ပြီးခဲ့တဲ့ တခေါက် ရွာရောက်တော့ တညမှာ အော် ကွေ့ ကျည်....လို့ လမ်းပေါ်က ဆွဲဆွဲငင်ငင် အော်သွားသံ ကြားလိုက်ရတယ်။ ဘာတုန်းဟ လို့ မေးမိတော့ ကျုပ်ညီက အီ ကွေ့ ကြော် လေဗျာတဲ့...။ ဪ...အော် ကွေ့ ကျည် ...အီ ကွေ့ ကြော်....ဟုတ်သား...ပြောင်းပြန်ဟလို့ တွေးရင်း မှတ်ထားလိုက်တယ်။
နောက်တော့ မိန်းကလေးတွေ အချင်းချင်း ပြောနေသံတွေ ဘာရယ်မဟုတ် ကြားမိတာ လေး ရှိသေးဗျာ...ဒီလိုဗျ...။
A: ဝ နေတယ်ဟယ်...ငါ နဲနဲတော့ ဝိတ်ချရအုံးမယ်
B: ဟယ် ဒီလောက်လည်း မဟုတ်ပါဘူးဟယ်...လှရုံလေးပါ...နင်ကမှ တော်သေးတယ် တို့လောက်များ ဝရင် ဒုက္ခ
A: ဟိုမိန်းမတွေ ကြည့်ထားကြ စလင်းဘော်ဒီလေးလာပြီ ငါ့လိုမျိုး...အဟိ....
B: အောင်မာ...ရှင်က အင်္ကျီပွပွ ဝတ်ထားလို့ ဗိုက်က အဆီတွေ ဖုံးနေတာများ...ဗိုက်က အဆီထုက ၆ လက်မ ဖောက်ထုတ်ရင်တောင် တလီတာလောက်ရမှာ...ဟွန်း....
ဟော...တွေ့လား...တွေ့လား...သူတို့ဟာက ပြောင်းပြန်ဗျ...ဝတယ် ပြောရင် သူတို့က ပိန်ပါတယ် ဆိုကြတယ်... ပိန်တယ် ပြောပြန်တော့ သူတို့က ဝပါတယ် ဖြစ်ပြန်ရော....မခက်ဘူးလားဗျာ...။
ဪ...ပြောင်းပြန်...ပြောင်းပြန်ကိုးဗျ...။
ဒါတင် ဘယ်ရပ်အုံးမလဲ...ကြားခဲ့မိတာလေးတွေ ရှိသေးဗျာ...။
A: ငါ့နှယ် ရုပ်ကလည်း ဆိုးပါတယ်...တိမ်တောက်ချိန်လည်း မကယ်နိုင်ပါဘူးဟယ်...
B: အားမငယ်စမ်းပါနဲ့ဟာ...နင်ကမှ ရွက်ကြမ်းရေကြိုလေး၊ တချို့ဆို ဒယ်အိုးဖင် ဓါတ်လိုက်ထားသလိုမျိုးဟ...
A: ဟဲ့ ငါ့နာမည်ကို ပပဝတီ လို့ ပြောင်းမယ်ဟေ့...မီးမထွန်းပဲ လင်းရအောင်ကို လှလွန်းလို့...
B: မိန်းမကိုက မြေကြီးနဲ့ တတောင်လောက် လွတ်နေတယ်...ဒီမယ် လင်းတ လောက်တော့ ငှက်တိုင်း လှကြပါတယ်ဟဲ့....
