မနေ့က ဝယ်ဖြစ်ခဲ့တဲ့ စာအုပ်တွေပေါ့......ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး....အများတကာ သရေကျအောင်လုပ်ရတာ နဲတဲ့ ကုသိုလ်လားလို့...နော်...အားလုံးပေါင်း ၇အုပ် ၊ ဆရာ ချစ်ဦးညို စာအုပ် ၂ အုပ်က S$ ၁၁ ဒေါ်လာစီ နဲ့ ၂၂ ကျန်တဲ့ ၅အုပ်က S$ ၇ဒေါ်လာစီနဲ့ ၃၅ ပေါင်း S$ ၅၇ ဒေါ်လာ...ပိုက်ဆံများများ ထည့်သွားလေ့ မရှိတော့ လေ...ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး..အဲဒါတွေ ဝယ်ပြီးတော့ လက်ထဲ ၇ ဒေါ်လာပဲ ကျန်တော့တဲ့ အကြောင်းပါ...။

ဆရာနေဝင်းမြင့်က စင်ပေါ်တက် လာတာနဲ့ စင်္ကာပူစာပေ ဟောပြောပွဲမှာ စစချင်း မဲမဲကြီး တွေ့လိုက်လို့ လန့်မသွားကြပါနဲ့ ...မဲမဲကြီးပေမဲ့ ချောကလက်ပါ...တဲ့။ ဟုတ်ကဲ့ ဆရာက ချောကလက်လိုပဲ သိတ်ချစ်ဖို့ ကောင်းပါတယ်...။ တခါသုံးပြီး ဘာမှ ငြိတွယ်စရာ မလိုပဲ ပစ်တတ်ကြတဲ့ ယနေ့ လူ့အဖွဲ့ အစည်းကြီးထဲမှာ လူငယ်တွေ ဦးနှောက်တံခါးဖွင့် ပြီး လေ့ကျက် သင်ယူနေကြသလို နှလုံးသား တံခါးကိုလဲ ဖွင့်လှစ်လို့ ခံစားတတ်ကြဖို့ပါ...။
ဆရာမ ဂျူးကတော့ ကျမ အပျိုကြီးပါတဲ့...၊ ဒါပေမဲ့ ရတာမလို၊ လိုတာမရ လို့တော့ဖြင့် မဟုတ်ပါ လို့ ဆိုပါတယ်...။ Living together စာရေးဆရာမ လို့ တံဆိပ်ကပ် ခံခဲ့ရတာကနေ ယနေ့ လူမှုရေး စာရေးဆရာမရယ်လို့ တံဆိပ်ကပ် ခံခဲ့ရတဲ့ အထိ စာရေးသူတယောက်ရဲ့ မှတ်စုများကို အပိုင်း ၅ ပိုင်း ခွဲလို့ ပြောကြားသွားခဲ့ပါတယ် ။ ဆရာမ ကြည်အေး နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ ကဗျာ တပုဒ်စီ နဲ့ ကိုယ်တိုင်ရေး ကဗျာ တပုဒ် ရွတ်ဆိုခဲ့ပြီး ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေညို ကဗျာလေးနဲ့ လှပစွာ အနားသတ်ခဲ့ ပြန်ပါတယ်။
နောက်ဆုံးတော့ ဒဿဂီရိကို ချစ်သနားချင်စရာ ဇာတ်လိုက်အဖြစ် အဖွဲ့ကောင်းခဲ့တဲ့ ဆရာ ချစ်ဦးညို ရဲ့ အလှည့်ပါ။ ဆရာက ကျနော် လူပျိုကြီး မဟုတ်ပါဘူး ခင်ဗျာ လို့ အစချီလာတဲ့ အတွက် အားလုံး ပွဲကျ ရယ်မောခဲ့ ကြရပြန်ပါတယ် ။ ဆရာက သီချင်းတွေ၊ ကဗျာတွေ နဲ့ အတူ မှတ်သားစရာတွေ အများကြီး ဌာန်, မာန် အပြည့်နဲ့ ဟောပြော သွားခဲ့ပါတယ်။ အဓိက ကတော့ အနုပညာ ဖန်တီးသူတယောက် ရဲ့ စေတနာ နဲ့ သူ့ရဲ့ အားထုတ်မှုတွေ ၊ နောက် အဲဒီ အနုပညာ ပစ္စည်း အပေါ် စားသုံးသူတွေ အဖြစ် သုံးစွဲခံစား တတ်ကြဖို့ပါ။
