အိတ်ဇိုးဒတ်စာအုပ်ထဲက ကိုယ်ကြိုက်တဲ့ နေရာလေးတခုအကြောင်း ပြောပြမယ်။ ထုံးစံအတိုင်း ဇာတ်ကောင်နာမည်တွေ ကိုယ် မမှတ်မိပြန်ဘူး။ ထားတော့ ဒါက အရေးလည်းမကြီးဘူး။
ဂျူးမိသားစုထဲက အရွယ်ရောက်လာတဲ့ ဂျူးလူပျိုကလေးကို အဖေလုပ်သူက တဖက်ရွာကို အသီးအနှံတွေ လှည်းပေါ်တင်ပေးပြီး အပို့ခိုင်းတယ်။ လမ်းမှာ အာရပ်လူမျိုးတစုရဲ့အနိုင်ကျင့်ခြင်း ခံလိုက်ရတယ်။ အသီးအနှံတွေယူ လူကိုထိုးကြိတ်လွှတ်လိုက်တယ်။ ဂျူးလူပျိုကလေးဟာ ဒဏ်ရာတွေနဲ့ အိမ်ပြန်ရောက်လာတယ်။ အမေဖြစ်သူက စိတ်မကောင်းဘူးပေါ့။ အဖေကတော့ ဘာမှမပြောဘူး။
ဒဏ်ရာသက်သာလာတဲ့အခါ အဖေဖြစ်သူက သူ့သားလူပျိုပေါက်ကို ကြာပွတ်ရိုက်နည်းသင်ပေးတယ်။ ကျွမ်းကျင်လာတဲ့အခါ အရင်ကလိုပဲ အသီးအနှံတွေလှည်းပေါ်တင်ပြီး တဖက်ရွာကို ပို့ခိုင်းပြန်တယ်။ ဒီတခါ ကြာပွတ်တချောင်းကိုပါ သားလက်ထဲ ဆောင်သွားစေတယ်။ အမေဖြစ်သူကတော့ စိတ်မချမြဲ စိတ်မချဖြစ်ပြီးကျန်ခဲ့တယ်။
ဒဏ်ရာသက်သာလာတဲ့အခါ အဖေဖြစ်သူက သူ့သားလူပျိုပေါက်ကို ကြာပွတ်ရိုက်နည်းသင်ပေးတယ်။ ကျွမ်းကျင်လာတဲ့အခါ အရင်ကလိုပဲ အသီးအနှံတွေလှည်းပေါ်တင်ပြီး တဖက်ရွာကို ပို့ခိုင်းပြန်တယ်။ ဒီတခါ ကြာပွတ်တချောင်းကိုပါ သားလက်ထဲ ဆောင်သွားစေတယ်။ အမေဖြစ်သူကတော့ စိတ်မချမြဲ စိတ်မချဖြစ်ပြီးကျန်ခဲ့တယ်။
ဟိုတခေါက်ကလိုပဲ လမ်းခုလပ်မှာ အာရပ်ကလေးတစုက အသီးအနှံတွေ လုယူဖို့ကြိုးစားတယ်။ ဒီတခေါက်တော့ ဂျူးလူပျိုကလေးဟာ သူတတ်ထားတဲ့ ကြာပွတ်ရိုက်နည်းကို ကောင်းကောင်းအသုံးချပြီး အာရပ်ကလေးတွေရန်က ကင်းလွတ်ခဲ့တယ်။ တဖက်ရွာကို အသီးအနှံတွေ ချောမောစွာ ပို့ဆောင်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ကိုပြန်ရောက်တော့ အဖေဖြစ်သူက သားကိုပြုံးကြည့်၊ အမေဖြစ်သူက ခုမှပဲ ဟင်းချနိုင်တော့တဲ့အကြည့်နဲု့ကြည့်တယ်။
အိမ်ကိုပြန်ရောက်တော့ အဖေဖြစ်သူက သားကိုပြုံးကြည့်၊ အမေဖြစ်သူက ခုမှပဲ ဟင်းချနိုင်တော့တဲ့အကြည့်နဲု့ကြည့်တယ်။
ပြောချင်တဲ့ဇာတ်ကွက်က အဲတာလေးပဲ။
ကျွန်မတို့ ကိုယ့်ကလေးကို သူများက အနိုင်ကျင့်တဲ့အခါ မိဘတွေ ဘယ်လိုတုန့်ပြန်လေ့ရှိသလဲ?
နောက်တခါ ခံလာရင် သေမယ်
သူများလုပ်တာ ခံမလာနဲ့ ပြန်ချ
အဲသလိုတွေ များမယ်ထင်တယ်။
သူများလုပ်တာ ခံမလာနဲ့ ပြန်ချ
အဲသလိုတွေ များမယ်ထင်တယ်။
အပေါ်ကဇာတ်ကွက်နဲ့ ဘယ်လိုကွာဟမှုရှိနေလဲ...
ပြောချင်တာက ကလေးရဲ့စိတ်ထဲကို လက်တုန့်ပြန်တတ်တဲ့ ရန်မီးတစ ထည့်မပေးခြင်းကို ပြောပြချင်တာ။ သို့သော် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်ဆိုတဲ့ အသိကိုတော့ ကိုယ်လုံပညာသင်ပေးခြင်းနဲ့အတူ အလိုလိုသိနားလည်စေလိုက်တယ်။ လောကမှာ အဖြူထည်အတိုင်းရှင်သန်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုကာကွယ်တတ်ဖို့လည်း လိုအပ်သေးတယ်ဟုတ်လား။
တခါတလေမှာ ကျွန်မတို့လူကြီးတွေဟာ ကလေးတွေရဲ့စိတ်ကို ကိုယ့်အတ္တရဲ့အရောင်အတိုင်း စွန်းထင်းစေတတ်ကြတယ်။ မသိကြလို့ပဲဖြစ်စေ သိသိနဲ့ဖြစ်စေ နုနယ်တဲ့ကလေးတွေရဲ့စိတ်နှလုံးကို ပုံစံချပေးရက်သား ဖြစ်နေတတ်ကြတယ်။
သတိထားကြဖို့ သိပ်ကောင်းတယ်...
ချစ်ကြည်အေး
၀၆၀၈၂၀၁၉
၀၆၀၈၂၀၁၉
တိုတိုလေးနဲ့ထိရောက်တဲ့ ဇာတ်ကွက်လေးပါ မချစ်ရေ။ သားကို ပညာပေးနည်းလေးက ပညာသားပါတယ် အတွေးနက်နက်လေးဆက်တွေးဖြစ်တယ်။
ReplyDeleteချစ်ခင်စွာဖြင့်
တီတင့် (5-9-19)
ကျေးဇူးပါ တီတင့်း)
ReplyDelete