Sunday, January 24, 2010

ခေါင်းလောင်း တီးပါ...


ကျုပ် ဒီရုံးမှာ လုပ်လာတာ လုပ်သက် အနှစ် ၂၀ ကျော် ကြာခဲ့ပြီ။ ကျုပ်တို့ ဌာနရဲ့ အကြီးအကဲ အထက်လူကြီး ပေါ့ဗျာ...၃ယောက် တိတိ အပြောင်းအလဲ နဲ့ လည်း ကြုံခဲ့ပြီးပြီ။ ကျုပ် ဒီအလုပ် ရကာစတုန်းကများ အိမ်မှာလည်း ရုံးအကြောင်း၊လမ်းထိပ် ဆိုက် ကားဂိတ်မှာလည်း ရုံးအ ကြောင်း၊ မနက် မနက် လာတဲ့ ပဲပြုတ်သည်က အစ၊ ညဖက် လည်ရောင်းတဲ့ သကြားမုန့်ဖက် ထုတ်သည် အဆုံး ကြုံရင် ကြုံသလို၊ မကြုံလည်း ကြုံအောင် စကားစပ်လို့ ကျုပ် ရုံးအကြောင်း ပြောနေရတာကိုက အရသာဗျ။

ကျုပ်လို ၁၀တန်းကို ခ နဲ့ အောင်ထားတဲ့ လူက ဒီလို ဝန်ဆောင်မှု လုပ်ငန်းကြီးတွေ လုပ်တဲ့ ရုံးမှာ အလုပ်ရခဲ့တာ နည်းမှတ်လို့။ ကျုပ်အလုပ်က ရုံးလာသမျှ ဧည့်သည်တွေရဲ့ အဝင်အ ထွက် စာရင်းကို ရီဂျစ်စတာ လုပ်ရတာဗျ။ စာအုပ် အရှည်ကြီးထဲမှာ လူတွေရဲ့ နာမည်၊ မှတ်ပုံ တင် နံပါတ်၊ ဆက်သွယ်ရန် လိပ်စာ၊ ရောက်ရှိချိန် အဲဒါတွေ ရေးသွင်းပြီး သူတို့ရဲ့ မှတ်ပုံတင် နဲ့ ဧည့်သည် ရင်ထိုး တံဆိတ် လဲလှယ်ပေးရတယ်။ သူတို့ အပြန်ကျမှ ထွက်ခွာချိန် ရေးသွင်း၊ ဧည့်သည် ရင်ထိုး ပြန်သိမ်းပြီး သူတို့ မှတ်ပုံတင်ပြန်ပေး ဒါပဲဗျ။ အံမယ် ဒါလေးများလို့ အထင် မစောနဲ့ အုံးဗျ။ တခါတခါ လုံခြုံရေး အတွက် ဧည့်သည်ကို လူကဲခတ် တတ်ရသေးတယ်ဗျ။

အခု ရောက်လာတဲ့ အထက်လူကြီး(ကျုပ်ဆရာ) က သိတ်တော်ပြီး သိတ်ထက်မြက်တယ်။ ခု ကျုပ်က အရင်လို စာအုပ်အရှည်ကြီး နဲ့ မဟုတ်တော့ဘူးဗျ။ ကွန်ပျူတာနဲ့ ဘာနဲ့ ဖြစ်နေပြီ။ ရုံးက ပေးတဲ့ အခြေခံ ကွန်ပျူတာ သင်တန်းလည်း ဆင်းပြီးသား။

ပြီးခဲ့တဲ့ တပတ်လောက်ကမှ ကျုပ်ဆရာ နိုင်ငံခြားက ပြန်လာတော့ သူ ခေါင်းလောင်း တလုံး ဝယ်လာသဗျ။ အဝ အကျယ် ၆ လက်မ လောက်ရှိတဲ့ ရွှေရောင် ခေါင်းလောင်းလေး။ အဲဒီခေါင်းလောင်းက ကျုပ်တို့ မြင်ဖူးနေကျ ထိုးတံနဲ့ ထိုးရတာမျိုး မဟုတ်ဘူး။ သူ့အထဲမှာ ပါတဲ့ ကြိုးတန်းလန်းလေးကို ခေါင်းလောင်းနှုတ်ခမ်းနဲ့ ထိအောင် ဘယ်ညာ လှုပ်ဆွဲပြီး တီး ရတာမျိုး။ ကျုပ်ဆရာက ခေါင်းလောင်းကို ကျုပ်စားပွဲနဲ့ မလှမ်းမကမ်း တံခါးပေါက်ဝ နံရံမှာ တပ်ခိုင်းတယ်။ ပြီးတော့ စာတမ်းလေး ကပ်လိုက်သေးတယ်။

" မိတ်ဆွေ ဝန်ဆောင်မှု အတွက် စိတ်ကျေနပ်သည် ဆိုလျင် ခေါင်းလောင်းတီးခြင်း ဖြင့် ချီးမြှင့်ပါ " တဲ့...။

ကောင်းလိုက်တဲ့ အိုင်ဒီယာဗျာ...ကျုပ်မပြောလား ကျုပ်ဆရာ တော်ပါတယ် လို့။ အဲဒီနေ့ကဖြင့် ကျုပ်တို့ ရုံးသားတွေ အစမ်း တီးကြည့်နေတာနဲ့တင် ခေါင်းလောင်းလည်း မနားရဘူး။

