
တူး ဇီးရိုး ဝမ်း ဇီးရိုး တဲ့
မရိုး မထပ် မင့်ဇာတ်ကြောင်းတွေပဲ ပြောပြောနေကြ...
ဟိုတစ်စ ဒီတစ်စ ဆွဲထုပ်
အရှုပ် ဖွတဲ့သူက ဖွ........ အစ ရှာတဲ့သူက ရှာ
ရင်ခုန်မိ နေ တာ က....
သူ ဘယ်လို ခြေလှမ်း စမလဲဆိုတာ....။
၂၀၀၉ ဖုတ် ဖက် ခါ နောက်ဆုံးစက္ကန့်တွေမှာ
အေးညှင်း သာယာ အရောင်အဝါတွေနဲ့ ရောက်လာမှာလား...
သူက အဝါလား အပြာလား...
ဒါမှမဟုတ် သစ်လွင်ခမ်းနားတဲ့ အရောင် အဆန်းတကြယ်တွေနဲ့
ရောနှောသွယ်ဆက် ဖောက်ယှက် ထားမှာလား
မျှော်လင့်ချက် တောက်ပ အိပ်မက် အဟောင်းတွေက နိုးထစေမှာလား....။
သေချာ နေတာက...
ငါတို့ဟာ " ဖြစ်စေ " ဆိုတဲ့ ပဉ္စလက် ပြကွက်တွေကိုလည်း
မလိုချင် မယုံကြည်ရဲခဲ့သူတွေ...
မာန်နတ် သမီးတွေရဲ့ ပုပ်အဲ့အဲ့ အဟောင်းအမြင်း
မာယာ တေးချင်းတွေမှာလည်း မပျော်ဝင်လိုသူတွေသာ ဖြစ်တယ် ကွဲ့....
မင်းရဲ့ တရားသဖြင့် ယန္တရား အသစ်ထဲ
ချစ်ခြင်း မေတ္တာနှင့် မျက်နှာ အစစ်တွေကိုတော့ဖြင့် မျှော်လင့်မိပါရဲ့....။
ဒါပေမဲ့....
နောက်ဆုံးမတော့ နှစ်ထောင့်ကိုးရေ...
မင့် စာမျက်နှာ အဟောင်းတွေ မှေးမှိန် ယွင်းဆုတ်
မင့် ပြက္ခဒိန်တွေ ငြိမ်းချုပ်
မင့် ခြေလှမ်းတွေ အသိမ်း အနှုတ်မှာ
အသစ် အသစ်တွေ ထုတ်ပိုး တူး ဇီးရိုး ဝမ်း ဇီးရိုး ဆိုတဲ့
ကြိုးတန်း အသစ်ပေါ် ရှေ့ဖြစ် မမျှော်ပဲ....
ငါတို့........
လက်ချင်းတွဲ ရဲရဲသာ လျှောက်ကြပါစို့လေ......။
အားလုံးပဲ ၂၀၁၀ ဆိုတာကြီးကို မမြင်ဖူးသေးပေမဲ့ ချစ်ခင်ရင်းနှီးစွာ နွေးထွေးစွာ အတူတူ ကြိုကြရအောင်ပါ....
Image Source : http://media.photobucket.com/
တူးဇီးရိုး ၀မ်းဇီးရိုးမှာ
ReplyDeleteအကျိုးအပဲ့တွေရှင်းတဲ့ လင်းလက်ခြင်းတွေပဲ
အကုန်လုံး ပိုင်ဆိုင်စေချင်တယ်
ရင်ကိုဖွင့်ချခဲ့ပါတယ်း)
ReplyDeleteတူးဇီးရိုးဝမ်းဇီးရိုးမှာ ကျွန်တော် ဇီးရိုးမဖြစ်ချင်ဖူး ဟီးရိုးတော့ဖြစ်ချင်သား
း) နှစ်သစ်မှာပျော်ရွင်စေဗျား
း)
2010 ကို ကြိုဆိုနေပါတယ်။ ကမ္ဘာ့ဖလားကြည့်ချင်လို့..ဘောလုံးပွဲကိုပြောတာနော်။
ReplyDeleteHappy New Year!
welcome two zero one zero :::::::
ReplyDeleteဟုတ်တယ်.. ၂၀၁၀ ဆိုတာ ချိုကြီးနဲ့လား၊ အစွယ်ကြီးနဲ့လားမသိပေမယ့် တီတီပြောသလိုကြိုကြမယ်
ReplyDeleteတူးဇီးရိုးဝမ်းဇီးရိုး..ဘာတွေဖြစ်မလဲဗျိုး..
ReplyDeleteဟင်..အော်သာအော်လိုက်တယ်..ဘာမှလဲမဆိုင်ပါလား..
မယ်ချစ်တို့..ပျော်ရွှင်နိုင်ပါစေဗျာ...
မအေးရေ...
ReplyDeleteအတူတူကြိုမယ်နော်ဗျ...။
ကဗျာလေးက ဖတ်ရင်းနဲ့ ရင်ခုန်သံတွေမြန်လာသလိုလိုပဲ...။
အရမ်းကောင်းတယ်...။
ဒါမှ ဒို့အစ်မကြီးကွ...။
ခင်မင်တဲ့
ဏီလင်းညို
:) Cool
ReplyDeleteမချစ်ကြည်အေးရေ တူးဇီးရိုး ၀မ်းဇီးရိုးကို အတူတူ ကြိုမယ်နော့်။
ReplyDeleteငိုချင်နေတယ်ဗျာ
ReplyDeleteအစ်မကဗျာလေးဖတ်ပြီးမှ 2010 ကို အရမ်းရင်ခုန်လာတယ်။ မြန်မြန်ရောက်ချင်ပြီ..
ReplyDeleteမကြာခင်ရောက်လာတော့မယ့် ၂၀၁၀ ကို ကြိုးတန်းအသစ်ပေါ် ရှေ့ဖြစ် မမျှော်ပဲ လက်ချင်းတွဲ ရဲရဲသာ လျှောက်ရင်း ကြိုကြပါစို့လေ......။
ReplyDelete