Friday, January 1, 2010

နှစ်သစ် ၊ နေ့သစ် ၊ နှလုံးသားအသစ် ၊ အချစ်သစ် နဲ့ အဖွားကြီး....

မနေ့ညကတော့ အဖိုးကြီး နဲ့ အဖွားကြီးတို့ နှစ်ယောက် ညစာ အတွက် ကြိုတင်ချိန်းဆိုထားမှု တခုကြောင့် အောချတ်လမ်းကို ရောက်ခဲ့ကြတယ် ။
အို....ကြည့်စမ်းပါအုံး....ပြင်းထန်တဲ့ လှိုင်းလို အလျဉ်နဲ့ မြစ်ပြင်နဲ့တူတဲ့ လူရောင်စုံတွေ ၂၀၁၀ ဆိုတဲ့ ပင်လယ်ပြင် အသစ်ကြီးရဲ့ ရင်ခွင်ဆီ စီးဆင်းဖို့ အသင့်ဖြစ်နေကြလေရဲ့ ။

အောချတ် လမ်းမကြီးဟာ တောက်ပသစ်လွင်တဲ့ ၊ ပျိုမြစ်တက်ကြွတဲ့ ၊ မာနကြီး အပျိုရိုင်းမ တယောက်ရဲ့ ထင်ရာစိုင်းတော့မဲ့ မာဆတ်ဆတ် အပြုံးနဲ့၊ မီးရောင်စုံအောက်မှာ သူမရဲ့ ချပ်ဝတ်တန်ဆာတွေကို ဖြန့်ကျက် ၊ အတောင်ပံတွေ ယှက်ဖွင့် ၊ ရင်ခွင်ကို အစွမ်းကုန် လှစ်ဟလို့ လာသမျှတွေရဲ့ အသည်းနှလုံးကို မြိန်ရှက်စွာ စားသုံးလို့...။ လူတွေ အားလုံးဟာ သူမရဲ့ မာယာ ၊ သူမရဲ့ ဖမ်းစားမှုအောက် သူမရဲ့ ရင်ခွင် အစုံပေါ် နင်းလျှောက်လို့ ၊ တေးသွားအလိုက် ကခုန်လို့ ၊တိမ်းမူး ရူးသွပ်စွာ အော်ဟစ်လို့ အသစ် ဆိုတာကို မိမိရရ ဖမ်းဆုတ်ဖို့ တပျော်တပါး ရင်ခုန်နေကြလေရဲ့...။

အဖိုးကြီး နဲ့ အဖွားကြီး ရဲ့ မျက်လုံးထဲမှာ တချိန်က တက်ကြွ နုပျိုခြင်းတွေနဲ့ ဒီနေရာမှာ ရှိခဲ့ဖူးတဲ့ သူတို့ရဲ့ နေ့ရက်၊ အချိန်တွေကို ပြန်မြင်ယောင်လာခဲ့ ကြတယ်

အဖိုးကြီး နဲ့ အဖွားကြီးဟာ တယောက်လက် တယောက် တင်းတင်း ဆုတ်ကိုင်ရင်း၊ လူအုပ်ကြီးရဲ့ အလယ် တောကျီးကန်းလေး နှစ်ကောင်လို ဟိုဒီ ငေးမောရင်း အလိုက်တသင့် စီးမျောနေခဲ့ကြတယ် ။ တကယ်ဆို နှစ်ယောက်လုံး အလုပ်ထဲမှာ တနေကုန် ပင်ပန်း နွမ်းလျ နေခဲ့ကြတာ...အရွယ် ကလည်း စကားပြောလာပြီကိုး...။ ရုတ်တရက် လူအုပ်ကြီးကို ကျောခိုင်းလို့ ၊ ဆန့်ကျင်ဘက်ကို ခြေဦးလှည့်ရင်း အသင့်တွေ့တဲ့ အငှားကား တစီး ပေါ်တက် ၊ အောချတ်ကို နှုတ်ဆက် ၊ ၂၀၀၉ ကို နောက်ဆုံး အကြိမ် ပွေ့ဖက်လို့....သူတို့ပြန်ခဲ့ကြတယ် ။

