စာပေ ဟောပြောပွဲကြီး နီးလို့ လာချေပြီ....
ဆရာမ ဂျူး ၊ ဆရာ ချစ်ဦးညို ၊ ဆရာ နေဝင်းမြင့် ဟူသော နာမည်ကြီး စာရေးဆရာများ၏ စင်္ကာပူတွင် ပထမဦးဆုံး အကြိမ် (လာမည့် ၂၀ရက်နေ့တွင်)ကျင်းပပြုလုပ်မည့် ပွဲကြီးဖြစ် သည်။ ဤမျှ ပွဲကြီး ပွဲကောင်းကို အလွတ်ပေးဖို့ရာ မဖြစ်နိုင်ရကား ဘလော့ဂ်ဂါ ကိုကို မမ မောင် ညီမ များမှာ ပဒူအုံ တုတ်နှင့်ဆွ သကဲ့သို့ သွားဖို့ရာ ဟန်တပြင်ပြင်နှင့် လှုပ်လှုပ် ရွရွ ရှိနေ ကြချေပြီ။
ထိုထို များစွာထဲမှ တချို့ တချို့၏ ကြိုတင် ပြင်ဆင် ကြံစည် ကြပုံများအား ပြောပြရမည် ဆိုလျှင်ကား ဤသို့တည်း....။
သက်ဝေ ၊ အပြုံးပန်း ၊ အင်ကြင်းသန့် နှင့် ပုံရိပ် တို့မှာ မိန်းမ ပီပီသသ နုနုနွဲ့နွဲ့လေးများ ဖြစ်ရာ အရှက်ကြီးသူများ ပီပီ ၎င်းတို့အား လူမမှတ်မိစေရန် နံပြားဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်း၍ ဖြစ်စေ၊ နှုတ်ခမ်းမွှေး အတုတပ်၍ ဖြစ်စေ ရုပ်ဖျက်၍ လာကြမည် ဆို၏ ။
အန်တီဆွိ နှင့် မမခင်ဦးမေ တို့မှာကား နာမည်ကြီး ဘလော့ဂ်ဂါများ ဖြစ်သည့်အလျောက်၊ လူသိ များသူလည်း ဖြစ်ရာ ၎င်းတို့ မှာမူ ရုပ်ဖျက်၍ မထူးတော့ပြီမို့ ဒီအတိုင်းပဲ မျက်နှာပြောင် တိုက် သွားကြမည် ဟု ခပ်တင်းတင်း ဆုံးဖြတ်ချက် ချပြီး ဖြစ်လေသည် ။
မောင်ပီတိ ဆိုသော ရှက်တတ်သည့် ဘလောဂ့်ဂါလေးမှာမူ သူ့ကို တဖက်သတ် နှစ်သက် နေသော မွတ်ဆလင် အမျိုးသမီးလေးထံမှ ခေါင်းမြီးခြုံကို ရက်ပြတ် ငှားရမ်း၍ ခေါင်းမြီးခြုံ လုံပါပေ့ ဖက်ရှင်နှင့် တက်ရောက်မည် ဆို၏။
ရီနိုမာန် ၊Ko Boyz ၊ ပေါက် ၊ cratonနှင့် ရွှေစင်ဦး တို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ကမ္ဘာကြီး စိမ်းလန်း စိုပြည်စေရေး အလို့ငှာ ပွဲပြီးလျှင် ကျန်ခဲ့ မည့် ရေဗူးခွံ၊ ပုလင်းခွံ၊ ဘီယာဗူးခွံ နှင့် ပလပ်စတစ်အိတ် ပါမကျန် ကောက်၍ အိတ်ကြီးတလုံး နှင့် စုထည့်ကာ ရောင်းစားကြရန် အကြံ ဖြစ်လတ္တံ့။
ငပေါများ ဂေဟာ မှ ဆက်သွယ် ပျံကျားရေး ဝံဂျီး တက်ရောက်မည် ဖြစ်၍ ဟောပြောပွဲ အနီးတွင် ကောင်တာဖွင့်ကာ စိတ်ဝင်စားသူ ဘလော့ဂ်ဂါများအား ပေါရာပေါနည်း နိဿနည်း ပေါင်းစုံ အခမဲ့ လက်ပူတိုက် သင်ကြားပေးမည် ဟူလို...။
ပုလုကွေး နှင့် မောင်ရွာသားလေး တို့ကား ကုသိုလ်အရေး တွေးမိသည့်အလျှောက် တက်ရောက်သူ အပေါင်းအား သောက်ရေသန့် ဝေငှရန် အကြံ ရလေ၏။ ထို့ကြောင့် မြန်မာ ဘုန်းကြီးကျောင်းထဲ ရှိ ရေသန့်ဗူးများအား တနေ့ တကာတွန်(Carton) အိမ် သို့ မ ၍ စတင်စုဆောင်း နေကြောင်း သိရပေသည် ။
