Sunday, April 18, 2010

ဘာလီခရီးစဉ်-၆

စောစောစီးစီး အပီ ယူနေကြတဲ့ အဖြောက်နှစ်ယူ.....


ဟိုတယ်က မနက်စာ တနေ့ တနေ့ ဘိုစာတွေချည်းပဲမို့ အတော် ပျင်းစရာ...
Salad၊ Bacon၊ အသားလုံး၊ ညှပ်ခေါက်ဆွဲကြော် နဲ့ ထမင်းဝါ-သူတို့အခေါ် Yellow Rice...ဗိုက်ထဲပြည့်အောင်တော့ ထည့်ရတာပဲပေါ့ ရသတဏှာရယ် ဘာရယ်လည်း ဟုတ်ပါဘူး...


ဆံပင်လေးတွေ ကျစ်ပြီး အပျိုမ စတိုင် သမီးငယ်လေး ချစ်လို့ အသာခိုးရိုက်ခဲ့တယ်


မနက်စာအပြီး ၈ခွဲမှာ လာခေါ်မဲ့ကားသမား စောင့်၊ သူလာတော့ ၈:၄၀...
တော်တော်လေးမောင်းမှ Kecak & Fire Dance ကြည့်ရမဲ့ဆီရောက်တယ်


တော်တော်ကို ပျင်းစရာပါ ဘာလီသွားမဲ့သူများ အချိန်ရှိရင် သွားပါ အချိန်လုသွား ရမယ်ဆိုရင်တော့ ဒါကို ဖြုတ်ချခဲ့ဖို့ မှာချင်ပါတယ်


ဘာကောင်မှန်းမသိ၊ ညာကောင်မှန်းမသိ သူများတွေ ကင်မရာထုတ်ရိုက်တော့ ကျမလည်း ဘယ်နေလိမ့်မလဲ ငါဟဲ့ ဘလော်ဂါ ဆိုပြီး ထရိုက်ပစ်ခဲ့တာ...


သူတို့ ဘာလီနီးစ် ဒန်ဆာတွေဟာ အောင်မြင်တဲ့ ဒန်ဆာဖြစ်ဖို့ ၅နှစ် ၆နှစ် သမီးကတည်းက သင်ယူကြရတယ်ဆိုပဲ...တီးလုံးကတော့ ကျမနားထဲ အနိမ့်အမြင့်မရှိ တပြေးတည်း၊ ဒါကိုပဲ ဒန်ဆာတွေက လက်ဖျားလေးတွေ တချောင်းချင်းခါခါပြီး၊ မျက်နက်ဆံ အရွှေ့ အပင့် နဲ့ ကသွားကြတယ်...။ ခက်တာက နှစ်ယောက်ထဲ နဲ့ကို မညီဘူး....


ဇာတ်ကောင် ကာရိုက်တာတွေကတော့ တရုပ် ပြီး တရုပ် ထွက်လာတာပဲ...ဇာတ်လမ်း အကျဉ်း စာရွက်တွေတော့ဝေတယ် ဒါပေမဲ့ ဘယ်သူက စိတ်ဝင်တစား ဖတ်မတုန်း...တချို့ ခင်းထိုင်ကြတယ်...အင်း ဘာကောင်တွေမှန်းလည်း မသိ၊ ပြောတဲ့ စကားကလည်း ဟိုက်ဘာလီနီးစ်-High Balinese (သက္ကတဘာသာ Sanskrit ကနေ ဆင်းသက်တယ် ဆိုပါတယ်) ဆိုတော့ ဘာတွေမှန်းကို မသိ အောင်ပါပဲ ထွက်ကြရ အောင် ဆိုတော့ Mr.Nice Guy က အားနာစရာ ကြီး တဲ့....ဖြစ်ရလေ... ။ ဒါနဲ့ ချူချူး သွားပေါက်လိုက်၊ ရှေ့မှာ ဓါတ်ပုံ ထွက်ရိုက်လိုက်၊ ရှေ့ကလူ တွေရဲ့ ခေါင်းတွေ လိုက်ကြည့်လိုက်၊ ရေဗူးသွားဝယ်သောက်လိုက်နဲ့ ကျမဖြင့် ပျင်းလွန်းလို့ လိန်ကျစ်နေရောပဲ....ပြီးသွားပြီဆိုမှ ဟေး ကနဲ...