ဟောပြောပွဲက နေ့လည် ၁၂း၄၅ ကစလို့ ညနေ ၆း၄၅ လောက် သိမ်းခဲ့ပြီး ၂း၁၅ ကနေ ၂း၄၅ ထိ နာရီဝက် နားချိန် ပေးခဲ့ပါတယ်။ ကျမတို့ဖြင့် နားထောင်လို့ မဝနိုင်သေးပါဘူး...ဟောပြောစဉ် တလျောက်လုံး ဆရာတွေရဲ့ စကားတွေက ကျမတို့ရဲ့ အာရုံတွေကို သိမ်းကျုံး ဖမ်းစား ထားနိုင်စွမ်း ခဲ့ကြပါပေရဲ့...။
ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူးလေ....။
ကျမတို့ စိတ်အဟာရတွေ အပြည့်စားသုံး ခဲ့ရသလို နားမထောင်လိုက်ရတဲ့ သူငယ်ချင်းတွေအတွက် အာသာပြေ အမြည်းလေး ကျွေးကြည့်မိတာပါ...။ အဲဒီနေ့ကတော့ ကျမတို့ အားလုံး အတွက် နေ့တာ တိုလွန်းတဲ့နေ့လေး တနေ့ ဖြစ်ခဲ့ပါရဲ့....။

ဘာရယ်ညာရယ်မဟုတ်ဖူးဗျာ
ReplyDeleteလာအားကျသွားတယ်း)
၂၇ ကျမှ ဟောပြောပွဲသွားလိုက်အုံးမယ်း)
ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး...
ReplyDeleteဝယ်လာတဲ့ စာအုပ်တွေ မတူတာတွေကို လဲဖတ်ကြမယ်နော်လို့ လာပြောတာပါ... :D
ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး...
ဘလော့ဂ်ဂါတွေကို လက်ညှိုးထိုး ရောင်းစားလို့ရတဲ့ ပိုက်ပိုက်တွေ ထားစရာ နေရာမရှိအောင် များနေတယ်ဆိုရင် မုန့်ဝယ်ကျွေးပါလို့ လာပြောတာပါ.. :D
မမ.. ဆွေဝယ်ခဲ့တဲ့စာအုပ်သုံးအုပ်နဲ့ထဲက နှစ်အုပ်နဲ့ မမ၀ယ်ခဲ့တဲ့ထဲက နှစ်အုပ်တူတယ်။ ဆရာချစ်နဲ့ ဆရာနေ၀င်းမြင့်နဲ့လေ။ နောက်တအုပ်ကတော့ ဒေါက်တာသက်နှင်းအိမ်ရဲ့ ဖွင့်ဟ၀န်ခံချက်။ တကယ်ကိုနေ့တာတိုလွန်းတဲ့နေ့တနေ့ပဲနော်။ နားမထောင်လိုက်ရတဲ့သူငယ်ချင်းတွေကို မမရဲ့ ဘလောဂ့်မှာပဲလာဖတ်ဖို့ ညွှန်လိုက်ပါရစေနော်။
ReplyDeleteဆွေ
စာပေဟောပြောပွဲ တစ်ခါမှ နားမထောင်ဖူးဘူး..
ReplyDeleteဒါဆိုရင် မချစ်ကြည်အေးထိုင်ခဲ့တာ အပြုံးပန်းတို့နဲ့ တတန်းတည်းလောက်ပဲ၊ ဘယ်တောင်ပံနဲ့ ညာတောင်ပံပဲကွာတယ်၊
ReplyDeleteစာအုပ်ဖတ်ပြီးရင် စာအုပ်ထဲက အကြောင်းတွေပြောပြအုံးနော်။
ခင်မင်စွာ။
မမက အသံပါသွင်းလာပြီး ပြန်ရေးပေးရမှာ။ ခုကြတော့ အမြည်းပဲကျွေးပြီး သွားတော့လို့ ပြောလိုက်သလိုပဲ။ အားကျအောင်လုပ်တယ်။ စာအုပ်ပုံတွေက ပါသေးတယ်။ ကံကိုက ဆိုးပါတယ်...