ကိုကြီးကျောက် ဦးဆောင်သော ချဉ်ပေါင်ခြံထဲမှ မောင်ဘိုင်ကျ ၊ ဏီလင်းညို ၊ မောင်မိုး နှင့် ဝေလီဝေလင်း တို့ ၅ ယောက် အဖွဲ့မှာ Overseas မှ လာရမည် ဖြစ်၍ လေယာဉ်ဖိုး ကျေစေရန် ဤသို့ တီးတိုး တိုင်ပင်လေသည် ။ အုပ်စုတောင့်၍ လေပေါသူများ ဖြစ်ရကား မြန်မာဆန်ဆန် မုန့်လေပွေ လုပ်ရောင်းရန် နှင့် မိုးပျံပူဖေါင်း လေမှုတ် ရောင်းစားရလျှင် ကိုက်မည်ဟု စဉ်းစားမိ၏။ ကမ္ဘာ့ စီးပွားပျက်ကပ် ကာလ အတွင်း၌ ဘာလုပ်လုပ် မကိုက်ပဲ ရှိ၍ အကိုက်ဆုံးမှာ ခွေး မျက်စိ နောက်အောင် လုပ်ရန် ဖြစ်ကြောင်းကိုမူကား ငနဲသားတို့ မရိပ်မိ ကြချေ ။
အကြံပိုင်၍ စီးပွားရေး မျက်စိရှိသော အကိုကြီး အောင်သာငယ် နှင့် ကလူထွင်း တို့မှာ အတွေ့အကြုံ ကြက်ရင့် သူများပီပီ (ဘလော့ဂ်ဂါ အားလုံးမှာ ကင်မရာကြီးများ တရမ်းရမ်းနှင့် လာကြမည်ဖြစ်ရာ) ကင်မရာ အခွံကောက်သော် သင့်မြတ်ပေစွဟု ခေါင်းချင်းဆိုင် တိုင်ပင် လျှက် ရှိကြ လေသည် ။
ထိုင်ခုံနံပါတ် များမှာ ဦးရာလူစံနစ် ဖြစ်၍ အားလုံးက စောစီးစွာ သွားရောက်ကြရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မမအယ်ဇီ နှင့် ချိုသင်း တို့ နှစ်ယောက်မှာ အထူးတလည် ပူစရာမလို, ထိုင်ခုံမရလဲ ဝိတ် နဲ့ ဖိ တာပေါ့ ဟုအေးဆေးစွာ တွေးထားလေ၏ ။
ထိုသို့ အကြံအစည်များ ကြားနာပြီးသော် ကျမ ချစ်ကြည်အေး မှာ အကြံလဲကုန်၊ ဂဠုန် ဆားချက်၊ ဆားမထွက်သည့် အဆုံး အထူးထူး အပြားပြား များလှစွာသော ဘလော့ဂ်ဂါ တို့အား လက်ညှိုးထိုး ရောင်းစားရန် အကြံထူး ဖြစ်ပေါ်၍ တနေ့ တနေ့ အိမ်ထဲ၌ ဒို ရေ မီ ဖာ တွင် တကီးမှ မဝင်သည့် အသံဖြင့် လေ့ကျင့်လျှက် ရှိနေပေတော့သည် ။
" ဘလော့ဂ်ဂါတွေ ရမယ် ဘလော့ဂ်ဂါတွေ....."
" ဘလော့ဂ်ဂါတွေ ရမယ် ဘလော့ဂ်ဂါတွေ....."
*** ဘလော့ဂ်ဂါ မောင်နှမ များအား ပျော်ရွှင်စေလိုသော စိတ်နှင့် ချစ်ခင် ရင်းနှီးစွာ ကျီစယ်လိုခြင်း သက်သက်ပါ။ စိတ်ဆိုးသည် ဆိုပါက နာမည် ဖျက်ပေးပါမည် ။ (ပျက်ကို ပျက်စေရပါမည် ...)
ဘ၀ အမောတွေ ပြေကြပါစေ...။

စိတ်ဆိုးတယ်အမ... ကျွန်တော့်ကိုကြိုက်နေတာ မွတ်ဆလင် အမျိုးသမီးလေးတင်မကဘူး တရုတ်မလေးတွေပါပါတယ်။ ရှက်လို့ ခေါင်းမြီးခြုံထားပေမယ် အိုက်မှာစိုးလို့ ဘောင်းဘီတိုပါ ငှားဝတ်ခဲ့မယ်။
ReplyDeleteအမရောင်းလည်း ကျွန်တော်က ချန်ခွင်တက်မယ်ထင်နေလို့လား..
