ကျမဖြင့် မျက်နှာတွေ ထူပူပြီး ရှက်လွန်းလို့ ပေကပ်ကပ်နဲ့ မထိုင်ချင်ဘူး လုပ်မိတယ်။ အဲဒါကိုအမျိုးသားက လက်ကုတ်ပြီး "ထိုင်လိုက်လေ တော်ကြာ ချာတိတ် ရှက်သွားအုံးမယ်" တဲ့။ အဲဒါ ခက်တာပေါ့ သူပြောမှ ကျမကပဲ မရှက်တတ်သလိုလို...။ တတ်နိုင်ပါဘူးလေ...ရှက်ရှက်နဲ့ပဲ လွယ်ထားတဲ့အိတ်ကြီး ဗိုက်ရှေ့ကာပြီး ထိုင်လိုက်ရတယ်။ ငါ့နှယ်နော်...ခုနတုန်းကသာ ဗိုက်ကိုအိတ်နဲ့ ကွယ်ထားရင် ခုလိုမဖြစ်ဘူးလို့ တွေး မိသေးတယ်။ အမျိုးသားရဲ့ မျက်နှာပြုံးစိစိလည်း မကြည့်မိအောင်နေရသေး။ ဒါတောင်မှ "ဗိုက်ပူတာ ဒီလိုနေရာမျိုးကျ ပိုင်သကွာ" တဲ့ ရှေ့ကနေ ကျမကြားလောက်ရုံ စ နေသေးတာ။ မုန်းစရာ...သူ့ကို ဂြိုလ်ကြည့် တချက်လောက် ကျွေးလိုက်မှ ငြိမ်သွားတယ်။ ကျမ ဗိုက် အဲဒီလောက် မပူပါဘူး ။ ဖြစ်ချင်တော့ အဲဒီနေ့ကမှ ရင်ဘတ် ဖြတ်ဆက်နဲ့ ကိုယ်ထည်ကားကား အင်္ကျီလေး ဝတ်သွားမိလို့ပါ။
နောက် ၅ဘူတာလောက် ရောက်လို့ ကျမတို့ ဆင်းခါနီးတော့ အဲဒီချာတိတ်ကို လက်တို့ပြီး သူ့နေရာ ပြန်ပေးလိုက်တယ်။ ချာတိတ်က ရည်ရည်မွန်မွန်ပဲ ပြုံးပြပြီး ပြန်ထိုင်တယ်။ တချို့အမကြီး တွေလို ရထားပေါ်မှာ နေရာပေးခံရတာမို့ ဆိုပြီး စိတ်မနာနိုင်ပါဘူးလေ...။ ချာတိတ်က ပြုံးလိုက်တော့လည်း နူးညံ့ပြီး ချစ်စရာကောင်းသား...၊ ပါးချိုင့်ကလေး တဖက် တောင်ပါသေး...။
ခုတော့လည်း ကြည့်ကောင်းတဲ့ အမျိုးသားများ တွေ့ရင် စိုက်ကနဲ ငေးကြည့်မိတာ အကျင့် တောင် ဖြစ်လို့ လာတယ်။ တမျိုး မထင်ကြ နဲ့အုံးလေ...ဘာကြောင့်ဆိုတာ ပြောပြမှာပေါ့။
ကျမမှာ သူငယ်ချင်း အပျိုကြီးတွေ တကျိပ်လောက်ရှိတယ်။ သွားရင်းလာရင်း သူတို့အတွက် သင့်တော်တာလေးများ တွေ့လိုတွေ့ငြား မျက်စိဖွင့် နားစွင့်လို့ နေရတာ အကျင့်ပါနေတယ်။ ရုပ်ရည် ပြေပြေပြစ်ပြစ် မွန်မွန်ရည်ရည်လေးများ တွေ့ပြန်ရင်လည်း ရွှေကလေးများလား၊ လူလွတ်လား၊ ဘာလုပ်ကိုင် စားသောက်သလဲ အဲသလို စကားလေး ဘာလေး အစ ဆွဲထုတ်ရင်း တဖက်ကလည်း နဖူးရည် ဒူးရည် အကဲခတ်ရသေးတာ။ ဒါတောင်မှ မယ်မင်းကြီးမ တွေက ငါတို့အေးအေးနေတာ မကြည့်ချင်ဘူးလားတဲ့၊ ငါတို့ဟာ စိတ်အလွန်ခိုင်သူတွေ ဖြစ်တယ် တဲ့၊ မလိုချင်လို့ မဟုတ်ဘူးတဲ့ ဘာညာနဲ့ ကျမကပဲ အငြိမ် မနေနိုင်သလိုလို...ပြောကြသေးတာ။ နောက်ဆုံးတော့ ကြားက အေးအေး မနေနိုင်တဲ့ ကျမ အဆိုးဖြစ်ရော...။ ကြားဖူးကြတယ်မဟုတ်လား...အပေါင်းအသင်းမကောင်းတော့ တသံသရာ တဲ့။
သူငယ်ချင်း အပျိုကြီး တွေထဲမှာ ကျောင်းမှာဆရာမ ပြန်လုပ်သူ၊ ကွန်ပျူတာ ဒေတာဘေ့စ် လုပ်သူ၊ ဆရာဝန်မ၊ တူးရစ်ဂိုက် လုပ်နေသူတွေ ရှိတယ်။ ၂ယောက်က စလုံးမှာ၊ တယောက်က ကဗ္မောဒီးယားမှာ၊ ကျန်တာတွေက ရွာမှာ။ ညိုချောလေးယူမလား၊ ဖြူဖြူလုံးလုံး မုန်လာဥလေး တွေ ယူမလား၊ သေးသေးသွယ်သွယ် ထန်းပိန်မြစ် စလင်းလေးတွေလား...။ ကာလာစုံ အလှစုံ ရှိတယ်။
ရွာက အပျိုကြီးတွေများ သိတ်ငြိမ်နေရင် ကျမတို့က ဒီကနေ လက်ဆောင်ပစ္စည်း နှုတ်ခမ်းနီ၊မိတ်ကပ် ဆိုတာမျိုးတွေ မတူတဲ့ အရောင်အသွေးတွေ ဘယ်ဟာကဖြင့် ဘယ်သူ့ အတွက်လို့မရေးဘဲ အဆင်ပြေသလို ခွဲဝေယူကြ ဆိုပြီး လှမ်းပို့ ပေးလေ့ရှိတယ်။ နောက်ရက်တွေ သူတို့ဆီ ဖုန်းဆက်တော့မှ ဟိုမှာ ပစ္စည်း အရောင်အသွေး လိုချင်တာလုရင်း သတ်ကြ ဖြတ်ကြတယ် ဆိုရင်ပဲ ကျမတို့မှာ ဒီကနေ ပျော်ကြရတယ်။ ဪ...သူတို့တတွေ ကျန်းကျန်းမာမာ ရှိကြသေးရဲ့ ဆိုပြီးတော့ပါ...။
ဘယ့်နှယ်...အပျိုကြီးတွေ ဆိုတာ ကိုယ့်လုပ်စာ ကိုယ်ရှာစား ရတယ်၊ ငိုလို့မှ နှပ်သုတ်စရာ တစ်ရှုးလေးဘာလေး ပေးမဲ့သူမရှိ၊ သရဲအကြောင်း အိပ်မက်လို့ ညလယ်ကြီး တရေးနိုး လာရင် တောင် အကြောက်ဖြေစရာ ရင်ခွင်မရှိ...။ ဪ...လိုအပ်ချက်ကို သဘောမပေါက်ကြပုံများ ပြောပါ တယ်။ " ကျောင်းတက်တုန်းက ရွေးစရာ ဒီလောက်များတာ၊ နင်တို့နှယ် လူအုပ်ကြား ခဲထုပေါ့ဟ တယောက်ယောက်တော့ သေချာပေါက်မှန်မှာ" လို့ ကျမက ပြစ်တင်ဟန်ဆိုတယ်။ ငါတို့မှာ ခဲအကြီးအသေး ရွေးနေတာနဲ့ပဲ အချိန်ကုန်ခဲ့တာ တဲ့။ ဖြစ်ရမယ်လေ...ကျောင်းတွေကလည်း တနှစ် နှစ်တန်းနှုန်းနဲ့ကိုး...။
