Friday, November 6, 2009

နိဒါန်း စကား

အိမ်မှာ တခါတလေ ပျင်းတဲ့အခါ သူငယ်ချင်းအခန်း တံခါး သွားသွားခေါက်မိတယ်။ သူကလဲ အလွန် အခန်းအောင်းသူ၊ မေးကြည့်လိုက်တော့ မှ အင်တာနက်ထဲ စာဝင် ဝင် ဖတ်နေတာ လို့ဆိုတယ်။ အဲဒီအထိ ဘယ်လိုမှမဖြစ်သေးဘူး၊ စာရေးဆရာတွေရဲ့ ဝတ္ထု တွေတင်ထားတာ ကို ဝင်ဖတ်တယ်ပဲ ထင်တာ။ တနေ့ သူ က ကိုယ့် လက်ကုတ်ပြီး သူ့အခန်းထဲလာခဲ့ဖို့ ခေါ်တယ်။

ဘလော့လေးတခု... ရှင်းရှင်းလေးနဲ့ ရေးထားတာလေးတွေကလဲ ချစ်စဖွယ် ။ အဲဒါ ငါတို့ သူငယ်ချင်းလေ တဲ့...။ ဟယ်.. ကောင်းလိုက်တာ... အဲလိုရေးလို့လဲရသား... အဲဒါဆို ငါလဲရေးချင်တယ် ဆိုပြီး ဘလော့ပိုးက ငယ်ထိပ်ထိ တက်တော့တာလေ...။ ပင်ကိုယ် ဝါသနာ ပါတာရယ်... ရင်ထဲရှိတာလေးတွေ ရှယ်ချင်တာရယ်... အားလုံးကိုလဲ ဘဝအမောတွေ ပြေစေချင်တယ်လေ...အဲဒါတွေကြောင့် ဒီဘလော့ လေးကိုဖွင့်ဖို့ ဖြစ်လာပါတယ်။

သူငယ်ချင်း ၂ ယောက်ကလဲ အရမ်း အားတွေပေး...၊ (အမှန်ကတော့ အချွန်နဲ့ မတာ ဖြစ်နိုင်ကောင်းပါတယ်) ဘလော့ဂါ သူငယ်ချင်း ကလဲ အကုန်ပဲ လုပ်ပေး ရှာပါတယ်... သူ့ခမျာ ဘလော့လဲလုပ်ပေးရ၊ ကေအက်ဖ်စီ လဲ ဝယ်ကျွေးရ ရှာတာ။ သူငယ်ချင်း သက်ဝေ အားလုံးအတွက် ကျေးဇူး အသင်္ချေပါ။ သူငယ်ချင်း ခိုင် အဖော်လုပ် ပေးတဲ့ အတွက် လဲ ကျေးဇူးပါနော်...။

အားလုံးပြီးသွားတဲ့ အခါ ခုမြင်နေရတဲ့ ဘလော့လေး တခု ရုပ်လုံးပေါ် လာပါတော့တယ်...။

ဒီနေရာမှာ လူရွှင်တော်ကြီး ဦးမိုးဒီ ပေါက်သွားတဲ့ ကြော်ငြာလေးတခု "သားသားစားချင်တာ စားလို့ရပြီ..." ဆိုတာလေး နားထဲရောက်လာတယ်။ ကျမလဲ အဲဒီလို "မီးမီး ရေးချင်တာ ရေးလို့ ရပြီ..." လို့ တောင် ထအော်ချင်တဲ့ အထိကို ပျော်ရပါတယ်...။ အတန်းပညာနဲ့ ပြောရရင် ဘလော့ဂ် မှာ ကျမက ခုမှ မူကြို ပါ။ ကျမ ထက် အရင် ဂါ နေကြသူများ အားလုံးကို ကျမ စာစုလေးတွေ လာဖတ်ကြ၊ ဝေဖန်ကြ၊ အကြံပြု ကြပါ လို့ ချစ်ခင်စွာ ဖိတ်ခေါ်လိုက် ပါရစေ ။

အားလုံးပဲ စာတွေ ရေးရင်း၊ ဖတ်ရင်းနဲ့ ဘဝ အမောတွေ ပြေကြပါစေ...။

ချစ်ခင်စွာ...



