အရပ် ၅ပေ ၄လက်မမှာ အရင်က ကီလို ၅၀ (ပေါင် ၁၁၀) ရှိခဲ့တဲ့ ခန္ဓာကိုယ်ဟာ ခုတော့ ကီလို ၅၇ (ပေါင် ၁၂၅) ကြီးများတောင် ဖြစ်လာတယ်။ ဒီအရွယ်ကြီးကျကာမှ အရပ်က ဘယ်ထွက် တော့မတုန်း ၊ ၅ပေ ၄လက်မ ပဲပေါ့။ လူက ဒေါင်လိုက် တက်မလာပဲ ဘေးတိုက်ကြီး ထွားလာ တာ...ဘယ်လောက် အကြည့်ရ ဆိုးမလဲ မှန်းသာ ကြည့်ကြပါတော့။

အိမ်မှာလည်း တော်ရုံပဲ စားမယ်၊ ဝိတ်လျော့မယ် ဆိုပြီး စိတ်ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဝိတ်ချဖြစ်တာက လူကို မဟုတ်ပဲ ရေခဲသေတ္တာကို ဖြစ် ဖြစ်နေတယ်။ ချောကလက်တို့ ချိစ်တို့ ရေခဲမုန့်တို့ ဆိုတာက ကျမ အကြိုက်ဖြစ်နေလေတော့ ရေခဲသေတ္တာ ကြီး တခုလုံး ကျမ အကြိုက်လို့ ဆိုရမလို ပါပဲ။ ဒါနဲ့ ခုတော့ ရေခဲသေတ္တာမှာ Log-in Name နဲ့ Password ထည့်ထားလိုက် ရတယ်။ Log-in name : ချစ်ကြည်အေး ဆိုတာနဲ့ Access denied ပဲ....။ တတ်နိုင်ဘူးလေ...အဲသလို လုပ်မှ ရမဲ့ အခြေအနေကိုး...။
လှချင် ပချင်တယ် ဆိုတာထက် အဝတ်အစားတွေ မတော်တော့တာက ဆိုးပါတယ်။ တခါများ အင်္ကျီလေးတွေ ဈေးချနေတာမို့ တန်တယ်ဆိုပြီးအဝယ် ကိုယ့်ဆိုက်ဒ်က မရှိတော့ ခပ်တည် တည်ပဲ နဲနဲလေး ဝိတ်ချလိုက်ရင် ရပြီ ဆိုပြီး စမောဆိုက်ဒ် တွေ ဝယ်ချလာတာ နောက်ဆုံး တော့ အငယ်မ ကောင်းစားဖို့ ဖြစ်သွားပါရောလား။
နောက်တခုက လူက လေးလာတာ...ကိုယ်တွေ ညောင်းကိုက်တတ်လာတာ။ အရင်ကလို မသွက်လက်တော့ ကိုယ်လက် လေ့ကျင့်ခန်းလေးများ လုပ်ရင် တချက်ခုတ် ၂ ချက် ၃ချက် ပြတ်ကရော။ ခုချိန်မှာတော့ ကျန်းမာရေးက ပိုအရေးကြီးလာပြီ မဟုတ်လား။ မနက်စောစော လေ့ကျင့်ခန်း လုပ်ဖို့ကျတော့ လည်း အိပ်ချိန်ထဲက ဖဲ့မပေးနိုင်၊ ညနေရုံးဆင်းချိန် ကျပြန်တော့ လည်း ချက်ရ ပြုတ်ရနဲ့၊ စာရေးချင်တာနဲ့ ဘလော့ဂ်လည်ချင်တာနဲ့ တောင် အချိန် မလောက် နိုင်တာ။ ဒါတောင် ခုတလော အိမ်မှာ မချက်ဖြစ်တာ ကြာပေါ့။
တကယ်က ပိုနေတဲ့ ၇ ကီလိုကို ၂၀၁၀ မှာ အနဲဆုံး ၆ ကီလိုကျချင်တာပါ။ တလကို ကီလိုဝက် နှုန်းနဲ့ တနှစ် အကြာမှာပေါ့လေ...။ ဒါပေမဲ့လည်း စိတ်ကူး ထဲ ပလန်ဆွဲ၊ ပါးစပ်ကပဲ ဝိတ်ချဖို့ အော်နေတာ ဆိုတော့ကာ ဒီဝိတ်ကြီး ကလည်း ခုထိ မလှုပ်သေးပါဘူး။
ဘာပဲဖြစ်ဖြစ်ပါလေ...၂၀၁၀က ၁၀လကြီး များတောင် ကျန်ပါသေး။ ဒီနှစ်ကုန်မှာ ၅ကီလို ကျလည်း မဆိုးပါဘူးလေ။ အော်နေရုံနဲ့တော့ မပြီးဘူး မဟုတ်လား။ ခက်နေတာက အရေး တော်ပုံ အော်ရ မည်....အဲလေ...အောင်ရမည် လို့ ခုထိ အော်နေတုန်းပဲ ဆိုတော့ကာ...