အဲဒီလောက် ပျင်းစရာကောင်းအောင် တီးနိုင်လွန်းတဲ့ ဘဘကြီးတွေကို ထွက်ရိုက်ပစ် ခဲ့တယ် မှတ်ကရော...၃ပုံတောင်...


သူတို့ တီးဝိုင်းက အားလုံး ၁၆ ယောက်...အသံက တသံတည်း တတုံတုံ ထွက်နေတဲ့ ဟာများ...မလိုအပ်ပဲ လုပ်အားတွေ ဖြုန်းတီးလွန်းတယ်...


အသေအချာကြည့်မှ သူတို့ကိုင်ပြီး တီးနေတာက တူလိုလို ဘာလိုလိုဟာကလေးတွေနဲ့...တွေ့လား ရှေ့က ပတ္တလားလိုဟာကို မတီးပဲ ခေါင်းကို တချက်လောက် ထုကြည့်လိုက်ရင် တောင် သံစဉ်လေး ပြောင်းထွက်လာဦးမှာ...အို ပစောက် ရပင့် ငသတ် ဝစံ္စနှစ်လုံးပေါက် ပျင်း....ပျင်းစရာကြီးပါအေ...


ကားသမားရဲ့ ဒက်ရှ်ဘုတ် ပေါ်မှာ ယုံကြည်ကိုးကွယ်ပသမှု တခု၊ ဟိန္ဒူနတ်ဘုရားကိုပေါ့...အန္တာရာယ်ကင်း၊ ဘေးရှင်း ပြီး လာဘ်လာဘ အတွက် နေ့စဉ် တင်လေ့ရှိသတဲ့...


ရှိုးက အထွက် အဝင်ဝက ဘီလူးရုပ်ခေါင်းပေါ်မှာလည်း တွေ့ခဲ့တယ်။ အုန်းလက်ကို ခွက်ပုံချိုးပြီး အထဲမှာ ပန်းတချို့နဲ့ ဘီစကစ်၊ ကွတ်ကီးလို မုန့်မျိုးတွေပါတယ်


သွားရင်းလာရင်းနဲ့ ဒါမျိုးလေးတွေတွေ့တာနဲ့ ထပ်ရိုက်ခဲ့တယ် အဲဒါ ပြန်မဲ့မနက် လေဆိပ်က ဒီအက်ဖ်အက်စ် (Duty Free Shop) မှာ...


အောက်ပုံကတော့ ကျမတို့နေခဲ့တဲ့ ဟိုတယ်ရှေ့က ဈေးဆိုင်တန်းတွေ...အဲဒီတနေရာမှာ ဆိုင်တွေက စုပြီးလာပူဇော်ထားကြတာ...ကျမတို့ ဆီက ရွာဦးနတ်စင်လိုပေါ့ သူတို့ဆီမှာ လမ်းထောင့်တွေတိုင်းလိုလိုမှာ ရှိတတ်တယ်...



ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ် စိတ်ဝင်စားစရာတွေ ရှိပါသေးတယ်...ဖြေးဖြေးပေါ့ ရေးပါအုံးမယ်...

18 comments:

မောင်မိုး said...

အိပ်ခါနီးလာဖတ်တာ.. ဘီလူးပုံကြီးနဲ့ နတ်တင်တာမြင်တော့ အိပ်မက်ထဲထိဆွဲခေါ်ပြီး ဘာလီအက ကခိုင်းမယ်လို့ စဉ်းစားလိုက်တယ်.. ညှင်းးညှင်းးး

TZA said...

ဘာလီကိုဘယ်တုန်းကထပ်သွားတာလဲ၊ အဲလေ.. အရင်ပို့စ်ရဲ့ နောက်ဆက်တွဲကိုး.. ဟိုးဟိုးဟိုး။

ကိုရင်နော်ခင်လေးငယ် said...

အတော်စုံခဲ့တာပဲ..း)

ဇွန်မိုးစက် said...

ဟယ်... ပြီးသွားပြီထင်နေတာ။

ဆင်တူးယိုးမှာ ကွဲပြားတဲ့ဓလေ့တွေ စိတ်ဝင်စားစရာပါပဲ။

sosegado said...

