ဘယ်အရာမဆို တနေ့ လက်လွှတ်ထားခဲ့ရမှာပဲ ဆိုတဲ့အတွေးမျိုးနဲ့ ကျွန်မ အေးချမ်းနေတတ်ပြီ။ ဘာကိုမှဆုတ်ကိုင်မထားတတ်အောင်နေတယ်။
သိပ် clingyဖြစ်တာပဲဆိုတာမျိုးက ဖျတ်ကနဲအပြောလွယ်သလောက် ခံရသူက နင့်နေအောင် ခံရတာရယ်...။ ဘယ်သူကများ ဆုတ်ကိုင်ထားချင်မလဲ၊ နာနာကျင်ကျင် အလဲအကွဲဒဏ်ရာတွေကို...၊
လွှတ်ချပစ်လိုက်ချင်တာပေါ့...။
တနေ့နေ့ဟာ ရောက်လာခဲ့ပါတယ်...
နာကျင်မှုတွေအလွန်မှာ...၊
ကျွန်မ အကြောက်ဆုံးက ချစ်ခြင်းတရား၊ သံယောဇဥ် အနှောင်အဖွဲ့ပဲရယ်လို့ သိလာတဲ့တနေ့၊
ဘယ်အရာကမှ မမြဲဘူးလို့ နားလည်လက်ခံလာရတဲ့အခါ အနားမှာ မရှိတော့တာမျိုးတွေအတွက် ရင်ကွဲပက်လက်တွေ မခံစားရတော့ဘူး...။
ကျွန်မကို လိုသုံးအဖြစ် ကျွန်မအနား ခဏရောက်လာလည်း အဆင်ပြေပါစေလို့ပဲ သဘောထားနေပေးလိုက်တော့တယ်...။ သူတပါးအပေါ် သံသရာကြွေး မတင်လိုဘူးကွယ်...၊ ဒီလိုပဲ ကျေနပ်လိုက်တယ်...
အေးချမ်းပါစေ...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်