ဘဝ အမောတွေ ပြေကြပါစေရှင်...
ချောကလက်တို့ ချိစ်တို့ ရေခဲမုန့် တို့ ကျမအကြိုက်တဲ့  .. ပိန်အုံးမယ်။
ReplyDeleteအနော်တို့ ပိန်တယ်ဆိုတာ အဲဒါတွေကြိုက်ကိုမကြိုက်တာကြောင့်ထင်တယ်နော်
ပိုလျှံတဲ့ အဆီဖြုတ်ချရေး....တို့အရေး..တို့အရေး
ReplyDeleteစမောဆိုက်တွေ စွပ်နိုင်ရေး.....တို့အရေး..တို့အရေး
တစ်နှစ်ကို ၇ ကီလိုလျှော့ချရေး....တို့အရေး...တို့အရေး
အရေးတော်ပုံ အောင်ရမည်။
ပိုလျှံဆီတွေ ဖြုတ်ရမည်။
စမောဆိုက်တွေ စွပ်ရမည်။
၇ ကီလို ကျရမည်။
မီးတုတ်..မီးတုတ် ..ရှို့..ရှို့
ရေခဲသေတ္တာ ..ဖျက်..ဖျက်
ဘော်ဒီ..ဘော်ဒီ...ကျ..ကျ။
မချစ်ကြည်အေး စိတ်မပူနဲ့ ကျွန်မ BMI တွက်ပေးမယ်။ အရပ် ငါးပေ သုံးလက်မဆိုတော့ ၁.၅၇၅ မီတာ BMI တွက်ရင် အရပ်မီတာ နှစ်ထပ် (Square) နဲ့ ကိုယ်အလေးချိန် ကီလိုဂရမ်းကို စားရင် မချစ်ကြည်အေးက ၂၃ နီးပါးပဲ ဆိုတော့ ပုံမှန်ထဲမှာ ရှိပါတယ်။ (၅၇/၂.၄၈၀၆၂၅ = ၂၂.၉၇၈ = ၂၃ )။ BMI ပုံမှန်က ၁၈-၂၅ ဆိုတော့ မချစ်ကြည်အေး ၆၂ ကီလိုအထိ တက်လို့ရတယ်၊ ဒါပေမဲ့ အ၀တ်အစားဝတ်လို့ သိပ်မလိုက်တာ တခုပါပဲ။
ReplyDeleteခွိ... ၇ ကီလိုလောက်များ လျှော့ရလွယ်ပါတယ် တီတီကြည်..
ReplyDeleteစားတာလေးလျှော့လိုက်ရင်ကိုဖြစ်တယ်။ ကိုယ်တွေ့။း)))
မလျှော့နိုင်ရင် ထမင်းစားမ၀င်အောင် လုပ်ပေးဦးမှနဲ့တူတယ် :P
မချစ်ကြည်..
ReplyDeleteတူတူပဲ.ဝနေလို့စိတ်ညစ်နေတာ
ပေါက်
၅ ကီလို ကျချင်တာလား... ဒါဆို ဘာမှ မစားနဲ့လေ...
ReplyDeleteကော်ဖီပဲသောက်... ပြီးတော့ ပန်းသီးစား...း))
ဘာလဲ... ပိန်သွားမှာ သေချာလား လို့ မေးချင်တာလား...
ကိုယ့်ကိုယ်သာ ကြည့်ပါတော့... ဟီးဟီး...
password ကို ရီဆက်လုပ်ရင်ကော
ReplyDeletehack လုပ်လို့ရမယ်ထင်တယ်
ကြည့်လုပ်ပါဦး
ပိန်ချင်တာလား ဒါလေများ
ReplyDeleteရိပ်သာသွား 2လထဲဘဲ သွားပါ အဟုတ်ကိုဗျ
ခင်တဲ့
SEESEIN
အဲဒါလည်းဒုက္ခပဲ.. blogger အမျိုးသမီးတွေကြည့်လိုက်ရင် ဒီပြဿနာပဲ အော်အော်နေကြတယ်။ online ၀ိတ်လျှော့နည်း သင်တန်း blogger များ အထူးလျှော့ဈေးဆိုလို့ကတော့ ကြီးပွားမှာမြင်ယောင်သေးတယ်... :)
ReplyDeleteအလကားစတာပါ..ကျရမှာပေါ့။ မိန်းမတံခွန်လူရည်ချွန်ပေါ့... ကြိုးစားထားမမ..
