Saturday, April 10, 2010

နေရာ...

မနေ့က သောကြာနေ့ နေ့လည် ထမင်းစားချိန်မှာ ခါတိုင်းနေ့တွေလိုပဲ...ကျမ ကန်တင်းန်ကနေ ဝယ်စရာရှိတာဝယ်ပြီး ရုံးဘက်ပြန်လျှောက်လာတယ်။ အဲဒီမှာ အမှတ်မထင် လမ်းဘေးမှာ ထမင်းထုပ်လေး ဖြန့်ချလို့ စားနေတဲ့ သူတယောက် သွားတွေ့တယ်။ ကျမ ဖုန်းနဲ့ ဓါတ်ပုံ ခိုးရိုက်လိုက်တယ်။ ကျမတို့ရုံးဝန်းကျင်မှာ ဒါမျိုး ကျမ တခါမှ မတွေ့ဖူးဘူး။


ရှေ့ဆက်လျှောက်ခဲ့ပေမဲ့ ကျမစိတ်က အဲဒီအနားမှာ ကျန်ခဲ့တာ။ မတတ်နိုင်...ခြေလှမ်း ၂၀လောက်လှမ်းပြီးမှ သူ့ဆီ နောက်ပြန်လှည့် သွားလိုက်တယ်။ နေအရမ်းပူနေတာပေမဲ့ သူစားနေတာက သစ်ပင်ရိပ်လေးအောက်မှာ ။ ထီးကိုပိတ်၊ ဒူးတဘက်ထောက်ချထိုင်ရင်း ကျမ သူ့ကို ပြုံးပြလိုက်တယ်။ သေချာတယ် သူဟာ စလုံးကုလား မဟုတ်ဘူး။ ကျမ နဲနဲ လောက် မေးချင်တယ် ရမလား ဆိုတော့ ခေါင်းလေး ဘယ်ညာ လှုပ်လို့ အိုးကေ စစ်စတာ တဲ့။

သူက ချန်နိုင်း-အိန္ဒိယက၊ စလုံးမှာ လာအလုပ်လုပ်ဖို့ ပွဲခ စလုံး ၆၀၀၀ အေးဂျင့်ဖီး ပေးပြီး ၂နှစ် ဝပ်ပါမစ်နဲ့ လာလုပ်နေသူ။ ဖောက်ကလစ် မောင်းတယ်။ လခက တလ ၆၃၀ တဲ့။ အိမ်ထောင်ကျပြီး မိန်းမက ကိုယ်ဝန် ၆လ နဲ့ အိန္ဒိယမှာ ကျန်ခဲ့သတဲ့။ အဲဒါကို သူပြောနေတဲ့ အချိန် မှာ လက်ကို သူ့ဗိုက်ရှေ့ ဝိုက် ဝိုက်ပြီးပြနေရှာတာ။ နောက် ၃လဆို ငါခဏ ပြန်မယ် ငါ့မိန်းမ ကလေးမွေးမှာတဲ့လေ။

သူဟာ တကယ်ပဲ ရွှင်ပျနေတာပဲ။ မကြာခင် မွေးလာမဲ့ သူ့ရင်သွေးလေးကြောင့် များလား...။ သူ့လက်ရှိ အလုပ်၊ များလွန်းတဲ့ ပွဲခ၊ နဲတဲ့ လခ၊ ဝပ်ပါမစ် နဲ့မို့လို့ မိန်းမ ခေါ်မရတဲ့ ဒုက္ခ၊ လမ်းဘေးမှာ...အရိပ်အောက်ပေမဲ့ အပူရှိန်ဟပ်နေသေး တာပဲ၊ ပြီးတော့ ကားတစီး ဖြတ် သွားတိုင်း ဖုန်တွေနဲ့...။ ဒါပေမဲ့ သူ ပြုံးနေတာပဲ...။ လရောင်အောက်မှာပဲ နတ်သုဒ္ဒါ စားနေ သလိုလို....။


