ဒီနေ့မနက်စာ
မကြိုက်ပေမယ့်လည်း အကျင့်လုပ်ပြီး စားလိုက်တော့ စားတတ်သွားတာပါပဲ။ တကယ်ဆို မြန်မာလူမျိုးပီပီ မနက်စာဆိုရင် မုန့်ဟင်းခါးတို့ အသုပ်စုံနဲ့ဟင်းခါးတို့ ပဲပြုတ်ထမင်းနယ်တို့ပဲ စားချင်တာပေါ့။
ဘာအနှစ်သာရမှမရှိတဲ့ ဘဝကြီးမှန်း သိလာလေလေ နေမှုထိုင်မှုတွေကို ညည်းငွေ့လေလေ...၊
ခုရက်တွေ တရားကောင်းကောင်း မလုပ်နိူင်ဘူး၊ ဘာလုပ်လုပ် စိတ်အမှတ်ကလေး တချက်ရရ မိသလောက်တော့ မှတ်နေတာပါပဲ။
သံသရာကြွေးတွေကို ကြောက်လွန်းလို့ မတင်အောင် ကြိုးစားနေထိုင်နေတယ်...၊
ဒီနေ့က မောင်လေးသာ ရှိနေဦးမယ်ဆို သူ့မွေးနေ့ပေါ့...။ ဘယ်ဘုံ ဘယ်ဘဝရောက်နေမယ်မသိတဲ့ ဘဝခြားသွားသူကလေးကို နှမျောတသစိတ်တွေနဲ့ လွမ်းရတယ်...။ မောင်လေးအပေါ်မှာ ကိုယ်ဟာ အမကြီးတယောက်တာဝန် မကြေခဲ့သူပါ...။
ဘဝမှာ နောင်တတွေနဲ့ မွန်းကြပ်နေရမှုတွေက လွတ်လမ်းမဲ့လှတယ်...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်