တခါက မိတ်ဆွေ တယောက်က ပြောပြတယ်။ ကျွန်တော် နဲ့ တိုက်နီးချင်း အပျိုကြီးဗျာ တဲ့ တနေ့က အောက်ထပ် ကုန်စုံဆိုင်မှာ ငှက်ပျောသီး ပြားငါးဆယ်ဖိုးကို ငါးပြားစေ့ ဆယ်စေ့နဲ့ လာဝယ်လို့ဗျ...ဟားဟားဟား...တဲ့။ ကြည့် ဒါ သက်သက် အပျိုကြီးတွေကို ဟာသလုပ်တာ မဟုတ်လား၊ ကျမက မရယ်ပါဘူး...ဒါမျိုး ဘယ်ရမလဲ။ အဲဒါ အဲဒါတွေကြောင့် သူတို့ကို မြန်မြန် စွံစေချင်တာ...သူတို့ကို ဟာသ အလုပ်ခံနေရတာ ကျမ ဘယ်ကြည့်ရက်ပါ့မတုန်း။ ဒါကို သူတို့ သဘော မပေါက်ကြဘူး...။
သိကြပြီ မဟုတ်လား တနေရာရာမှာ အမျိုးသားလေး တယောက်ယောက်ကိုများ ကျမ ငေးခနဲ ကြည့်နေတာတွေ့ခဲ့ရင် မချစ်ကြည်တယောက်တော့ဖြင့် သမိုင်းပေး တာဝန်ကြီးတခုကို စေတနာ့ဝန်ထမ်း အဖြစ် ရွက်ဆောင်နေတယ်လို့သာ မှတ်လိုက်ကြပါနော်။ ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်မတုန်း၊ကျမ တာဝန်က...နောက် ၄-၅ နှစ်လောက် နေလို့မှ သူတို့ ထူးမခြားနား ပတ်ပျိုးလေးတပုဒ် ဆိုနေတုန်း ဆိုရင်ဖြင့် ရွာပြန် ငှက်ပျောပင်စိုက်ဖို့သာ ရှိတော့တာပဲ...။ သူတို့ တတွေ အသက်ကြီးတဲ့ အခါ ငှက်ပျောခြံကလေးက ရတဲ့ ဝင်ငွေ မှီခိုစားရအောင်ပါ...။
ဪ အပေါင်းအသင်းမကောင်းတော့ တသံသရာ လို့ ဆိုကြတယ်...။
ဘဝ အမောတွေ ပြေကြပါစေ....
***ချစ်၍ ကြော်ငြာဝင်ပေးသည် နောက်ကြုံရင် ဓါတ်ပုံနှင့် တကွ လာအုံးမည်...မျှော်...
ကိုယ်ကတော့ဝါသနာပါလို့ကြည့်တာပါ။
ReplyDeleteဓါတ်ပုံနှင့်တကွကြော်ငြာလေ...စဉ်းစားပေးသင့်ရင်လဲပေးရတာပေါ့..
ReplyDeleteလူသိမခံချင်လဲ e mail ပို့လိုက်..ကိုကြီးကျောက်ကတော့ လောဘတော့နဲတယ်..
"တချို့အမကြီး တွေလို ရထားပေါ်မှာ နေရာပေးခံရတာမို့ ဆိုပြီး စိတ်မနာနိုင်ပါဘူးလေ."
