ကျမ နဲ့ အဲဒီ သေခြင်းတရား ဆိုတာကြီး ချစ်ကျွမ်းတဝင် ဖြစ်ခဲ့ပါတယ် ဆိုရင် ရှင်တို့ အံ့ဩကြမှာလား....။
တနေ့ သတင်းစာဖတ်ရင်း Nicky Byrne (Westlife Band) ရဲ့ လက်ရှိ အခြေအနေ ရေးထားတဲ့ အကြောင်းလေး ဖတ်လိုက်မိတယ်။ Westlifeဆိုတာက ကျမတို့ နဲ့ သိတ်မဝေး လှတဲ့ Irish Pop Boy Band လေးတခု မဟုတ်လား။
၂၀၀၉ ဟာ သူ့အတွက် အတော်ကိုဆိုးဝါးတဲ့ နှစ်တနှစ်ဖြစ် ခဲ့တယ် ။ ပြီးခဲ့တဲ့နှစ်က အောက်တို ဘာမှာ သူရဲ့ သူငယ်ချင်းကောင်း Stephen Gately ၃၃နှစ် (Boyzone) သေဆုံးခဲ့ပြီး ခံစား ကြေကွဲ လို့မှ မဆုံးသေးခင် နိုဝင်ဘာမှာ အသက် ၆၀ ရှိပြီဖြစ်တဲ့ သူ့ အဖေကို ဆုံးရှုံး ခဲ့ရ ပြန်ပါ တယ်။
အခုလို သူ့ ဖခင် ရုတ်တရက် သေဆုံးမှုကြောင့် " ငါတို့ဟာ ဘဝမှာ ရှေ့ဖြစ်တွေကို ရင်ဆိုင်ဖို့ရာ ဘယ်တော့မှ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရနိုင်မှာ မဟုတ်ဘူး " လို့ သူခံစားနေရကြောင်း၊ ဘာဆက်လုပ်ရမှန်း မသိအောင်ကို စိတ်နှလုံး ကြေကွဲ နေပေမဲ့ အကောင်းဆုံးဖြစ်အောင် ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောခဲ့တာပါ။
အဲဒါကိုဖတ်ပြီး ကျမက ပြုံးနေမိခဲ့တာ....။ ကြည့်စမ်းပါအုံး ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ သေခြင်းတရားပါလိမ့်...။ အထင်မလွဲပါနဲ့လေ...လူတယောက်ရဲ့ ချစ်ခင်သူတွေနဲ့ သေခွဲ ခွဲရတာ၊ နှလုံးကြေကွဲရတာတွေကို ပြုံးနေနိုင်ရလောက် အောင် ကျမက နှလုံးသားမဲ့တဲ့ အနက်ရောင် မိန်းမဆိုး တယောက် မဟုတ်ပါ ဘူးရှင့်...။
ကျမ သူ့အပေါ် ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ သေခြင်းတရားရဲ့ သစ္စာရှိပုံကို ကျမ ပြုံးမိရတာ...။ ဟုတ်တယ်....။ သေခြင်းတရားက မျက်နှာကြီးရာ ဟင်းဖတ်မပါဘူး၊ နာမည်ကျော် တီးဝိုင်း အဖွဲ့သားမို့လို့၊ အဆိုတော်ရဲ့ ဖခင်မို့လို့....အဲဒီလို ပစားပေးမှုတွေ၊ ဘက်လိုက်မှုတွေ ရှိမနေဘူး။
ကျနော်က သမ္မတကြီးရဲ့ သားဗျ...ဆောရီးပဲ အချိန်ကျရင် သေပဲ...။ ကျမ သေဋ္ဌေး သမီးရှင့်...ကျမပိုင် ဥစ္စာတွေ တဝက်ခွဲ ပေးပါ့မယ်...နား နားပြီးပြော...ကလေးမ ...သနားတယ်။ ကျမက နာမည်ကျော် ပြည်သူက ချစ်တဲ့ ရွှေမင်းသမီး ရှင့် ...အေး..သေနေ့စေ့ရင် သေရမှာပဲ...။
ဒါပဲ... ကြည့်...ဘယ်လောက် သစ္စာရှိလိုက်သလဲ...။ ကျမတို့ အားလုံး သေခြင်းတရားလို ဖြောင့်မတ်မှန်ကန်နိုင်ကြပါ့မလား....။
ကျနော့် သားမက်ကလေး မို့လို့ဗျာ.......
ကျမ အမျိုးရှင့်...........
အို ကျနော်တို့ မြို့ကပဲ.........
ကျမတို့ တကျောင်းထဲ ထွက်တွေပေါ့.......
အဲဒါတွေ.....အဲဒါတွေနဲ့ပဲ.....အရည်အချင်း ဆိုတာတွေ လမ်းဘေးရောက်ကုန် ကြတယ်။ မျက်နှာတွေကို ငဲ့ကွက်လို့ နေရာ ယူထားကြမှတော့ အနှစ်မဲ့ခြင်းတွေ သာ ထွက်ကုန် အဖြစ် ရရှိခဲ့ကြတော့တယ်...။
ရှင်ဘုရင့်သား မို့လို့ ရှင်ဘုရင်ဖြစ်တာ ဆန်းတာမှ မဟုတ်တာ....ဒါပေမဲ့ အရည်အချင်းရှိဖို့တော့ လိုပေလိမ့်မယ်...။
ဘဝ အမောတွေ ပြေကြပါစေ....။
မရေ...
ReplyDeleteမျက်နှာတွေကိုငဲ့ကွက်နေရာယူထားကြပြီး အနှစ်မဲ့ခြင်းတွေတစ်ပုံတစ်ပင်နဲ့ နိုင်ငံကတော့ :(((
မြေကြီးကတော့ အသားအရောင် မခွဲခြားတတ်ပါဘူး...