ကျမလည်း အများကြီး ဆက်မေးရမှာ အားနာလာတာနဲ့ (သူက စားနေရင်းနဲ့ ဖြေပေးနေရတာမို့လား) နှုတ်ဆက်ပြီး ရုံးပြန်လာခဲ့တယ်။
ကျမ ခေါက်ဆွဲကြော် ဝယ်လာခဲ့တယ်။


ရုံးက အမျိုးသမီးတယောက် ကလိုင်းယန့်နဲ့ တွေ့ပြီး ပြန်အလာ ဟိုတယ်က ကိတ်မုန့် ပါလာတယ်။ ကျမဝေစု တစိတ် ရပါတယ်။ အရမ်းကို ကောင်းပါတယ် ချောကလက် နဲ့ ငှက်ပျော နဲ့ အလွှာလိုက် ထပ်ထားပြီး အောက်ခြေမှာ (Nuts) တွေနဲ့ပါ။ ရုံးမှာ၊ အမိုး အကာအောက်မှာ၊ အဲကွန်းခန်းထဲမှာ...ကောင်းလိုက်တာ လို့ မဆိုသာပေမဲ့ သန့်ပြန့်တဲ့နေရာ၊ စားလို့ဖြစ်တဲ့ အစားအသောက် နဲ့၊ သင့်တင့်တဲ့ လခနဲ့...။


ပညာတတ်ရင် တတ်သလို၊ ဥာဏ်ကြီးရင် ကြီးသလို၊ အဆက်အသွယ်ကောင်း ရင် ကောင်းသလို နေရာကောင်းတွေ ရနိုင်နေကြတာပဲ လေ...သူ့အဆင့်နဲ့သူ...၊ သူ့အလွှာနဲ့သူ...၊ သူ့ခြေရာနဲ့သူ...တဲ့။

အဲဒီ့ အဆင့်တွေ၊ အလွှာတွေ၊ ခြေရာတွေထဲမှာ စိတ်၏ ချမ်းသာခြင်း ဆိုတာ ပါရဲ့လားလို့ ကျမ စဉ်းစားနေခဲ့မိတယ်....။

24 comments:

Phyo Maw said...

သူများတကာမှာ အလုပ်မရသေးလို့
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
အလုပ်မရှိ အလုပ်ရှာ ဖြစ်နေတာနော်

ရင်ကို ဖွင့်ချခဲ့စမ်းဘာ ဆိုလို့ lolz

TZA said...

သူတို့အိမ်ထောင်ပြုရင် မိန်းမဖက်ကနေ တင်တောင်းတဲ့ အရင်းအနှီးတော့ ရတတ်ကြတယ် ကြားဖူးတာပဲ၊ ဒါကြောင့် ဖိအားသိပ်မများတာ ဖြစ်မယ်ထင်တယ်။ (ခေါင်းခါ၍ ခါ၍ပြော)

johnmoeeain said...

အဆင့်တွေ၊ အလွှာတွေ၊ ခြေရာတွေထဲမှာ စိတ်၏ ချမ်းသာခြင်း ဆိုတာ ပါရဲ့လားလို့ ကျမ စဉ်းစားနေခဲ့မိတယ်....။

အင်း.. ကျွန်တော်လည်း ဆက် အတွေးများသွားပါတယ်....
အဆင့်တွေ အလွှာတွေ ခြေရာတွေထဲမှာ စိတ်၏ ချမ်းသာခြင်းဆိုတာကို
တစ်ချို့က တစ်စိတ်တစ်ပိုင်း ထည့်ထားတယ်...
တစ်ချို့က အားလုံး ထည့်ပစ်လိုက်တယ်....
တစ်ချို့ကတော့ ဘယ်အရာက ကိုယ့်ရဲ့ စိတ်ချမ်းသာမှုလည်း ဝေခွဲမတတ်ကြဖူး...။ ဒီလိုပဲ မြင်မိသွားတယ် :)

ခင်မင်လေးစားစွာ

♥ကိုဇော်♥ said...

