteဘလော့လည်း မရှိဘဲနဲ့ စာတွေ ရိုက်ရိုက်ပေးနေရတာ ညောင်းလှပြီ
ဝင်ကစွပ်လေးတွေကတော့ အငှားအိမ်
နတ်စကားနဲ့ ပြောတော့ နတ်ကရာ ကြည့်မော၊ ဖဲစကားနဲ့ ပြော ဖဲကျွန် ၊
ဘိန်းစားစကားနဲ့ ပြော ဘိန်းချီးစားတဲ့ ဘလော့စကားနဲ့ ပြောရရင်.....
ခင်တဲ့
seesein
ကဗျာကိုဖတ်ပြီး ကျွန်မကိုပဲ စောင်းပြောနေလား ထင်ရတယ်။ မနက်အစောကြီး အိပ်ရာထလည်း ဘုရားမရှိခိုးခင် ကွန်ပြူတာဆီကိုပဲ အရင်ရောက်တယ်။ ကွန်ပြူတာလေး ဖွင့်ကြည့်ပြီးမှ တခြားလုပ်စရာရှိတာ လုပ်ဖြစ်တယ်။ အလုပ်က အိမ်ပြန်ရောက်လည်း ကွန်ပြူပဲ။ ကျွန်မတို့ဟာ အစွဲအလန်းကြီးတဲ့ စ္ဆေတွေ ဖြစ်နေပြီ။ မချစ်ကြည်အေးက သိပ်နှိုင်းတတ်တာပဲ။
ReplyDeleteဒီမှာတော့ ...
ReplyDeleteအလုပ်လည်းသွားစရာမလို
နေမရှိ ညမရှိ ...
...
တစ္ဆေထက်ကြီးတဲ့ သရဲသဘက်ကြီးပါ...
တစ္ဆေကြီး မောင်မိုးရောက်လာပြီ။ ညက အိပ်ရေးမ၀လို့ စားပြီးသောက်ပြီး ခဏပြန်နှပ်လိုက်ဦးမယ်။။ညှင်းးညှင်းးး
ReplyDeleteဇွန်တော့ အိမ်မှာတင်မက ရုံးရောက်လည်း အချိန်ရ ရသလို ဘလော့လည်ထွက်လိုက်သေးတယ်။ အိပ်ပျက်ရတဲ့ တစ္တေဘဝ မကြာခဏရောက်ရောက်သွားလို့ ခုတော်တော်လျှော့ထားရတယ်။ :(
ReplyDeleteမမရေ...ရင်ကို တည့်တည့်ကို မှန်တာပါလား...(ဟတ်ထ်ထိတယ်လို့ မပြောချင်လို့လေ ဟီးးးးးးးးးးးးးးးး)
ReplyDeleteဘလော့ဂ်တစ္ဆေတွေ ခြောက်တော့
ReplyDeleteဟင်းတွေလည်းတူးဖူးတာပေါ့ အမရယ်။
လာခဲ့ မန့်ခဲ့ ကြတဲ့ တစ္ဆေများ အားလုံး ကျေးဇူး အများကြီး တင်ပါတယ်ရှင်...:)
ReplyDeleteကျွတ်ချင်ပြီ။
ReplyDeleteသြော်.. ဘဝတူတွေ...............
ReplyDelete