Sunday, February 14, 2010

ဆရာကတော် ရဲ့ ရင်တွင်းဖြစ်

တော့် ကဗျာဆရာ....

နေ့ လည်း နေ့ အလျောက်
ည ရောက်လည်း ည
ဟိုဒီတစ်စ မြင်မြင်သမျှ ဆွဲထုတ်
ကာရန်လုပ် ကဗျာစပ်
ကျုပ်မှာဖြင့် ဖတ်သီ ဖတ်သီ
ဆီ ဆိုလည်း တစက် မကျန်
ဆန် ဆိုလည်း တစ်စေ့ မရှိ
ဒါတွေ.....ရှင့် ရင်ထဲ မငြိပေမဲ့
ကျုပ် အစာအိမ် ထိသတော့်....

ရှင် ရေး ရေးနေတဲ့ ပို့စ်မော်ဒန် ကဗျာ
ရစ်သမ် ဘာညာ
ရှင် ပြော ပြောလာတဲ့ အဲလဘတ် ငမူး ဆိုလား...
နားလည်ပါဘူး တော်...

ဒီမယ် ....သေချာမှတ်
နောက်ထပ် တရက် နှစ်ရက် ကြာလို့မှ
အိမ်အပြန် ငွေမပါခဲ့ ရင်ဖြင့်
ရှင့် အသက် ဖက် နဲ့ ထုပ်
ရှင့် ခန္ဓာ စင်းကော လုပ်လို့
ကျုပ် ကိုယ်တိုင် ကဗျာ တပုဒ်
ရေး ထုတ် လိုက်စမ်းမယ်....

ဟွန်း......


ဘဝ အမောတွေ ပြေကြပါစေရှင်....

18 comments:

  1. ထင်တာတော့ မချစ်ကြည်အေးအတွက် ထုတ်ပြန်တဲ့ ရာဇသံ များလို့ ထင်မိသေး :)

    ReplyDelete
  2. ဝက်ဝံလေးSun Feb 14, 08:03:00 PM GMT+8

    ဟင် မမ အဲလောက်ကြီးမ ရက်စက်နဲ့လေ ဟိဟိ

    ReplyDelete
  3. တယ်ကောင်းတဲ့ကဗျာ။

    ReplyDelete
  4. မောင်ခိုင်မာ ရဲ့ ရှင်မ ကိုတောင် သတိရသွားပြီ..း)

    ReplyDelete
  5. လက်စသပ်တော့ မချစ်ကြည်အေးရဲ့ ရင်တွင်းဖြစ်ကဗျာကိုး...

    ReplyDelete
  6. ဆရာကတော်ရဲ့ ပေါက်ကွဲသံစဉ်းဝ)

    ReplyDelete
  7. အော်---ရေးတတ်တဲ့ သများ ချစ်ဒေါသကလေးတောင်မှ ကဗျာ တပုဒ်ဖြစ်
    သွားတယ်ဗျာ-လေးစားခြင်းများစွာနဲ့ -----

    ReplyDelete
  8. ဒါကမှ တကယ့် ဘ၀သရုပ်ဖော်...

    ReplyDelete
  9. ဂျီးဒေါ် စင်းကော သိပ်ကြိုက်တယ်ထင်ပ။

    ReplyDelete
  10. တဖက်မှည တရားစခန်းဝင်နေပေမဲ့ ဒီဖက်မှာ စင်းကော လုပ်နေပါလား..
    ကြောက်ထှာ..

    ReplyDelete
  11. အဲလဘတ် ငမူးတဲ့လားဗျာ ဟားဟား

    ReplyDelete
  12. ကြောက်စရာကြီးပါလား။

    ReplyDelete
  13. အဲလဘတ် ငမူး ဆိုတာကို ကြိုက်သွားပြီ။

    ReplyDelete
  14. ကျောင်း ဆ ရာ ကြီး . . .
    ပြေး ပြီ . . .

    ReplyDelete
  15. မိုက်တယ်ကွာ...ငါ့အစ်မဆီကနေ ဒါမျိုးလေးတွေ သင်ထားရမယ် :)))

    ReplyDelete
  16. ဟီး...ငါ့အမချစ်ကတော့...လုပ်ပြီ။
    ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ သိသွားမှဖြင့် အလွတ်ကျက်နေပါဦးမယ်။
    ငါ့အမချစ်နဲ့ ဝေးဝေးထားမှ...ဟီး

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  17. ဒေါသတွေမပြေသေးဘူးလားဗျာ-

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...