ရွာပြန်တိုင်း အမျိုးသားရဲ့ သူငယ်ချင်းတွေက ချစ်စနိုး ခေါ်လေ့ရှိကြတယ်။ ကြောင်မ တဲ့....။ သူတို့က ကျမတို့ လင်မယား ရန်ဖြစ် စိတ်ဆိုးကြအောင် ဝိုင်းပြီး အချွန်နဲ့ မ လေ့ရှိတယ်။ တမင်သက်သက် အပျော် စကြ၊ နောက်ကြတာပါ။ ကျမက စိတ်ကောက် စိတ်ဆိုးချင်ယောင် ဆောင်လည်း ခဏပဲ။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မလားလို့ ဝိုင်းချွန်ကြပေမဲ့ သူတို့ထင်သလို ဖြစ်မလာတော့ ညစ်ညစ်ရှိတာနဲ့ ကျမကို ညည်းက ကြောင်မတဲ့။ ယောင်္ကျားက ခေါင်းလေး သပ် ကြောလေးသပ် ပေးလိုက်တာနဲ့ ချက်ချင်း စိတ်ပြေပြီး ခြေသလုံးနား ပွတ်သီးပွတ်သပ် လုပ်တတ်တဲ့ ကြောင်မ တဲ့လေ...။ ကျမဖြင့် သဘောကျစွာ ပြုံးမိခဲ့ရတယ်။
နောက်တော့ အမျိုးသား ကိုယ်တိုင်က ပေးတဲ့နာမည်...။
ကျမ ကိုရီးယား ဒရာမာကားတွေ အကြီးအကျယ် စွဲဖူးတယ်။ တကားကြည့်လို့မှ မပြီးသေးဘူး နောက်တကား ပြောင်းကြည့် တတ်သေးတယ်။ ဒီတော့ ကျမမှာ စာအုပ်တအုပ်နဲ့ ဒီကားက ဒီအပိုင်းထိ၊ ဟိုကားက ဟိုအပိုင်းထိ ရယ်လို့ ကြည့်ပြီးသမျှ ရက်စွဲထိုးမှတ်လို့ ၊ အဲသလိုကို စံနစ်တကျ ကိုရီးယား ဘိန်းစွဲခဲ့တာ။ ခုတော့လည်း ကြိုက်လှပါတယ်ဆိုတဲ့ ကိုရီးယား မင်းသားတောင် နားထား... ဝေးဝေးမှာ...။
ပြီးတော့ အားကစားဖိနပ် လိုချင်လှချည်ရဲ့ဆိုလို့ ၊ ချစ်ပ်လေးတခုထည့် နာရီလေးနဲ့ ဝမ်းဆက် ပတ်ပြီး ပြေးရင် နှလုံးခုန်နှုန်းတို့ ၊ ပြေးပြီးတဲ့ အကွာ အဝေး တို့ပါ တွက်ပေးတာမျိုးလေး၊ ပြီးတော့ ၁လ၊ ၂လ ပဲ...။ နေပူလို့ မိုးရွာလို့၊ ခေါင်းကိုက်၊ ဗိုက်နာလို့နဲ့ အကြောင်းမျိုးစုံပြပြီး မပြေးတော့ပြန်ဘူး၊ ဖိနပ်ကြီးတောင် စတိုခန်းထဲ သွားပစ်ထားလိုက်သေး။
သူက သိတယ်...ကြောင် ကြာကြာ ရေမငုတ်ဘူးတဲ့...ပြောလာရော...။
နောက်တခါကျပြန်တော့ မျက်နှာစာအုပ်က ဂိမ်းတွေ ကစားတာ။ အကောင်လေး မွေးတယ်၊ ခြံစိုက်တယ်၊ ကာဖီဆိုင် ဖွင့်တယ်၊ ငါးမွေးတယ်...အို...လက်လှမ်းမီတာ အကုန်ဆော့တယ်။ ကလေးလည်း မဟုတ်ပဲနဲ့လို့ မပြောနဲ့။ ကျမနဲ့ အတူဆော့ကြတဲ့ အိမ်နီးချင်းတွေက အကုန်လိုလို ကျမထက် အကြီးတွေ နဲ့ ရွယ်တူတွေ...။ ကျမ တကယ့်ကို အသည်းအသန် စွဲစွဲလန်းလန်း ဆော့ခဲ့တာ။ ခုတော့လည်း အေးဆေးပဲ။
အကောင်ကလေးဖြင့် အရပ်က ထိန်းလို့ ကြီးပျင်းနေရပြီ။ အရပ်ကပဲ အစာကျွေး ရေချိုးပေးနဲ့ ။ ခြံထဲက အပင်တွေလည်း ကျီးထိုးထိုး၊ ခွေးစားစား ပစ်ထား လိုက်တတ်ပြီ။ ကာဖီဆိုင် လာစားနေကျ ဖောက်သည်တွေလည်း စားစရာ ချက်ပြီးသားမရှိလို့ လှည့်ပြန် ကုန်ကြ ရော့မယ်။ ငါးတွေဆိုလည်း သေကုန်လို့ ရေပေါ် ပေါလောမျော နေလောက်ပြီ။ ပြတ်တာမှ တုံးကနဲ နေအောင် လှည့်မကြည့်တော့ ပြန်ဘူး။