ReplyDeleteအဟတ်ဟတ်.. ကောင်းပဗျာ။
အပျိုကြီးတွေ အသက်ကြီးလာတာနဲ့ အမျှ ဂဂျီဂဂျောင် နိုင်လာတာ အမှန်ပဲနော်။
သေချာ လာရောက်ဖတ်သွားပါတယ် ခင်ဗျ။
ခမမ
တော်သေးတယ်..
ReplyDeleteဒီက ပြုပြီးသွားလို့..။။
ဟိ
This comment has been removed by the author.
ReplyDeleteဒီမှာလည်း ခဲအိုလူပျိုကြီးကို အစွံထုတ်နေတာပါ မမချစ်ကြည်။ အဟီး။
ReplyDeleteကိုယ်က အငြိမ်မနေတာမဟုတ်ဘူး။ သူကိုယ်က အကူအညီတောင်းထားတာပါ။
အသက်၄၀ကျော်..မပိန်မ၀.သဘောကောင်း၊ မွန်လူမျိုးမို့ အသားလဲလှပါတယ်။
ဟဲဟဲဟဲ။ ဘကျောက်လို အသားမညိုဘူး..ဒီတော့ အရင်ထည့်စဉ်းစားပေးပါ။
ဟိဟိ မမ ရေ ရီသွားတယ် နော် ဟဲဟဲ
ReplyDeleteကိုယ်တော်ပါးချိုင့်က ဗိုက်ကိုကြည့်ပြီး နေရာထ ပေးတယ် ဟုတ်လား ဟဲဟဲ
မကြီးအေးရေ....
ReplyDeleteကျွန်တော်လည်းကိုကြီးကျောက်ပြောသလိုပဲဗျ....း)
ခင်မင်တဲ့
ဏီလင်းညို
နေပါစေ အမရယ်... အေးအေးဆေးဆေး နေပါရစေ... :P
ReplyDeleteSometimes, it's difficult to judge whether a lady is really pregnant. I made a similar mistake about two times already. Every time, it was so embarassing as those ladies quickly moved away from the area.
ReplyDeleteYour action was better :) You appreciated the guy's kindness at the expense of your own vanity.
ကျွန်တော့် အိမ်က ငပျောခြံစိုက်ရတော့မယ့် တစ်ယောက်ကိုလည်း စာရင်းသွင်းချင်ပါတယ်။ ကိုကျီးကျောက်နဲ့ ကိုနီလင်းတို တို့နဲ့ဆိုလဲဖြစ်ပါတယ်။ အို..။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဗျာ။ နော်..အစ်မ.။ ဒီမှာ မျက်စိနောက်လွန်းလို့။
ReplyDelete:P
ReplyDeleteနောက်ဆိုရင်စီးအပြတ်လေးပဲဝတ်ပေါ့ ...ဟိ
ReplyDeleteဒီပိုစ့်ကိုဖတ်ရတာ အန္တရာယ်နဲ့ အတော်နီးတာပဲ...
ReplyDeleteအခန့်မသင့်ရင် တသက်တကျွန်းကျနိုင်တယ်...
သူမို့ မကြောက်မရွံ့ ရေးတယ်..း))
ဒီတော့ ဟိုအငြိမ့်ထဲက ကင်းကောင် အော်သလို...
ကျော်ထူးရေ... ငါကြောက်တယ်... အိမ်ပြန်မယ်... လို့ အော်ပြီး ပြေးပါပြီ...
မချစ်ကြည်အေးက အောင်သွယ်လုပ်ဖို့ ကြိုးစားရင် မျက်နှာများတဲ့ သူတွေကိုတော့ သွားမစဉ်းစားနဲ့နော့်။ သူငယ်ချင်းအတွက် မျက်နှာပူနေရမယ်။ ကျွန်မတော့ အောင်သွယ်လုပ်ပေးတဲ့ ဇာတာ မပါလာဘူး။ လုပ်ပေးဖို့ ကြိုးစားဖူးတယ် တခါမှမအောင်မြင်လို့ အေးအေးဆေးဆေးပဲ နေလိုက်တော့တယ်။
ReplyDeleteတော်သေးတယ် ဘလော့မှာ ကိုယ့်ပုံကိုယ်မတင်ထားမိလို့
ReplyDeleteတော်ကြာ မချစ်ကြည်အေးတို့ နေ့တိုင်းဘလော့လာလည်မှာ မြင်ယောင်သေး :)
အပျိုဂျီးတွေ လင်မရလို့ လန်ဒန် မြေပဲယို
ReplyDeleteအမရေ
ReplyDeleteအပျိုကြီးတွေကို သနားရမှာလား
အားကျရမှာလားဟင်
မမကွန်...သိသားပဲ...ဟွန်း...လူဇိုးဂျီး...