အိမ်ပြန်ရောက်တော့ နှစ်ယောက်သား ခဏ အမောဖြေကြတယ်။ အကျင့်ပါနေတဲ့ လက်တွေက TV ကိုဖွင့်လိုက်တော့ အသစ် အသစ် တို့ရဲ့ ထုံးစံ အတိုင်း တခမ်းတနား အကြိုခံနေရတဲ့ ၂၀၁၀ ကို TV ထဲမှာတွေ့ရပြန်တယ် ။ သူမတို့ နှစ်ယောက်ကတော့ မကြာခင်မှာ ထားခဲ့ရတော့မဲ့ ၂၀၀၉ ကို ဝမ်းနဲစကား ဆိုချင်နေသေးတယ် ။ တကယ်ကို ပင်ပန်းလွန်းလှပြီ ။ သူမတို့ နှစ်ယောက်လုံး အိပ်စက်သင့်နေပြီ။ ၁၂ နာရီက ထိုးတော့မယ် , သူမတို့ နှစ်ယောက်လုံး TV ကိုပိတ် ၊ ဖုန်းတွေကို ပိတ်ဖို့လည်း မမေ့ခဲ့ကြဘူး။ နှစ်သစ် တခုကို ခွန်အား အပြည့်နဲ့ ရင်ဆိုင်ဖို့ ဒီညတော့ ငါတို့ နှစ်ခြိုက်စွာ အိပ်စက် ပါရစေ တော့ကွယ်...။

နောက်တနေ့ မနက် ...နေ့ရက်တခုရဲ့ အစ ၊ နှစ်သစ်တခုရဲ့ ငုံဖူးစ သူတို့ နှစ်ယောက် လန်းဆန်းစွာ နိုးထခဲ့ကြတယ်။ အဖိုးကြီးက အဖွားကြီးရဲ့ မျက်နှာကို ပြုံးရင်း ကြည့်လို့...နဖူးလေးပေါ် ညင်သာစွာ နမ်းရှိုက်ရင်း တိုးတိုးလေးပြောတယ် " Happy New Year Honey " တဲ့ ....။ ဒီအဖိုးကြီး ကလက်တက်တက် နဲ့ ဘာကြောင်မှန်းမသိ လို့....အဖွားကြီး စိတ်ထဲက ကြိတ်တွေးတယ်။ အံ့ဩလွန်းစွာပဲ သူမရဲ့ ရင်ခုန်သံ တိုးမျှင်မျှင်လေး သူမဘာသာ ပြန်ကြား လိုက်ရတယ်။

ရှက်တက်တက်နဲ့ အဖွားကြီးက အဖိုးကြီး ရင်ခွင်ကြား ပါးလေးအပ်လို့ နားထောင် ကြည့်မိတော့ တဒုတ်ဒုတ် ခုန်နေတဲ့ အဖိုးကြီးရဲ့ ရင်ခုန်သံတွေ...။ အဖိုးကြီးက အဟောင်းကြီး....ဒါပေမဲ့ အချစ် အသစ် ၊ ရင်ခုန်သံ အသစ်တွေနဲ့....။ ပန်းနုရောင် မျက်နှာနဲ့ အဖွားကြီးက အဖိုးကြီးရဲ့ နားသယ်စပ်က ဆံပင်မွှေး ဖြူဖြူလေးတွေကို ကိုင်ကြည့်ရင်း အဖိုးကြီးရဲ့ ပါးပြင်ပေါ် ဖွဖွလေး မွှေးလို့ " မင်္ဂလာရှိသော နေ့သစ်ပါ ကိုကို " လို့ အရှက်မျက်နှာကို ဖွက်ရင်း နူးညံ့စွာ ပြန်ပြောလိုက်တယ်...။

သူတို့နှစ်ယောက် တယောက် နဲ့ တယောက် ပြုံးကြည့်နေရင်း နှစ်သစ်မှာ ရင်ခုန်သံ အသစ် ၊ အချစ် အသစ်တွေ ရှာဖွေ တွေ့ရှိ သွားခဲ့ကြလေရဲ့....။


မောင်နှမတွေ အားလုံး နှစ်သစ်မှာ လိုရာဆန္ဒ ပြည့်ဝကြပါစေ....။

17 comments:

  1. ခေါင်းစဉ်မှာ အဖိုးကြီးလိုနေပါတယ်။ :)

    ReplyDelete
  2. ဩော်....အဖွားကြီးတောင်ဖြစ်သွားရှာပေါ့ကိုး

    ReplyDelete
  3. အဖိုးကြီးငါ့ကို အဖွားကြီးမင်းက မောင်တွေဘာတွေ ခေါ်ပါဦး
    အဲ.. ကိုကိုတွေ ဘာတွေ ခေါ်ပါဦး

    ReplyDelete
  4. နှစ်သစ်မှာနှလုံးသားအသစ်၊ အချစ်သစ်နဲ့ ချစ်ကြတယ်ပေါ့...
    ပျော်ရွှင်စရာပါ အစ်မ။ ပျောက်နေပါတယ်ထင်တာ ရိုမက်တစ် အချစ်ဇာတ်လမ်းလေး သွားရိုက်နေတာကိုး..
    ဖတ်ရင်းကျွန်တော်တောင် ဘယ်သူ့ကို ချစ်ချင်သလိုလို...
    နှလုံးသားနဲ့ရေးထားလို့နဲ့တူပါ့ အသက်ဝင်နေလိုက်တာ..

