Hard Rock Hotel ....
မဆီမဆိုင် ကိုEagles တို့ရဲ့ ဟိုတယ် ကယ်လီဖိုးနီးယားကို လွမ်းမိသေး....
ချစ်စရာ နားနေခန်းကလေး...
Festive ဟိုတယ် လော်ဘီရှေ့
အမျိုးသမီး အများစု ချစ်တဲ့ Coach..ဆိုင်ပိတ်ထားတုန်းမို့ ဝယ်ခဲ့ရဘူး....ခိခိ
အင်မတန် နာမည်လဲကြီး၊ ဈေးလဲကြီးတဲ့ ဆိုင်တွေ လမ်းတလျှောက်မှာ...
ခရစ်စတယ် နဲ့ လုပ်ထားတဲ့ ပစ္စည်းလေးတွေပေါ့ အနုစိတ် လှသလို ဈေးကလဲကြီးပါ့...
Victoria's Secret ...ဖက်ရှင်ဘုရင်မတိုင်း သိကြပါလိမ့်မယ်၊ Lingerie လေးတွေ ချစ်စရာ သို့သော်...ကိုယ်နဲ့တော့ လားလားမျှ မဆိုင်...
ကြည့်စမ်း...သူများပုံကို...သူများပုံ လို့ ပြောပါတယ်...:)) မချစ်ကြည် တို့နဲ့တော့ နင်လား နင်လား ပါပဲ (ငါလား ကို ဖြစ်နိုင်ဖွယ် မရှိတော့တာ...ခိခိ)
အားပေးလိုက်ချင် ပါသော်လည်း ဆိုင်တွေက မဖွင့်သေး...:))
လမ်းတလျှောက် မီးဆိုင်းကြီးတွေကလည်း လှမှလှ...အိမ်ကမီးဆိုင်းကြီးတွေ ဟောင်းလို့ ပြောင်းတပ်ခါနီးမှ တခေါက်လာခဲ့အုံးမယ် လှေခါး ယူခဲ့ရအုံးမယ်လေ...
ဟေး....!!! ကာဆီနို ရှေ့ ရောက် ပြီ...ဝေး...
ကဲ ကဲ...ကစားဝိုင်း သွားမည့်သူများ ငွေထုပ်ပြင်...အဲလေ...ရွာ နဲ့ မှားသွားလို့....ခရက်ဒစ်ကပ် နဲ့ လက်ခံပါတယ်တဲ့...ချက်တော့ ပါခဲ့သား...ပါဆို သွားလေရာ ယူခဲ့သကိုး.....
အဟမ်း ဟမ်း...ဂိုက်ကိုက မိုက်ဂိုက်...ဘလူလဲလို့ မေးနဲ့...ပြောဝူး...
ဆင်ရုပ်ကြီး ချစ်စရာ...အိမ်ကလူကြီး သတိရတာနဲ့ ရိုက်ခဲ့တယ် သူက ဗုဒ္ဓဟီးသား....
ဒါက ကာဆီနိုကို စက်လှေကားနဲ့ အဆင်း...
အဲဒီမှာ ရေလှိုင်းသံလေး နဲ့ ငါးကလေးတွေက ခေါင်းပေါ်က သက်တံခုံးပေါ် ပြေးဆော့လို့...ငါးသံလေးတွေတောင် ပကျိ ပကျိ နဲ့ ထည့်ထားသေး...
ကာဆီနိုက ဟိုးရှေ့မှာ....တွေ့လား မြင်နေရပြီ...
ကာဆီနိုရှေ့ တည့်တည့်ရောက်ပြီ...ကျောပိုးအိတ်ကြီးကလဲ လေးပါ့ ငွေထုပ်ကြီးနဲ့ လာခဲ့တာကိုး...ဟမ်...!!!! ဪ....ကျပ်ငွေနဲ့ မရဘူး တဲ့....:(
ကာဆီနိုရှေ့ မုဒ်ဦးကြီးပေါ့...ပုဂံပြားပျံကြီးအောက် ရောက်သွားသလို ဘာလိုလို...