အမှန်ပဲ အမရေ...
သူဌေးကြီးနဲ့ ငါးဖမ်းသမား အဖြစ်အပျက်လေးလိုပေါ့. . .

လူဆိုတာ ပျော်ရွှင်နေရတဲ့ နေရာမှာ လုပ်ရမှ အသက်၇ှည်စေတာ... အောင်မြင်နေသူတွေ ဆိုတာကလည်း သူတို့နှစ်သက်ပျော်ရွှင်တဲ့ နေရာမှာပဲ လုပ်ကြတယ်. . .

ပျော်ရွှင်ပါစေ

ရွှေရတုမှတ်တမ်း said...

ကြည့်စမ်း...ကုလား ဝင်းဦးလေးနဲ့ စကားက်ဆုံကျခဲ့တာပေါ့လေ...
အော်တို အော်ရှည်တွေ မရေးခိုင်းခဲ့ဘူးလား

မြစ်ကျိုးအင်း said...

နေတတ်ရင် ကျေနပ်စရာ လို့ကြားဖူးပါတယ်။
ဒါပေမယ့် ကြိုးစားအားထုတ်ခဲ့သလောက် ခံစားခွင့်ရတယ် လို့ ယေဘူယျကျကျ တွေးရမှာပါပဲ။

ဂျစ်တူး ( မုံရွာ ) said...

ဆရာကတော်စိတ်ထဲမှာဖြစ်သွားတာက-သားသားကလေးလိုချင်တမ်းမိတဲ့ 
မသိစိတ်ကလေးဖြစ်နေမလားဘဲ-လစာနဲနဲကလေးနဲ့ သားသမီးရတဲ့ လူ
တယောက်ကိုလစာများများလူကသားသမီးမရသေးတော့အဲလိုအတွေးများ
မသိစိတ်ကလေးကမသိမသာအတွေးကလေးဝင်သွားတာလား-

အင်ကြင်းသန့် said...

မမရေ...အလိုလောဘတွေရဲ့ နောက်ကိုမလိုက်ဘဲနဲ့ လက်ရှိအခြေအနေလေးမှာ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီး ကျေနပ်ပျော်ရွှင်စွာနေမယ်ဆိုရင်တော့ ဘယ်လိုနေရာရောက်နေရောက်နေ ဘယ်သူမဆို စိတ်ချမ်းသာစွာနေနိုင်မယ်လို့ ညီမလေးကတော့ ထင်သလားလို့...


ဂျင်ဂျင်း

Moe Cho Thinn said...

စိတ်ကလေးတခု နေတတ်၊ ထားတတ်ရင် ဘယ်နေရာ၊ ဘယ်အဆင့် မဆို ရောင့်ရဲ ချမ်းသာနိုင်တယ်လို့ ထင်မိပါတယ်။ နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ အမရေ..

rose of sharon said...

ရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ရင် ဘယ်အဆင့်ဖြစ်ဖြစ် အဆင်ပြေမှာပါ... (ကိုယ့်အမြင်)

ဏီလင်းညို said...

မကြီးအေးရေ........
မရိုစ့်ပြောသွားတာနဲ့ အနော်ပြောချင်တာ... တစ်ထပ်တည်းပဲဗျာ....။
တစ်ကယ်ပါပဲ.......။
ကျွန်တော့်ပတ်ဝန်းကျင်မှာဆို ကိုယ့်ကိုယ်ကို မကျေနပ်တဲ့သူတွေများနေသလားလို့လေ....။ တွေ့နေရတာတွေကို ပြောပါတယ်....။ ပျော်စရာနှစ်သစ်ဖြစ်ပါစေဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

ချစ်ကြည်အေး said...