ReplyDeleteရှင်ဘုရင်အတွက်ပဲ ဖြစ်ဖြစ် ရှင်ဘုရင့်မြေးအတွက်ပဲဖြစ်ဖြစ် မြေကြီးက အဆင်သင့် တွင်းတူးပြီးတောင် ကြိုဆိုချင်နေမှာပါ...
းဝ)
သေခြင်းတရားက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး။ ကျွန်မလည်း သိပ်ပြီး အရည်ချင်းရှိတဲ့ အစ်မရင်းလို ခင်မင်ရတဲ့ သူငယ်ချင်းတယောက် အစာအိမ်ကင်ဆာနဲ့ ဆုံးတုန်းက ဒီလိုပဲ ခံစားဖူးတယ်။ အခုတော့ သူ့မှာရှိတဲ့ အရည်အချင်းတွေ ဘယ်မှာသွားသုံးစားလို့ရသေးလဲဆိုပြီး ယူကျုံးမရ ဖြစ်ဖူးတယ်။
ReplyDeleteတချို့တွေ ပြောတာတော့ ဘ၀မှာ နှစ်ခါ မသေဖို့ အရေးကြီးသတဲ့။
ReplyDeleteအစ်မ..တကယ်အက်ရမှာလား။ အစ်မရဲ့ facebook နာမည်ကို မသိဘူးလေ။
ReplyDeleteနုနုရည်အင်းဝ စာအုပ်ထဲမှာပါ သလို
ပန်ချစ်ပါ အမည်မဖော်လိုသူတစ်ဦးဖြစ်နေပြီ။ အဟီး
If I'm not wrong, Stephen Gately is NOT the member of Westlife. He is from Irish boyband called Boyzone. Westlife appeared after Boyzone had disbanded. Ronan Keating, the lead singer of Boyzone, was the co-manager of Westlife.
ReplyDeleteမအေးရေ...
ReplyDeleteအနော်လည်း မကြီးအေးနှင့် တစ်သဘောတည်း ဖြစ်ပါကြောင်းးး
(မကြီးအေးလို့ပဲ နောက်ခေါ်တော့မည်။ အနော့် အစ်မအရင်းလို ခင်၍...း))
ခင်မင်တဲ့
ဏီလင်းညို
ဘေလာ့ဂ္ဂါ ဆိုတာ.....
ReplyDeleteနေရောင်ခြည်စွမ်းအင်လဲ မလို...
လောင်စာဆီနဲ့လဲ မရွေ့...
ဒီဇယ်နဲ့လဲ မသွား...
ကွန်မန့် စကားမှ အားဖြစ်...
ဖန်တီးမှု သစ်စေ....
အင်မတန် သဘောကျ ပါတယ် ...
mks
တရားသဘောတွေပြောပြီး..အိမ်ကကိုကို..ကိုတော့မထားခဲ့နဲ့နော်..
ReplyDeleteမယ်ချစ်..ကတုံးပြောင်နဲ့ လှမလှ အရင်ခန့်မှန်းကြည့်အုန်း
ဒီဒီရေ...ကျမ စာတွေလာဖတ်တဲ့ အတွက်ရော၊ အမှားပြင်ပေးတဲ့ အတွက်ပါ ကျေးဇူးတင်ကြောင်း ရင်ထဲကနေ ပြောလိုက်ပါရစေ...Good friend ကို Band mate လို့ ကျမ အရေးမှားခဲ့တာ...။ ခု ပြင်လိုက်ပါပြီ...:D , ကျမ Mittzury ကိုလိုက်ခဲ့ပါတယ် ဝင်လို့မရလို့ပါ...။ ကျေးဇူးနော်...နောက်လဲလာဖတ်ပါရှင်...။
ReplyDeleteသူငယ်ချင်းများ၊ လော့ဂ်ဂါ မောင်နှမများ အားလုံးကိုလဲ ကျမနဲ့ တထပ်ထဲ သော ရင်ခုန်သံတွေ အတွက် ကျေးဇူးပါရှင်....ကျမအတွက် ရှေ့ဆက်ဖို့၊ အမြဲ ရေး ဖြစ်နေဖို့ အင်အားတွေပါပဲ....:D
ချစ်ခင်ရင်းနှီးစွာ....
ချစ်ကြည်အေး
သေမှာတော့မကြောက်ဘူးဗျာ. ညဆိုရင် တစ်ယောက်ထဲ နေရမှာပဲ ပျင်းနေမှာ..ဟီးး။
ReplyDeleteခင်မင်စွာဖြင့်
မောင်မိုး
သူငယ်ချင်းရေ
ReplyDeleteဒို့ကတော့ ဘက်လိုက်တတ်တယ်နော်
ချစ်ကြည်အေး ဘလော့က ဒို့သူငယ်ချင်းမို့ တမဲ
သူငယ်ချင်းရေ
ReplyDeleteဒို့ကတော့ ဘက်လိုက်တတ်တယ်နော်
ချစ်ကြည်အေး ဘလော့က ဒို့သူငယ်ချင်းမို့ တမဲ
ရှင်ဘုရင်ရော ဘုရင်ရူးရော သေရမှာပါပဲ
ReplyDeleteဟုတ်တယ်နော် မမ... တနေ့တော့လဲ ဒီလမ်းပဲ သွားကြရမှာ... ကိုယ်တိုင်မသွားချင် သွားနေသူတွေကိုလည်း မြင်ရတွေ့ရနာကျင်ကြရဦးမှာ... ဒါကိုပဲ တစ်ခါတစ်ခါ ကိုယ်နဲ့မဆိုင်သလို နေနေမိကြပြန်ရော...
ReplyDelete