ကဲ ကြားကြတယ် မဟုတ်လား...မလှပါဘူးဆိုမှ ရုပ်မဆိုးပါဘူး ပြောကြ...၊ အလွန်လှပါတယ် ဆိုပြန်တော့ လင်းတလောက်တော့ ငှက်တိုင်း လှပြန်သတဲ့...။
ကျုပ် မပြောဘူးလားဗျ....ပြောင်းပြန်တွေပါ လို့...။
ဘယ်သူ ဘာပြောပြောဗျာ...ကျုပ်တော့ အဲဒီကစလို့ ပြောင်းပြန်တွေ မြိန်ရည်ယှက်ရည် ပြောတတ်ခဲ့တော့တာပဲဗျို့...။
ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကမ္ဘာက ရွာ ၊ ရွာက ကမ္ဘာ ဖြစ်သွားတယ်လို့ ဆိုကြ လေတော့ အဲဒီ ကမ္ဘာဖြစ်သွားတဲ့ ရွာ အကြောင်း ပြောချင်တယ်ဗျာ...။ ပင်မ ဒေါက်တိုင် ကြီး တွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး နဲ့ ကျန်းမာရေးလေးတွေ အကြောင်း ခပ်ပါးပါး လေး ပေါ့...။
စီးပွားရေးကတော့ဗျာ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆိုတာ ဘာ ဟုတ်သေးတုန်း၊ ခြင်္သေ့ ရေချိုး ဒေါ်လာ မီးလှုံ နေတဲ့ ခေတ်ဗျ။ ငွေဆိုတာ ပေါလွန်းလို့ ကုန်တိုက်ကြီးတွေ၊ ဈေးတွေ၊ရုပ်ရှင်ရုံ၊ ဘုရား ကျေင်းကန်တွေမှာများ ဝယ်ကြချမ်းကြ၊ လှူကြတန်းကြနဲ့ ပိုက်ဆံ တွေများ ဖွေးကနဲ ဖွေးကနဲ နေတော့တာဗျိုး....။ အဖိုး အဖွားများ ပြောဖူးတဲ့ ပဒေသာပင် ခေတ်ဆိုတာ ဘာ ဟုတ်သေးတုန်း...။
ပညာရေး ကြည့်အုံးမလား...၊ အောက်စ်ဖို့တို့ ဟားဗတ်စ်တို့ ဆိုတာ ခေတ်မရှိတော့ ဘူးဗျာ။ ကမ္ဘာအရပ်ရပ်က ရွာမှာ ကျောင်းလာအပ် ကြသတဲ့။ အတန်းတွေ ပေးတက် လိုက်တာများ ဟောတတန်း ဟောတတန်းနဲ့။ ရွာက ရလာတဲ့ ဘွဲ့များ ကမ္ဘာ့ တက္ကသိုလ် တွေက ဘွဲ့ထက် အရည်အသွေးမှာ ကိုး ဆယ်ဆ သာ ဆိုပဲ...။
ကျန်းမာရေး ဆိုတာကတော့ ပြောစရာကို မလိုတော့အောင် အခမဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေ နဲ့၊ ဘယ်ဆေးရုံ ဆေးခန်း သွားသွား ဆေးဝါး ပစ္စည်း ကိရိယာ အပြည့်အစုံနဲ့၊ လူနာ စမ်းသပ် တာကိုက စိတ်ရှည်လက်ရှည်၊ ငွေမျက်နှာ လုံးဝ မကြည့်ကြတာဗျာ။ လူနာတင် တွန်းလှည်း ကြီး စီးရတာက အစ မာစီးဒီးကားကြီး စီးရသလို အင်မတန် ညင်သာတယ်။ ဝန်ထမ်းတွေ ဆက်ဆံရေးကောင်းပုံ၊ လူနာ အပေါ် ကြင်နာကြပုံများ ပြောပါတယ်...။
ဪ...ပြောင်းပြန် ပြောင်းပြန်... ။
နောက်ဆုံး ပြောမယ်ဗျာ...ခင်ဗျားတို့ ကျုပ်တို့ အရူးအမူး စွဲလန်းတဲ့ ဘောလုံး...။ ရွာက ဘောသမားတွေများ နိုင်ငံတကာ ကလပ် အသင်းတွေက ခေါ်တာတောင် သွားမကစား ဘူးဗျို့ အဲသလောက် ရွာအပေါ် သစ္စာရှိတယ်။ သစ္စာရှိဆို တနှစ် တနှစ် ရတဲ့ကြေးက လည်း နဲမှ မနဲပဲ ကိုးဗျ...။ ကိုင်း ခုဆို ကျုပ်တို့ ရွာ ဘောလုံးက ရွှေခေတ်လို့ ပြောရမလို တခေတ်ဆန်းချက်ဗျာ။
ကျုပ်တို့ရွာ ဘောလုံးအသင်း ရဲ့ ကမ္ဘာမှာ ဖုန်းတဂိုး ကြီးလိုက်ပုံများကတော့ ဖုန်း ကနဲ ဆိုလိုက် ရင် တဂိုးပဲဗျို့...။ တဘက် အသင်းက ကန်သွင်းသွားတာ ပြောပါတယ်။ အဲ...အဲဒီလို မဟုတ်ပါဘူးဗျာ။ ကျုပ် သတ်ပုံမှားသွားလို့...ဘုန်းတန်ခိုး ထွားချက်များ ပြောပါတယ်...။
ဪ....ပြောင်းပြန်တွေများ ပြောရဖန်များလွန်းတော့ ခုတလော လမ်းထွက်တိုင်း လူတွေကို ဇောက်ထိုးတွေချည်း မြင် မြင်နေရသဗျ....။
ဘဝ အမောတွေ ပြေကြပါစေရှင်...