ဒီတော့ သူက ပြောပြန်တယ်...ကြောင်တော့ ရေပေါ် ပေါ်လာပြန်ပြီ...တဲ့...။
ခုလည်းပဲ ကျမ ဘလော့ဂ် ရေးနေပြန်ပါပြီ...။ နေ့တိုင်း ပို့စ်အသစ် တင်ချင်ရလောက်အောင် တခုတ်တရ ဘလော့ဂ်ဘိန်းစား အဖြစ် ကျေနပ်နေမိ ပြန်ပါတယ်။
တခါတခါ ကျမ ဘလော့ဂ် ရေးနေတဲ့အခါ...." ကျွန်ုပ်တို့၏ ကြောင်မ ရေငုတ် နေပါသည် ၊ ဘယ်တော့ ပေါ်လာမည် မသိသေး ၊ စောင့်၍တော့ ကြည့်ရပါအုံးမည် " လို့ သင်ပုန်းကြီး ဖတ်စာ ဆိုသံ နဲ့ မလှမ်းမကမ်းကနေ မကြား ကြားအောင် လာ စ နေတတ်ပြန်တယ်။
ကျမကလည်း ကျမပဲလေ...။ ဘာလုပ်လုပ် ဆုံးအောင် မလုပ်တတ်တဲ့သူ၊ စိတ်ဝင်စားမှု အပြောင်းအလဲ မြန်ဆန်သူ ဆိုတော့ အရာရာ ခေါင်းစဉ်လေးတွေချည်း လိုက်တပ်နေ သလိုပါပဲ...။
တနေ့ကပဲ ကျမ ဘလော့ဂ် ဆက်ရေးသင့် မသင့် ဘလော့ဂ်နီးချင်းတွေ မဲပေး ဆုံးဖြတ် ခိုင်းခဲ့တယ်။
အို.....ခု လောလောဆယ်တော့ ကျမ ကိုယ်တိုင်က ဘလော့ဂ်စွဲနေတော့ကာ သူတို့ အမှား ခြစ်လည်း ကျမက အကုန်လုံး အမှန်တွေချည်း ခြစ်ထားတဲ့ ကိုယ့်မဲတွေ ကိုယ့်ပုံးထဲ ကိုယ်တိုင်ထည့်လို့ ကိုယ့်ဘာသာ ရေတွက်တော့ ၁၀၀ ရာနှုန်း ဆက်ရေးရမည်ပဲ အဖြေ ထွက်သပေါ့။ ကန့်ကွက်မဲ့သူများ ရှိပါသေးလား ခင်ဗျာ...၊ မရှိပါဘူး ခင်ဗျား...ပေါ့လေ...။ တယောက်ထဲ စိတ်ကူးထဲမှာ ဖဲရိုက်တော့ ကိုယ့်တအိမ်ပဲ ဂျိုကာ တက်သလိုပေါ့ရှင်....။
ဟုတ်ကဲ့ ကျမ ကြောင်မ ဘလော့ဂ်ကမ္ဘာမှာ ရေဆက် ငုတ်နေပါအုံးမယ် ....။
ဘလော့ဂ်ရေးခြင်း ဖတ်ခြင်းများဖြင့် ဘဝ အမောတွေ ပြေနိုင်ကြပါစေရှင်....
မကြီးအေးရေ....
ReplyDeleteရေထဲမှာပဲငုတ်နေပါဦးနော်ဗျ...း)
သစ္စာမဖောက်သွားပါနဲ့ဦး....ဘလောဂ်သူငယ်ချင်းမောင်နှမတွေကို....း))
ခင်မင်တဲ့
ဏီလင်းညို
ကြာကြာငုတ်နိုင်ပါစေဗျာ။ ဒါမှ ကျနော်တို့ဖတ်ရမှာ။:)
ReplyDelete“ကန့်ကွက်မဲ့သူများ ရှိပါသေးလား ခင်ဗျာ...၊ မရှိပါဘူး ခင်ဗျား...ပေါ့လေ...” ကြိုက်တယ် တီတီကြည်။
ReplyDelete:DDDDD
သားသားတို့ကတော့ ရည်းစားသာဖြတ်ချင်ဖြတ်မယ်၊ fb သာ ဖြတ်သင့်ဖြတ်မယ် ကာရီးယိုးနဲ့ ဘလော့ဂ်တော့ လာမထိနဲ့ မီးပွင့်သွားမယ်.. :PPPP
ကြောင်ဗျာကြောင်. ကြောင်ချင်သလိုသာကြောင် ရေငုတ်ချင်လဲငုတ် ရေပေါ်ချင်လဲပေါ် ဘလော့ရေးတာကိုတော့ မထားခဲ့ပါနဲ့..ကြိုက်သလိုသာရေး
ReplyDeleteအားရပါးရ ရေးချင်ရာသာရေး အခြား ကျနော်တို့လိုကြောင်တွေလဲ လာဖတ်မှာပဲ.