၁၂၅ တကယ်အမှန်ဆိုရင်တော့ မဝသေးပါဘူး မယ်ချစ်ရယ်..
ReplyDeleteကိုယ့်ဖာသာ..ရုပ်ရှင်မင်းသမီးကြီးတွေ..(မေမေဝင်း၊ မေရှင်၊)တို့လိုပုံပဲဆိုပြီး
ဂုဏ်ယူစွာဆက်ပြီး..စားလိုက်စမ်းပါ၊
ဟောတော့.....ပွင့်..ဖြစ်သွားပြီဆိုရင်တော့..ကံတရားပေါ့လေ..
အရေးတော်ပုံအောင်ရမည် ...
ReplyDeleteအရေးတော်ပုံအောင်ရမည်..
ReplyDeleteဒို့အရေး..ဒို့အရေး..ဒို့အရေး
မကြီးအေး...
ReplyDeleteငှက်ပျော်သီးစားပြီး ဘာစားစား ၀ိတ်မတက်ဘူးကြားဖူးတာပဲ....။
လုပ်ကြည့်ပါလားဗျ....း)
အရေးတော်ပုံ အောင်ပါစေဗျိုးးးးးးး
ခင်မင်တဲ့
ဏီလင်းညို
ရေခဲသေတ္တာကို အနောက်ဖက်က အပေါက်ဖွင့်ထားတယ်လို့ သတင်းရတယ်နော်။
ReplyDeleteဟိဟိ...
ReplyDeleteငါ့အမကလည်း ဝလို့ လှလို့ပဲ ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မမဝဝ လှလှပ ဖြစ်နေမှာပဲလေ။
ဒါပေမဲ့ အဆီပိုတွေကို မင်းလျှော့လိုက်ပါလို့ သူက ပြောလာရင်တော့ မြန်မြန် လျှော့တော့ဗျို့..
ခင်မင်စွာဖြင့်
ကိုဇော်
အရေးတော်ပုံ အောင်ရမည်... (မမရဲ့ ၀ိတ်ချရေးစီမံကိန်းကိုပြောတာနော်... :)))
ReplyDeleteမအယ်လည်း ၀ိတ်တက်လာလို့ တအား စိတ်ပျက်တယ်။ မင်္ဂလာဆောင်တုန်းက အကျီ င်္ ခဏခဏ ထုတ်ဝတ်တယ်။ အရင်ကဆို ကွက်တိ၊ ပိန်သွားသေးလို့ ချောင်တာတောင် ဖြစ်သေး။ ခုတော့ ဘောင်းဘီလည်းတစ်အစ် ချက်လည်း ဆူအိ ဖြစ်နေလို့ မနည်းလုပ် ပြန်လုပ်နေရတယ်။
ReplyDeleteအရေးတော်ပုံ အောင်ရမည်။
မအယ်
အင်တာနေရှင်နယ် ဘော်ဒီလေးလိုချင်တယ်ပေါ့
ReplyDeleteအနော့လိုမျိုး ပိန်ပိန်လေးလားဗျား)
မမ ၁၄ရက်နဲ့၁၈ရက်မှာ တရားစခန်းရောက်နေတာ ဘယ်လိုလုပ်ပြီး ပို့စ်အသစ်တွေ တင်တာတုန်း။ အော်တို လုပ်ထားတာလား။
ReplyDeleteမမ အဲလောက်မဝသေးပါဘူး။ ကြည့်လို့ကောင်းနေတဲ့ဟာ။း)
အစ်မကို လင့်ခ်ထားလိုက်ပြီနော်။
မမ
ReplyDeleteနာမည်လေးကိုရော၊ ခပ်မြူးမြူးရေးဟန်နဲ့ ပေါ့ပေါ့ပါးပါးခံစားပုံတွေ အားလုံးကိုပဲကြိုက်နေမိတော့တယ်။ သူငယ်ချင်းကပြောလို့ နင်ကြိုက်မယ့် ဘလော့လေးတွေ့ ထားတယ်ဆိုလို့ စိတ်ဝင်တစား ဝင်လည်သွားပါတယ်။ နောက်လည်း လာလည်ပါဦးမယ်။
လေးစားချစ်ခင်စွာ
မမင်း