********************************
ခေါင်းလောင်း တပ်ပြီးကတည်းက ကျုပ်မလည်း အလုပ်တခု ပိုလာတာက ခေါင်းလောင်းတီး သွားသူတိုင်းကို လှမ်းပြုံးပြ နေရတော့တာ ပဲဗျို့။ ဒီနေ့လည်လည်း ထုံးစံအတိုင်း လုပ်စရာရှိ တာတွေလုပ်၊ ခေါင်းလောင်းတီးသူတွေ ပြန်ပြုံးပြနဲ့ ပေါ့။ မနက်က ဧည့်စာရင်းလေး ကွန်ပျူတာ ထဲ ပြန်စစ်နေတုန်း အဆက်မပြတ် မြည်နေတဲ့ ခေါင်းလောင်းသံကြောင့် စိတ် အနှောက်အ ယှက် နဲနဲတော့ ဖြစ်မိရတယ်။ ကျုပ် လှမ်းကြည့်လိုက်တော့ ကျုပ်တို့ ရုံးကို စာရေးရာထူး နဲ့ ပြီးခဲ့တဲ့ တပတ်ကမှ ဝင်လာတဲ့ ချာတိတ်...။

မဟုတ်သေးပါဘူး ဒီကောင် မကြီးမငယ် နဲ့ ။ ဟေ့ကောင် ဆက်မတီးနဲ့တော့ ရပ်လိုက်စမ်း။ အားနာတယ်ဗျာ ကျုပ်က လူအေးဗျ တော်ရုံ နဲ့တော့ ဘယ်သူ့ကိုမှ မငေါက်ချင်ဘူး။ ဒီကောင်တော့ ပြောလေ ပိုတီးလေ ခက်တော့နေပြီ။ မှတ်လောက်သားလောက်အောင် အနား သွားပြီး တီးနေတဲ့လက် ဖမ်းအချုပ်....။ မေးထောက်ထားတဲ့ လက်ဖဝါးကနေ ကျုပ်မျက်နှာ ငိုက်ကနဲ ပြုတ်အကျ၊ ကံကောင်းလို့ စားပွဲနဲ့ ကျုပ်မျက်နှာ မအပ်မိတယ်။ တော်သေးရဲ့ ဘေးဘီမှာ လူရှင်းနေလို့။

ကျုပ်ညက ၂လုံးတွက်ရင်း နဲနဲမိုးချုပ်တာရယ်၊ နေ့လည်စာ နဲနဲ များသွားတာ ရယ်ကြောင့် မှေးကနဲ ဖြစ်သွားမိတာ၊ ယုံပါဗျာ ကျုပ် တခါ တလေမှ ပါ။

တံခါးဝက ခေါင်းလောင်းလေးကို နေရောင် အထိုးမှာ လှမ်းကြည့်လိုက်ပြန်တော့ ပင့်ကူအိမ် ကလေးများတောင် ရက်ဖွဲ့လို့....။

ကဲ ဘယ်လိုတုန်းဗျာ ခင်ဗျားတို့လည်း ဝန်ဆောင်မှုကို သဘောကျရင် ခေါင်းလောင်းလေး မမေ့မလျော့ တီးခဲ့ကြအုံးဗျ...နော....။

ဘဝ အမောတွေ ပြေကြပါစေ...



Image Source : robinsdocksideshop.com

8 comments:

  1. ကလင်...ကလင်..ကလင်..ခေါင်းလောင်းလာတီးသွားတယ်။ ပင့်ကူအိမ်တွေလဲ ရှင်းပေးသွားပါတယ်။ နောက်လူတွေတီးတဲ့အခါ အသံပိုကြည်အောင်လို့။

    ချစ်ခင်စွာဖြင့်

    ReplyDelete
  2. မကြီးအေးရေ...
    အဲ့ဒီရုံးက ခေါင်းလောင်းတော့မတီးဘူး....
    မကြီးအေးအိမ်က ခေါင်းလောင်းကို ဂလောင်ဂလောင်နဲ့ ဆူညံသွားအောင်တီးပစ်လိုက်တယ်ဗျ...း)
    ပို့စ်လေးကိုဖတ်ရင်း...တွေးစရာတစ်ခုရသွားလို့...။
    ကျေးဇူးစ်စ်....
    (တံတွေးစင်သွားရင်ခွေးလွှတ်...း)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. တိဘက်ခေါင်းလောင်းနဲ့လဲလိုက်ပါ ထိုးရင် အကြာကြီးအရှည်ကြီး မြည်လို့

    ReplyDelete
  4. တရုတ်ပြည်မှာတော့ မကျေနပ်တာ ရှိရင် ခေါင်းလောင်း သွားတီးခိုင်းတယ်...
    ကျေကျေနပ်နပ်ကြီး တီးပြီး ပြန်လာတဲ့သူကိုမှ လမ်းကနေ စောင့်ဖမ်းပြီိး ...

    သတ် ပစ် တာ ဆို ပဲ...

းဝ)

    ReplyDelete
  5. ဟီးးးးး ကိုလူထွေး ပြောတာ ဝ စီဘောကျလယ် ကွယ် ဟဲဟဲ
    မမ ရေ (ကလင်)x1000တီးသွားပါတယ်ဗျိုးးးးးးးးးးး
    မမ နားမညီးဘူးလားလို့

    ReplyDelete
  6. မင်းကွန်းခေါင်းလောင်းနဲ့လဲပြီးချိပ်စမ်းကြည့်ပါလား...

    ReplyDelete
  7. ခေါင်းလောင်းလေးက ချစ်စရာလေး ။ အသံလေးလည်း ကောင်းမယ်ထင်တယ်။ အိမ်မှာတော့ ဆုတောင်းပြီးရင် ခေါင်းလောင်းတီးကြတယ်။း))

    ReplyDelete
  8. အမချစ်
    ငွေကောင်းကောင်းပေးခြင်းဖြင့် (အဲလေ ယောင်လို့ ငွေခေါင်းလောင်းထိုးခြင်းဖြင့် ) ချီးမြှင့်ပါ။

    seesein

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...