၀၅.၁၁.၀၉ , ၁၉း၄၀ နာရီ

11 comments:

  1. ဘလော့ဂ်အသစ်လေးကို နွေးထွေး ချစ်ခင်စွာ ကြိုဆိုပါတယ်...
    လှပတဲ့ စာတွေ ကဗျာတွေ အများကြီးရေးနိုင်ပါစေ...

    ReplyDelete
  2. အဟမ်း မီးမီးစားချင်တာ ရေးပါ။ အယ်လေ ရေးချင်တာ ရေးပါ။ မူကြို ကျောင်းသူ သစ်ကလေး မချစ်ကြည်အေးကို ဘလော့ ကျောင်းမှ ကြိုဆိုပါတယ်။
    ရောင်စုံ ဘော့လုံး ကျက်ခဲ့ပါ။

    မအယ်

    ReplyDelete
  3. နောက်လဲလာစား...အဲလေ လာဖတ်ပါ ညီမ ဂျူ နို...

    ReplyDelete
  4. မမ သက်ဝေဆီက လိုက်လာတာ။ မမ သူငယ်ချင်း မိုက်ဖော် မိုက်ဖက် တယောက်ကို ၀မ်းသာလှိုက်လှဲစွာ ကြိုဆို လိုက်ပါတယ်။ နိဒါန်းက စ ဖတ်တာ၊ ကျန်တာတွေ ဆက်ဖတ်လိုက်အုံးမယ်နော်။

    ReplyDelete
  5. ဟုတ်တယ် အမ.. ရေးချင်တာတွေရေးနိုင်ပြီ.. အမသက်ဝေဆီမှာတွေ့လို့လာလည်ပါတယ်။ စာအရေးအသားကောင်းတဲ့ ဘလော့တွေတိုးလာတာ ၀မ်းသာစရာပဲ။

    စစချင်းမှာဆို ရေးတာတွေ အင်မတန်သွက်တော့ ပို့စ်အသစ်တွေ များများ ဖတ်ရတော့မှာပေါ့... :)

    blogsphere မှကြိုဆိုပါသည်။

    ReplyDelete
  6. ဘလော့ရေးတော့ ဘဝအမောတွေ ခဏမေ့ထားလို့ရတာပေါ့။ ကြိုဆိုပါတယ် အမ။

    ReplyDelete
  7. အားလုံးကို ကျေးဇူး ကျေးဇူး ကျေးဇူး တွေ အများကြီးတင်ပါကြောင်း.................

    ReplyDelete
  8. ပျော်ရွင်ချမ်းမြေ့ပါစေ

    ReplyDelete
  9. အစ်မရေ...အစ်မဘလော့ဂ်ကို မမိုးချိုသင်းဆီကနေရောက်လာတာ...
    ဘလော့ဂ်ကျောင်းသူအသစ်လေးဆိုတော့
    ကျွန်တော်နဲ့အတူတူပဲ...
    ကျွန်တော်ကလဲအခုမှ ဘလော့ဂ်ကိုစလုပ်တာ...
    မူကြိုပေါ့.....:)

    ReplyDelete
  10. သက်ဝေ ဆီက တဆင့်လာလည်လာပါတယ်။
    ခင်မင်သူတွေ ဒီလိုခေါ်တယ် ကျမကို မသီတာ
    (ဘိုင်စကုတ် မင်းသမီးတော့ မဟုတ်ပါဘူး...ဘလော့မဂါ့တဂါ ပါ...)

    ReplyDelete
  11. ကျွန်တှောက ကျာင်းတက်တာတော့ကြာပြီ။ ဒာပေမယ့် ခဏခဏကျလို့ အခုမှ မူကြို ဒုတိယနှစ်။ စာရေးတဲ့ ဟန်လေးကို ကြိုက်တယ်ခင်ဗျာ။ နောက်လည်း လာဖတ်ပာဦးမယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...