မျိုးနဲ့ရိုးနဲ့လာတာနော်... :P
ချိန်ခွင်ပေးမတက်ရဲတာ ကပိတီ အလေးခိုးထားလို့နေမယ်။
ReplyDeleteသြော်..သူ့ကိုပဲသွားသွားပြောမိနေတယ်။
လူပျိုကြိးဆိုတော့ အားငယ်နေရှာရော့မယ်။
အစ်မ ကျွန်တော့်ကိုရောင်းမယ်ဆိုရင်တော့ blogger ကောင်မချောချောလေးဆီ ရောင်းနော်..။ ပူဖောင်းလက်ဆောင်ပေးမယ်။ အစ်မအားရင်ယပ်ခတ်ရအောင် မုန့်လေပွေ အကြီးကြီးလည်း ပေးမယ်။ လာဘ်ထိုးတာမဟုတ်ပါဘူး။ မောင်နှမချင်းပဲ သိတယ်မဟုတ်လား..ငှဲလျောင်း..ငှဲလျောင်း..
ReplyDeleteအပြုံးပန်းအား မိန်းမပီပီသသ နုနုနွဲ့နွဲ့ဟု ပြောလိုက်သည့်အတွက်
ReplyDeleteအထူးရုပ်ဖျက်စရာ မလိုတော့ကြောင်း ကြေငြာလိုက်ပါသည်။ :)
မချစ်ကြည်အေးမှန်းသိအောင် ဘယ်လိုရှာရပါ့၊ အမ အနီရောင်ဝမ်းဆက် ၀တ်ပါလား။ :)
စိတ်အရမ်းဆိုးလွန်လို့ ကိုယ်နာမည်ပါမှန်းမသိဘူးဖြစ်သွားတယ်။
ReplyDeleteရောင်းလို့ပြီမှ လာပြီဝေစုလာမခွဲနဲ့နော် မရဘူးမှတ်။
ကျေးဇူးပါအမရေ နာမည်ပါခွင့်ရတာကိုပဲ ကျေးဇူးတင်နေပါပြီ။
စိတ်မဆိုးရပေါင်းဗျာ။
ရီနိုမာန်
မအေးရေ...
ReplyDelete(အဲ့သလိုဘဲခေါ်တော့မည်ဖြစ်ကြောင်း တရားဝင်ကြေငြာပါ၏။)
မုန့်လေပွေဘဲ ရောင်းမယ်နော်...နော်...။ လာဝယ်ရင် ပိုပေးမယ်လို့ တစ်ခြားဘလောဂ်ဂါတွေကိုလည်း ပြောထားပေးနော်...နော်...။
“မုန့်လေပွေ ကျွပ်ကျွပ်လေးဒွေရားမယ်...မုန့်လေပွေ ကျွပ်ကျွပ်လေး ဒွေရားမယ်.”...။
ပူဖောင်းရောင်းချင်ဘူးးးးးဗျ...။ ပြီးတော့ ညီလေး ဝေလင်းပြောသလို အနော်ဒို့ကိုရောင်းရင် ခပ်မိမိလေးဒွေဆီကို ရောင်းပေးနော်...အဟီး...။
စိတ်လည်းမဆိုးတဲ့အပြင် ကျေးဇူးတင်ပါ၏...ခွိ...ခွိ...။
ခင်မင်တဲ့
ဏီလင်းညို
အဲ့ဒီ ဘလော့ဂါတို့ရဲ့ မြို့ကြီးမှာ ဘလော့ဂါညီလာခံလိုဖြစ်နေမဲ့ စာပေဟောပြောပွဲတော့ လာနားထောင်ချင်ပါ့ မမရယ်။
ReplyDeleteသူများသွားရည်ကျအောင် ပြောတယ်နော်..။
ဟားဟား......sis ရေ..နံပြားဦးထုပ်မဟုတ်ပဲ ကျန်တဲ့သူတွေနဲ့မတူအောင် သံပုရာခွံဦးထုပ်ဆောင်း၊ နေကာမျက်မှန်တပ်ပြီးလာရရင်ကောင်းမလားလို့.... :D
ReplyDeleteတွေ့ကြသေးတာပေါ့ကွာ... ဟဲဟဲ
ReplyDelete(ရုပ်ဖျက်ရန် တိတ်တဆိတ် ကြံစည် ကြိုးစားနေဆဲ ကိုယ့်အကြံ လူသိသွားသောကြောင့် ဘာပြောရမှန်းမသိဖြစ်ပြီး ပြောမိပြောရာ ပြောသွားခြင်းသာဖြစ်သည်...)
