၂၀၀၈ ခုနှစ် ရွာတခေါက် ပြန်တုန်းကပေါ့။ တည ရွှေနိုင်လွန်က ဒူးမလိုင် သောက်ပြီးအပြန် အိမ်မှာ လဘက်တပန်းကန်၊ ရေနွေးတလင်ပန်း နဲ့ မိသားစု စကားဝိုင်းလေး ဝိုင်းဖြစ်ခဲ့ကြတယ်။ ခဏကြာတော့ ကျမ အမျိုးသားနဲ့ ငယ်သူငယ်ချင်း ဆိုတဲ့ အမ တယောက် ရောက်လာပြီး စကားဝိုင်းလေးက ပိုစည်ကား သွားခဲ့တယ်။ ကျမကတော့ နင်လုံး ငါလုံး တွေနဲ့ စကားတွေ ရေပက်မဝင်အောင် ပြောနေတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်ကို သဘောတကျ ကြည့်ရင်း တဖက်ကလည်း ယောက္ခမကြီး နဲ့ လဘက် လုစားရင်းပေါ့။ သူတို့ နှစ်ယောက် စကားလမ်းကြောင်းက ဟိုရောက် ဒီရောက်ပါပဲ။ အထူးသဖြင့်တော့ ငယ်တုန်းက သူငယ်ချင်းတွေ ဘယ်သူတွေကတော့ဖြင့် သေပြီ၊ ဘယ်သူကတော့ဖြင့် အရက်စွဲနေတာ၊ ဘယ်သူကဖြင့် ခုထိ အပျိုကြီး ဖြစ်နေတုန်း၊ ဘယ်သူကဖြင့် အိမ်ထောင်ကျပြီး ကလေး တပုံကြီးနဲ့၊ ဟိုကောင်က ဖြင့် စီးပွားရေးမှာ ဘယ်လို အောင်မြင်နေတာတို့၊ ဟိုတယောက်ကဖြင့် ဌာန တခုမှာ ဘာကောင်ကြီးဖြစ်နေရဲ့ ဆိုတာမျိုး...အို သူတို့ သိသမျှ မှတ်မိသမျှ သူငယ်ချင်း တွေ အကြောင်း စုံလို့ပါပဲ။ အဲဒီလို သူငယ်ချင်းတွေ အကြောင်းကနေ ဘယ်ကလို ဘယ်လို ကလေးအကြောင်း ရောက်သွားတယ် မသိဘူး။ " ဟဲ့ နင်တို့ ကလေး မရကြသေးဘူးလား...." အဲဒီ အမရဲ့ အမေးကို ကျမ အမျိုးသားက ခပ်နောက်နောက် ပြန်ဖြေပါတယ်။ " ဟေ့အေး မရသေးဘူး၊ မရဆို ငါတို့မှာ ပေးစရာ အကြွေးမှ မရှိတာ " " ဘာဖြစ်တယ် ငါနားမလည်ဘူး နင့်ဟာက ရှင်းစမ်းပါအုံးဟ " " ဪ နင်ကလည်းဟာ ကလေးဆိုတာ ဟိုးအရင် ဘဝက ပေးစရာ အကြွေးရှိခဲ့လို့ ဒီဘဝမှာ လာပြန်တောင်းတာဟ...ငါတို့က အဲလို ကြွေးကင်းခဲ့လို့ " " အောင်မာ ဟဲ့ကောင် နင် စပျစ်သီး ချဉ်မနေစမ်းပါနဲ့ မဟုတ်တာတွေ " " တကယ်ပြောတာဟ နင်မယုံဘူးလား ကလေး တယောက်ပဲ ရှိတဲ့သူဆိုရင် အဲဒါ ဟိုဘဝက ဘတ်စ်ကားခ မပေးပဲ ခိုးစီးခဲ့လို့ အဲဒါ ခုဘဝ ပြန်ပေးဆပ်ရတာ " ကျမဖြင့် နားထောင်ရင်း ပြုံးမိရသည်။ သူဖောက်လာပြီ...အဲဒီလိုပဲ လူရင်းတွေနဲ့ဆို အစအနောက် သန်ပြီ။ " နေစမ်းပါအုံး နင် ခု ကလေး ဘယ်နှစ်ယောက် ရပြီတုန်း " အဲဒီ အမက ပြုံးတုံ့တုံ့နှင့် ပြန်ဖြေရှာသည်။ " ၃ယောက် " " ဟား....