နှစ်ယောက်တွဲပြီး ဘာလီသူလေးနှင့် ဓါတ်ပုံပန်းကန်ပြားပေါ်မှာ မရိုက်ခဲ့ဘူးလား၊ ကတဲ့နေရာမှာ၊

တောင်ပေါ်သား (TWN) said...

အဲဒီနတ်စင်တွေက ထိုင်းနဲ့ ကမ္ဘောဒီးယားမှာလဲ တွေ့ဖူးတယ်။ လမ်းထောင့်တိုင်းမှာ လိုလိုပဲ။ အဖွားရဲ့ ဇာတိ ရှမ်းရွာတွေမှာလဲ အဲလို အလေ့အထလေးတွေ ရှိတယ်။ ဒါကြောင့် ဘာသာစကားမတူတဲ့ ရှမ်းရွာကို ပြန်ရောက်သလိုပဲ ခံစားရတယ်။

ဘာလီကိုတော့ မရောက်ဖူးသေးဘူး။ အခါအခွင့်သင့်ရင်တော့ သွားချင်တယ်။

♥ကိုဇော်♥ said...

ထူးထူးဆန်းဆန်းလေးတွေ ဆိုတော့ စိတ်ဝင်စားဖို့တော့ ကောင်းသားဗျ. . .
ဒေါင်. . .အဲ. .အသံမြည်ရဲ့လားလို့ ဟိုတူလေးယူပြီး ချစ်မကြီးကို ထုကြည့်လိုက်တော့. . .
မြည်သဟ . .ကန်တော့. . .ကန်တော့. . . .

ကြာလေ. .အယူတွေ တိမ်းလာလေ ဖြစ်နေတော့တာပဲ. . ။

ရွှေရတုမှတ်တမ်း said...

ဪ....မယ်ချစ်..မယ်ချစ်...kecak & Fire dance ပွဲမှာ ပါတိတ်အနီဝမ်းဆက်နဲ့ ပဲများနေလိုက်တာ...

ချစ်ကြည်အေး said...

မောင်မိုး...အေးဟ ဘီလူး ဘာလီဒန့်ကတာကို ဘီယာလေးသောက်ပြီး ဘက်ဒ် (Bed) ပေါ်ကနေကြည့်လေ....:)

တီဇီးအာ စိတ်မပျက်ပါနဲ့ လာမှာတွေ ရှိသေးတယ်...အနဲဆုံး ၁၀ ထိပဲ...ညှင်းညှင်းညှင်း....:)

ကိုရင်နော်...ဒါစုံတယ် ဘယ်ဟုတ်အုံးမလဲ.....လာမယ် လာမယ် ....:)

ဇွန်...လာအုံးမှာ သည်အန်းဒ် လို့ မပြောသေးဘူး ဟ ဟ....:)

ကိုတည်ငြိမ်...မရိုက်ခဲ့ရပါဘူး တချို့ရိုက်နေကြတာတော့တွေ့မိသား...:)

တောင်ပေါ်သား ထိုင်းနဲ့ ကဗ္ဓောဒီးယားမှာတုန်းက သတိမထားဖြစ်ဘူး...အဲဒီတုန်း ဘလော့ဂ်လည်း မရေးသေးဘူးလေ ဟိဟိ...
ဘာလီကို သွားဖြစ်စေချင်ပါတယ် ကမ်းခြေက လှလွန်း၊ သဘာဝ Cliff တွေကလည်း လှလွန်းလို့ပါ...:)

မောင်ဇော်...တို့ မြန်မာတွေတောင်မှ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားကြပြီး ထေရဝါဒ မဟုတ်ပဲ မဟာယနဆန်တဲ့ ဆုတောင်း ကိုးကွယ်မှုတွေ ရှိနေကြသေးတာလေ...:)

အဟိဟိ ကိုကြီးကျောက် ဒါ့ကြောင့်လည်း လျက်ဆားပုလင်း ဘကျောက်လို့ နာမည် ကြီးသကိုး...ခွိ... :)

Anonymous said...

I like all the captions under the pictures: very funny and short to the point :)

ဒဏ္ဍာရီ said...