ဖြိုးမော်...အလုပ်ကူရှာပေးမယ်လေ...ပွဲခ ဘယ်လောက်တုန်း...ကုလားလေး ပေးရသလောက် မများစေရဘူး စိတ်ချ...:)
တီဇီးအာ ဒါဆို မိန်းမတင်တောင်းရတဲ့ သူတွေ ဖိအားအလွန်များတယ် လို့ ဆိုချင်တယ်ပေါ့ (ခေါင်းကလေး ခါ၍ခါ၍ပြန်ပြော...)
ဂျွန်...အမြင်လေးအတွက် ကျေးဇူးပါနော်...:)
မောင်လေး ကိုဇော်...ဟုတ်တယ်...ငါးဖမ်းသမားလိုပေါ့...။ အောင်မြင်တဲ့သူတိုင်းတော့ ပျော်တဲ့နေရာမှာ ရှိမနေနိုင်ပါဘူး မောင်လေးရေ...:)
ကိုကြီးကျောက် ပြောမှပဲ ကုလားချော ချောသူကို ပြန်ကြည့်ရတယ်...အော်တို လက်ပေါ်မှာ ရေးခိုင်းခဲ့တယ် ဟိဟိ...:)
ဟုတ်တယ် ကိုမြစ်ကျိုးရေ...ရှိတာနဲ့ ရောင့်ရဲနိုင်ဖို့ အရေးကြီးတယ်နော်..:)
ဂျစ်တူးရယ် ကလေးတော့ မလိုချင်တော့ပါဘူး၊ ဒါပေမဲ့ လူတွေကို ဖြစ်လေရာမှာ နေပျော်စေချင်တာ၊ မကြိုးစားရတော့ဘူးလို့ မဆိုလိုဘူးနော်...ရလာတဲ့ ရလာဒ်အပေါ် ကျေနပ်တတ်စေချင်တာပါ...:)
ဂျင်ဂျင်းရေ...ညီမလေး ပြောတာ မှန်ပါတယ်ကွယ်...ဒါဆိုရင် ညီမလေးက တမတ်ရပါပြီ...:)
ဟော...ချိုသင်းလေးလည်း မှန်တာပဲ...နောက်တယောက် တမတ်ထပ် ယူပါ.....:)
မရိုစ့်လေးမှန်ပါတယ် နဖူးတည့်တည့်ကိုပါ.....:)

ချစ်ကြည်အေး said...

ဏီလင်း...ကျေးဇူး ငါ့မောင်လေးရေ...တကယ်က ကျေနပ်အောင် နေတတ်ဖို့ ခက်နေကြတာ...:) ပျော်စရာ နှစ်သစ်ပါမောင်လေးရေ...

မောင်မိုး said...

ဘယ်နေရာဘယ်ဒေသမှာပဲနေနေ..စိတ်ချမ်းသာဖို့အရေးကြီး၏။ (ယောက္ခမကြီးအား တိတ်တိတ်လေးစောင်းပြောခြင်း)။

ချစ်ကြည်အေး said...

မောင်မိုး...ဒီမှာလာပြီး ပေါက်ကွဲနေတယ်ပေါ့လေ....:)

သက်ဝေ said...

တမတ်ရမှာစိုးလို့ရယ်...
နဖူးတည့်တည့်ကို မှန်မှာစိုးလို့ရယ် ဘာမှ မှတ်ချက်ချမသွားဘူး... :-P

P.S. TZA ဆီမှာ အားလုံးတွေ့ပြီးပြီ.... .... .....
နောက်တခေါက်ပေါ့... (ခေါင်းလေး ခါ၍ ခါ၍ ပြောသွားသည်...)

ဒဏ္ဍာရီ said...

မမရေ...... ဟုတ်တယ်နော်... သူတို့ဘ၀လေးနဲ့ သူတို့ပျော်လို့။ လောကကြီးမှာ မမပြောသလို ကွာခြားချက်တွေ ရှိနေကြပေမယ့် မျော်လင့်ချက်တွေနဲ့ လှမ်းနေတဲ့ သူခြေလှမ်းတွေကလည်း သူ့အနာဂတ်ပေါ့။
မမ ယှဉ်ပြသွားတဲ့ လက်တွေဘ၀နှစ်ခုကို နားလည် သဘောပေါက် သွားပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ချစ်ကြည်အေး said...