ReplyDeleteကိုကြီးကျောက်နော်...စိုးမြတ်လုံးတင်ကို မပိုင်ပဲနဲ့များ...
ခမမ...ဂဂျီဂဂျောင်...လို့ ကျမ မပြောဘူး...နော်..
ဒါပေါ့ အမတို့ ပေါက်တို့က မရှောင်လည်း လွတ်ပြီးသား...
ရှုး...ကိုကြီးကျောက် မသိစေနဲ့... ညီမ မွန် တိတ်တိတ်လေး e-mail ပို့လိုက်မယ်...နော်
ညီမ ဝက်ဝက်ရေ...ကံကောင်းတယ်ပဲ ပြောရမလား....သိပါဘူးဟယ်...
ဏီလင်းရေ...ကိုကြီးကျောက် နဲ့ ဗိုလ်ကျားသေနပ် ဆွဲနေရမယ်နော်...
အေးပါမောင်ပီတိရယ်...မလေးမကလေးတွေ...တရုတ်မကလေးတွေနဲ့တောင်...လက်မလည်တာ...သိပါ့
Anonymous ရေ...ကျေးဇူးပါနော်...ခုလို ခေတ်ကြီးမှာ ခပ်တည်တည် ထိုင်နေတာတွေထက်စာရင်...ဒီလိုယဉ်ကျေးတာမျိုးလေးကို appreciate လုပ်ရမှာပေါ့လေ...
ဓါတ်ပုံပို့လိုက်လေ မောင်မိုး...စာရင်းထဲ ထည့်ပေးမယ်..
ကျေးဇူး ညီမ မေမိုးရေ...
Vista ရေ...ရင်စေ့ အင်္ကျီတွေက ခုတော့ ဝေ့စ်ကုတ် တွေဖြစ်ပြီး ရင်ကြားစေ့မရ ဖြစ်နေသကွယ်...
ဒေါ်သက်ဝေ ဘာကိုကြောက်ရမှာတုန်း...ဒီမိုကရေစီ လိုချင်လို့ ဒီထွက်လာခဲ့တာ...ဘာတွေတွေးကြောက်နေလဲ...ရီလက်စ်...အိုခေ...
ဟားဟား...အလကား အပျော်နောက်ပြီးတင်တဲ့ ပို့စ်ပါ မငယ်ရေ...ကျမ သူငယ်ချင်းတွေက အိမ်ထောင်ရေး စိတ်မဝင်စားကြဘူး ထင်ပါရဲ့ ဗြဟ္မာပြည်ဖွားတွေ ဖြစ်မယ်ထင်ပါ့....