    ReplyDelete
  5. စာလေးက ချစ်ဖို့ကောင်းလိုက်တာ။ မနဲ့ ဆရာမအပြုံပန်းတို့ကို ၂၀၀၉ ရဲ့ အချစ်နိုင်ဆုံးသူများဆု ပူးတွဲပေးချင်မိပါတယ် :)

    ReplyDelete
  6. အင်း .... နှစ်သစ်မှာ အဖိုးကြီး ၊ အဖွားကြီးတွေလဲ အချစ် သစ် .... အဲလေ ... အချစ်တွေနဲ့ လပ်ဆတ်နေကြပါကလား ....

    အကြည် စာရေး သိပ်ကောင်းတယ် ... စာရေးဆရာမတစ်ယောက်ရဲ့ ရေးလက်ပဲ ...

    ReplyDelete
  7.း) ဟာ.. ဒါဟာ အချိန်ကောင်းပဲ။ ဒီလိုကြည်နူးနေတုန်းလေး
    အဖိုးကြီးကို နှစ်ကျပ်ခွဲပူဆာလိုက်ပါလား။
    မြှောက်ထိုးပင့်ကော်
    mm

    ReplyDelete
  8. ကြက်သီးထစရာကြီး.. ဟီဟီးးး
    ဘာလို့မှန်းမသိ တစ်မျိုးကြီးခံစားလိုက်ရတယ်.. :P
    ပျော်ရွှင်ပါစေ.. ပျော်ရွှင်ပါလေ..

    ReplyDelete
  9. မချစ်ကြည်အေး စာရေးသိပ်ကောင်းတာပဲ။ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ။ ရင်ခုန်သံတွေ ဆက်လက် ရှင်သန်ပါစေ။

    ReplyDelete
  10. မော်ဒန်လား..
    အချစ်လား..

    ReplyDelete
  11. မော်ဒန်....အချစ်...ပါ....

    ReplyDelete
  12. သြ..ချစ်တတ်လိုက်ကြတာ ကိုချစ်ဖေတောင်လမ်ဘေးကို ကမန်းကတန်းဖယ်ပေးရတော့တယ်.ဟွန်းတွေတီးပြီးလာတာဝင်တိုက်သွားမှာစိုးတာနဲ့..ခေါင်းစဉ်မှာ.အဖိုးကြီး ဘာလို့ဖျောက်ထားတာလဲ ဆရာမ.ကျန်ခဲ့တာတော့မဖြစ်နိုင်ပါဘူး...ဟဲ..

    ReplyDelete
  13. " အတဲယေးးးရယ်...ကိုးကိုး တိတ်ရှစ်တာပဲ ဂွယ်။ "

    မှတ်ချက်..အောက်မေးကို အစွမ်းကုန်တုန်ပြီး လျှာလေးအာလေးဖြင့် ပြောရမည်။

    ထိုစကားကို ကြားသောအခါ အစ်မအေးက ရှက်တက်တက်အမူအရာဖြင့် မေးအောက်တွင်တွဲလောင်းကျနေသော အရေပြားတွန့်လိတ်လိတ်ကို အသာအယာပွတ်သပ်ရင်းဖြင့် ကြည်နူးနေစေ။

    ReplyDelete
  14. ကြည်နူးမှုတွေက ဖတ်ရတဲ့သူကိုပါ ကူးစက်သွားပါတယ် မမချစ်ကြည်အေးး) ချစ်သူကြင်သူတွေတိုင်း နှစ်သစ်မှာ ဒီလိုအချစ်သစ်တွေသာ မွေးဖွားနိုင်ကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်... နည်းနည်း နောက်ကျနေပေမယ့် Happy New Year လို့ ထပ်ပြောမယ်နော် မမ။ (မွေးနေ့ဆုတောင်းအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်း)

    ReplyDelete
  15.း) ကြည်နှုးစရာလေးဗျာ
    မင်္ဂလာနှစ်သစ်ပါး)ရန်ုကုန်ကနေရောက်လာတား)

    ReplyDelete
  16. သြော...အဲဒီညက ပျောက်နေပါတယ်လို့ ထင်တာ....တူက အောချတ်မှာ စုံတွဲခုတ်နေတာဂိုးးးးးးးးးးးးးးး
    :)))

    ReplyDelete
  17. အဲလောက်တောင် အသက်ရနေကြပြီကိုး...

းဝ)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...