ကိုယ်ကတော့ အမှားတခုအတွက် ပေးချင်တဲ့အပြစ်ကိုသာပေးဖို့ တောင်းဆိုချင်တာ၊
အမှားတခုအတွက် ခွင့်လွှတ်ခြင်းဆိုတာကို မလိုချင်ဘူး၊
တနုံ့နုံ့နဲ့ ဝန်ပိနေသလို ထမ်းပိုးထားရတဲ့ ခံစားမှုမျိုးလေ၊ သိတယ်ဟုတ်လား...။
ခွင့်လွှတ်ခံဆိုတဲ့ သနားသဖြင့်အမှုမှာ စိတ်နဲ့ခန္ဓာတခုလုံး ကြုံလှီသွားရမယ့်အဖြစ်မျိုး မလိုချင်ဘူး။ နံရံကိုသာ ခေါင်းနဲ့ပြေးဆောင့်လိုက်ချင်တဲ့ ခေါင်းမာမှုမျိုးပဲ။
ဘဝမှာ အမှားတခုနဲ့ ခေါင်းမော့ရင်ဆိုင်လိုက်ဖို့သာပဲ...၊
ဒါဟာ ရဲရင့်လွန်းတယ်မဟုတ်လားကွယ်လို့ မင်းဆိုလာရင် ကိုယ်ပြုံးနေရုံ။
အဲသလောက်ထိ မိုက်မဲဝံ့တယ်...။
ဒဏ်ရာမဲ့တဲ့ဘဝဟာ ပျင်းစရာရယ်လေ...။
မင်းက ကိုယ့်မိုက်မဲဖော်သက်သက်မျှ...
ဖြစ်ခဲ့၊
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်