သူပြော ပြောနေတတ်တယ် ကျမက ပထမချစ်သူ တဲ့...ဒါတောင် ပြိုင်ဘက်မရှိ မဟုတ် သေးဘူး၊သူ့ အမေ နဲ့ ကျမ အမေကလည်း သူ့ရဲ့ ပထမချစ်သူ တွေပဲ တဲ့။ ကိစ္စ မရှိပါဘူး လေ...အမေတွေ ကို ချစ်တတ်တဲ့ သားဟာ မိန်းမ အပေါ်လည်း ကြင်ကြင်နာနာ ရှိသတဲ့...
ဒါနဲ့ပဲ ကျမက ပူးတွဲ ချန်ပီယံ အဖြစ် ကျေနပ် လိုက်တယ်. ...။
နေစမ်းပါအုံး ဒုတိယ ချစ်သူကရော ဆိုတော့ ဝက် တဲ့......
ကျမဖြင့် သဝန်တိုရမှာတောင် ခက်သွားတယ်...။
အိပ်ကောင်း စားကောင်းနဲ့ ဇိမ်ယစ်လို့မှ မကြာခင် ကျမ ခန္ဓာကိုယ်က လုံးလုံးလေး ဖြစ်လာတဲ့အခါ ဝက်ပုတ်မ တဲ့....
စိတ်ကောက်ချင်ယောင်ဆောင်ပြီး ကျမ နှုတ်ခမ်းထော် နေရင် မျက်နှာပေါ် ဝက်မနှုတ်သီး ရောက်နေသလို တဲ့....
ကျမရဲ့ ကြာမျက်လုံး စင်းစင်းလေးတွေကိုများ ဝက်မျက်လုံးလေးတွေ တဲ့....
(ထားလိုက်ပါတော့လေ သမင်မ မျက်လုံးနဲ့ သိတ်မကွာပါဘူး တိရိစ္ဆာန်တွေ ချည်းပါပဲ )
ကျမ ဆံပင် ခွေလိပ်လိပ် လေးတွေကို ကိုင်ပြီး ဝက်မြီးလေးတွေ ကောက်တပ်ထားလား တဲ့...
ကဲ စဉ်းစားသာ ကြည့်ကြပါတော့.....
ကျမ နာမည် "ဝက်မလွတ်" လို့ ပြောင်းသင့် မပြောင်းသင့်......။
ဘဝ အမောတွေ ပြေကြပါစေ...

Image Source : myniceprofile.com
ဘုရားရေ... သူက ဒီလိုပဲပြောသလား...
ReplyDeleteဆိုးလိုက်လေ...း))
စောစောစီးစီး ပါးစပ်မပိတ်နိုင်အောင် ပြုံးရယ်မိစေတဲ့ ပိုစ့်လေးအတွက် ကျေးဇူးတင်တယ်နော်..း))
ပြောင်းသင့်တယ် အမ... အဲ... ဟုတ်ဘူး.. အဲလိုပြောဘူး :P
ReplyDeleteချစ်တယ်ဆိုတော့လဲ ၀က်ဖြစ်က ဖြစ်စေ ပေါ့.. ဘယ်တတ်နိုင်မလဲ :))
ReplyDeleteဝက်ဖြစ်မှတော့..စားသာစား..စားသာစား...