ကာဆီနိုရှေ့ တည့်တည့် က ဗျူး....
ကာဆီနိုရှေ့ ဝင်ဖို့ လက်မှတ် ဒီမှာဝယ်နော်...
သူတို့ နှစ်ယောက်က ဒီမှာကိုး....
စလုံးက ပူတယ်လေ....ကျောပူလည်း ခံနိုင်ဘူး....
ပြန်ပြီ...ကာဆီနိုကြီးရေ... စန်တိုစာထဲမှာ သူ့ကိုထားရစ်ခဲ့...
ပြောပြပါရစေ.....
ခုရက်ပိုင်း ဘယ်လိုမှ မအားတာပါ ...ကျောင်းတုန်းက သူငယ်ချင်းမ တယောက် ဒီကို အလည်ရောက်နေလို့ ဟိုပို့ ဒီပို့ နဲ့ မို့ပါ။ ပြီးခဲ့တဲ့ ပို့စ်တောင် ရေးပြီးသားရှိနေလို့ Schedule နဲ့ တင်ထားခဲ့တာပါ။ သူငယ်ချင်းက လကုန်ပြန်မှာ။ ဒီကြားထဲမှာ ရေးပြီးသားကို Scheduled လုပ်ပြီးပဲ တင်ပေးပါမယ်။ အခုတော့ ဆန်းဒေးတုန်းက ပုံတချို့ တင်ပေးလိုက်ပါတယ်။ ညစာစားတဲ့ ပုံတွေကတော့ ကျမ ကင်မရာ သူငယ်ချင်းကားပေါ် ကျန်နေခဲ့တာမို့ မရိုက်လိုက်ရပါဘူး။ အဲဒီနေ့က ကျမတို့ သူငယ်ချင်းမ ၄ ယောက်ပြန်ဆုံခဲ့ကြတာမို့ တကယ် ပျော်ခဲ့ရပါတယ်။ အိမ်မလည်နိုင်တာ ခွင့်လွှတ်ကြပါအုံးနော်...
အားလုံးကို ချစ်ခင်တဲ့
ချစ်ကြည်အေး
စက်လှေခါးအဆင်းမှာ ဘောင်းဘီပန်းရောင်က မယ်ချစ်ပုံမှန်းသိပြီးသား
ReplyDeleteဟုတ်လားဗျ ကိုကြီးကျောက်
ReplyDeleteဟုတ်နေရောကွာ...
ReplyDeleteမရောက်ဖူးဘူးဗျာ
So Busy !.. visited and Commented .:)
ReplyDeleteကိုကြီးကျောက်တို့များ အကောင်ပြမှပဲ အရိပ်ထင်တော့တယ်...အဲဒါမချစ်ကြည်မဟုတ်ဘူးဗျ...မချစ်ကြည်ရဲ့ အငယ်ဆုံး ညီမလေး...ကိုကြီးကျောက် သဘောကျရင် တခါတည်း စီစဉ်လိုက်မယ်လေ....ဘယ့်နှယ်လဲ....ကိုယောရေ...ကျမ မမေးပဲ ဟိုလူကြီးသွားမေးမှတော့ တလွဲဖြစ်ရောပေါ့....ရွာသား...သိနေတယ်လေ...တော်တော် များများ မရောက်ဖူးကြသေးတာ၊ ခုတွေ့ဖူးပြီ မှုတ်လား ပေး ဝင်ခ တဝက်...။ မောင်မိုး မအားတဲ့ကြားက လာခဲ့လို့...ကျေးဇူး...။
ReplyDeleteရေမွှေးမဆွတ်ရရင် သေမလို ဖြစ်တတ်တဲ့ ဟိုတယောက် လာလည်တယ်...
ReplyDeleteခုဒီကို ရောက်တော့ ပိတ်ထားတဲ့ Coach ဆိုင်နဲ့ တိုးနေတာမို့ သွားမကြည့်ရရင် သေမလို ဖြစ်နေတဲ့ ရောဂါ ထပ်ရသွားတယ်...