ကြောင်ခြစ်ခြစ်ပြီးရေးထားသမျှတွေလဲ..စောင့်ဖတ်ရအုန်းမှာပေါ့လေ
ReplyDeleteကြောင်ရေးတာတွေ ကြောင်နောက်တစ်ကောင်က ဖတ်သွားပါသည်။ ကိုယ့်ဘလော့လေးလဲ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေလို့ အသက်မနဲ ပြန်ဆက်နေရတယ်။
ReplyDeleteဆက်ငုတ်ဖို့ ... အဲလေ ... ဆက်ရေးဘို့ ၁၀၀ရာနှုန်းထောက်ခံပါသည်။ ဒီလောက်စာရေးကောင်းသူ မရေးတော့ရင် သမြောစရာကြီးကို ... နော့လေ ။
I need 2 change my mind..
ReplyDeleteLab dog 2 mi nyaung :)
စာရင်းပေးပါတယ်...
ReplyDeleteဒီဂလည်း ကြောင်... နောက်တစ်ကောင်....
း-)
ရေပဲငုတ်နေပါ။
ReplyDeleteလာလာဖတ်နေတယ်
ကြောင်ချင်သလိုကြောင်.. ရေးချင်သလိုရေး..
ReplyDeleteအားရပါးရရေး.. ရေငုတ်ပြီးရေး...နော်..နော် မမ
အမြဲအားပေးနေလို့ပါးD
လေးစားချစ်ခင်တဲ့..
ဟုတ်ပါတယ်ဗျာ။ မကြောင်ပါနဲ့။ ဘလော့ဂ်ပဲရေးပါဗျာ။ ကျနော်တော့ အဲဒီ မျက်နှာစာအုပ်မှာ အစကို မလုပ်တာ။ စွဲမှာစိုးလို့လေ။ ဒါတောင် ဘယ်သူ့ ဦးနှောက်က ပိုကြီးသလဲ ဆိုတာကို ကစားနေမိသေးတယ်။
ReplyDeleteသူတို့ အမှား ခြစ်လည်း ကျမက အကုန်လုံး အမှန်တွေချည်း ခြစ်ထားတဲ့ ကိုယ့်မဲတွေ ကိုယ့်ပုံးထဲ ကိုယ်တိုင်ထည့်လို့ ကိုယ့်ဘာသာ ရေတွက်တော့ ၁၀၀ ရာနှုန်း...
ReplyDeleteသိပ်ရင်းနှီးတဲ့ အဖြစ်အပျက် တခုပဲ...
ဘာပဲဖြစ်ဖြစ် အသက်ရှုလို့ရသေးသ၍တော့ ရေထဲမှာ ငုပ်နေကြတာပေါ့နော်...
စောင့်ကြည့်လိုက်စမ်းဘာာာာာ... လို့ ပြောလိုက်ပါ...။
ဟဟဟ မမကလဲ ရေးလိုက်ရင် တိရိစ္ဆာန်ထဲကကိုမလွတ်ဘူး
ReplyDeleteဝက် မလွတ်
ကြောင် ကျမ တဲ့ ဟိဟိ
ဒီတခါတော့ ပေါ်လိုက် မလုပ်နဲ့နော် ဟွင့်
ဒါဗြဲ ပြောမယ် ဟက်
ဘလော့ရေးခြင်း ဖတ်ခြင်းဖြင့် ဘ၀အမောတွေ ပြေနိုင်ပါစေလို့ ပြန်ဆုတောင်းပေးခဲ့ပါတယ်။
ReplyDeleteဏီလင်း, ကိုယော, တွန်တွန်, ကိုချစ်ဖေ , ကိုကြီးကျောက်, မဆွိ ,oomh ,ညီမဆုချစ်, ညီမနွေးနေခြည်, Anonymous , ကိုနွေဆူး, သက်ဝေ, ညီမဝက်ဝက် , မငယ်... အားပေးမှုတွေ အတွက် ဝမ်းလည်းသာ ကျေးဇူးလည်းတင်မိပါတယ်...ကျမ ရဲ့ ခွန်အားတွေပါပဲ စာတွေ ဆက်ရေးဖြစ်နေအုံးမှာပါလေ.....:)))
ReplyDelete