ReplyDeleteသူက ဝက်ချစ်ပေလို့ ခွေးချစ်ရင် ဒုက္ခ
ReplyDelete၀က်သားကြိုက်တဲ့ မောင်နဲ့တဲ့..ဒွတ်ခ။
ReplyDeletegtalk မှာ စိတ်ဆိုးလို့ နှုတ်ခမ်းထော်တဲ့ :@) sign ရိုက်ပြမိရင် အဲလို ပြန်ခေါ်တတ်တယ်။
ReplyDeleteဝက်ပုတ်မ တဲ့။ :))))
(ဒါနဲ့ပဲ နာမည်စီးပြီး ပိန်နေတော့တာ။)
ဝက်မလွတ်ပြောင်းဆိုတာ သိတ် စားကောင်းတယ်။ အိစိ အိစိနဲ့။
ReplyDeleteပြည်ဖက်က ထွက်တာ။
ဝက်မလွတ်ပြောင်းဖူး အကြောင်း ရေးတယ်ထင်တာ၊ ၀က်မလွတ်ယောက်ျား အကြောင်း ရေးတာကိုး။:)
မအယ်
မမစာလေးက ချစ်ဖို့ကောင်းလိုက်တာ ။မမတော့ စိတ်ကောက်လိုက် ရယ်လိုက်နဲ့ ပျော်စရာကြီးပဲနော်။
ReplyDelete၀က်ဖြစ်တဲ့ ဘ၀မှာတော့ ဟိုဟာကြောက်နေလို့ မပြီးဘူးဆိုလား ကြားဖူးတာပဲလေ။ ဘာလဲတော့ မသိ ဟိ။
ReplyDeleteတစ်ကိုင်းတဲ့နားတဲ့ငှက်ဘဲ ကြားဖူးပါတယ် သူငယ်ချင်းရေ
ReplyDeleteအခုတော့ ဘယ်နဲ့ ၀က်ဖြစ်ကုန်ပါလိမ့်
အပေါ်က COM ရေးသွားကြသူများ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်...၊ စာကျန်ခဲ့တာလေး ပြောပြချင်လို့....။ ပူနေတဲ့ ဗိုက်ကလေးကို ကြည့်ပြီးတော့လည်း သုံးထပ်သား ကလေး လို တဲ့....အဟိ...:)
ReplyDeleteအဲဒါပါ ဖြည့်ဖတ်လိုက်နော်......:D
ဘ၀ အမော ပြေအောင် သုံးခေါက်ထက်မနည်း ရှိပြီ လာဖတ်တာ...
ReplyDeleteကြာလာတော့လည်း အချစ်က ဒီလို အသွင်ပြောင်းသွားတယ်ပေါ့နော်၊
ReplyDeleteဒါပေမယ့် အချစ်တော့ အချစ်ပါပဲ။
ဒီကလည်း အချစ်အကြောင်းရေးမလို့ပဲ။
အခုမှ စားမြုံ့ပြန်တုန်း။
ရီလိုက်ရတာ မ ရယ် ဟားဟားးးး ဝက်ဆိုလို့ စိတ်ဝင်တစား လာဖတ်တာလေ ညီမနံမည်က ဝက်ဝံလေးပါ အဲဒါကို သူငယ်ချင်းတွေက ဝက် ဝက် လို့ပဲ ချစ်စနိုး အဖျားဆွတ်ခေါ်ကြတယ်လေ ဟားဟားးးးးးးးးးးးးးးးး
ReplyDeleteဟားဟားဟား
ReplyDeleteကိုယ့်ယောက်ျားက ဆိုးလှပြီ နောက်လှပြီ မှတ်တာ... တော်ပါသေးရဲ့။ ဒီပို့စ်ကို သူ မဖတ်မိပါစေနဲ့။ ဒါပေမယ့် ဒီလို ဟာသဥာဏ် ရှိတဲ့ ခင်ပွန်း ကိုရတာ ဘ၀အမော ပြေပါတယ်လေ။ ပွစိပွစိ ဆူတတ် သ၀န်တိုတဲ့လူနဲ့သာ ဆိုရင်တော့ သေပြီဆရာ ပဲ။
ဝက်ဆိုလည်းဝက်ပေါ့ တီတီ.. :DDDD
ReplyDeleteရယ်စရာလေးရေးထားတာ လာဖတ်သွားပါတယ်ရှင်.
ReplyDeleteစိတ်ထဲမှာ ပြုံးမိသွားတယ်..း))))))))))))
မမရေ...
ReplyDeleteနာမည်ပြောင်းရင် မုန့်ကျွေးဦးနော် :D