မဟူရာရောင် ငိုချင်းတပုဒ် ညည်းဆို
ကေးဝဋ် ပုဏ္ဏားလို နဖူးမှာ မမြင်သာပေမဲ့
အမာရွတ် အထပ်ထပ်နဲ့ ဒီရင်ဘတ်
ဆီသည်မ လက်သုတ်ဖတ် လို အရောင်အဝါတွေလဲ လွင့်
ငါ.............ရနံ့ မဲ့ ပန်းတပွင့် ပါကွယ်.....။
ဒါဏ်ရာ တွေ သွေးအပျက်ပျက်နဲ့ မွစာကြဲ
ဆယ့်နှစ်ကြိုးထက် များတဲ့ ဆွဲ လက် မှာ
အမှတ် နဲတယ် ဆိုဆို......
ငိုချင်တာထက် ရှိုက်ဖို့ ခက်တာ ဆိုး...
ပျဉ်ဘိုး လဲ မသိသေးပေမဲ့....
ငါ.....မင့် လက် မှာ..... အ ခါ ခါ သေပြီး ခဲ့သူပါ...။
ဒီ ဇင် ဘာ ရယ်.....
မင်း......အဆင်း ဖြူသလောက်
မင့် အဆိပ်အတောက်တွေက နှင်းပွင့်လို အေးမြ
သိသိကြီးနဲ့ မြို ချ တကျိုက်....လောင်မြိုက် အတွင်းကြေ...
မင်းပေးတဲ့ ချစ်ခြင်း... ခါးသက်သက် နှင်း ... တွေ...လေ....။
**ချိုသော ဒီဇင်ဘာ လို့ ဆိုကြတယ်...၊ ဘာပဲဖြစ်ဖြစ်ပါ...ဒီဇင်ဘာ ခါးခါး စားသုံးဖူးသူများ အတွက် ကဗျာလေး တပုဒ်...ခံစားဖြစ်ခဲ့တယ်...။
သဘောတူပါတယ်..
ReplyDeleteအဖြူရောင် နှင်းတွေက အမြင်တွေကို ဝေဝါး
အေးမြတဲ့ အငွေ့အသက်တွေက ရင်ထဲမှာ ပူပူလောင်လောင်တွေ ဖြစ်...
ကိုယ့်အတွက်...
တချို့ဒီဇင်ဘာတွေက သေသေချာချာ ခါးနေခဲ့ဖူးပါတယ်...
ဒီနှင်ဘာနှင်းစစ်စစ်ကို မြင်ဖူးချင်သေးတယ်
ReplyDeleteဒီဇင်ဘာဆိုတဲ့ ရာသီလေးက အမည်လှသလို ရာဇ၀င်ပေါင်းများစွာကို ဖန်တီးပေးနိုင်တယ်နော်။
ReplyDeleteဒီဇင်ဘာဆိုတာကို ပီပီပြင်ပြင် ခံစားချင်သေးတယ်၊ တောင်ကြီးမှာဖြစ်ဖြစ် ပြင်ဦးလွင်မှာ ဖြစ်ဖြစ်။
ရေးချင်တာရေးသွားတယ်။
ဒါနဲ့
အမက စွယ်စုံရပါလား။
ကျွန်တော့်အတွက်တော့ ဒီဇင်ဘာက.....ခါးတယ်။
ReplyDeleteမင်းလက်မှာ..အခါခါသေရအောင်..လူသတ်သမားလက်ထဲ ..ဘာလို့ အခါခါသွားရ တာတုန်း..း))
ReplyDeleteကိုခရေတန်ရေ..ဒီဇင်ဘာနှင်းစစ်စစ်က အမြင်တာလှတာ..အပြင်မှာတော့ ဒုက္ခသိတ်ပေးသဗျို့..ဟိုနေ့က နှင်း ၄လက္မ ကျပြီး..iceဖြစ် သွားလို့ ..ကားကလမ်းပေါ်ချာချာယမ်းပြီး လမ်းဘေးကုန်းပေါ်တက်သွားပါရောလား
ကဗျာလေး အရမ်းကောင်းတယ်ဗျာ...။ ဒါပဲပြောတတ်တော့လို့ပါ...။
ReplyDeleteကျွန်တော်လည်း...ညီလေးဝေလင်းပြောသွားသလိုပဲ...။
ဒီဇင်ဘာက...ခါးခဲ့ဖူးပါတယ်...း(
ခင်မင်တဲ့
ဏီလင်းညို
နှင်းတွေ ကို မခါးသက်ဖူးပေမဲ့
ReplyDeleteကဗျာလှလှ လေး ကတော့ ခံစားမိတယ်...