အားလုံးကို ကျေးဇူးတင်ပါတယ် နော်...:)))
ကိုမြစ်ကျိုး...အပြောမကြီးပါနဲ့လေ...ဓါတ်ပုံသာ အရင် ပြ...ပြလိုက်စမ်းဘာ...ဘာ...:))
ReplyDeleteကိုနွေဆူးနော်...ဟွန်း အပျိုကြီးတွေကို ဟာသလုပ်ရင် ဒီက စိတ်ဆိုးတယ်...အပျိုကြီးအားလုံး...သားရေပင် တယောက်တပင်နှုန်းနဲ့ ဝိုင်းပစ်လိုက်ရင် ကိုနွေဆူး လူလုံးမလှ ဖြစ်သွားမယ် ဘာမှတ်တုန်း...:))
၉-၉ ရေ...တဝက်အားကျပြီး တဝက်သနားလိုက်ပါကွယ်...:))
ဒါကတော့ ကိုကြီးကျောက် တို့ ကိုဏီတို့ ကိုမြှစ်ချိုး တို့အပိုင်း
ReplyDeleteဟုတ်တယ် ဒါအကြည့်အပြစ်မဟုတ်ဘူး။ ရင်ဘတ် ဖြတ်ဆက်နဲ့ ကိုယ်ထည်ကားကား အင်္ကျီလေးက တရားခံကွ။
ReplyDeleteစဉ်းစားရင် တို့သယ်ရင်း ... အိမ်က သဘောကောင်း မနောကောင်း အပျိုကြီးအတွက် အရင်နော် ....
မျက်စိထဲမြင်ကြည့်သွားတယ်....
ReplyDeleteအမချစ်ရေ
ReplyDeleteတော့တိုးချန် ကလေး တစ်ယောက်ရမယ်ထင်တာ
ပြီးတော့ အဟုတ်လဲအဟုတ်ဘဲနဲ့တဲ့ ...ရှက်၊
်ဟုတ်ပ ရွှေစင်ရေ...သူတို့ အပိုင်း သူတို့ အပိုင်း....
ReplyDeleteဒါပေါ့ဆွိရယ်...သူ့အတွက် ကိုယ့်မှာ တာဝန်အပြည့်...ရှိနေတယ်...ဒါပေမဲ့ သူကိုယ်တိုင်က ညှစ်အုံးမှပါဟယ်.....
ရွာသား ဘာတွေ မြင်ကြည့်သွားတာတုန်း...ရှင်းလင်းခဲ့အုံးမှပေါ့....
ဆီစိမ်...ဒီဘဝ အတွက်တော့...နမ လက်လျော့နေလေအုံးတော့ ဆိုလား...ဘာလား...:))
အပေါ်ဆုံးနှစ်ပိုဒ်နဲ့ အောက်ဆုံးအပိုဒ်ကို အပြန်ပြန်ဖတ်ပြီး ရီလိုက်ရတာ တခွိခွိနဲ့... ရေးလည်းရေးတတ်ပေတယ် အာဇာနည်မကြီးရယ်.. :P
ReplyDeleteမမရေ...
ReplyDeleteတကယ်ပါပဲ ရေးထားလိုက်ပုံကတော့ ရီရလွန်းလို့ ၂ခေါက်တောင် ပြန်ဖတ်သွားတယ်... :D
ညီမလေး
အင်ကြင်း
မမရယ် ရေးတတ်လိုက်တာ တစ်ပုဒ်လုံး ရယ်နေရတာပဲ...း))
ReplyDeleteဟင်.. လက်စသတ်တော့ ဟိုတစ်နေ့က ကိုယ်နေရာဖယ်ပေးလိုက်တာ မချစ်ကြည်ကြီးကိုး။ ဒါ့ကြောင့် ဘေးနားက ပါလာတဲ့ အစ်ကိုကြီးက မြန်မာနဲ့ တူပါတယ် အောက်မေ့နေတာ။ :P
ReplyDeleteဟေးဟေး..ချစ်မကြီး အိမ်ကို မွှေနောက်နေတာ..
ReplyDeleteကြော်ငြာတင်ထားတာ တွေ့သွားပြီ...
ကိုယ့်မောင်လေးပဲ အမရယ်.. . .အပျိုသိုးကြီးတွေနဲ့တော့ လုပ်နဲ့လေဂျာ.. လှလှချောချော မုန်လာဥရှိုတ်လေးတော့ လုပ်ပါ အမရာ....နော်.. . .နော်..
အားကိုးထားတယ်နော်. . . ကျနော့်ပုံကတော့ တင်ထားတယ်လေ. . . ခိခိ
မိုက်စ်
ReplyDelete