အဲဒါပေါ့ ကလေး ၃ယောက် ရှိတဲ့သူဟာ ဟိုးဘဝတုန်းက ဘုရားအလှူခံဘုံး ဖောက်ခဲ့လို့ဗျား " " လုပ်ပြီ နင်ဟာလေ ပေါက်ကရ ပြောပြီ ဟား ဟား ဟား " အမက ပြောလဲပြော ရယ်လဲရယ်ပါတယ်။ ကျမ အမျိုးသားက ဆက်ပြောပြန်တယ်။ " ၃ယောက် မို့လို့ပေါ့ဟာ ၆ ယောက်ဆိုရင်တော့ နင် သေချာပြီ အဲဒါ ဘုရားရွှေခွာတဲ့ အဖွဲ့ထဲကပဲ " အဲဒီမှာ တချိန်လုံး ငြိမ်နေတဲ့ ကျမ ယောက္ခမကြီးက လဘက်ဇွန်း ခဏချလို့ ထပြောလိုက်တာ...။ " အောင်မာလေးတော် ကျူပ်တို့လဲ ၆ ယောက် မွေးခဲ့တာပါတော်.....တဲ့ " |
ဘဝ အမောတွေ ပြေကြပါစေ...
ဘုရားရွှေခွါတဲ့ အဖွဲ့တွေဖြစ်နေတာကိုးး။။ ဘ၀တူတွေဆိုတော့ အားမငယ်နဲ့နော် အစ်မ။
ReplyDeleteတတိုင်းပြည်လုံး မွဲအောင် စနစ်တကျလုပ်ခဲ့ကြသူတွေဆို ဘယ်လောက်မွေးမလဲ မသိဘူးနော်.ဒါမှမဟုတ် လူတကာကို အကြွေးဆပ်ရတဲ့ သူတွေ အလုပ်မျိုးလုပ်ရမလားမသိပါဘူး..သူတို့ပြန်ရစရာပြစ်ဒါဏ်တောင် ရှာမတွေ့ဘူး နာဂါစ် တုန်းက လုပ်တဲ့ယုတ်မာမှု တခုထဲနဲ့တင်....လေ..
ReplyDeleteဟဟဟ သမီးတို့ကတော့ ဘုရားအလှူခံဘုံး ဖောက်ခဲ့ တာဗျိုးးးးးးး ဟိဟိ
ReplyDeleteဟဟဟ တော်တော်နောက်တတ်တဲ့ သူပဲနော်။
ReplyDeleteအားရပါးရ ရယ်လိုက်တဲ့ အပြင် အနားမှာ ရှိနေတဲ့ အာဖဂန်တပည့် ၂ ဦး ကိုလည်း ဇာတ်လမ်း အကြောင်း ပြောပြပြီး ထပ်ရယ်လိုက်ကြသေးတယ်။
မျှဝေပေးလို့  ကျေးဇူးတင်ပါတယ်။
ဟား..ဟာ.း...ဘဝတူတွေလာတွေ့နေပြီ
ReplyDeleteဟဟဟဟဟ...
ReplyDeleteအမက အရင်က ဘုရားရွှေမခွာခဲ့လို့ နောင်တ ရနေတယ် ထင်တယ်.။
ဒီဘဝမှာ ခွာပေါ့ဗျာ..ဟီး။
ဟားဟား အကိုက စကားလည်းပြောတတ် နောက်လည်း နောက်တတ်တယ်။ ကျွန်တော်လည်း ဘာအကြွေးမှ မရှိခဲ့ဖူးထင်တယ်... အဟိ
ReplyDeleteအမေနဲ့အဖေတို့ကတော့ အလှူခံပုံး ဖောက်ခဲ့တယ်ထင်တယ်... :D
ကလေး နှစ်ယောက်ဆိုရင်ကော ဘာတဲ့ဒုံး
ReplyDeleteမေးပေးပါဦး ချစ်ကြည်ရယ်
း))
ကျွန်မမှာ မောင်နှမ ၆ ယောက်မကဘူးဆိုတော့ အစ်မ အမျိုးသားပြောတဲ့အတိုင်းဆိုရင် ကျွန်မတို့မိဘတွေကတော့ အရင်ဘ၀တွေက ကမ်းကုန်အောင် ဆိုးသွမ်းခဲ့ပုံရပါတယ်။ ရီစရာ တွေကြံကြံဖန်ဖန် တင်ပေးတဲ့အတွက် ကျေးဇူးနော့်။
ReplyDeleteဘုရားအလှူခံပုံး ဖောက်ခဲ့မိသူတယောက် လာဖတ်သွားတယ်...