ချစ်မရေ.... မောနင်းပါ..။
ဒီဘာလီအခန်းဆက်က ဖတ်ရတာ ဆန့်ငင်ဆန့်ငင်နဲ့နော်။း)
သူများတွေ စောစောစီးစီး ယနေကြတယ် မမရော...
ဟုတ်တယ်နော် .. ဗိုလ်စာတွေ ခဏခဏတော့ စားချင်ဘူး တခါတလေတော့ ကောင်းတယ်။ သူများကလေးလေးကို ခိုးရိုက်လာတယ်။ မမရော အဲလိုလေး ကျစ်ပြီး မရိုက်ခဲ့ဘူးလာ။ အောက်က ဘာလီရဲ့ ရိုးရာဓလေ့ပုံတွေ ကြည့်ရတာ ကောင်းတယ်မမ. ကိုယ်မသိသေတဲ့ ဗဟုသုတတွေ မြင်တွေ့ရတာပေါ့နော်။ ကျေးဇူး တင်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဏီလင်းညို said...

မကြီးအေး......
အဖြောက်နှစ်ယူက အသောက်အတော်ထူတာပဲနော်...း))
ဓာတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူးဗျ.....။
ဟုတ်တယ်.... သူတို့ကတာတွေက ပျင်းစရာနေမှာ....း))
ခင်မင်တဲ့
ဏီလင်းညို

စန္ဒကူး said...

မချစ်ကြည်ရေ..ကူးလဲပြန်ရောက်လာပီ..
အရမ်းပျော်ခဲ့တယ်.. စိတ်ဝင်စားစရာတွေချည်းဘဲ..
အချိန်မရလို့ သိပ်မလည်ခဲ့ရဘူး။း))

ချစ်ကြည်အေး said...

အမည်မသိ ကျေးဇူးပါ ဖတ်ပြီး ပြုံးရတယ် ဆိုရင်ပဲ ကျမ ရေးရကြိုးနပ်ပါတယ်၊ နောက်လည်းလာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်...:)

ဒန်ဒန်ရေ...ဆန့်ငင်ဆန့်ငင်ဆို ဂျေးပိတ်နေသကိုး...ကြားထဲမှာ သင်္ကြန်ပိုစ့်တွေ ဘာတွေက တင်ချင်သေးတာဆိုတော့ အဆက်ပြတ်သလို ဖြစ်နေတာ...ခုတော့ ဆက်တိုက်တင်မယ် လာသာဖတ်ပါ ညီမရေ...:)

ဏီလင်းရေ ဟုတ်ပ ဟိုတယ်က တိုင်ကီတွေပျောက်တာ သူတို့ ဂိုင်းတပ်သောက်လို့ ဆိုလား...။ ပျင်းစရာ X ၁၀၀၀၀.....:)

ကူးကူးရေ...သိနေတယ်လေ သေချာပေါက် ပျော်ခဲ့မယ်ဆိုတာ...အမတို့လည်း ဒီလိုပါပဲ သွားစရာများပြီး အချိန်က နဲနေတာ...:)

rose of sharon said...

အဖိုးကြီးတွေပုံကမိုက်တယ်.... အလုပ်မရှိလို့အလုပ်ပေးထားတာထင်ပါရဲ့နော်

အင်ကြင်းသန့် said...

အင်း..ငါ့အစ်မကတော့ (၄)ရက်ထဲ သွားခဲ့လို့သာပဲနော်...စုံပ...အဖြောက်နှစ်ယူပုံကို ရိုက်ထားတာ အကြိုက်ဆုံးပဲ :D

ဂျင်ဂျင်း

SHWE ZIN U said...

သူငယ်ချင်းရေ

ဘာလီ ကို ၂ပတ်လောက်များ သွားရင် တသက်လုံးစာေ၇းစရာတွေများ ရခဲ့ မလားနော် သူငယ်ချင်းက မြင်တတ်ရေးတတ်လို့ပါ.. ကျေးဇူးဘဲ မမြင်ဘူးတာ မကြုံဘူးတာတွေအတွက်

ဒါနဲ့ ကိုမိုးပြောသွားတာ VOA မှာ ကဗျာရွတ်တယ်ဆို သူငယ်ချင်း ပို့စ်လေး ရေးပါအုန်း ကိုမိုး စီဘောက်စ် ထဲ လာအော်သွားတယ်

ခင်တဲ့
ရွှေစင်

မြသွေးနီ said...

စိတ်ဝင်စားစရာပဲမချစ်ရေ..။
နေဦး..ဘာလီခရီးစဉ်-၇ ဆက်ဖတ်လိုက်ဦးမယ်..။:)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်