ဟိုက်ရှားဘား...တို့အစ်မကြီး ပြောင်းပြန်ဇောက်ထိုးတွေဖြစ်နေပါပေါ့လား။ သတိထားဦး။ လမ်းထွက်ရင် ထမိန်ဇောက်ထိုးကြီး ၀တ်မိဦးမယ်။ ဟီးးး
ReplyDeleteဟဲဟဲ ဟုတ်တယ်နော် အစ်မ သတိထား အောက်ကပို့စ်ဖတ်ပြီးဒီမှာ့ပဲပေါင်း
ReplyDeleteမှတ်ခဲ့မယ် ထဘီအဆင်လေးတွေလှတယ်ဗျ
မာမီကိုကိုကျောက်တို့ မာမီမိုးတို့ကိုမျှပေးလိုက်အုံးနော့း)
မကြည်ချစ် ရေးပုံသားပုံက ညံ့ချက်ဗျာ....
ReplyDeleteတော်တော်လေးကို တန်ဖိုးမရှိအောင် ရေးလည်း ရေးတတ်ပါပေတယ်။
အတွေးအခေါ်မရှိ၊ ဦးတည်ချက်မရှိ၊ ပြောချင်ရာကို လူမသိ။
အမှန်အတိုင်း ပြောရရင်တော့ အဲဒီပိုစ့်ကို တလုံးမှ ဖတ်မသွားဘူး ခင်ဗျား...
းဝ)
စီးပွားရေးကတော့ဗျာ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆိုတာ ဘာ ဟုတ်သေးတုန်း၊ ခြင်္သေ့ ရေချိုး ဒေါ်လာ မီးလှုံ နေတဲ့ ခေတ်ဗျ။ ငွေဆိုတာ ပေါလွန်းလို့ ကုန်တိုက်ကြီးတွေ၊ ဈေးတွေ၊ရုပ်ရှင်ရုံ၊ ဘုရား ကျေင်းကန်တွေမှာများ ဝယ်ကြချမ်းကြ၊ လှူကြတန်းကြနဲ့ ပိုက်ဆံ တွေများ ဖွေးကနဲ ဖွေးကနဲ နေတော့တာဗျိုး....။ အဖိုး အဖွားများ ပြောဖူးတဲ့ ပဒေသာပင် ခေတ်ဆိုတာ ဘာ ဟုတ်သေးတုန်း...။
ReplyDeleteSo far so good.
but
ပြောင်းပြန် ပြောင်းပြန်... ။
အပေါ်က ကော်မန့်က ပြောင်းပြန်ယူရမှာနော်...
ReplyDeleteတော်နေကြာ အဟုတ်ကြီးမှတ်ပြီး
ကိုလူထွေး အမှန်တွေပြောသွားပါလားလို့
ယုန်ထင်ကြောင်ထင် ဖြစ်နေမစိုးလို့...
