ခုတလော ဟိုရောက်ဒီရောက် စဥ်းစားမိသမျှတွေက စိတ်အကြောင်း၊ လူအမျိုးမျိုး စိတ်အထွေထွေလို့ ဆိုကြတာ ကြားဖူးခဲ့လည်း လူတကိုယ်တမျိုးထဲမှာကို စိတ်အထွေထွေ ဖြစ်နေနိူင်သေးတာ။ ကိုယ်လည်း ကိုယ့်စိတ်အပြောင်းအလဲကို သေချာ လိုက်ကြည့်မိတယ်။ လုပ်ဖြစ်ခဲ့ရင် ကောင်းသား၊ မလုပ်ဖြစ်ခဲ့ရင် ကောင်းသား...၊ နှစ်မျိုးထဲမှာ ကိုယ့်စိတ်ကို ခွဲခြမ်းစိပ်ဖြာကြည့်နေမိတာ၊ ပြီးခဲ့ပေမယ့် ဒဏ်ရာတွေကတော့ သေရာပါပဲဟုတ်လား...၊
ပြီးတော့ လက်ရှိအခြေအနေထဲ ဝင်ကြည့်မိပြန်တယ်။ ကျေနပ်စရာတွေချည်း...၊
အသက်ရော အရွယ်ပါ ပြောင်းလဲလာတဲ့အထဲ ကိုယ့်စိတ်တွေပါ ပြောင်းလဲလို့လာတာ ကျေနပ်စရာ...။ အရာရာကို တည်တည်ငြိမ်ငြိမ် လက်ခံနိူင်ပြီ။ ဘုရားရဲ့ တရားတော်တွေနဲ့ ၊ တကိုယ်ထဲနေ တစိတ်ထဲထားတတ်ဖို့ အတော်နေသားကျလာပြီ။ ဘဝမှာ အကျေနပ်ဆုံး လူဖြစ်ကျိုးအနပ်ဆုံးကို ပြောပါဆိုရင် သစ်စာလေးပါးတရားတော်ကို နာကြားရခြင်းနဲ့ ကိုယ်တွေ့ကျင့်ကြံနိူင်ခြင်းပဲ...၊
ဒီထက်မြတ်တာလည်း လောကမှာ မရှိတော့ဘူး၊ ရှေ့လာမယ့်နေ့ရက်တွေထဲ ဒီလိုပဲ ဒီအသိနဲ့ပဲ ဖြတ်သန်းသွားမယ်။ ကိုယ်စိတ်ပူတာ ကျန်းမာရေးတခုပဲ...၊ တေပေခဲ့သမျ စိတ်ကြောင့် ကိုယ်ကြောင့် ရခဲ့တဲ့၊ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ကိုယ့်မှာ ရှိနေခဲ့ပြီ။ ဘယ်သူမပြု မိမိမှုပါပဲ...၊ အားလုံးကို သတိနဲ့ သိမ်းဆည်းရတိုင်း မမြဲခြင်းတွေကို စေ့ငုရပါတယ်။ မမြဲခြင်းတရားကို သိသိနေတဲ့ အသိလေး သတိလေးကိုက မမြဲဘူးဘဲကို...၊
အများကြီးလည်း ကြိုမတွေးဘူး
အများကြီးလည်း မျှော်လင့်မထားဘူး
ဖြစ်လာသမျှတွေကို အသိ သတိလေးနဲ့ ဖြတ်သန်းမယ်...။
ငြိမ်း အေး ကြည် မွေ့မှုအတိထဲ စိတ်ကလေးကို စိမ်နှစ်ထားရတာ...၊ ဘာတခုမှ မလိုအပ်တော့တဲ့အထိ....
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်