ReplyDeleteခုမှပဲ အမောပြေတော့တယ်... အမောပြေ ရေတိုက်ပါ...း)
ရွှေခွါတာတဲ့.. ဟဟဟဟဟဟားးးးးး
ReplyDeleteရီရတယ် တီတီကြည်...
အဲ့.. အပေါ်က သားသားနော် တီတီကြည်... အစ်မတစ်ယောက်အကောင့်ထဲ မှားဝင်မိလို့ :DDD
ReplyDeleteသူငယ်ချင်းရေ
ReplyDeleteဒို့တွေက ဘဝတူ တွေ ကြွေးကင်းတယ်
ဟို ကိုကြီးကျောက် ခမျာတော့ သူငယ်ချင်းရဲ့စာလေးဖတ်ပြီး ဟိုဘဝက အလှူခံပုံး မဖောက်ခဲ့ လို့ ဆိုပြီး ဒီဘဝ ဖောက်ဖို့ ကြံနေလေရဲ့ သနားစရာပါ
ချစ်တဲ့
ရွှေစင်
This is really hilarious :) Your husband has a good sense of humour. Looking forward to reading more post similar to this one ...
ReplyDeleteရွှေခွာ ပုံးဖောက် ခိုးစီး
ReplyDeleteအဟ ဒေါ်ရွှေစင်က ကြွေးကင်းတာ ယုံပေါင်ဗျာ
online ပေါ်မှာ တင် တစ်ကျိပ် ရှိတယ်
မတင်တာ ဘယ်နှစ်ကျိပ်ကျန်သေးလည်းမသိ
အကြွေးရှင် စစ်စစ်ပါ အမချစ်ရေ
ဂေါလူကြီး လုပ်ခဲ့တာနေမှာ နှစ်ခုစလုံး အကျုံးဝင်သွားတယ်လေ
ဟား ဟား တယ်မိုက်ပါလား...
ReplyDeleteသူပြောသမျှတွေက ဒေါ်ချစ်ကြည်တို့ အတွက် ပိုစ့်တွေဖြစ်နေတော့တာကိုး...
ရဘူး.. နောက်ရက်ကျ ကျုပ်လဲ လာနားထောင်မယ်... ဒါပဲ....။
:D ....မမက စာရေးကောင်းတယ်။ အမျိုးသားက ဥာဏ်ကောင်းတယ် :D အဲလို ဟာသဥာဏ်ကောင်းတဲ့ သူနဲ့ နေရတာ ပျော်စရာကြီးနော်။
ReplyDeleteမမချစ်
ReplyDeleteမွေးစားသမီးလေးတစ်ယောက်လောက် လိုချင်ဘူးလား :D
ချစ်ညီမလေး
ဒါဆို နှစ်ဦးနှစ်ဖက် ရွှေခွာတဲ့ အဖွဲ့တွေပဲပေါ့နော်။
ReplyDeleteအဟီး..နောက်တာနော်..အန်တီကို ပြန်မတိုင်ပါနဲ့။
:)
အော် ... အကြည်တို့နဲ့တွေ့မှပဲ များတို့တွေလဲ ဘတ်စ်ကားခိုးစီးသူတွေ ဘ၀ရောက်ရပါရောလား ... ကြွေးကင်းသူကြီးရဲ့ ...
ReplyDeleteကြွေးရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ် ... မဂျူဂျူတစ်ယောက်နဲ့ကို ဆပ်မကုန်သေးဘူး ...
တော်သေးတယ်..ကျနော့်မှာ တစ်ယောက်တည်းရှိလို့..။။
ReplyDeleteကောင်းရော...
ReplyDeleteး)))
တိန်...အရင်ဘ၀ကဘတ်စ်ကားခိုးစီးမိခဲ့ပါပကော..
ReplyDeleteကိုကြီးတို့ကတော့လုပ်ပြီ...းD
လေးစားချစ်ခင်တဲ့
ညလေးး)