ပြန်လျော်ပေး... ဒါပဲ...
(ဓါးကြိမ်း ကြိမ်းနေစဉ် ပြောတတ်သော လေသံ ခပ်မာမာဖြင့် ဖတ်ပါ...)
အဲ... ထင်ရာတွေ ပြောသွားတာ ဓါတ်ပုံအကြောင်း မပြောခဲ့မိဘူး...
ReplyDeleteအတည်ပြောမယ်...
ဓါတ်ပုံတွေလှဒယ်... လက်ရာတွေကောင်းဒယ်...
နှစ်ကျပ်ခွဲ ဝယ်ပါ..း)
အတူတူ သွားရိုက်ကြမယ်... (မကျေနပ်တဲ့သူတွေကို)
အမရေ universal studio ဘက်ကိုရော မရောက်ခဲ့ဖူးလား အဲဒီဘက်က ပိုလှတယ်..
ReplyDeleteအမချစ်
ReplyDeleteပုံက ဝေးလေ ကောင်းလေ မမြင်ရလေ ကောင်းလေမို့ သေးသေးလေးတင်ထားတာလား အဟဲ ကျီစယ်တာပါ
seesein
စလုံးကြီးရဲ့ လူပြောသူပြော များတဲ့..အငြင်းပွားဖွယ် ကာဆီနို ရွာကြီးကို.. မြင်လိုက်ရတယ်..ကျေးဇူးပဲ မ..
ReplyDeleteဟယ်.. ချစ်ကြည်အေးဆိုတာ သူလေးကိုးးးး စတိုင်မိုက်မိုက် လှလှလေးပေါ့..သိသွားပြီ...း)
ReplyDeleteသူငယ်ချင်း သက်ဝေ နှစ်ကျပ်ခွဲကြီးတော့ မဝယ်နိုင်သေးပါဘူးဟယ် ရှိတဲ့ တမတ်တန်လေးနဲ့ပဲပုံဖြစ်အောင် ရိုက်ရအုံးမှာ ..., Sponsor လက်ခံ၏ :)
ReplyDeleteAnonymous ရေ...universal studio က မဖွင့်သေးဘူး၊ ဖွင့်တဲ့အခါ သွားရိုက်အုံးမှာ...:P
စိန်စီ...အဲ...ဆီစိမ်...ဟုတ်ပေါင်...စည်းစိမ်...ရေ..ဟုတ်တယ် ...ရိုက်ပေးတဲ့သူကို မှာထားရတာ ဝေးလေ ကောင်းလေ...လို့:)
ဟုတ်တယ် ကေရေ အဲဒါက စန်တိုစာကဟာ၊ အိုင်အာ မှာ တခုရှိသေးတယ် မဖွင့်သေးဘူး၊ စလုံးက ကာဆီနို အောင်မြင်ဖို့ ကို တအား မျှော်လင့်ထား တာလေ...တို့လဲ အောင်မြင်စေချင်ပါတယ် နို့မို့ဆို အလုပ်မဲ့ ပြဿနာက ဝင် လာမှာလေ.....:D
ဟားဟားဟား...မဝါရေ...မလှမပမို့လို့ ဝေးဝေးက ရိုက်ခိုင်းထားရတာ၊ တော်ကြာ ရှိစုမဲ့စု ပရိသတ်လေး...လန့်ပြေးကုန်မှ...:)
ဟင်.. ဒါဆင်းကျားပိုးလား။ သိတောင် မသိဘူး။ ငါမရောက်သေးတာ တော်တော် ရှိနေပါလား...။
ReplyDelete(ဒီလိုများ ပြောလိုက်ရင် မချစ်ကြည်တစ်ယောက် လိုက်ပို့မလားလို့တော့ မထင်လိုက်လေနဲ့... :P )
ရောက်ဘူးသေးဘူး
ReplyDelete