းဝ)
ပြောင်းပြန်ဇောက်ထိုး
ReplyDeleteကျွန်တော့်သူငယ်ချင်းတစ်ယောက်လုပ်ပုံကြည့်ဦး ...
"ဟေ့ကောင် မင်းသတင်းစာက ဇောက်ထိုးကြီးဖြစ်နေတယ်လေ ... ဘယ်လိုလုပ်ဖတ်လို့ရမှာလဲ?"
သူငယ်ချင်းကပြန်ပြောတယ်...
"မင်းဘာသိလို့လဲ? ငါဖတ်နေတာ အစိုးရသတင်းစာဟ .. ဇောက်ထိုးဖတ်မှ အမှန်အတိုင်းတွေသိရတာ"
နောက်တစ်ယောက်လည်းကြည့် ... ခုံပေါ်မှာဇောက်ထိုးကြီး TV ကြည့်နေတယ်။ သူကလည်းပြောတယ် ...
"တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားကြည့်နေတာကွ" တဲ့ ... ကောင်းရော။ ။
အသုံးမ၀င်သောပြောင်းလဲမှု
ကင်းမြီးကောက်ထောင်နေသောလူတစ်ယောက်ကိုမြင်၍ ကျွန်တော်မေးမိသည်...
"ခင်ဗျား ဘာလုပ်နေတာလဲ?"
ထိုလူက ကင်းမြီးကောက်ထောင်လျက်နှင့်ပင် ပြန်ဖြေ သည်...
"အမြဲတမ်းခေါင်းပေါ်မှာရှိနေတဲ့ ကောင်းကင်ကြီးကိုမကျေနပ်လို့ဗျ... ခုတော့ ဒင်းဘာတတ်နိုင်သေးလဲ ...ကျွန်တော့် ခြေထောက်အောက်မှာ ရောက်နေပြီလေ.."
"..... ..... ..... ....."
ကျွန်တော်ထိုလူ့ထံမှလှည့်မထွက်ခင်ပြောလိုက်သည်
"အင်း ... ဟုတ်တော့ဟုတ်ပါတယ်... ဒါပေမယ့် ခင်ဗျားဟာကဇောက်ထိုးကြီးဗျာ"။ ။
ပြောင်းပြန်ဆိုလို့ ရေးတင်ခဲ့ဖူးတဲ့ ဝတ္တုတိုလေးတွေ အမှတ်တရ ပေးခဲ့တယ်။
မြတ်စွာ ဘုရား ဒေါ်ချစ်ကြည်အေးတယောက် ထမိန်ဝတ်၍ ကင်းမှီးကောက်ထောင် နေတယ်။ မတော်တာတွေ မြင်ရမှာ စိုးလို့ ပြေးပြီ။ မရောက်တာ ကြာလို့ လာပါတယ် ဖုရားဖုရား။
ReplyDeleteမအယ်
တကယ်အမောတွေပြေသွားပါတယ် အစ်မရေး)
ReplyDeleteအင်း အမဘလော့နာမည်ကို ပြောင်းပြန်ခေါ်ရမှာလား
ReplyDeleteမထည့်ခေါ်ရမှာလား
မချစ်ကြည်အေး (မချစ် မကြည် မအေး) အား...ပြောရင်းနဲ့ ရှုပ်လာပြီနော်
ပြောင်းပြန်...