ဟိုက်ယား!
ReplyDeleteရေသန့်ဗူးတွေ တောင်ဆွဲနေရပါပေါ့လား။
အေးလေ ဆံပင်တိုနေမင့်ဟာပဲ ဘုန်းကြီးကျောင်းနဲ့ နီးတာ ဘာဆန်းလဲနော့ :P
တွေ့ပြန်ပြီ နောက်တပုဒ်...
ReplyDeleteအီးမေးလ်နဲ့ ပို့ပေးတော့ဗျာ...း)
koluuhtwe@gmail.com ကို...
းဝ)
ဗမာ့ ဘလော့ဂါ အများဆုံး စုဝေးရာ.. အရပ်မှာ.. ဖောက်ခွဲမူ တွေ ရှိနိုင်တယ်လို့.. ခုပဲ သတင်း ၀င်လာတယ်။ ဆားစ် တုန်းက.. နှခေါင်းစည်း လေး တွေ လိုလို မယ်မယ် သယ်သွား ကြပေါ့..။း)
ReplyDeleteရင်ဖွင့်ရရင်တော့...ဟို..အသက်ကြီးကြီး လူဆိုးကြီးနဲ့ တအုပ်စုတည်း မုန့်လေပွေရောင်းခိုင်းတာကို မကျေနပ်ဘူး။ ဒီလူကြီးက မုန့်လေပွေမရောင်းချင်ဘူးချည်းပဲပြောပြီး ဂျီကျနေတယ်။ ဘာရောင်းချင်နေမှန်းကို မသိဘူး။ ဟုတ်တယ်နော် ကိုဏီ။
ReplyDeleteအရပ်ပုတော့ပျောက်နေမှာပါအေ။
ReplyDeleteအောင်မလေး ရောင်းစားမယ်တဲ့... အလေးချိန်နဲ့ဆိုရင်တော့ မနည်းဘူး ရမှာ။ စာပေးဟောပြောပွဲတော့ နားထောင်ချင်ပါတယ်။ ရောင်းစားခံရလည်း ခံရပေါ့။ (၀ယ်မယ့်လူမှ မရှိတာ။ မပူပါဘူး။)
ReplyDeleteရောင်းစားလို့ရတဲ့ပိုက်ဆံနဲ့ ..
ReplyDeleteဘလော့ဂ်ဂါအားလုံးကို မုန့်ဝယ်ကျွေးမယ်နော်။။
ပေါက်
မိုးပျံပူပေါင်းရောင်းမလို့ဟာပူဖေါင်းချင်း မှားဝယ်လာလို့လူပျိုသိုးတွေ အကုန်မသွားတာ.ရောင်းစရာမရှိတော့ဘူး
ReplyDeleteဟားဟား ကိုကိုကျောက်ရေ ရောင်းစရာမရှိရင် ကျွန်တော့်ခြံထဲက ချဉ်ပေါင်
ReplyDeleteတွေသယ်လာခဲ့မယ့်ဗျး) ကိုမိုးကလဲ ကျွန်တော်တို့ဇတ်လိုက်ကြီး ကိုကျောက်
ကို လူဆိုးကြီးတဲ့ လူဆိုးကြီးမဟုတ်ဖူးဗျ လူဂျိုးချီး ပါဆို ဟိး)
ကျွန်တော်တို့မလေးမှာက ၂၇ဗျ သွားအုံးမှပဲ
ရယ်လိုက်ရတာ ဥတွေကိုနာလို့.. အဲလေ..အူတွေကိုနာလို့ မမရယ်..
ReplyDeleteစိတ်ဓါတ်လေးတွေကြိုက်တယ်..ဒါပေမယ့်နောက်ဒါမျိုးတွေမလုပ်ရဘူးနော်..
းD...
လေးစားချစ်ခင်တဲ့..
ညလေးး)
အလိုဗျာ...
ReplyDeleteဘယ်ကဘယ်လို စီးပွားရေးက ပါလာရသတုန်း..း)
ငါ့ဘ၀နှယ်.. ရေဗူးခွံကောက်ရတယ်လို့..း((((
ReplyDeleteရပါတယ်ဗျာ ဘာဘဲကောက်ရ ကောက်ရပါ ပြီးရင်တော့ ဝေစုလာမခွဲနဲ့နော် ကိုယ်ရ ကိုယ်ယူကြေးဘဲ ဟေး..ဟေး..
ReplyDelete