မှတ်ချက်ပေးမသွားတဲ့ ညီမလေး သက်ဝေက နဖူးတည့်တည့်ကို တမတ်မှန်သွားပါတယ်ကွယ်...အိုးကေ သယ်ရင်း (ခေါင်းကလေး ခါ၍ခါ၍ အဖြေပေး)
ကျေးဇူးတင်တယ် ဒန်ဒန်ရေ...ညီမလေး ပြောတာ မမ ပြောချင်တာနဲ့ ကွက်တိ...ကွက်တိ...အဟိဟိ....:)

Shinlay said...

မရို့ ပြောသလိုပေါ့။
ရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ရင် ဘယ်အဆင့်ဖြစ်ဖြစ် အဆင်ပြေမှာပါ...

ဝေလင်း said...

စိတ်တောင် မကောင်းဘူး ဖြစ်သွားတယ် ဓါတ်ပုံကြည့်ပြီး..
ဒါပေမယ့် အဲဒီ အစ်ကိုကြီးကိုလေးစားတယ်..
ကျွန်တော်ကိုယ်တိုင် အဲလိုဖြစ်အောင် ကြိုးစားနေတုန်းပဲ။ နေတတ်ချင်တယ်။ ဘ၀မှာ။ မပြည့်စုံချင်နေ ပျော်ရွှင်တတ်ချင်တယ်။ ဂျာနယ်လစ်ကြီး အစ်မချစ်ကြည်ကို ကျေးဇူး...
ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပဲ မမရေ..

မမင်း said...

ပို့စ်လေးကို ဖတ်ရင်းသဘောတကျ ပြုံးနေရာက comments တွေဝင်ဖတ်တော့ တဟားဟားရီရတယ်။ မျက်နှာအကြောလျှော့ဖို့ ဒီဘလော့ထဲ နေ့စဉ်ဝင်ရတော့မယ်။ အတွေးလေးတွေ၊ စိတ်ဓာတ်အင်အားတွေ ရနေလို့ အစ်မချစ်ကြည်အေးရေ ကျေးဇူးပါ။

ဇွန်မိုးစက် said...

သူ့နေရာနဲ့ သူ့အလွှာနဲ့သူဆိုပေမယ့် သူတို့လိုအလုပ်သမားတွေမြင်ရင် စိတ်ထဲသိပ်မကောင်းဘူး။ နေ့လည်နေ့ခင်းအရိပ်ရှာပြီး ထမင်းစားနေတဲ့အလုပ်သမားတွေထဲ ကိုယ့်လူမျိုးမြန်မာတွေလည်း အများကြီးပဲလေ။ သူတို့စိတ်ချမ်းသာတယ်ဆိုလည်း ပြီးတာပါပဲအစ်မရယ်။

Craton said...

သနားပါတယ်။ အဲ့ဒါမျိုးတွေမြင်လိုက်ရင် စိတ်က မကောင်းတော့ဘူး။ သားဆိုလည်း အဲ့လိုကရုဏာသက်စိတ်၊ စပ်စုချင်စိတ်နဲ့ သွားသွားမေးတတ်တယ်။
......................
...............
........
ခေါက်ဆွဲကြော်ဆိုရင် ပဲပြားနဲ့အရွက်တွေပဲရွေးစားတယ်။
ကိတ်ကိုတော့ ငှက်ပျောဆိုတာမို့ စိတ်ဝင်စားသွားပါတယ်။

Anonymous said...

အဲလိုမြင်ကွင်းမျိုးဖူးပါတယ်။ ရင်ထဲအတော်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ လူသားချင်းတူတူတောင်ဘဝတွေက ရင်နာစရာ မကြည့်ရက်ဖူးနော်။ဟူးးး


မမသာယာချမ်းမြေ့ပါစေရှင်း
မိုး

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်