ReplyDeleteတနလာင်္နေ့ကို သောကြာနေ့ဖြစ်အောင် ပြောင်းပြန်လုပ်ပေးပါ...း))
ရှင်စေပါကြ ပြေတွေမောအဝဘ
ReplyDeleteတော်ပါသေးရဲ့ မယ်ချစ်ရယ် ပြောင်းပြန်စားရရင် ဘယ်နေရာ သွားတိုက်ရမလဲမသိဘူး
ကိုလူထွေးပြောတာကို လုံးလုံးမ ထောက်ခံ ပါတယ် မမ ဘာတွေ ရေထားမှန်းကို မသိဘူး တကယ် တကယ်ပဲ မမ ဘာကို ဆိုလိုချင်တာလဲဟင် သမီးတော့ နားကိုမလည်ဘူး တကယ်ပါ နောက်ဒါမျိုးတွေ မရေးပါနဲ့ ဒါဗြဲ
ReplyDelete-------
ဟီးးး ကိုလူထွေးလိုပဲ သမီးရေးထားတာကို ပြောင်းပြန်ဖတ်နော် ဟိဟိ
အဟီး..အမကတော့ လုပ်ပြီ။
ReplyDeleteလူဆိုတာ စောက်ထိုးနဲ့ စခဲ့လို့ သူ့ရဲ့ လမ်းကြောင်း အတိုင်းပဲ သွားတာလေ။
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါတစ်လေ လောကကို စောက်ထိုးကြည့်ရတာ မဆိုးဘူးဗျ..။
အမအတိုင်း လိုက်ကြည့်သွားပါတယ် စောက်ထိုး..အဲလေ..ပြောင်းပြန်ကြည့်သွားပါတယ်။
ခင်မင်စွာဖြင့်
ကိုဇော်
မကြီးအေးရေ...
ReplyDeleteပြောင်းပြန်တွေကို ဇောက်ထိုးညိုလင်းဏီ ဖတ်သွားတယ်....း)
အီကြာကွေးဆိုလို့ မနေ့ကတောင် အိမ်ကညီလေးတစ်ယောက်ဝယ်လာပေးလို့ တစ်ချောင်းဆွဲလိုက်ရသေးရဲ့....ခိ...း)
ဒီက အီကြာကွေးလေးတွေများ.... လက်တစ်ထွာလောက်ပဲရှိသဗျာ...။ ရွာက အရှည်ကြီးတွေကို လွမ်းတောင် လွမ်းသွားတယ်....း(
အီကြာကွေးကို ပြောဒါနော်....ခွိခွိ...း)
ခင်မင်တဲ့
ဏီလင်းညို
သူငယ်ချင်းရေ
ReplyDeleteကိုလူထွေး ပြောတဲ့အတိုင်းဘဲနော်
မမ...သူများတွေကို ထမီတွေဝတ်ခိုင်းပြီးတော့တော့ ဇောက်ထိုးမထောင်ခိုင်းနဲ့နော်...ဟီးးးးးးးးးးးးးးးး
ReplyDeleteညီမလေး
ချစ်ကြည်အေးသီတ်လှတယ်။
ReplyDeleteဒီမှာတော့ စလင်းဖက်ထ် ( SlimFat ) လဲ ခေတ်စားလာပါပြီ၊ ပြည့်ပြည့်လေးပေါ့။
ReplyDeleteအိမ်တချို့မှာ လင့်လိုက်ယူနေတာ တွေ့လို့၊ ပြီးတော့ ကျနော်မရောက်ဖူးသေးတဲ့ အိမ်အသစ်ဖြစ်နေလို့ ကျနော် ၀င်လာခဲ့မိတာပါ ..
ReplyDeleteပထမဆုံးတွေ့ရတဲ့ စာမူလေးကတင် ကျနော့်ကို ဖတ်ရင်း ပြုံးစေမိခဲ့ပါတယ် ..
အမရဲ့ လက်ရာလေးက သေသပ်ပါတယ်ဗျာ .. =)
ကောမန့်တွေကလည်းစုံနေအောင်ပြောသွားကြတော့ ပြောစရာတောင်ကျန်တော့ဘူး..ဘာပြောရမှန်းလည်းသိတော့ဘူး။ အိပ်ရာပြောင်းပြန်ပဲအိပ်တော့မယ်...
ReplyDeleteအစ်မရေ...
ReplyDeleteတစ်ခါတစ်ခါ လောကကြီးမှာ
ဇောက်ထိုးတွေနဲ့ဘျဲနှစ်ပါးသွားနေကြရတာနော်။
အကြောင်းအရာလေးတစ်ခုပေါ်မှာ ရေးပြထားတာလေးက
နှစ်သက်စရာပါဘဲ အစ်မရယ်။