မျက်စိ မှိတ်ပြီး ဇွတ်နှစ် ယုံရမဲ့ အထဲမှာ
အချစ်ဆိုတာ ပါမလာခဲ့လေတော့
ခံပေအုံးပေါ့ ကွယ်.....
မင်းပဲလို့ သေချာခဲ့ပြီးတဲ့နောက်
ငါ့အတ္တတွေ ငါ့ခြေဖဝါးအောက် အလိုလိုရောက်နှင့်
မင်းကဖြင့် မတော်တဆ ခလုတ်တိုက် သွားခဲ့တဲ့သူပါ
အဲသလို.........
ပြီးပါပြီ... စာတမ်းထိုး... ကန့်လန့်ကာချ နေတာတောင်
ငါလို တုံး အ အ ကောင်က ဆက်ရန်ကျန်သေးသည် လုပ်တုန်း
အဟုတ် မုန်းပါပြီ ဆိုမှ အသဲတွေလည်းကွဲ
မင်းဘက်က....
ဝှက်ဖဲတွေ အပြည့် နဲ့ အလဲမထိုးခဲ့ပေမဲ့
(ရင်နာနာ နဲ့ ပဲ ....)
ငါ့ဘာသာ ဒိုင်အဖြစ်....တခန်းရပ်ပစ်ခဲ့တယ်....။
လူအချင်းချင်း အသဲခွဲခြင်း ကင်းရှင်းကြပါစေ.....:P
Image Source : myniceprofile.com
အလဲ့.. မိုက်သဗျို့... ကဗျာက။
ReplyDeleteတခါတလေလည်း အဲ့လို တုံးတိလုပ်ပစ်တာမျိုး ကောင်းလေ၏။ မဟုတ်ရင်မလွယ်။း)))
"မင်းပဲလို့ သေချာခဲ့ပြီးတဲ့နောက်
ReplyDeleteငါ့အတ္တတွေ ငါ့ခြေဖဝါးအောက် အလိုလိုရောက်နှင့်
မင်းကဖြင့် မတော်တဆ ခလုတ်တိုက် သွားခဲ့တဲ့သူပါ"
စာသားလေးတွေ ကို အရမ်းသဘောကျတယ်ဗျာ။
တကယ်အသည်းကွဲခဲ့ ဖူးတယ်ဆိုယင်လည်း စိတ်မကောင်းပါဘူး။
ဟိုက်.......ကျောချမှ အသဲကွဲမှန်းသိပါပြီ..
ReplyDeleteလူအချင်းချင်း အသဲခွဲချင်း ကင်းရှင်းကြပါစေ.
ချစ်တဲ့သူချင်း အချင်းချင်း ပိုချစ်ကြပါစေ.
အသည်းကွဲဖို့တောင် အင်အားမရှိတော့လို့ တဖက်သတ် တခန်းရပ်ပစ်လိုက်တာ မဟုတ်လား။ သိနေတယ်လေ..
ReplyDeleteဂျီးတော်ညွှန့်..အသဲကွဲနေတာလားဟင်! ဒိုင်ပွဲရပ်ဆိုလို့ လက်ဝှေ့ပွဲမှတ်လို့ ပြေးလိုက်လာတာ။ ဒီရောက်မှ ဖဲဝိုင်းမှာ အသဲကွဲနေတာကိုး...။ မောတာ.။
ReplyDeleteမကြီးအေးရေ....
ReplyDeleteကဗျာလေးက လန်းဒယ်....း)
ခင်မင်တဲ့
ဏီလင်းညို
ကဗျာလေးက ရိုးရိုးရှင်းရှင်းနဲ့ သိပ်ကောင်းတယ်။ လူလူချင်း အသည်းခွဲခြင်းကင်းကြပါစေလို့ ၀ိုင်းပြီးဆန္ဒပြုသွားပါတယ်။
ReplyDeleteဟိုက်ရှားဘား
ReplyDeleteငါ့အစ်မက ဒါမျိုးတွေလည်း ရသေးတာပဲ
လက်ဖျားခါလောက်တယ်.... :)