ဆံပင်တွေကို စိတ်တွေ လေတိုင်း တခုခုလုပ်တတ်တဲ့အကျင့်က ဖျောက်မရဘူး။
ခုလည်း ခရီးသွားကပြန်လာပြီး လုပ်ချင်တာ လုပ်ပစ်မိပြန်ပြီ။ ပြီးမှ နှမျော...၊
Dဝင်နေတာတော့ အမှန်ပဲ၊ ဘာမှမဖြစ်ဘူး အိုကေပါတယ်လို့ မညာချင်ဘူး။
ခုရက်တွေမှာ စိတ်တွေ နာကျင်နေရတာနဲ့ ရှိရင်းစွဲကိုက ကျနေတာနဲ့၊
ကမ်ဘာကြီးဟာ လူမိုက်တွေ လူယုတ်မာတွေ လူရမ်းကားတွေအတွက်ပဲ မျက်နှာသာပေးနေတော့မှာလား၊ တန်ဘိုးရှိလှတဲ့အသက်တွေ ပေးနေရတာနဲ့ မတန်ဘူး...။
တကယ်တော့ ရေးချင်တာတွေက ရင်ထဲမှာ ပြည့်ကြပ်နေတာပဲ၊ ရေးမထွက်တာ...
ခုချိန်ထိ တက်ကျမ်းကြီးတွေ ဘဝနေနည်းကြီးတွေနဲ့ ဂျင်းထည့်နေတဲ့ဟာတွေကိုလည်း အံ့သြတယ်။
အရာရာကို စိတ်ကုန်ခမ်းနေတဲ့ မိန်းမတယောက်ပေါ့...။
မထင်ရဘူးဟုတ်လား...
(လာဖတ်သူ မရှိသလောက်ဖြစ်နေတဲ့ ဒီနေရာလေးမှာ ရေးချင်ရာရေး တင်ချင်ရာတင်ခွင့်ရနေတာကလည်း ခုချိန်မှာ blessingတမျိုးပါပဲ)
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်