ReplyDeleteကောင်းတယ်။
ReplyDeleteအဲဒါ သိချင်နေတာ.. မ- အရင်ဆုံး ရေးတာပဲ.. ကျေးဇူးပဲ.. ဘူတွေထပ်ရေးကြအုံးမလဲ.. ရေးကြပါအုံး.. အနံ့ရှု..အဲ.. လေသံလေး ဖမ်းပြီး တဆင့် နားထောင်ချင်လို့ပါ... ဟိုဖက်အိမ်က.. မသက်ဝေ တို့.. မပန် တို့..ကပီတိ တို့... ဘူ တို့ ဘ၀ါ တို့.. ရေးကြပါအုံး..။ တကယ် သိချင် နေတယ်.. ပုံလေးတွေ များရော ရိုက်မလာ ကြဘူးလား..။
ReplyDeleteကောင်းလေစွ ကောင်းလေစွ
ReplyDeleteမအေးရေ...
ReplyDeleteလုံးမ မနာလိုဘူးးးးးးးးးးးးဗျ....။
တစ်ကယ်ပြောဒါ...။
(စာအုပ်ငှားမလားဟင်...။ တစ်ရက် တစ်ကျပ်ပေးမယ်လေ နော်..နော်...ဗျ...)
ခင်မင်တဲ့
ဏီလင်းညို
ဘာရယ်ညာရယ်မဟုတ်ပါဘူး စာအုပ်တွေဝယ်ခဲ့တာ ဖတ်နေပါသည်။
ReplyDeleteဘာရယ်ညာရယ်မဟုတ် အရောင်အတိမ်းကောင်း၍ ရောင်းအစား မခံခဲ့ရပါ။
ဘာရယ်ညာရယ်မဟုတ် မကေရေ.. အသံနားထောင်ချင်ရင် ကြိုးစားပြီး အသံသွင်းခဲ့တယ်။ နားထောင်လို့မဆိုးရင် ပို့လိုက်မယ်နော်...
ရေးတော့ရေးချင်ဘူး.. ဧရာဝတီမှာ ဓာတ်ပုံတွေရှိ :D
အခုလိုလဲ ဘလော့မှာ ရေးပြတယ်၊ အိမ်တိုင်ရာရောက်လဲ လင့်ခ် လာပေးတဲ့အတွက် ကျေးဇူး အများကြီးပါ မမရေ။
ReplyDeleteစိတ်အဟာရတွေ ပြည့်တဲ့နေ့လို့ ဆောင်းပါးတပုဒ်က ညွှန်းတာ မလွန်ဘူး ထင်ပါရဲ့။ ပီတိလေးရဲ့ ဓာတ်ပုံတွေလဲ တွေ့ပါ့။
မချစ်ကြည်ရေ
ReplyDeleteစီဘောက်စ်ထဲ လင့်ခလေး မြင်တော့ ၀မ်းသာလိုက်တာ။
ကျေးဇူးတင်တယ် ပြောချင်လွန်းလို့ လိုက်လာတော့ ဘာရယ် ညာရယ် မဟုတ်ပါဘူးလေ ဘာဘာ ညာညာ တွေးပြီး သဘောကျသွားတယ်။
မအယ်
မြန်မာစာကို အဲဒီလိုစာအုပ်နဲ့မဖတ်ရတာ ၅ နှစ်လောက်ရှိပြီဗျာ။ မက်မက်မောမောကို ကြည့်သွားပါတယ်။
ReplyDeleteအမရေ စာလာဖတ်တယ်။
ReplyDeleteအလှူကို ရာခိုင်းနှုန်း ထပ်တိုးပေးကြည့်ပါအုံးနော်။
ခင်တဲ့ ရီနို
အကြွားပြိုင်ပွဲဝင်ရင် နိုင်လောက်တယ်...
ReplyDeleteးဝ)
စာမြည်းလေးအတွက် ကျေးဇူးတင်တယ် သူငယ်ချင်းရေ
ReplyDeleteပျော်စရာကြီး..
ReplyDeleteစာအုပ်အသစ်တွေအတွက်လဲ အားကျမိပါရဲ့။။
ဆရာမဂျူးရွှတ်ပြသောကဗျာနှစ်ပုဒ်ကိုအရမ်း လိုချင်ပါတယ် တင်ပေးပါလား
ReplyDelete